နှင်းပန်းလေးများ အကြောင်းသိကောင်းစရာ(hlamyothet)

in myanmar •  7 years ago  (edited)

image
Facebookမှာ နှင်းပန်း လေးတွေ့တော့ သွားသတိရတယ်ဗျာ တစ်ခါက ချင်းတောင်တန်းကြီးတွေကို ပြန်သတိရမိတယ်ဗျာ။ စနေ တနင်္ဂနွေ နေ့များဆို ကလေးက မိုင် ၂၀ ကျော်ဝေးသော သိုင်းငင်းရွာလေးကိုအပေါင်းသင်းများနှင့်အတူ မော်တော်ဆိုင်ကယ်များနှင့် တက်ကြလေသည်။ ပျော်စရာဖြစ်သလို သိုင်းငင်းက နွားနောက်သားနှင့် ခေါင်ရည်ကလည်း မမေ့နိုင်စရာအလွန်ပင် ကောင်းသဗျ။ ပေ ၆၀၀၀ ကျော်မှာ ဒီပန်းလေးတွေက အလေ့ကျလည်းပေါက်နေတာကို တွေ့ရပါသည်။ အချို့ကလည်း တမင်စိုက်ထားကြတယ်။ အလေ့ကျပန်းအရောင်က ပန်းနုရောင် ဖြော့ဖြော့ ဖြစ်ပါတယ်။ ပန်းရောင် ရင့်ရင့် ၊ အနီ၊ အဝါ ရောင်၊ အဖြူရောင် ပန်းကတော့ နဲနဲရှားတယ်ဗျ။ ကျွန်ကတော့ ကိုနှစ်သက်တဲ့ အရာတစ်ခုတွေ့ ရင်တော့ အကြောင်းကို အကုန်မသိတာတောင်မှ အတော်များများ သိရမှကျေနပ် သူဗျ။
image
တကယ်တော့ နှင်းပန်းမှာ မျိုးစိတ်ပေါင်း ၇၀ ခန့်ရှိပါသည်။ အရောင်အသွေးကလည်း စုံလင်လှတယ်ဗျ၊ ထို့ပြင် ဥယျာဉ် စိုက်ပျိုးသူများ၏ စပ်မျိုး Hybrids အရောင်တွေကလည်း ရှိသေးသည်။
ချင်းပြည်နယ် မြို့တော်ဟားခါးမရောက်မီ တောင်ကုန်း တွေပေါ်မှာ ပန်းနုရောင် နှင်းပန်းခင်းကြီး တွေကိုမြင်ကြရမှာပါ ၊ ဘယ်သူမှ စိုက်မထားပါဘဲ အရိုင်းပေါက် နေကြတယ် ၊ ဒီနှင်းပန်းလေးတွေက အကြမ်းခံပြီး နေရာဒေသမရွေး စိုက်လို့ရပါသည်၊ အအေးပိုင်းမှမဟုတ် အပူပိုင်းဒေသမှာလည်း ရှင်သန်နိုင်တယ်လို့လဲသိရတယ်။ ပခုက္ကူဘက်သွားခဲ့စဉ်ကဆို အနီ နဲ့ အဖြူရောင်တွေ ကို ဌာနရှေ့က ပန်းအိုးတွေမှာ ပွင့်တာ မြင်ခဲ့ဖူးခဲ့ပါသေးတယ်။ သူတို့လေးတွေက ပန်းပွင့်ချိန်ဆို ညီညီညာညာနှင့် တပြိုင်နက်ပွင့်ကြတယ်။ ဒီအပင်လေးတွေ စပွင့်လာရင်ဘဲ မိုး ကိုခေါ်လာတတ်တာမို့ ရှမ်းပြည် တဝိုက်ကတော့ " နှင်းပန်း သို့ မဟုတ် "မိုးကြိုပန်း "ရယ် လို့တင်စားခေါ်ကြသေးသဗျ။ ကလော တောင်ကြီး ဘက်က စိုက်ခင်းတွေထဲမှာ ဒီပန်းတွေ အများကြီး အလေ့ကျ ပေါက်နေကြသည်။
image
Taxonomic Descriptions မျိုးစုအမည် Zephyranthes ဆိုတာ (Zephyrus), ကနေဆင်းသက်လာပြီး ဂရိလိုတော့ god of the west wind (အနောက်ဖက် လေတို့၏နတ်ဘုရား)လို့တောင် အဓိပ္ပာယ်ကို တင်စားခေါ် ရပါတယ်။ (anthos), ရဲ့ အဓိပ္ပာယ် ကတော့ flower, referring to the slender stalks ရိုးတံရှည် ရှိသော ပန်းပွင့်လို့တင်စားရမည်၊ နှင်းပန်းလေးတွေကို ကြည့်လျှင် ရှည်လျားသောရိုးတံ ပေါ်မှာရှိတာကိုတွေ့ရပါလိမ့်မည်။ နောက်တချက်က ဒီပန်းလေးတွေက "မိုး" နဲ့ဆက်စပ်နေပြန်တယ်၊ မိုးသက်လေတွေက ဒီပန်းလေးတွေကို ပွင့်စေတယ်ဗျ။ ဒါ့ကြောင့် ဒီပန်းလေးတွေကို rain lilies or rain flower လို့တင်စားခေါ်ကြသည့် အထိပါဘဲဗျာ။
image
ဒေသခံဖြစ်တဲ့ ကျွန်တော်ရဲ့ သူငယ်ခြင်း ချင်းမလေးကို မေးကြည့်တော့ ပန်းရောင်ဖြော့ဖြော့ သဘာနှင်းပန်းလေး( Zephyranthes carinata) ကို ချင်းလို "ခါစွန်းပါ" လို့ခေါ်ကြောင်းရှင်းပြတယ်၊ အဓိပ္ပာယ်က ကြက်သွန်ပန်း လို့ ခေါ်တယ်၊ တနည်းအားဖြင့် ကြက်သွန်ပန်းလေးပေါ့။ "ပါ" ဆိုတာ ချင်းလို ပန်းပွင့်လေးလို့  အဓိပ္ပာယ်ရှိပြီး "ခါစွန်" ကတော့ ကြက်သွန်ဖြူ ကိုခေါ်တာပါ။ လုံပီးရွာ ကော်ဖီဆိုင်က ဆိုရှင် မိန်းမချောလေး ကတော့ ဒီကြက်သွန်ပန်းလေးတွေက တရာသီမှာ (၅) ခါလောက်အထိ ပွင့်တတ်ကြောင်း ချင်းသံဝဲဝဲလေးနဲ့ ရှင်းပြတယ်။ ကိုယ်တွေကလဲ ဘာလို့မှန်းကို မသိဘူး စကားသံဝဲ၀ဲလေးဆို သိပ်ကို သဘောကြ ဟီးဟီး………..။ ဟားခါးသွားရင် ဟားခါးမရောက်မီ ကားတွေနားတဲ့ ဒီဆိုင်လေးဝဲယာကို သတိထားကြည့်ရင် နှင်းပန်း ပန်းရောင် အခင်းတွေ အများကြီးတွေ့မှာပါ။ ဆိုင်ကရောင်းတဲ ကော်ဖီ ၊ခေါက်ဆွဲနဲ့ ကြက်ဥ ကိုတော့ မမေ့ပါဘူးဗျာ။
image
ဒီအပင်လေးတွေက နှစ်ရှည်ခံပင်ပြော့လေးတွေပါ။ မြေကြီးထဲမှာ ကြက်သွန်နီနဲ့တူတဲ ဥ ရှိပါတယ်။ ရာသီကုန်လို့မြေပေါ်ပိုင်း သေဆုံးသော်လည်း အောက်ပိုင်း ဥ က မသေဘဲ ဆက်လက် ရှင်သန်နေပြီး နောင်နှစ်ရာသီမှာ မြေပေါ်ထိုးထွက်ပြီး ပွင့်သီးနိုင်ကြတယ်၊ ပန်းနုရောင်ပန်းပွင့်က ပွင့်ဖတ် ပွင့်ချပ်ခွဲခြားမရဘဲ ပွင့်ရွက်ခေါ်သည့် Tepals (၆)ခု ပါပါတယ်၊ ဝတိဆံဖို (၆) ခုပါပြီး ၊ အဝါရောင်ရင့်ရင့် ဝတ်မှုန်အိတ် anthers လေးတွေက ပန်းရဲ့အလှကို ပံ့ပိုး ပေးထားပါတယ်။ အစေ့အိမ် ovary က အနိမ့်အင်္ဂါဖြစ်နေပါတယ်၊ inferior ovary မှာ အစေ့အိမ် အခန်း locules ၃ ခန်းပါဝင်တယ်။
image
ဒေသခံတွေကလည်း ဒီပန်းလေးတွေကိုမြတ်နိုးကြတယ်၊ ကျွန်တော်လည်းမြက်နိုးပါတယ်။ တောထဲမှာ ဘယ်လောက်ပေါပေါ အိမ်ရှေ့မှာလည်း တခုတရ အလှစိုက်ထားကြတာလေးတွေကိုလည်း တွေ့ရတယ်။ ကြက်သွန် ပန်းတွေလှိုင်လှိုင်ပွင့်နေရင် ချင်းတောင်တန်းကြီးတွေပေါ်မှာ မိုးသားတိမ်တိုက်များ အုံ့ဆိုင်းလို့ နေပါသည်၊ ပန်းရနံ့နဲ့အတူ မိုးသက်လေပြေလေး ရနံ့ကိုခံစားလို့ရနေပြီ၊ မိုးရွာမှ ဒေသခံများ တောင်ယာ လုပ်ငန်းခွင်ဝင်ရမှာပါ။ တနှစ်စာဝင်ငွေ အတွက် တောင်ယာထဲဆင်းကြရမယ် စိုက်ရ ပျိုးကြရမယ်၊ မိုးခေါင်ရင်တော့ ဒုက္ခရောက်တာပေါ့ဗျာ။ ဒါ့ကြောင့် ဒီပန်းလေးတွေပွင့်ရင် ဒေသခံတွေပျော်ကြတယ်၊ ကံကောင်းခြင်းကို ကိုသယ်ဆောင်လာတဲ့ ပန်းလေးတွေမို့ လည်း ချစ်ကြပါတယ်။
image
လှပလွန်းသည့် ပန်းပွင့်ပုံတွေကို ကိုယ်တိုင်မရိုက်ကူး မိသောကြောင့် goole ကတင်ဘဲ ကူးရူဖော်ပြပေးလိုက်ပါသည်။
ဒီစာလေးကိုဖက်ပြီး STEEMIT ချစ်သော သူများ ပန်းခင်းကြီးထဲကို ရောက်သွားသလို စိတ်နှလုံးရွှင်ပြုံး ကြပါစေဗျာ။

အားလုံးကို ကျေးဇူးအထူးတင်ပါသည်။ အမှားများပါရင်လည်း နားလည် ဖက်သား ပေးစေချင်ပါသည်။ ”Steemit” ချစ်သော သူအားလုံးကို လေးစားသမှု့ ပြုသော အားဖြစ်တောင်းဆိုအပ်ပါသည်။

“STEEMIT”မှာ ၀င်ရောက်လုပ်ကိုင်နေသူများ အားလုံးအောင်မြင်ကျပါစေဗျာ။

Original writer by@hlamyothet
Credit image>>>Google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

thanks for sharing keep it up

think, shihabieee.

လှလိုက်​တာ နှင်းပန်း​လေး​တွေ 😍😍

ဗဟုသုတရရှိပါတယ်ခင်ဗျာ ဓာတ်ပုံမှာ ပါနေတဲ့ နာမည်တွေက ညီနာမည်လား မဟုတ်ရင် ဖြစ်နိုင်ရင် လဲလိုက်တာ ကောင်းပါတယ်ညီ

ကျွန်တော်Googleက ယူတာပါအကို အဲ့နာမ်မည်တွေပါရင်ဘာဖြစ်တက်ပါသလဲဗျ။ အခုလိုပြောပေးလို့ ကျေးဇူးတင်ပါသည်။

မူပိုင်လုပ်ထားတာ သူတို့ရိုက်ထားတဲ့ပုံတွေကို သူများသုံးမှာစိုးလို့ပါညီ

အခုလိုသိရလို့ ကျေးဇူးပါ အကိုရာ။

Nice!

think

Congratulations @hlamyothet! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Nice article....

beautiful post like flower.

Congratulations @hlamyothet! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the total payout received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

thanks for sharing about flowers,bro!