Steemit ​ခရီးလမ်းအစ

in myanmar •  7 years ago  (edited)

မြန်​မာစတီးမစ်​အဖွဲ့သားများအားလုံးပဲ မင်္ဂလာပါ​နော်​။
Steemit ရဲ့ အသုံးပြုပုံက Facebook အသုံးပြုမှုနဲ့​တော်​​တော်​​လေးကို ဆင်​တူပါတယ်​။ Facebook မှာ account အသစ်​ဖွင့်​မယ်​ဆိုရင်​ Friend ​တွေကလည်း တစ်​​ယောက်​မှမရှိတဲ့အတွက်​ Friend အသစ်​​တွေရ​အောင်​ Friend Request ​တွေပို့ရမယ်​၊ သူများ post ​တွေကို like ​တွေ comment ​တွေသွား​ပေးရမယ်​ မဟုတ်​လား၊ ဒါမှလည်း ကိုယ့်​ရဲ့ facebook account ​လေးကို သူများ​တွေက like ​တွေ comment ​တွေပြန်​​ပေးပြီး ကိုယ့်​ရဲ့ wall ​လေး၊ news feed ​လေးက အသက်​၀င်​မယ်​မဟုတ်​ပါလား။
facebook မှာ​တောင်​ ဒီလိုမျိုး နည်းနည်း​လေး အပင်​ပန်းခံကြိုးစားပြီးမှ သုံး​ပျော်​တယ်​ဆိုရင်​ ​ဒေါ်လာ​တွေရှာ​ဖွေဖို့အတွက်​ steemit member အသစ်​တစ်​​ယောက်​အ​နေနဲ့ အ​ဟောင်း​တွေထက်​ ပိုပြီး အပင်​ပန်းခံ ကြိုးစားသင့်​ပါတယ်​။ လူ​ဟောင်း​တွေက ​နေရိပ်​အလာကို ​နေပူက ​စောင့်​ခဲ့ပြီးပါပြီ။ အသစ်​​တွေက​တော့ အခုမှ ​ရေတွင်းတူး​နေတုန်းအချိန်​မို့ ချက်​ချင်း​တော့ ​ရေကြည်​​သောက်​လို့ မရနိုင်​​သေးပါဘူး။

images(6)(1).png
Image Source

မှတ်​မှတ်​ရရ ကျွန်​​တော်​ steemit ကိုစပြီး join တဲ့​နေ့က
July 29 , 2017.
ကျွန်​​တော်​ steemit account တစ်​ခု စတင်​ဖွင့်​ပြီးချိန်​မှာ ဘယ်​လိုသုံးရမယ်​ဆိုတာကို မသိခဲ့​သေးပါဘူး။
ဘာ့​ကြောင့်​ steemit ကိုမသုံးတတ်​လဲဆို​တော့ MSC
( Myanmar Steemit Community ) မှာလည်း member မဖြစ်​​သေးသလို ၊ စနစ်​တကျ သင်​ကြားပြသ ​ပေးမယ့်
MSC က admin ​တွေနဲ့လည်းမသိကျွမ်း​သေးလို့ပါ။ steemit မှာ တစ်​​ယောက်​တည်း​ယောင်​လည်​လည်​နဲ့ပါ။

images(60)(1)(1).jpg
Image Source

ဓာတ်​ပုံ​တောင်​မတင်​တတ်​လို့မတင်​ရ​သေးပါဘူး။ အလွန်​ကိုအ​ရေးကြီးတဲ့ Introduction Myself ဆိုတဲ့ post ကို​တောင်​ ​ရေးရ​ကောင်းမှန်းမသိခဲ့ပါဘူး။ ပထမဆုံးတင်​တဲ့​ဆောင်းပါးက Hi ဆိုတဲ့ စာလုံး​လေး နှစ်​လုံးကိုပဲ Account စရရခြင်း တင်​ဖြစ်​ခဲ့တာပါ။ Tag ​နေရာမှာလဲ ဘာထည့်​ရမှန်းမသိလို့ a b c d ​တွေသာ ​လျှောက်​ထည့်​ခဲ့ပါတယ်​။ ရလဒ်​အ​နေနဲ့ vote လည်းတစ်​ခုမှမရသလို ​ဒေါ်လာလည်းတစ်​ပြားမှမရခဲ့ပါဘူး။

images(5)(1).png
Image Source

နောက်​​တော့ ​လျှောက်​နှိပ်​ကြည့်​ရင်းနဲ့ အ​ပေါ်ကိုမြှားထိုးထားတဲ့ပုံ​လေးကိုနှိပ်​ရင်​ upvote ​ပေးတယ်​လို့​သိလာတယ်​။ Reply ဆိုတဲ့စာတန်း​လေးဟာ facebook ရဲ့ comment နဲ့တူတာကို သိလာတယ်​။ အလံပုံစံ​လေးလဲ ဘာမှန်းမသိလို့ ​လျှောက်​နှိပ်​ကြည့်​လိုက်​တာပဲ။ (MSC ​ရောက်​မှသိခဲ့ရသည်​မှာ ထိုအလံပုံစံ​လေးသည်​ စာ​ရေးသူကို ​နောက်​တစ်​ခါ ဒီလို​စာမျိုးမ​ရေးရန်​ သတိ​ပေးခြင်းဖြစ်​​ကြောင်း သိရသည်​။ Facebook မှာဆိုရင်​ Report ထုတယ်​လို့ပဲ ​ခေါ်မလား။ )

စမ်းပြီးသုံးကြည့်​ရင်းနဲ့ follow လုပ်​ရ​ကောင်းမှန်းသိလာသည်​။
တစ်​ရက်​ တစ်​ရက်​ ကိုယ့်​ကို ဘယ်​သူ​တွေ follow လာလုပ်​လဲ သိချင်​လို့ လိုင်းဖွင့်​ကြည့်​လိုက်​ရတာအ​မော။ ကိုယ့်​ကို follow လုပ်​ထားတဲ့သူ​တွေကို ပြန်​ပြီး follow လုပ်​လိုက်​၊ follower အသစ်​​တွေရ​အောင်​လည်း သူများကို follow သွားလုပ်​ပြီးရင်​ "Hey,I follow you, please follow me back "
ဆိုတဲ့ comment ​တွေသွားပြီး ​ပေးထားမိတာကို ပြန်​​တွေးကြည့်​ရင်​ ရယ်​ချင်​ပါတယ်​။ Voting Power ကိုလည်း ထိန်းရ​ကောင်းမှန်းမသိပါဘူး၊ ​တွေ့သမျှကို power down သွားတဲ့အထိလိုက်​ Vote ​နေမိ​တော့ပါတယ်​။ သူများကို vote ရင်​ သူများကလည်း ကိုယ့်​ကိုပြန်​ vote မယ်​၊ vote ​တွေများရင်​ ​ဒေါ်လာ​တွေအများကြီးရမယ်​အထင်​နဲ့ပါ။

အပိုင်း(၂)ဆက်​ရန်​......
Written By
@honeysara
MSC-040

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဆက်​ဖတ်​မယ်​ဗျို့

ကျေးဇူးပါ

အဖြစ်​​​တွေကတူ​နေတာ ဘာဆက်​လုပ်​ရမှန်းမသိလို့ ၃လ​လောက်​ အ​ကောင့်​ကိုဒီတိုင်းပစ်​ထားရတာ mscနဲ့​တွေ့မှ စို​ပြေလာ​တော့တယ်​ :-)

၃လ​တောင်​ပစ်​ထားတာလား၊ နှ​မြောစရာကြီး​နော်​ ။ MSC နဲ့​တွေ့လို့ အဆင်​​ပြေ သွားတယ်​ဆို​တော့ ၀မ်းသာပါတယ်​။

တြူုးစာကြတာပေါ့ bro

မိန်းက​လေးပုံတင်​ထားကို bro တဲ့ ခ်​ခ်

Hmm,chay dl nw ama,part-2 ko cb mhr lr tg ml nw😜

part-2 က​ရေးရ​သေးဘူး 😁

Wait ya oo mhr pop ly😂

ကျွန်​​တော်​တို့လည်း ဒီလိုပဲ ခုထိ အစုံသိ​သေးဘူး
Vote ခဲ့ပြီ

ဟုတ်​ ​ကျေးဇူးပါ

true story ပေါ့နော်

ဟု

We are fighting for Steemit.

Yes,We are team .

နောက် Post တွေ စောင့်နေပါတယ် အစ်မ

ဟုတ်​ ​ကျေးဇူးပါ ။

Me2😊
ဆက်​ဖတ်​မယ်​​နော့

ကျေးဇူးပါ sis

အပိုင်း ၂ မျှော်နေပါမယ်
ဒီထက်မကအောင်မြင်ပါစေဗျာ

ဟုတ်​ကဲ့ ကြိုးစား​နေပါတယ်​ ☺

Thanks you

Hote.

သားတို့ ကိုလည်း လက်တွဲခေါ်ပါဂျာ နယူဘီလေးတွေမို့ ပါ

လက်​တွဲ​ခေါ်ပါ့မယ်​၊ ​လော​လောဆယ်​ follow လုပ်​ခဲ့ပြီ 😊

G

ဟု 😄

အမ ကိုယ့်ကိုကိုယ်တောင် report လုပ်မိတာကိုး။

ကိုယ့်​ကိုကိုယ်​ဟုတ်​ဘူး၊ သူများရဲ့ postက အလံ​လေးကိုသွားနှိပ်​ကြည့်​တာ 😂😂

Steemit ရဲ့ Feed နဲ့ Trending တွေက ကျနော့် အာဟာရတွေပါဗျာ

ဟုတ်​ အစ်​ကို 👍

အမှန်တော့ twitter သုံးတဲ့ပုံနဲ့တူတာခင်ဗျ ၊follow ပဲလုပ်လို့ရတာတို့ resteem လုပ်တာတို့က twitter မှာအကုန်ပါတယ် ။တော်များများက twitter မသုံးဖူကြတော့ facebook နဲ့ဆင်တယ်ပြောကြရတာ

ဟုတ်​....twitter မသုံးဖူးဘူး 😁

159sဖြစ်ပြေီဆိုတော့စိတ်ကြီးဝင်ချင်လာပြီ

မဟုတ်​ရပါဘူးဗျာ 😂

ဆက်ရေးပါဦးနော်

ဟုတ်​အစ်​ကို

This post received a 0.200 SBD (6.14%) upvote from @upvotewhale thanks to @honeysara! For more information, check out my profile!

Thanks.