" အမေရေ ကိုကြီး တင်သိန်း ပြန်လာပြီ ကိုကြီးတင်သိန်းပြန်လာပြီ " ဆိုပြီး
ပြေးလွှားအော်ဟစ်လာသည့် မြီးကောင်းပေါက်စ ခလေးမလေး၏ အသံစာစာကြောင့် အမေဖြစ်သူ ဒေါ်ညာသူ အလန့် တကြား ထွက်ကြည့်မိသည် ။
အညာမှာမွေးပြီး ရန်ကုန်မှာ ကြီးပြင်းလာသော်လည်း ရှင်းရှင်းဘွင်းဘွင်းနှင့် ဒဲ့ဒိုးပြောတတ်သောကြောင့် ဒေါ်ညာသူဟူ၍သာ လူသိများကြလေသည် ။
" ဟဲ့ သေနာမ အပမှီလာတာလား မဟုတ်ကဟုတ်က လျှောက်အော်နေတာ "
တကယ်ဟုတ် မဟုတ်တော့ မသိပေ ။ ခလေးမလေး၏ အော်သံကြောင့် အိမ်နီးနားချင်းတွေ အကုန်လုံး ရွာထဲလမ်းကိုသာ စပ်စုသည့်စိတ်ဖြင့် ဝိုင်းပြုံကြည့်နေကြသည် ။
တင်သိန်း ဆိုသည်မှာ ဒေါ်ညာသူ၏ ဒုတိယမြောက်သား ခလေးမ၏ဒုတိယမြောက် အကိုလည်းဖြစ်ပေသည် ။ သို့ သော် လွန်ခဲ့သည့်ရက်ကမှ တင်သိန်းရက်လည် ပြီးသွားခဲ့လေသည် ။ ထို့ ကြောင့် ဒေါ်ညာသူရော အိမ်နီးနားချင်းများပါ မယုံကြည်ခြင်းများစွာဖြင့် ရွာထဲလမ်းကိုသာ ကြည့်နေကြသည် ။
တင်သိန်း သေသွားသည်မှာ ယနေ့ နှင့်ဆို ၁၅ ရက်မျှရှိလေသည် ။ အလောင်းကိုတော့ ရှာမတွေ့၍ မြေမချလိုက်ရပေ ။ တင်သိန်းကား ညဘက်ဆိုလျှင် ငါးထောင် ကြွက်ထောင်လေ့ရှိသည် ။ ရွာ၏ မူလတန်းကျောင်းရှေ့ ရေကန်ကြီးအတွင်း ငါးထောင်ရင်း ပျောက်သွားခဲ့သောကြောင့်သာ သေပြီဟု ယူဆပြီး ရည်စူး၍ ရက်လည်ဆွမ်းသွပ်ခဲ့ရခြင်းဖြစ်သည်။ အလောင်ကိုမူကားမတွေ့ရပေ ။ ရေကန်ကြီးဘေးတွင် တင်သိန်းဖိနပ်နှင့် ငါးထောင်သည့်မြုံးများ ငါးမြှားတံများ တွေ့သောကြောင့်သာ တင်သိန်းအရက်မူးပြီး ရေကန်ထဲပြုတ်ကျ၍ သေဆုံးရသည်ဟုသာ ထင်ကြသည် ။ ထိုရေကန်ကြီးဘေးတွင် လူကြီးခြောက်ယောက်ဖက်စာမျှရှိသော ကုက္ကိုပင်ကြီးတစ်ပင်လည်းရှိသေးသည် ။ ထိုအပင်ကြီးကား သက်တမ်းရာနှင့်ချီပြီး အစောင့်အရှောင့်များ နာနာဘာဝများ မှီတင်းနေထိုင်ကြသည်ဟုလည်း သိရသည် ။ ထိုအပင်အောက်မှာ တင်သိန်း၏ ပစ္စည်းများ တွေ့သောကြောင့် ရွာသူရွာသားများအားလုံးက တစ်ထစ်ချ သေပြီဟုသာ သတ်မှတ်ထားခဲ့ကြသည်။
ယခု တင်သိန်းပြန်လာပြီ ဟူသော အော်သံကြောင့် မိခင်ဒေါ်ညာသူနှင့်တကွ အိမ်နီးနားချင်းတွေ အားလုံး ယုံရခက် မယုံရခက်ဖြင့် ဇဝေဇဝါမျက်နှာများဖြင့် ရွာထဲလမ်းကိုသာ မျှော်ကြည့်နေကြသည် ။ သူတို့ လိုချင်သော အဖြေတစ်ခုခုကို ရှာဖွေနေကြသည် ။
" တင်သိန်း မသေဘူးတော့ တင်သိန်းမသေသေးဘူး " ဆိုသည့် ရွာဝင်လမ်းထိပ်က မိန်းမကြီးတစ်ဦးအော်သံကြောင့် ဒေါ်ညာသူ အပြေးလေးဆင်းကြည့်မိသည် ။ အိမ်ကထွက်သွားတုန်းကအဝတ်အစားနှင့်ပင် ကြောင်တောင်တောင်ဖြင့်ပြန်လာသော သူမ၏ သားကိုတွေ့တော့ " ဟဲ့ သေနာ နင်ဘယ်ကပြန်လာတာတုန်း ဖုတ်တွေဘာတွေ ဝင်လာတာလား " ဆိုပြီး ဂရုဏာဒေါသဖြင့် ဆဲဆိုတော့မှ တင်သိန်း ထံမှ ယခုမှ အမူးပြေစအသံဖြင့် အဖြေထွက်လာသည် ။
" အမေကလည်းဗျာ ခါတိုင်းလည်း ဒီအချိန်ပြန်လာနေကြပဲဟာ ဘာတွေပြောနေတာလဲ "
" ဟဲ့ ခါတိုင်းပြန်လာတာ ဟုတ်တယ် အခုက နင့် ရက်လည်တောင်ဆွမ်းသွပ်ပြီးပြီး နင်ပျောက်နေတာ ၁၀ ရက်ကျော်နေပြီဟဲ့ နင်က အခုမှ ဘယ်အလေလိုက်ပြီး ပြန်လာတာတုန်း " နောက်မှ ပြောမယ်အမေရာ အခုအရမ်းအိပ်ချင်နေပြီ။ သားအိပ်ဦးမယ်ဆိုပြီး အိမ်ရှေ့ကြမ်းပြင်တွင် လှဲချလိုက်သည်နှင့် ခူး ခလော ဟူသော ဟောက်သံများ ထွက်လာလေသည် ။ " မိခင်ဖြစ်သူကတော့ စိုးရိမ်သော မျက်လုံးများဖြင့်ကြည့်နေမိသည် ။ အဘယ်ကြောင့်ဆိုသော် တင်သိန်း၏ ခန္ဓာကိုယ်မှ အလွန်းမွှေးကြိုင်သည့် ရနံ့တစ်မျိုးမျိုး ရနေသည် ။ ပန်းရနံ့တော့ ပန်းရနံ့ သို့ ပေမဲ့ မည်သည့်ပန်းရနံ့မျိုးမှန်းမသိပေ ။ လာရောက်စူးစမ်းသူများလည်း တင်သိန်းမသေသေးဘူး ဟူသောကြောင့် တီးတိုးတွတ်တွတ် စကားများပြောကြလျက် အလျိုလျို ပြန်ကြကုန်သည် ။ ဒေါ်ညာသူကတော့ သူသားအိပ်ရာနိုးတိုင်း ဗိုက်ဆာပြီး အိုးခွက်လှန်လှောစားတတ်သည်ကို သိသောကြောင့် ထမင်းချက်ဖို့  ပြင်ဆင်လေတော့သည် ။
ဆက်ရန် . . .
မိမိအား ချစ်သူ , မုန်းသူ ထိုထိုလူ စိတ်၏ ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံကြပါစေ ။
MSC-181
Author @gunapeya
ကိုတင်သိန်း ဘယ်ကပြန်လာတာလည်းဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆက်ဖတ်ပါမည်တောင်းသောဆုပြည့်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ မိကမာဝက်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Well done @gunapeya! You successfully guessed the match result.
Quater Finals - Uruguay vs France
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Sweden vs England
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank your comment

ဦးဇင်း စာထဲမှာ ဆဲထားတာ အာပတ်ဖြေ လိုက်ဦးနော် …ဟိဟိ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဦးဇင်း ဆဲတာဟုတ်ဘူးရယ် ဇာတ်လမ်းထဲက ဒကာမကြီးဆဲတာပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆရာတော်ကလည်း ကောင်းခန်းရောက်မှ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာပါ့မယ် ဦးတွေးရေ please wait
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Well done @gunapeya! You successfully guessed the match result.
Quater Finals - Sweden vs England
Click on the badge to view your Board of Honor.
Do you want to know your current ranking? Read this post
Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Quarter Finals - Day 1
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thank your comment
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပန်းရနံ့ကိုတော့ သိချင်နေမိပါတယ်ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာမယ် လာမယ် ဆရာကတော်ရေ အပြီးရေးမလို့ ပဲ စာရှည်ရင် ဖတ်ရပျင်းကြမှာစိုးလို့ ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဦးဇင်းကတော့လုပ်ပီ ကောင်းခန်းလေးရောက်မှ ဖြတ်ထားတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ ဦးညီရေ ဇာတ်ကွက်ရေးစဉ်းစားနေရလို့ ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘုန်းလိုရာဆန္ဒပြည့်ပါစေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခု ဆက်ရေးပါ . . . ဒီည ထပ်တင်ပါ ဒီအတိုင်း မထားပါနဲ့ ဦးဇင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မီးလေးခနပိတ်ပေးပါလား ခနနေရင် အပိုင်း ၂ နဲ့အတူပြန်လာခဲ့ပါမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမေဆိုတော့လည်းလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့ သားသမီးအကြိုက် လိုက်ရတာပါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငင့် ကောင်းခန်းရောက်ရင်မီးပျက်ပြီ ဦးဇင်းရာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီညထပ်ရေးမယ် အာ့ဆို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုတင်သိန်း ရွှာပျောက်များရောက်သွားသလား နတ်ဖွက်သလားတိဘူး ဘုရား ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒိုမီတွေးတာ နီးစပ်တယ်