လုပ်ခလစာ

in myanmar •  7 years ago  (edited)

ယနေ့ မြန်မာနိုင်ငံနေပြည်သူ ပြည်သားများ နိုင်ငံသူ
နိုင်ငံသားများမှာ လုပ်ခလစာ၏ အနိုင်ကျင့်စော်ကားခံ
နေသည့်ဒဏ်ကို ခံစားနေကြရတာ နှစ်ပေါင်း ၂၀ကျော်ပီ
ဆိုလျှင်မမှားနိုင်ပါ။ အဘယ့်ကြောင့် ဤသို့ပြောရသနည်းဟု
မေးခွန်းပြန်ထုတ်ပေးမည့် သူလည်း ရှိနိုင်မည်မထင်ပါဘူးခင်ဗျ

image
Credit :google image

ဘာလို့လည်းဆိုတော့ အားလုံးက ဒီဒဏ်ကိုခံစားနေကြရလို့
ဖြစ်ပါသည်။ ဘယ်အချိန်မှာ လွတ်မြောက်နိုင်ပါနည်းဟု
မျှော်လင့်နေသော မျှော်လင့်ချက်ကလေးမှာလည်း ယနေ့ထိ
အရိပ်အရောင်မမြင်ရသေးပါဘူးဗျာ..မျှော်လင့်ချက်လေး
မြင်ရဖို့ အရိပ်အရောင်သမ်းလာလျှင် ကုန်ဈေးနှုန်းဆိုတဲ့
ပိဿာချိန် အလေးကြီးက ကျွန်ုပ်တို့၏ လုပ်ခလစားလေးများ
ပြားပြားဝပ်အောင် ဖိထားကြတယ်ဆိုတာလည်း လူတိုင်း
သိပီးသားဖြစ်၏ ထို့ကြောင့် ကျွန်တော် စာရေးသူလည်း
အလုပ်ကောင်း လစာကောင်းသည့် အလုပ်များ အင်တာနက်
ဖေ့ဘုတ် သတင်းဂျာနယ်များတွင် လိုက်လံမွှေနောက် ရှာဖွေ
ရပါပီ အလုက်ရှာဖွေရင်း သတင်းတစ်ခုကို ကျွန်တော် အမှတ်
မထင်ဖက်မိလိုက်ပါသည်။ခေါ်ယူမည့် လုပ်ငန်း ခေါ်ယူမည့်
ရာထူးမှာ ကျွန်ုပ်နှင့် လုံးဝ မသက်ဆိုင်သော အလုပ်ခေါ်
ကြေငြာစာဖြစ်သော်ငြားလည်း စပ်စုချင်စိတ် သိချင်စိတ်
အလွန်များသော ကျွန်တော်မနေနိုင်၍ ဖက်မိခဲ့သည်ဆိုလည်း
မမှားပါဘူးခင်ဗျ ။ ဖက်လိုက်ရတဲ့သတင်းက တကယ့်
မြန်မာနိုင်ငံတွင် နာမည်ကျော်ကြားပီးဝင်ငွေကောင်းကောင်း
လည်ပါတ်နေသော ကုမ္ပဏီ တစ်ခုမှအလုပ်ခေါ်စာဖြစ်ပီး

image

Credit :google image
ခေါ်ယူမည့်ရာထူးများက BE electronic ဘွဲ့မှာ အနိမ့်ဆုံး
ဖြစ်ပီး ခေါ်ယူမည့် လုပ်သားအသက်မှာလည်း ၃၅နှစ်ထက်
မကျော်လွန်သော အညွန့်အဖူး ခိုင်းကောင်းမည့်
အရွယ်များကိုသာ လက်ခံစဉ်းစားပေးမည်ဖြစ်ပီး လုပ်ခ
လစာပေးထားသည်မှာ 18000ကျပ် နှင့် အဆောင် ပီးလျှင်
တစ်နေ့ ထမင်းဖိုး 1000ကျပ် ထောက်ပံ့မည်ဟု ဂုဏ်ယူ
ဝင့်ကြွားစွာ ဖော်ပြကြော်ငြာမှာ သတင်းစာ၏ ခေါင်းစီးပိုင်းတွင်
ရောင်စုံစားလုံးများဖြင့် သတင်းစာမျက်နှာဖုံးအား အပြည့်နေရာ
ယူထားပီးဖြစ်သည် ။ ထိုအလုပ်ကြောငြာစားအားဖက်၍
ကျွန်တော်အတော်လေး စိတ်ပျက်သွား၏ အဘယ်ကြောင့်နည်းဟု
မေးလျှင် 18 နှစ် 19 နှစ်မျှ လေ့လာစည်းပူးသင်ယူခဲ့ရသည့်
ပညာ၏ တန်ဖိုးမှာအဲ့ဒီပမာဏလောက်ဘဲထိုက်တန်သလား
နည်းပညာကျောင်းသားများအနေဖြင့် BE ဘွဲ့တစ်ခုရရှိဖို့
ဆိုလျှင် အနည်းဆုံး ၆နှစ် တက္ကသိုလ်တက်ခါ လေ့လာစည်းပူး
ရသည်ဖြစ်ပီး အဆောင်စရိတ် ကျောင်းစရိတ် အထွေထွေစရိတ်
များသည်ပင်လျှင် ထိုအလုပ်ခေါ်စာ၏ ပေးထားသောလစာထက်
သေချာပေါက် ပို၍ကုန်ကျမည်ဖြစ်သည် ဘာကြောင့်လည်း

image

Credit :google image
မြန်မာနိုင်ငံ၏ အခြေခံလုပ်ခလစာများမှာ အလွန့်အလွန်
အားနည်းနေသောကြောင့်ဖြစ်၏ ယနေ့အချိန်တွင် အခြေခံလစာ
တိုးမြှင့်နေပေမယ့်လည်း ကုန်ဈေးနှူန်းပါတပြိုင်တည်း
တိုးမြှင့်လာသောကြောင့် ဘဲစားဘဲခြေသာဖြစ်နေ၏ ဤသည်မှာ
အဘယ့်ကြောင့်နည်း အစိုးရမှ ၄င်းတို့၏ အစိုးရ၀န်ထမ်းများ
အတွက်သာ လုပ်ခလစာတိုးမြှင့်ပေးနေပီး ၄င်းတို့အား
ထမင်းကျွေးနေသော ပြည်သူများ၏ လုပ်ခလစာအား ဥပဒေဖြင့်
ကာကွယ်ပေးထားခြင်းမရှိသောကြောင့် ကုန်ဈေးနှူန်း တိုးမြင့်မှာ
ထိန်းမနိုင်သိမ်းမနိုင် ဖြစ်နေပေအုန်းမည် ။ ထို့ကြောင့် ကျွန်ုပ်တို
ပြည်သူပြည်သားများ၏ လုပ်ခလစာအား ကာကွယ်ပေးမည့်
ဥပဒေကောင်းတစ်ရပ် ပေါ်ထွန်းလာဖို့သာဆုတောင်းရင်း
ကုန်ဈေးနှူန်းဆိုတဲ့ ပိဿာချိန်အလေးကြီးအောက်မှာ
ကြံ့ကြံ့ခံရင်း ဘ၀ကိုရင်ဆိုင်ဖြတ်သန်းရပေအုန်းတော့မည်
ဖြစ်ပါသည်ခင်ဗျားးးးးးး

Post writer : ThiHaKo(@gelatofresco)
Credit :google image
MSC 019

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သိပ်ကိုမှန်တဲ့စာသားတွေ စကားလုံးတွေပါဗျာ
creditပေးပါတယ်

ဟုတ်အကိုလတ်ကျေးဇူးပါခင်ဗျ

အ​ခြေခံလာစာ ၂၀ရာခိုင်​နှုန်းနဲ့ အရာရှိ လစာ ၁၀ရာခိုင်​နှုန်း သည်​​လေးလပိုင်း ကုန်​ စတိုး​ပေးမယ်​ ​ပြောတာဘဲ အစ်​ကို။

ကုန်ဈေးနှုံးရောတိုးပြီလား။

အင်း ဆန်​တစ်​အိတ်​ တစ်​​သိန်း ဆိုလားလဲ ဟား...။

ဟုတ်တယ်အကိုလစာ၂ိုးတာ၂၀%ကုန်ဈေးတက်တာ ၅၀%ဖြစ်နေတယ်ဒီတော့ဘယ်လိုထနိုင်ပါမလဲ

လစာတိုးတာက စာရွက်ပေါ်မှာဘဲရှိသေးတယ် ဈေးထဲမှာတော့ ကုန်ဈေးနှုန်းက တရိပ်တရိပ်ပဲ

ကွီးရယ်ကြည်ဖြင့် ရင်နာရပါတယ် ကျောင်းပြီးခါစ အလုပ်လိုက်ရှာတယ်လုပ်ငန်းအတွေအကြုံ ၃နှစ်အထက်ရှိရမည်ချည်းပဲ..။ကြည်တို့ ၅နှစ် တက်ခဲ့တာ ဘာမ အဖိုးမတန်ဘူးလားဟင် မိန်းကလေး တစ်ယောက်အတွက် mechanical engineer ဟာ ခက်ခဲ လွန်းပါတယ်😖😖

တူတူဘဲမမ

ဝမ်းနည်းစရာဘဲဗျာ

ကျနော့်ညီမလည်းအခုအဲ့ဒါတက်နေတယ် BE ထိတိုက်ရိုက်တက်ခွင့်ရေ၂ာ့ ၆နှစ်ပေါ့ဗျာ အလုပ်ကအဆင်ပြေပါ့မလားဘဲတွေးနေရတယ်

ကုန်ဈေးနှုံးရောတိုးပြီလား။😂😂

တိုးပီဗျာ

လစာတိုးပြီးကုန်​​ဈေးနုန်းပါတက်​ရငိ​တော့ဘာမှထူးပါဘူး​လေ...

ဟုတ်တယ်အမ လစာ ၂၀% ကုန်ဈေး ၅၀% တိုးတာလေဗျာ

လခစားမှမဟုတ်​ပါ။ဘယ်​​လောက်​ရရကုန်​​ဈေးနှူန်းနဲ့မ​လောက်​တဲ့နိုင်​ငံပါရှင်​။

ကျနော်ပြောတာ လစာတင်မဟုတ်ပါဘူး ပညာတက်လူငယ်တွေခံစားခွင့်ကိုပါပြောတာပါ

လစာတိုးလာပြီ ကုန်ဈေးနူန်းတွေလဲ တက်လာပီ😂😂

ဟီးးးးးပြေးရတော့မယ်ဘယ်ပြေးရမလဲမသိတာခက်တာကိုလွမ်းရေ

မှန်‌ပါတယ်‌ အစ်‌ကို ၊တန်‌ရာတန်‌‌ကြေး‌လေး‌တော့ ရသင့်‌ပါတယ်‌။

ဟုတ်ပါတယ်အကို

လစားတိုးဖို့ဆိုတာ အရမ်းခက်ခဲပါတယ်။ဘာကြောင့်ဆို နိင်ငံတော်က အကြွေးထူးနေပြီးလေ။စာလုံးပေါင်းသက်ပုံလေးတွေအများကြီးမှားနေတာတွေ့ရတယ်ကွယ်

ကျွန်တော်လည်းအကိုရေးတဲ့comment ကစာလုံးပေါင်းသတ်ပုံမှားနေတာတွေ့ရတယ်ဗျာ

comment ကိုယ်တိုင်က မှားနေသောအခါ တန် တန့် တန် …
ဟီး နောက်တာဗျ

ဝါသနာမဲ့ ဘွဲ့ရ စက်​ရုပ်​လူသားများလို့ပဲ ​ပြောကြရ​တော့မလိုပါပဲဗျာ

မှန်တာပေါ့ဗျာ

လစာမတိုး​သေးဘူး ကုန်​​ဈေးနုန်းက တက်​​နေပြီ

ဟုတ်တယ်ကုန်ဈေးကတက်တာအရင်ဗျာ

ဟုတ်တယ်ဗျာ ကိုသာအေးပြောတာမှန်တယ်ဗျ

ဟုတ်အကို

ဟုတ်တယ်အကိုရေအင်ဂျင်နီယာဘဝကရင်းနှီးရတာနဲ့တူသောတန်ဖိုးကိုကျောင်းပြီးတာနဲ့တန်းမကြဘူးဗျာ
လုပ်သက်ရအောင်အခြေခံလစာလေးတွေနဲ့တင်းတိမ် အလုပ်လုပ်အတွေ့ကြုံယူနေကျရတယ်
စိတ်ပျက်မိတယ်ဗျာ

ဟုတ်တယ်အကိုရေ

တ​နေ့​နေ့​တော့ဖြစ်​လာလိမ့်​မည်​ သို့​သော်​ဘယ်​​နေ့မှန်​မသိ

စောင့်ရတာလည်းကြာပီဗျာကိုယုဇနရာ

ဟုတ်ပါ့ဗျာ။ဒီဒဏ်တွေကို ကျွန်တော်တို့တော့ ကောင်းကောင်းခံနေရတယ်။ဒီသံသရာ ဘယ်တော့များမှ :::::::::

အွန်နောင်ဘ၀တောင်လွတ်ပါ့မလားဘဲ

သတ်ပုံအမှားလေးတွေရှိတယ်လိုက်ပြင်လိုက်ဦး။

ဟုတ်ကဲ့ဦးလေး

ထိုက်​တန်​တဲ့လုပ်​ခ​တော့ဖြစ်​သင့်​ပါတယ်​ဗျာ

တကယ်ဗျာလုံးဝမထိုက်တန်တာ