တစ်သက်မှာတစ်ခါကြုံ ၊ တက္ကသိုလ်ကျောင်းသားဘဝ အဖုံဖုံ (အပိုင်း ၁၅)

in myanmar •  7 years ago 

အပိုင်း - (၁၅)
......
image
Crd-org-source

Frrsher Welcome ပြီးသွားတဲ့ နောက်မှာတော့ ကျွန်တော်တို့ရဲ့ ကျောင်းသားဘဝ နောက်ဆုံးနှစ်ကို စတင်လိုက်ပြီလို့ပဲ ဆိုရတော့မယ်။ အရင် အပိုင်းတွေမှာပြောခဲ့တဲ့ အတိုင်း စာ ဖက်ကိုလုံးဝမလှည့်ကြည့်ခဲ့ဘူး။ တစ်နေ့ တစ်နေ့ တောင်ငူမြို့ထဲ သွားတယ် ၊ ဂိမ်းနှိပ်တယ် ၊ Beer ဆိုင်သွားတယ်၊ တစ်ခါတစ်လေ တစ်နေကုန် Game ဆိုင်မှာပဲ အချိန်ဖြုန်းတာ များတယ်။ အော် နောက်တစ်ခုက ကျနော်ကို အိမ်က ဆိုင်ကယ် မပေးတော့ တစ်လ အသုံးစရိတ်ကို ပိုတောင်းတယ်။ အိမ်ကလည်းပေးရှာပါတယ်။ နောက်တစ်ခုက အဲ့ဒီ့အချိန်မှာ ကျွန်တော့်အဖေဟာ နေပြည်တော် ဘူတာရုံ ဆောက်လုပ်ရေး မှာ အလုပ်လုပ်နေတာ။ အဲ့ဒီအချိန်မှာ အဖေ့ရဲ့ အသက်ဟာ ၆၃ လောက်မှာ ၊ ကျွန်တော်ကပြောတယ် အဖေ အလုပ်မလုပ်နဲ့တော့ အိမ်မှာပဲ နေတော့လို့ပြောတော့ သူကပြန်ပြောတယ်။ အဖေ မနားသေးဘူး တဲ့ ငါ့သား ကျောင်းပြီးမှ အဖေ အလုပ်ကအပြီးနားမယ်တဲ့ ၊ နို့မို့ဆိုရင် ငါ့သားကို အဖေက ဘယ်ထောက်ပံ့ လို့ရတော့မလဲတဲ့ ။ အဲ့ဒီလို ပြောတော့ ကျွန်တော့် အတွေးထဲမှာ ငါ ဒီ နှစ်ကိုလည်း နှစ်ချင်းပေါက် အောင်ရမယ် ၊ Master ပါသည်ဖြစ်စေ မပါသည် ဖြစ်စေ၊ နှစ်ချင်းပေါက်အောင်ကို အောင်ရမယ်လို့ ဆုံးဖြတ်လိုက်တယ်။ ဒီလိုနဲ့ ကျောင်းစာဖက်ကို နည်းနည်း အာရုံစိုက်ရတော့တာပေါ့၊ B.E နှစ်မှာ ကျွန်တော်တို့တွေက ပျော်ကြတယ် ။ ဘာလို့လဲဆိုတော့ ဘာသာက ၇ ဘာသာတည်းလေ။ ဘာသာ အနည်းဆုံး နှစ်ကိုး။ အေးဆေးပဲပေါ့။ ထုံးစံအတိုင်း ကျောင်းလစ်လိုက်၊ လျှောက်သွားလိုက် နေရင်းနဲ့ B.Tech ဘွဲ့ ယူဖို့အတွက် အချိန်ရောက်ရှိလာပါလေရော။ အဲ့ဒီမှာ ကျွန်တော်က စဉ်းစားပြီး အိမ်ကိုပြောတယ်၊ အမေ နဲ့ အဖေ သား ဒီဘွဲ့ယူတာကို လိုက်ရမယ်နော် ဆိုပြီးတော့ပေါ့။ အမေကတော့ သားရယ် နောက်နှစ် B.E ဘွဲ့ကျမှ လိုက်တော့မယ် တဲ့ ။ ဒီတော့ ကျွန်တော်က နောက်နှစ် B.E ဘွဲ့ကိုတော့ ဘယ်သူမှ မလိုက်နဲ့၊ သားတစ်ယောက်တည်းပဲ တက်ယူမယ်၊ ဒီ နှစ် B.Tech ဘွဲ့ယူတာကို လိုက်ခိုင်းတာက သားက အခု B.E ဆက်တက်နေဆဲဖစ်တဲ့အတွက် အမေ တို့လိုက်လာလည်း သားအဆောင်မှာ နေလို့ရတယ် ၊ နောက်နှစ်ဆိုရင် အခက် အခဲ ဖြစ်မှာ စိုးလို့ ဆိုပြီး သေချာရှင်းပြတော့မှ အမေ ရော အဖေ ရော လိုက်ကြတာ။

image

မိဘတွေ ဆိုတာလေ သူတို့သာ ပညာမတက် ဘွဲ့ မရ တဲ့ သူတွေ ဖြစ်ချင်ဖြစ်မယ် ၊ သူတို့သားသမီး ကို ပညာတက် ဘွဲ့ ရ တစ်ယောက်အဖြစ်ကို မြင်ချင်တာလေ။ အဲ့ဒီ လိုနဲ့ ကျွန်တော် ဘွဲ့ယူမည့် အခမ်းအနားကို တက်ဖို့ အဝတ်အစား ချုပ်ကြရတာပေါ့။ အဲ့ဒီမှာ ကျွန်တော်က အမေ့အတွက်ပဲ ချုပ်ခိုင်းတယ်။ ကျွန်တော့်အတွက်က ပုဆိုး နှစ်ထည်ပဲ ဝယ်လိုက်တယ်။ ကျွန်တော် ကုန်တာ ဒါပဲ ကုန်တယ်။ ဘာလို့လဲဆိုတော့ အင်္ကျီနဲ့ တိုက်ပုံက ကျွန်တော့် ဆိုင်က ကျွန်တော် ပြန်ယူတာ။ နောက်ဆုံးတော့ဗျာ ကျွန်တော် ဘွဲ့ယူ တာ ပုဆိုး နှစ်ထည် ဖိုးပဲ ကုန်တယ်။ ကျန်တာ တစ်ပြားမှမကုန်ဘူးဗျ။ ဘယ်လောက်သက်သာသလဲ ဗျာ။ ပြီးတော့ နောက်တစ်ခုက ကျွန်တော်တို့ယောကျာ်းလေးတွေက မိန်းကလေးတွေလောက် ကရိကထ မများဘူးလေ။ အရမ်းသက်သာတာ။ ဒီလိုနဲ့ ဘွဲ့ယူမည့်နေ့ ကို ရောက်လာပါရော။ ကျွန်တော် တို့က ဘွဲ့ယူတော့ မနက်ပိုင်း ညနေပိုင်းယူရတယ်ဗျ။ Major ခွဲထားတာကိုး။ B.Tech ဘွဲ့ကို အခုလက်ရှိ ကျောင်းသစ် ကေတုမတီမြို့သစ်မှာပဲ ယူရတယ်။ အခမ်းအနားလည်းစ ဘွဲ့နှင်းသဘင်တီးလုံးလည်း တီးရော ကျွန်တော်တို့တစ်တွေတောင် ရင်ထဲမှာ တစ်မျိုးကြီးခံစားရတယ်။ အဲ့ဒီ အချိန်မှာ ကျွန်တော် ထင်တာကတော့ အမေလည်း မျက်ရည်ကျနေမှာပါ။ ဘာလို့လည်းဆိုတော့ သူ့ သား ဘွဲ့ရသွားတာကို ကိုယ်တိုင်မြင်ရတော့ ဝမ်းသာပီတိတွေဖြစ်နေမှာပေါ့လေ။ အဖေ လည်း အတူတူပဲနေမှာပါ။ ဘွဲ့ယူတဲ့အခမ်းအနားလည်းပြီးရော သူငယ်ချင်း မိသားစု တွေ ကိုယ်တွေမိသားစုတွေ အတူတူ ဓာတ်ပုံရိုက်ကျ မိတ်ဆက်ကျနဲ့ B.Tech အတွက် ဘွဲ့နှင်းသဘင် အခမ်းအနားပြီးဆုံးပါလေရော။

image

Crd-org-source
.......
photo credit from Google ,Facebook and My Phone
....
....
အပိုင်း( ၁၆)
ဆက်လက်ဖတ်ရှုပေးကြပါကုန်...
.....
.....MSC No-238
@generalpyone

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အပူအပင်းကင်းတဲ့ ကျောင်းသားဘဝလေးပါ

အပြည့်အဝတော့ မမှန်ဘူးဗျ တစ်ချို့က သူ့အပူနဲ့သူရှိပါတယ်လေ

ငါ့တုန်းက လိုင်းကားစီးပြီးဘွဲ့သွားယူတယ်ပြီးရော

သြော်...ဘာလိုလိုနဲ့ BEဘွဲ့ယူပြီးတာ လေးနှစ်တောင်ရှိပါပကောလား

အချိန်ဆိုတာ ခဏလေးနဲ့ ကုန်လွယ်တယ်

မိသားစုနဲ့အတူတူ ဘွဲ့တက်ယူရတာ အရမ်းပျော်စရာ ကောင်းတယ်ဗျာ😊😊

ဟုတ်တယ်

ဘွဲ့ ယူတဲ့ နေ့ ည
သောက်ကြသေးလား ဘဒိုတို့ 

အင်း သောက်တယ် သူငယ်ချင်းတွေနဲ့ပေါ့ နည်းနည်းပါ

ဘွဲ့တစ်ခါယူ ရင် စရိတ်စက အကုနိဆုံးက မိနိးကလေးတွေဘဲဗျာအခုထိ လည်း အဲတာမှန်နေတုန်းဘဲဗျာ😂😂😂

ဟုတ်ဆယ် သူတို့မှာက မနက်ဆိုလည်း အစောကြီးထပြီး အလှပြင်ကြ နဲ့ တော်တော်ပင်ပန်းတယ်

ယောင်္ကျားလေးတွေ ဘွဲ့ယူရင် တကယ်သက်သာပါတယ်ဗျာ

အင်းဆို ကျွန်တော်ဆို ဘွဲ့ယူတဲ့ ကုန်ကျစရိတ်က ၅သောင်းတောင်မကျော်ဘူး

‌ဟေးးး B.Tech ‌တော့ပြီးသွားပြီကွ။

ဟွင်းဟွင်း သိတယ်နော်

ဟယ် ဖတ်သာပြီးသွားတယ် 😊 ဘွဲ့ယူထားတဲ့ ပုံလဲ မမြင် လိုက်ရဘူး😒ပြ ကြည့်မယ်😌

B.E ဘွဲ့ယူမှ ပြမယ်လေ မမကြည်

😃good တယ် ပျော်စရာကြီး

ဖတ်​ရတာစိတ်​၀င်​စားစရာ​ကောင်းပါတယ်​...အမှန်​ပါဘဲ...မိန်းက​လေး ဘွဲ့ယူရင်​ပြင်​ရဆင်​ရတာလည်းအလုပ်​တစ်​ခု...မပြင်​ဘဲသွားရင်​လည်းမ​ကောင်းဘူး😀😀

မိဘတွေမှာ ဒီပိတိလေးကိုသာ ငတ်မွတ်စွာစားသုံးနေကြတာပါ

အော် B.tech ဘွဲ့တောင်ရသွားပြီနော်။B.E အတွက်လည်းကြိုးစားပါအုံးဗျာ။ကျောင်းသားဘဝရဲ့အမှတ်တရတွေကတော့ မမေ့နိုင်အောင်များတယ်ဗျ။စာလည်းကြိုးစားပေါ့ဗျာ

ဘိုလည်းတိပုသူပိုစ့်.. ဘွဲ့ယူတယ်လည်းပြောသေးတယ် ဘွဲယူတဲ့ ပုံ တစ်ပုံမှလည်း မပြပု ဘိုကြီးတုန့်္ဗအ့😞ပြ ပြ😔😔