မင်္ဂလာပါ။ ယခုတလော steemit platform တွင် စာ ၊ ဆောင်းပါးများ ရေးသားလိုစိတ်မရှိရကာ ( အပျင်းထူးသည်က ၅၀% ) လေပြုတ်ကျဟူသော Airdrop များနောက်အလေလိုက်နေပါတော့သည်။ ထို လေပြုတ်ကျများကလည်း အချိန်ပေး၍ စနစ်တကျ သေချာလေ့လာလျင်တော့ အတော်လေးထိရောက်သည်ကိုတွေ့ရပါသည်။
သို့သော်လည်း လေပြုတ်ကျ ဟူသည့် အတိုင်း ပြုတ်ကျ မှ ရမည် ဖြစ်သည့်အပြင် ဈေးကွက်လည်း ဝင်ပါအုံးမှ။ အများအား ဖြင့် Airdrop တို့မှာ မိမိတို့ token များ လူသိများ လာစေရန် social media များပေါ်တွင် ကြေညာစေချင်သောကြောင့် ချပေးသော token များ ဖြစ်ပါသည်။ ကျွန်တော့ အနေဖြင့်တော့ ဈေးကွက် မရှိသေးသော token များထက် ဈေးကွက် ပေါက်ပြီးသော token များ coin များ ၏ Airdrop ကို ပို၍ စိတ်ဝင်စားပါသည်။
အဘယ်ကြောင့်ဆိုသော် Airdrop token များရရှိလာသည်နှင့် ဈေးကွက်သို့ တန်းပို့ နိုင်သောကြောင့် ဖြစ်ပါသည်။ အများအားဖြင့် ဈေးကွက် ပေါက်ပြီးသော token များအား Exchange Site များက မိမိတို့ Exchange Site အား ကြေညာလိုသောကြောင့် Airdrop ချပေးကြခြင်း ဖြစ်ပါသည်။
ဤ လေပြုတ်ကျများအား လေ့လာရင်း ကျွန်တော် သတိထားမိသည်မှာ cryptocurrency ဟုခေါ်သော blockchain အပေါ်အခြေခံသည့် ငွေကြေးများမှာ နေ့စဉ်နှင့် အမျှ အတောမတတ်ထွက်ပေါ်လာနေကြပါသည်။ အချို့က အောင်မြင်ကြသလို အချို့ကလည်း ဈေးကွက်ပင်မဝင်နိုင်ကြပါ။
အထူးသဖြင့် IEO ဟုခေါ်သော Initial Exchange Offering များတွင် ကြိုရောင်းသော token များအား လေ့လာရာတွင် ဈေးကွက် ဖွင့်လိုက်သည်နှင့် မူရင်း ကြိုရောင်းထားသော ဈေးထက် အောက်ကျ သွားသည်ကို အများဆုံးတွေ့ရပါသည်။ ဤ ကဲ့သို့ ကြိုရောင်းထားသော token များ ဈေးကွက် ဖွင့်လိုက်သည်နှင့် ဈေးပြုတ်ကျသွားသဖြင့် IEO အား လူအများ စိတ်ဝင်စားမှု နည်းပါးလာရကာ ယခု Exchange Site များက နည်းတမျိုးပြောင်းလာကြပါသည်။
Token များ ဈေးကွက် ဖွင့်လိုက်သည်နှင့် စုပြုံ၍ ဈေးကွက်ထဲသို့ တွန်းမပို့ကြစေရန် token staking , token lock ဟူသော နည်းများ အသုံးပြုလာကြပါသည်။ ဆိုလိုသည်မှာ Token များအား Staking , Lock ချထားယုံမျှ ဖြင့် ပုံမှန် ဝင်ငွေ ရရှိစေနိုင်သော နည်း ဖြစ်ပါသည်။ Steem Engine တွင်လည်း ထို staking နည်းပညာ များ ပါဝင်လျက်ရှိသောကြောင့် steemit platform နှင့် ရင်းနှီးသူများ အဖို့ အထွေအထူး ရှင်းပြရန် လိုမည်မထင်ပါ။
သို့သော် Steem Engine ရှိ token များမှာ ပြင်ပ Exchange များဖြင့် ချိတ်ဆက်ထားခြင်း မရှိရကာ staking , lock ချထားခြင်းဖြင့် Steem ဖြင့်သာ အကျိုးသက်ရောက်နေမည် ဖြစ်ပါသည်။ ယခု ကျွန်တော်ပြောလိုသော ပြင်ပ Exchange များတွင် ဈေးကွက် ပေါက်ပြီးသော token များအား lock ချ ထားခြင်း ဖြင့် ပုံမှန် ဝင်ငွေ ရယူနိုင်ခြင်းဆိုသည်မှာ ကျွန်တော်တို့ကဲ့သို့ Passive income ရှာဖွေသူများအတွက် အလွန်အကျိုးရှိသော နည်းဖြစ်ပါသည်။
လက်ရှိကျွန်တော်တို့ cryptocurrency ရှာဖွေနေကြသူများအနေဖြင့် token စုထားမည် ဈေးတက်လာလျင် ရောင်းထုတ်မည် ဆိုသည်ထက် မပိုပါ။ ရရှိလာသော ထို token များ အသုံးပြု၍ ပုံမှန် ဝင်ငွေ စီးကြောင်းတခု ဖွင့်ထားနိုင်လျင် အလွန်ကောင်းမွန်သော အစီအစဉ်ဖြစ်ပါသည်။
နောက်တမျိုး စဉ်စားကြည့်လျင် ကျွန်တော်တို့၏ နေ့စဉ် အသက်မွေးဝမ်းကြောင်း အလုပ်သည် ကျွန်တော်တို့၏ ပင်းမ ဝင်ငွေစီးကြောင်း ဖြစ်ပါသည်။ ထိုထက်ပို၍ နောက်ထပ်အခြားအခြားသော ဝင်ငွေစီးကြောင်းများ ဖွင့်ထားနိုင်လျင် မိမိအတွက် ပို၍ အကျိုးများနိုင်သည်မှာ အားလုံးအသိပင် ဖြစ်ပါသည်။
ယခု Steemit တွင် Power စုထားခြင်းမှာလည်း ဝင်ငွေစီးကြောင်းတခုဖွင့်ထားခြင်းပင်ဖြစ်ပါသည်။Cryptocurrency ဖြင့် ဝင်ငွေစီးကြောင်း ဖွင့်ထားခြင်းဆိုသည်မှာ အပြောလွယ်သလောက် လုပ်ရန်မလွယ်ကူလှပါ။ သို့သော် လုပ်၍ မရနိုင်သည်တော့မဟုတ်ပါ။ မိမိတို့ Steem account ၏ estimate value ကိုကြည့်လိုက်ပါ။ လွန်ခဲ့သော နှစ်များက ကြိုးစား စုခဲ့ကြ၍ ယခု $ ဟူသော အမှတ်အသားတခု တွေ့မြင်နေရပြီ ဖြစ်ပါသည်။
ထို့ အပြင် ကျွန်တော်တို့ steemit စတင်ခဲ့ကြစဉ်က Steem Engine ဟူ၍ မသိနိုင်ခဲ့သလို PAL , LEO အစရှိသော token များအကြောင်းလည်း စိတ်ကူးပင်မရှိခဲ့ပါ။ သို့သော် မိမိ Steem Engine အကောင့် ဖွင့်လိုက်သည်နှင့် ရရှိထားသော token များအား $ နှင့်တွဲ၍ မြင်နိုင်နေပြီ ဖြစ်ပါသည်။ နည်းသည်နှင့် များသည်သာ ကွာပါသည်။ ဆိုလိုသည်မှာ cryptocurrency ဆိုသည့်အရာမှာ ရှာဖွေလေ တွေ့ရှိလေ ဟူသော အရာဖြစ်ပါသည်။
ကျွန်တော်တို့ အနေဖြင့် တရက် ၊ တလ ဟူ၍ုဖြတ်သန်းနေရသောကြောင့် ရရှိမှုပမာဏ မသိသာသော်လည်း တနှစ် နှစ်နှစ် ဟူသော အချိန်ကာလသည် ကြိုးစားရှာသူနှင့် ငေးကြည့်နေသူတို့ အတွက် အလွန်ကွာခြားသော အခြေအနေကို ဖြစ်ပေါ်စေပါသည်။ ၂၀၁၇ တွင် steemit ကို သိရှိကြ၍ ကျန်ရှိနေသူတို့ နှင့် ၂၀၁၇ တွင် steemit အားကျောခိုင်းသွားကြသူတို့၏ အခြေအနေမှာ အတော်ကွာခြားသွားကြပြီ ဖြစ်ပါသည်။
ကျွန်တော်တို့ အနေဖြင့် ၂၀၁၉ တွင်ရပ် နေကြမည်မဟုတ်ပါ။ ၂၀၂၀ , ၂၀၂၅ စသည်ဖြင့် မဖြစ်မနေ ခရီးဆက်ကြရအုံးမည် ဖြစ်ပါသည်။ ထို့အတူ blockchain နည်းပညာသည်လည်း ရပ်နေမည် မဟုတ်ပါ။ အချိန်နှင့် အမျှ ပြောင်းလည်းတိုးတက်နေမည် ဖြစ်ပါသည်။ ထို့အတူ steemit သည်လည်း ဘာမှ မပြောင်းလည်းပါဟု ယူဆနေပါသလား ?
၂၀၁၉ တွင် Steem Engine ပေါ်ပေါက်လာခြင်းနှင့်အတူ ဤ platform ပေါ်ကျန်ရှိနေခဲ့ကြသူတို့ Steem Engine မှ အမြတ်အစွန်း အနည်းနှင့်အများ ရရှိခဲ့ကြပါသည်။ Blockchain နည်းပညာနှင့်ပါတ်သက်၍ အနာဂါတ်သည် ကျွန်တော်တို့ တွေးထင်ထားသည်ထက် ပို၍ ကြီးကျယ်ပါသည်။
Facebook ကဲ့သို့သော social media ဘီလူးကြီးသည်ပင်လျင် cryptocurrency အကြောင်း စကားဦး သန်းလာခဲ့သည်မှာ အားလုံးအသိ ဖြစ်ပါသည်။ ကျွန်တော် တယောက်တည်း အမြင်ဖြင့် ပြောရလျင် blockchain နည်းပညာ ပေါက်ကွဲပွင့်ထွက်ရန် စနက်တံ တခုအား မီးရှို့ရန်သာ လိုအပ်သော အခြေအနေသို့ ရောက်နေပြီ ဖြစ်ပါသည်။
Bitcoin သည် storage value သာရှိသော ငွေကြေးတခုဖြစ်၍ နာမည် ကြီးခြင်းနှင့်အတူ ထွက်ပေါ်လာကြသော cryptocurrency တိုင်းလည်း BTC ၏ ထိန်းချုပ်မှု အောက်သို့ အလို အလျောက် ရောက်သွားကြသည် သာဖြစ်၍ BTC အား လွန်ဆန်၍ မရနိုင်သေးပါ။ BTC ထက်အသုံးဝင်၍ ပိုမိုကျယ်ပြန့်သော နည်းပညာဖြင့် BTC အား ယှဉ်နိုင်သူ ပေါ်ပေါက်လာခဲ့သည်ရှိသော်.......
ထိုအချိန်သည် Blockchain နည်းပညာ ပေါက်ကွဲမည် အချိန်ဖြစ်ပါသည်။ သို့သော် နည်းပညာများ ပြောင်းလည်း တိုးတက်ရာတွင် ယခင်က နည်းပညာ သီးသန့် တိုးတက်၍ ငွေကြေးက နောက်မှ လိုက်လာပါသည်။ Blockchain သည် ငွေကြေးနှင့် တွဲထားသော နည်းပညာဖြစ်၍ ပို၍ သိမ်မွေ့ပါသည်။
မည်သို့ပင်ဆိုစေ blockchain နည်းပညာအား အသုံးချ၍ အပိုဝင်ငွေစီးကြောင်း များ ဖွင့်ထားရန် တာစူနေကြသော MSC member တို့၏ အနာဂါတ်သည် အချိန်တချိန်ရောက်လျင် ပြောင်းလည်းသွားမည်ကတော့ သေချာပါသည်။ ၂၀၁၇ တွင် မိမိ၌ ရှိသော blockchain သို့မဟုတ် cryptocurrency ဗဟုသုတ များအား လက်ရှိ အခြေအနေတွင် မိမိပိုင်ဆိုင်ထားသော သိရှိထားသော ဗဟုသုတ များဖြင့် နှိုင်းယျဉ်ကြည့်ပါ။ အချိန်ကာလသည် အဖိုးမဖြတ်နိုင်သော ငွေကြေးဖြစ်ပါသည်။
နောက်ဆောင်းပါးများတွင် cryptocurrency ဖြင့် အပိုဝင်ငွေစီးကြောင်း ဖွင့်ထားနိုင်သော Exchange Site များ Token များ အကြောင်း ပြည့်ပြည့်စုံစုံ ဖေါ်ပြပေးပါမည်။ ထို့အတူ ပြောင်းလည်း လာနေသော steemit platform အကြောင်းအားလည်း တတ်နိုင်သလောက် ဝေမျှပေးပါမည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
Steemit account ဖွင့်ပြီး တစ်လလောက် အကြာတွင် est value မှာ mmk ၆ သိန်းလောက်
ဖြစ်ခဲ့သော်လည်း ယခု ၂ နှစ်နီးပါးမျှ steem စုလာရာ
1200 လောက် ပမာဏ များလာခဲ့သော်လည်း est value သည်ကား တစ်လ သက်တန်းကို မယှဉ်နိုင်လေသောအခါ စိတ်ဓာတ်ကျစရာ အလွန်ကောင်းပါသည်။
သို့သော် ကျွန်တော်သည်ကား ယခင်ထက် ပိုမို လေ့လာ လုပ်ဆောင် ဖြစ်နေသည်မှာ ရူးနေ၍ပင် ဖြစ်သည်တကား😁😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တခါတလေ အရူးက တမူးသာတယ် ဆိုတဲ့ စကားလည်း ရှိတယ် မဟုတ်လား။ cryptocurrency နဲ့ ရူးတယ်ဆိုလည်း ရူးပလေ့စေ... အစ်ကိုလည်း ပျော်ပျော်ကြီးကို ရူးပလိုက်မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုဟင်ပြောတဲ့…စနစ်တံပဲ ပြုတ်ထွက်စေချင်တာပဲအကိုရေ…:-)))
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆွဲဖြုတ်လို့ရရင် ဆွဲဖြုတ်လိုက်ချင်ပါ့...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ဆုံး စာပိုဒ်လေးကို သဘော အကျဆုံးပါ ခင်ဗျာ။ အတွေ့အကြုံတွေ မျှဝေပေးဖို့ မျှော်လင့်မိပါတယ် အစ်ကိုကြီး။ Have a pleasure day! Bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်... အတတ်နိုင်ဆုံး မျှဝေပေးပါ့မယ်...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မြန် ပေါက်လိုက်စမ်းပါဗျာ 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အနာစိမ်း များလို ညှစ်ထုတ်ပလိုက်ရင် မကောင်းရှိရော့မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘယ်လို ပေါက်ပေါက်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အော် တို့်ခေါင်းဆောင်ကြီး ပျောက်ချက်သားကောင်းနေတာ အကြံ ကြီး
ကြံနေတာကိုး 😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကြံကတော့ ဆင်ကြံပဲ ကိုထွေးရေ.... နောက်တော့ ဆင့်....... ဘာမျှော် ဆိုလား ဖြစ်လာရင်တော့လည်း မသိတော့ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဝင်စားလှပါတယ်အစ်ကို။ဒီ crypto ငွေကြေးအကြောင်းလေးတွေကို ဖတ်ပြီး ဗဟုသုတ စုဆောင်းနေပါတယ်ခင်ဗျာ။နောက်အပိုင်းဆက်အားပေး ဖတ်ရှုရန် စောင့်မျှော်နေပါမယ်ခင်ဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ပိုစ့်ရွေးချယ်ပေးသူများ၏ @c-squared Curation Collective Discord community ရှိ မြန်မာ ရွေးချယ်ပေးသူ ချန်နယ်တွင့် မျှဝေထားသော အထက်ပါပိုစ့်ကို @c2-myanmar အဖွဲ့အစည်းအကောင့်မှ ကိုယ်တိုင်စိစစ်ရွေးချယ်ပြီးနောက် မဲပေးခြင်းနှင့် မျှဝေပေးခြင်းများ ပြုလုပ်ခဲ့ပြီးဖြစ်ပါသည်။
This post was shared in the #burmese-curation channel in the @c-squared Curation Collective Discord community for curators, and upvoted and resteemed by the @c2-myanmar community account after manual review. @c-squared runs a community witness. Please consider using one of your witness votes on us here
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good job....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ခုပြီး တစ်ခုလိုက်နေရတာနဲ့ ကို အမောပဲ ဆာဟင် ရေ 😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Never say die
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပိုဝင်ငွေရရှိစေရေးအတွက် ရေစီးကြောင်းဖွင့်ရင်း ဖွင့်ရင်းနဲ့ပဲ wallet ထဲရှိတာလေးတွေ ကုန်ကုန် သွားကြတယ်ဆာဟင်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာ့တာတော့ တပည့်တော်လည်း မလျှောက်တတ်တော့ဘူး ဘုရာ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit