ဝါတွင်းကာလ ရောက်ပြီဆိုလျှင် မန္တလေးမြို့တွင်
ကြေးစည် သံတလွင်လွင် မောင်းသံတဒူဒူ ကြားကြရမည်ဖြစ်ပါသည်။ ရပ်ကွက်များတွင် ဘုရားစေတီ၊
ဓမ္မာရုံများရှိကြသဖြင့် ဝါတွင်းရောက်ပြီဆိုလျှင်
ဆွမ်းကြီးခံထွက်ကြသည်။ အဖိတ်နေ့ ညနေခင်း
တစ်ကြိမ် ဥပုသ်နေ့ မနက်ခင်းတစ်ကြိမ် ဆွမ်းကြီးခံ
ထွက်ကြသည်။ ထိုသို့ ဆွမ်းကြီးခံ ထွက်ကြရာတွင်
ရပ်ကွက်အတွင်းရှိ လူငယ်မောင်မယ်များကို
လူကြီးများကဦးဆောင်၍ ဆွမ်းကြီးခံ ထွက်ကြ
ရသည်။
ဆွမ်းကြီးခံ ထွက်ရာတွင် လိုက်ပါသောလူငယ်များ
သည် သူငယ်တန်းအရွယ်မှ တက္ကသိုလ်ကျောင်းသား
လူငယ်များအထိ အရွယ်စုံလိုက်ပါပြီး ကုသိုလ်ယူ
လုပ်အားဒါနပြုကြသည်။ လိုက်ပါသူလူငယ်များ
သည် ဝတ်ဖြူစင်ကြယ် ကို တူညီဝတ်ဆင်ကာ
ဆွမ်းကြီးခံ ထွက်ကြသည်။ ဝါတွင်းကာလ အချိန်
ရောက်ပြီဆိုလျှင် သူ့ရပ်ကွက် ကိုယ့်ရပ်ကွက်
ဆွမ်းကြီးခံ အဖွဲ့များ၏ ကြေးစည် သံများဖြင့်
မန္တလေးမြို့ကြီး သည် အင်မတန်မှ ကျက်သရေရှိ
လှပါသည်။
မန္တလေးတောင်ခြေ ကျောက်တော်ကြီးဘုရား
ရတနာပုံခေါ် မြို့ရွှေမန္တလေးတွင် ဘာသာ၊ သာသနာ
ထွန်းလင်းတောက်ပခဲ့သည်မှာ ရှေးယခင်မြန်မာ
ရှင်ဘုရင်များလက်ထက်မှ ယခုအချိန်ထိဖြစ်သည်။
ဗုဒ္ဓ၏ စာပေများကို အများဆုံး ပို့ချသင်ကြားပေး
သည့် နေရာဌာနကြီးတစ်ခုလည်းဖြစ်သည်။
မြန်မာနိုင်ငံမြို့ရွာများအနက် ရဟန်းသံဃာတို့
အများဆုံးစုဝေးရာ နေရာလည်းဖြစ်သည်။
မြန်မာနိုင်ငံအလယ်ပိုင်း ယဉ်ကျေးမှု ထွန်းကားရာ
မြို့တစ်မြို့လည်းဖြစ်သည်။
ကဲ.... ကိုယ့်မြို့ကိုညွှန်းနေတာနဲ့ စာဖတ်သူပျင်းရော့မည်။ ဝါတွင်း ဆွမ်းကြီးခံ အဖွဲ့များအကြောင်းရေး
သားတင်ပြချင်ပါသည်။ ဆွမ်းကြီးခံ ထွက်ကြသူများမှာ အများအားဖြင့် အမျိုးသား များသာဖြစ်ကြ
သည်။ မည်သည့်ရပ်ကွက်တွင်မဆို ဆွမ်းကြီးခံ
ထွက်သူများမှာ အမျိုးသားများဖြစ်ပြီး ယခုနှစ်မှာ
ထူးထူးခြားခြား ဖြစ်စဉ်တစ်ခုမြင်မိခဲ့ပါသည်။
ထူးခြားဖြစ်စဉ်မှာ အမျိုးသမီး ဆွမ်းကြီးခံ အဖွဲ့ကို
တွေ့ရှိရခြင်းဖြစ်ပါသည်။
အမျိုးသမီး ဆွမ်းကြီးခံ အဖွဲ့သည် အမျိုးသမီး
သဘာဝ လှပချင်ကြ၍ အပေါ်အင်္ကျီအဖြူ
အောက်ခံလုံချည်ရောင်စုံတို့ဖြင့် ဆွမ်းကြီးခံ
ထွက်ကြသည်။ အေပၚအက်ႌျဖဴ ပင္တိုင္ထားကာ
ယောဂီရောင်လုံချည်နှင့် အခြားအရောင်များကို
တွဲဖက်ဝတ်ဆင်ကြသည်။ ရှေ့ဆုံးမှ ငွေဖလား
ကိုင်သူ၊ ဆော်သြသူ၊ ကြေးစည် ထမ်းသူ၊
မောင်းထမ်းသူ၊ ဟင်းခွက်များထမ်းသူနှင့်
ဆန်တောင်းများကို ထမ်းပိုးသူများဖြင့် ကြည့်ရ
သည့်မှာ မြင်ရသူများကို အမြင်ထူးဆန်းစေသည်။
အမျိုးသမီး ဆွမ်းကြီးခံအဖွဲ့သူ များသည်
အရပ်အမောင်းကောင်းသူများလည်းပါဝင်သည်။
မိမိနှင့်ဆိုဒ်တူ ဂိုက်တူချင်းရွေးကာ အရပ်ရှည်သူ
အရပ်ပုသူ အချင်းချင်း နှစ်ဦးစီ အထမ်းများကို
ထမ်းကြသည်။ ဆွမ်းကြီးခံ များမှာ အမျိုးသမီးများ
ဖြစ်ကြသဖြင့် လူအများက စိတ်ဝင်တစားကြည့်ရှု
ကြသည်။ သူမတို့၏ ဝါဆိုလပြည့် ဆွမ်းကြီးခံ
ထွက်ခြင်းက အောင်မြင်လှပေသည်။ လူတို့
စိတ်ဝင်စားခြင်းခံရသဖြင့် လှူဖွယ်ပစ္စည်းများ
ပိုမိုရရှိကြသည်။ ဆွမ်းဆန်နှင့် အလှူငွေများ
ထည့်ဝင်လှူဒါန်းသူများပြားလှပေသည်။
ဝါဆိုလပြည့်လည်းဖြစ်ပြန်၊ အမျိုးသမီးဆွမ်းကြီးခံအဖွဲ့လည်းဖြစ်သဖြင့် လှူဒါန်းသည့်ပစ္စည်း အလွန်များပြားလှ၍ ဆွမ်းကြီးခံအမျိုးသမီးတို့သည့်
နှစ်ကြိမ်မြောက်ထွက်ပြီး အလှူခံကြရသည်။
စထွက်သည့်အချိန်မှာပင် ပစ္စည်းလှူဒါန်းသူ
များပြား၍ အလှူခံ တောင်းများဖြင့်မဆန့်၍ ဓမ္မာရုံသို့ တစ်ခေါက်လာကာ လှူဖွယ်ပစ္စည်းများပြန်လာထားကြရသည်။
ဆွမ်းကြီးခံထွက်ရာတွင် ကြေးစည်၊ မောင်းထမ်းသူ အမျိုးသမီး များအတွက် ရေရှည်ထမ်းရသည်မှာ
ပြဿနာမရှိသော်လည်း ဆန်တောင်းထမ်းသူအမျိုးသမီးများမှာမူ မသက်သာလှပါ။ ပုခုံးထမ်းရသည်မှာ အရပ်တူညီထမ်းပါမှ အဆင်ပြေသည်။ မန်းလေး
တစ်ပြကို နှစ်ယောက်နှုန်းဖြင့် ပြောင်းရွေ့ထမ်းကြကာ အမျိုးသားများနည်းတူ ကုသိုလ်ယူ နေကြသည်မှာချီးမွမ်းဖွယ်ရာဖြစ်ပါသည်။ ၁၃၈၀ ခုနှစ် ဒုတိယဝါဆိုလပြည့်နေ့ ဆွမ်းကြီးခံ အမျိုးသမီးအဖွဲ့အား
ဂုဏ်ပြုရေးသားလိုက်ရပါသည်။
အမျိုးသမီးကုသိုလ်အဖွဲ့သာဓုပါနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုမှပဲ ပထမဦးဆုံး အမျိုးသမီးဆွမ်းကြီးခံအဖွဲ့ကို မြင်ဖူးတယ်။သာဓု သာဓုပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
2018 ရဲ့ ဆွမ်းတော်ကြီးခံ
ဒီဇိုင်း အဆန်း
ပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြည်ညိုလေးစားစရာဗုဒ္ဓဘာသာ မှာ မြတ်သောကုသိုလ်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကုသိုလ် အ ပြိုင်ပေါ့ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြင်ရတာ ကျက်သရေရှိလိုက်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျက်သရေ တက်နေထိရှိပါတဲ့တို့မြန်မာပြည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Congratulations! This post has been upvoted from the communal account, @minnowsupport, by htwegyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.
If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ချစ်စရာ ဓလေ့လေးတွေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပေါ်ကမန့်သလိုဘဲဦးထွေးရေ အမျိုးသမီး ဆွမ့းကြီးခံအဖွဲ့ မြင်ဖူးတာ ပထမဆုံးပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အမျိုးသမီးဓားဆိုပြီး မထက်ဘူးမထင်နဲ့ ကိုအောင်ကြီး
ခရမ်းသီးဆို တိကနဲ့မောင်ရေ😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မန်းလေးရဲ့ ကျက်သရေရှိဆုံး မြင်ကွင်းလေးတွေပါလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါ့ဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ့် အတုယူ အားကျစရာ ကုသိုလ်ရှင်များပါပဲဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit