ဘယ်သူ့အပြစ်လဲsteemCreated with Sketch.

in myanmar •  6 years ago 

ကျွန်တော်ဘာမှမလုပ်ထားပါဘူးဗျာ။ အခုလိုလူတွေပြဿနာ အမျိုးမျိုးကြုံတွေ့နေတာ ကျွန်တော်နဲ့မဆိုင်ပါဘူးဗျာ။

ဘာပြောတယ်။ ကလေးတွေ စာကိုစိတ်မဝင်စားတော့ဘူး ဟုတ်လား။ အသက်အရွယ်နဲ့မလိုက် ပါးစပ်ကနေ ကြမ်းကြမ်းတမ်းတမ်းပြောနေတာ ဟုတ်လား။အဲ့ဒါကျွန်တော်နဲ့မဆိုင်ဘူးလေဗျာ။

ဘာပြောတယ်။ဟိုဘက်ရပ်ကွက်က အသက်မပြည့်သေးတဲ့ကလေးမလေး အိမ်ထောင်ကျသွားပြီ ဟုတ်လား။တစ်နေကုန်အပြင်မထွက်တဲ့ ကလေးက ဘယ်လိုကျသွားမှန်း မသိဘူးဟုတ်လား။အဲ့ကိစ္စကို ကျွန်တော့်ကိုပဲ လက်ညှိုးထိုးတာပဲလားဗျာ။

ဘာပြောတယ်။မိသားစုတွေ အရင်လိုစည်းစည်းလုံးလုံးမရှိတော့ဘူး ဟုတ်လား။ထမင်းလက်ဆုံမစားရတော့ဘူးဟုတ်လား။အဲ့ဒါလဲ ကျွန်တော့်အပြစ်ပဲလားဗျာ။ကျွန်တော်နဲ့ဘာမှမဆိုင်ပါဘူးဗျာ။

ဘာပြောတယ်။ နိုင်ငံ့ရဲ့အနာဂတ်သားလောင်းလူငယ်တွေ လမ်းမှားရောက်ကုန်ပြီ ဟုတ်လား။တစ်ယောက်နဲ့တစ်ယောက် အခင်အမင်တွေ ပျက်ကုန်ပြီ ဟုတ်လား။ငယ်သူငယ်ချင်းတွေ အတူတူဆုံပြီး စကားပြောချိန် မရှိတော့ဘူးဟုတ်လား။ အဲ့ဒါလဲ ကျွန်တော်နဲ့မဆိုင်ဘူးလေဗျာ။

ကျွန်တော်က ဖုန်းတစ်လုံးပါ။ကျွန်တော့်ကိုအကျိုးရှိအောင် အသုံးချတတ်သူကတော့ အကျိုးရှိမှာပါဗျာ။စာလေ့လာဖို့ အသုံးပြုတတ်တဲ့ ကလေးတစ်ယောက်အတွက် ကျွန်တော်က မရှိမဖြစ်ပါဗျာ။စာအတွက်မဟုတ်ဘဲ gameဆော့နေမယ်ဆိုရင်လဲ သူ့သဘောပါ။သူပဲနစ်နာမှာပါ။အဲ့ဒါ ကျွန်တော်နဲ့ဆိုင်လို့လားဗျာ။

အပြင်မထွက်ဘဲ အိမ်မှာတစ်နေကုန်နေပြီး စာတွေဖတ်နေမယ်ဆိုရင် အကျိုးရှိမှာပါ။ဒါမှမဟုတ်ဘဲ on lineသာ အသုံးပြုနေမယ်ဆိုရင်တော့ သူတို့သဘောပါ။အဲ့ဒါကျွန်တော်နဲ့ ဆိုင်လို့လားဗျာ။

မိသားစုတွေ သူငယ်ချင်းတွေဆုံချိန်မှာတောင် ဖုန်းကိုလက်ကမချနိုင်တာ သူတို့သဘောလေဗျာ။အားလပ်ရက်တွေမှာ မိသားစုတွေလျှောက်လည်ဖို့ ငယ်သူငယ်ချင်းတွေစုပြီး ရှေးဟောင်းနှောင်းဖြစ်တွေ
မပြောဘဲ ဖုန်းပွတ်နေတာ သူတို့သဘောလေဗျာ။အဲ့ဒါကျွန်တော်နဲ့ ဆိုင်လို့လားဗျာ။

ကျွန်တော့်ကိုအသုံးချပြီး ကောင်းတာတွေရော ဆိုးတာတွေရော လုပ်လို့ရချိန်မှာ ဆိုးတာတွေပဲ ကွက်မပြောပါနဲ့ဗျာ။ကျွန်တော်ဝမ်းနည်းလွန်းလို့ပါ။ကျွန်တော်လူ့လောကကို စဝင်လာတည်းက လူသားတွေကို အကျိုးပြုဖို့ပါ။ကျွန်တော့်ကိုအထင်မလွဲပါနဲ့ဗျာ။ကျွန်တော်ဖုန်းတစ်လုံးပါ။

Steemitမိသားစုဝင်များအားလုံးကို ကျေးဇူးအထူးတင်လျက်။

Steemit မိသားစုဝင်များအားလုံးစိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။
Give my love to you all Steemians.
written by :@hnineikhaing
MSU NO-003
received_236425950252219.jpeg

#myanmar
#msu

Posted using Partiko Android

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

nice post

thanks admin

Wow ကောင်းလှချည်လားဗျ။ တင်ဇာမော်ပြော သလို ပြောရမယ်နဲ့တူတယ်။ဟဟ

😁တင်ဇာမော်ကဘာပြောလို့လဲဟင်

😍😍😍

😁

Posted using Partiko Android

👋😊


😂

ကောင်းလှ ချည်လား ဗျ
ကျွန်တော် ဖုန်းတစ်လုံးပါ ဆိုတာ နောက်ဆုံးမှ ပြောလိုက်ရင် ပိုမိုက်တယ် ထင်ပ နော် sis 😍

Posted using Partiko Android

ဟုတ် သတိတစ်ချက်လွတ်သွားတယ် ။ကျေးဇူးအများကြီးတင်ပါတယ်😁

Nice bro

Your post has been chosen in MMCG Curation Guild. You will get 10% of total payout.

https://steemit.com/steem/@mmcg/mmcg-curation-issue-3

thank @mmcg

သငျသညျတော်တော်များမှာ

Posted using Partiko iOS