ကျွန်တော် နှင့် I2wan အပိုင်း-(၃ ) ( Henry Aung )

in myanmar •  7 years ago  (edited)

STEMMIT-HENRY.jpg

မင်္ဂလာပါ။ ယခုတလော အားလပ်သည့် အချိန်တွင် MSC အတွင်သို့ မွှေနောက်ရှာဖွေ၍ MSC Member တို့၏ အကောင့်များကို ဝင်ရောက်ကြည့်ရှုဖြစ်ခဲ့သည်။ အချို့က ရသမျှ Power Up ထားကြသလို အချို့ကလည်း ရသမျှ SBD များကို ထုတ်ရောင်းစားထားကြသည်။ ကျွန်တော် အတန်တန်သတိပေးသည့် အတိုင်း အချိန် တချိန်ရောက်လာလျင် Power ရှိသူနှင့် မရှိသူ အလွန်ပင်ကွာခြားလာပါလိမ့်မည်။

အချို့ Steemit Platform ပေါ်သို့ အသစ်ဝင်ရောက်လာကြသော လူသစ်များကလည်း Power ရှိနေသာသူများ လူသစ်များကို တွဲမခေါ်ဟု အပြစ်တင်နေကြသည်။ မြန်မာများ စည်းစည်းလုံးလုံးဖြင့် vote ပေးလျင် အောက်ကျ ခံ၍ အခြားနိုင်ငံခြားသားများ၏ အကူအညီ တောင်ခံရန် မလိုကြောင်း လည်း ပြောဆိုလာကြသည်။ နိုင်ငံခြားသားများ၏ အကူအညီ မယူပဲ မြန်မာတို့ အလိုက်တသိ စည်းကမ်းလိုက်နာ ညီညီညာညာလုံလ ထကြလျင် MSC ပင်ဖွဲ့စည်းစရာမလို။

ကျွန်တော့အနေဖြင့် တခုသာ ပြောချင်ပါသည်။ အစွမ်းအစရှိလျင် အခြားသူများ၏ အကူအညီ မယူပဲ လျှောက်လမ်းကြည့်ပါ။ Steemit Platform အကြောင်းကို ထဲထဲဝင်ဝင်သိရန် အရင်လေ့လာပါ။ ကိုယ်ပိုင်အစွမ်း အစဖြင့် မပြရသေး မြန်မာတို့ မစည်းလုံးဘူး ဟူသော အပြစ်တင်မစောကြပါရန်တိုက်တွန်းလိုပါသည်။ မြန်မာတို့ မစည်းလုံးသည်မှာ ယခုမှမဟုတ် ရှေးယခင်ကတည်းကပင်။ မိမိမှာ အစွမ်းအစရှိသော ယောင်္ကျားသားဆိုလျင် ရှက်တတ်ပါစေ။

ဥပမာပြပါမည်။ @aburmeseabroad အကောင့်ပိုင်ရှင် မြန်မာမိန်းခလေး " အိမ့်ခြူးလှိုင် " ဆိုသူမှာ Steemit Platform ပေါ်သို့ ရဲရဲ ဝင့်ဝင့် ကိုယ်ပိုင် အစွမ်းအစဖြင့် ဝင်ရောက်လာသူဖြစ်သည်။ သူ၏ ခရီးသွား post များ SBD မရသောအခါ မည်သူ့ကိုမှ လည်း အပြစ်မတင်သလို မြန်မာတို့ မစည်းလုံးကြဘူးဟူသော အသံလည်း မထွက်ပါ။ မိမိလုပ်စရာရှိသည်တို့ကို ပုံမှန်လုပ်နေသူ ဖြစ်သည်။သူမည်ကဲ့သို့ အခြေအနေမှ စတင်ခဲ့ရသည်ကိုအလျင်သင့်လျင် သူ၏ @aburmeseabroad သို့ သွားရောက်လေ့လာလိုက်ပါ။

သည် post မရလျင် နောက် post အကောင်းဆုံး ဖြစ်အောင်ကြိုး စားနေသူဖြစ်ပါသည်။ အဆုံးစွန်ပြောပါမည် ။ ကျွန်တော်တို့ အလကားရယူ နေသော curie အကူအညီ ပေးပါရန်လည်း ကျွန်တော့ထံ တခါမှ မတောင်းဆိုဘူးပါ။ ဤ Steemit Platform ပေါ်သို့ သူ့ အစွမ်းစဖြင့် ရပ်တည်နေသူ ဖြစ်ပါသည်။ ထို့ကြောင့် " အိမ့်ခြူးလှိုင် " ကဲ့သို့ မိန်းခလေးပင် ကိုယ့် အစွမ်းကို ပြနိုင်သေးလျင် ယောက်ျား သားများ ဖြစ်သောသူ တနည်းအားဖြင့် ကိုယ့်ကိုယ်ကို အစွမ်းထက်သူဟု ထင်နေလျင် လုပ်ပြလိုက်ပါ။

IMG_4969-2.jpg
@aburmeseabroad ( အိမ့်ခြူးလှိုင်)

IMG_5105-2.jpg
@aburmeseabroad ( အိမ့်ခြူးလှိုင်)

မိန်းခလေး လောက်မှ အဖြစ်မရှိကြ၍ ယောက်ျား သားများ copy ကူးလိုကူး ၊ ခိုးကြောင် ခိုးဝှက် သူများစာ မျက်နှပြောင်တိုက်၍ ရေးသားသူ ကိုယ့် နာမည်တပ်လိုတပ် ၊ ဟိုလူအား အပြစ်တင် ဒီလူအား အပြစ်တင် နေလျင် အိမ့်ခြူးလှိုင်၊ အေမိုမို၊ သက်လျာ ၊ ပြည့်စုံခင်ခင်၊ စုလှိုင် ဟူသော မိန်ခလေး အကောင့်များက ဟားတိုက်ရီနေပါလိမ့်မည်။ ဤတွင်ကြုံ၍ I2wan ပြောပြသော မြန်မာတို့ အစွမ်းထက်ပုံ အကြောင်းကို သတိရ၍ အနည်းငယ်တင်ပြလိုပါသည်။

သူပြောသည်မှာ မြန်မာလူမျိုးများသည် shortcuts ဟုခေါ်သော အလွယ်လိုက်ခြင်းကို အလွန် ပင်သုံးကြကြောင်း ဤသို့ shortcuts အလွယ်လိုက် ရသည်ကိုလည်းမိမိ ကိုယ်ကို ညာဏ်အလွန်ကောင်းသူ ဟု မှတ်ယူနေကြကြောင်း ပြောပြပါသည်။ တိုးတက်ပြီးသော နိုင်ငံများတွင် shortcuts ပြုလုပ်ခြင်းကို မည်သူမျှ အထင်မကြီးကြသလို အထူးသဖြင့် လုပ်ငန်း ခွင် တွင် ဤသို့ အလွယ်လိုက်shortcuts ပြုလုပ်ခြင်းကို အထူးတားမြစ်ထားပါသည်။

ထို့ ကြောင့် I2wan ရှင်းပြသော မြန်မတို့၏ မှာယွင်းနေသော ဓလေ့များတွင် အလွယ်လိုက်သူကို ဖြတ်ထိုးညာဏ် ကောင်းသူ အဖြစ် ထင်နေကြပုံကို ဖေါ်ပြရခြင်းဖြစ်ပါသည်။ အခြားတခုမှာ မြန်မာတို့ တွင် ပျင်းရိခြင်းနှင့် ရောင့်ရဲခြင်းကို ခွဲခြားမသိကြကြောင်း ပြောပြပါသည်။ မိမိလိုခြင်သည်ကို ကြိုးစား၍ မယူပဲ အဲဒီလောက် အဖိုးတန်တာကို မလိုချင် ပါဘူး မပိုင်ဆိုင်ခြင်ပါဘူး ဟု ရောင့်ရဲ ဟန်ပြသော်လည်း အလကားပေးမယ် ယူမလား ဆိုလျင် တယောက်တည်း အကုန် သိမ်းကြုံး ယူ သွား သူများ ဖြစ်ကြောင်းပြောပြပါသည်။

03333.jpg

ကျွန်တော်ဆိုခဲ့ ပြီး ဖြစ်သည့် အတိုင်း I2wan နှင့် တွေ့ပြီး နောက်ပိုင်းတွင် ကျွန်တော့ နေ့စဉ်ဘဝများ လုံးဝနီးပါ ပြောင်းလည်းသွားခဲ့ပါသည်။ တရက်တွင် I2wan မှ ကျွန်တော့ အား ကိုးရီးယား BBQ ဖိတ်ကျွေးပါသည်။ ထိုကိုးရီးယား BBQ ဆိုင်တွင် ထိုင်၍ အသားကင်နေသောအခါ I2wan မှာ ကျွန်တော့အား မမျှော်လင့်ထားသော မေးခွန်း တခုမေးပါသည်။

“ Henry စိတ်ချမ်းသာတယ်ဆိုတာ ဘာကိုပြောတာလဲ ? " ဟုမေးပါသည်။ စိတ်ချမ်းသာခြင်းဆိုသည်မှာ ကျွန်တော်သိထားသလောက်ပြောရလျင် ပူပင်ကြောင့်ကြမဲ့ခြင်း ဆိုသည်ထက်ပို မရှင်းပြတတ်ပါ။ ထို့နောက်သူ မှဆက်ပြီး " Henry စဉ်စားထား ငါ ကမ်ချိ နဲ့တွဲ စားဖို့ အချဉ်ရေ သွားစပ် အုံးမယ် " ဟူ၍ ထသွားပါတော့သည်။ သူပြန်ရောက်လာသောအခါ ကိုးရီယား ကမ်ချိနှင့် အတူ သူစပ်ထားသော အချဉ်ရည် ပန်ကန်လုံးလေး ပါလာပါသည်။

ထို့ နောက်သူက " စဉ်စားတာတွေ ခဏရပ်ထားလိုက် ကိုရီးယား ကမ်ချိစားရအောင်" ဟု ပြောပါသည်။ ထို့နောက် ကျွန်တော့ကို ကမ်ချိစားနည်း သင်ပေးပါသည်။ အစာမစားခင် ဖန်ခွက်သေးသေးလေးဖြင့် ကိုးရီးယား ဆိုဂျူး အရင်သောက်၍ ကမ်ချိကို သူစပ်ထားသောအချဉ်ရည် တွင် နှစ်၍ ကျွန်တော့အား အရင်စားစေပါသည်။ သူကတော့ ကျွန်တော် ကမ်ချိ စားသည်ကို ပြုံး၍ ကြည့်နေပါသည်။နဂို ကတည်းက အချဉ်တည်ထားသော မုန့်ညှင်း ချဉ်ကို အချဉ်ရည်ဖြင့် တွဲ စားရသည်မှာ ကျွန်တော့ အတွက်တော့ ထူးဆန်းနေပါသည်။

ကျွန်တော်လည်း ကိုးရီးယား မုန့်ညှင်းချဉ် ဟု ခေါ်သော ကမ်ချိကို နေရာအတော်များများတွင်စားဖူးသော်လည်း သူတွဲစပ်ပေးသော အချဉ်ရည်ဖြင့် စားရသည်မှာ အတော်လေးကို အရသာထူးခြားပါသည်။ ထို့နောက် သူက ကျွန်တော့အား အရသာဘယ်လို နေလည်း မေးပါသည်။ ကျွန်တော်ကလည်း အလွန်ကောင်းမွန်ကြောင်း ဖြေသောအခါ သူမှ ကမ်ချိ စားနေသော အချိန်တွင် ဖြစ်ပေါ်သော ခံစားမှုကို မေးပါတော့သည်။

ကျွန်တော်ကလည်း ကမ်းချိ၏ အရသာပေါ်တွင်သာ အာရုံရောက်၍ ကောင်မွန်သော အရသာကြောင့် ဝမ်းသာပြီတိ ဖြစ်သောစိတ် ကို ခံစားရပါသည်ဟု ကျွန်တော် ခံစားရသည့် အတိုင်း ပြန်ပြောသောအခါ I2wan မှ " Henry စိတ်ချမ်းသာတယ်ဆိုတာ အဲတာကို ပြောတာ" ဟု ပြန်ပြောပြပါသည်။

5555.jpeg

ထို့နောက်သူမှ ဆက်၍ ကမ်ချိသည် သာမန် ကမ်ချိသာ ဖြစ်သော်လည်း စပ်ထားသော အချဉ်ရည်မှာ အဆာပလာတခုပို ထည့်ထား၍ ဤသို့ စားလို့ ကောင်းကြောင်း ရှင်းပြပါသည်။ ကျွန်တော်ကလည်း အဘယ်သို့သော အဆာပလာပိုထည့်ထား၍ သာမန်အချဉ်ရည် ထက်ထူးခြားကြောင်း မေးသောအခါ I2wan မှ " ငါစပ်ပေးလိုက်သည့် အချဉ်ရည်ကြောင့် Henry စားလို့ ကောင်းပါစေ " benevolence ဟုခေါ်သော စေတနာကို ထည့်၍ စပ်ထားကြောင်းရှင်းပြပါသည်။

ထို့နောက် ဆက်၍ သူစေတနာနှင့် စပ်ထားသော အချဉ်ရည် ဖြင့် ကမ်ချိ စား၍ အရသာရှိသောကြောင့် ကျွန်တော် စိတ်ချမ်းသာရသလို ၊ မိမိကြောင့် အခြားသူ စိတ်ချမ်း သာသွား ပြီကို သိရသောကြောင့် သူလည်း ဝမ်းသာပီတ ဖြစ်၍ စိတ်ချမ်းသာရကြောင်း ပြောပြပါသည်။

ထို့ကြောင့် မိမိ စိတ်ချမ်းသာချင်လျင် သူတပါးအား စိတ်ချမ်းသာအောင် ပြုလုပ်ပေးပါ ရန်နှင့် အခြားသူများအား စိတ်ချမ်းသာအောင် ဘယ်လို လုပ်ပေးရမလဲ မေးနေရန်မလိုပါ၊ မိမိ၏ နေ့စဉ် လုပ်ကိုင် နေသော အလုပ် ၊ လုပ်ငန်းခွင် သာမက အပေါင်းအသင်များနှင့် ဆက်ဆံရေးတွင် ပြုလုပ်နေကြအလုပ်တို့အား စေတနာထားလုပ်ပေးလျင် ထိုသူများ စိတ်ချမ်းသာရ၍ မိမိလည်း ပြန်လည် စိတ်ချမ်းသာ ရနိုင်ကြောင်း ကျွန်တော့အား ဆုံးမပါသည်။

6666.jpg

ကျွန်တော်ကလည်း စားရင်းသောက်ရင်းဖြင့် ကျွန်တော်လုပ်နေသော လုပ်ငန်းခွင်မှာ သင်္ဘောကျင်း တွင် ဖြစ်၍ မည်သို့ စေတနာထားနိုင်ပါမည့် အကြောင်း ပြန်မေးပါသည်။ I2wan မှ ပြုံး၍ ကျွန်တော့ကို ပြန်မေးပါသည်။ ထိုသင်္ဘောများကို မည်သူများ အော်ဒါ မှာကြောင်း မေးပါသည်။ ကျွန်တော်ကလည်း အနောက်နိုင်ငံများမှကမ်းလွန် ရေနံတူးသည့် ကုမ္ပဏီ များက အော်ဒါမှာကြောင်း ပြန်ဖြေပါသည်။

ထိုနောက်သူမှ ဆက်၍ ထိုကဲ့သို့သော သင်္ဘော တစီး ပြီးသွားလျင် ထိုသင်္ဘောပေါ်တွင် လူဘယ်နှစ်ယောက် အလုပ်လုပ်၍ ရနိုင်သနည်းဟု ပြန်မေးသောအခါ ကျွန်တော်ကလည်း အနည်းဆုံး လူ ၁၅၀ ခန့် အလုပ်လုပ်၍ ရနိုင်ပါသည်ဟု ပြန်ဖြေပါသည်။ထိုကဲ့သို့ သင်္ဘော တစ်စီး ပြီးသွားလျင် လူ ၁၅၀ အလုပ်ရနိုင်သည်ဆိုသည်မှာ အိမ်ထောင်စု ၁၅၀ ပြေလည်သွားသည်နှင့် အတူတူပင်ဖြစ်ပါသည်။

ထို့ကြောင့် မိမိတို့ လုပ်နေသော သင်္ဘောသည် လူ ၁၅၀ တနည်းအားဖြင့် မိသားစု ၁၅၀ ခန့် အဆင်ပြေသွားစေ နိုင်ကြောင်းသိထား၍ ထိုသင်္ဘော တည်ဆောက်ရေး လုပ်ငန်းခွင်၌ မိမိ တာဝန်ကျ ရာနေရာတွင် ငါတယောက် ခိုကပ် လိုက်တာ ဘယ်သူမှ မသိပါဘူးဟူ သော စိတ်မထားပဲ ငါ့ တာဝန် ငါ အကောင်းဆုံး ကျေအောင်လုပ်ခြင်းဖြင့် နှောင်ဤသင်္ဘောပေါ်တွင် လူ ၁၅၀ ခန့် အဆင်ပြေပြေ အလုပ်လုပ်နိုင်ကြပါစေဟူသော စေတနာထားလျင် မိမိလည်း စိတ်ချမ်းသာရနိုင်ကြောင်း ရှင်းပြပါသည်။

ဤတွင် စာဖတ်သူတို့အား ရှက်ရှက်နှင့် ဝန်ခံရလျင် ထိုအချိန်တုန်းက ကျွန်တော့မှာ အလုပ်ကို စေတနာထားဖို့ အသာထား တနေ့ပြီး တနေ့ အမြန်ကုန် လကုန်ရင် ပိုက်ဆံရမယ် ဟူသော အတွေးသာဖြစ်မိပါသည်။ အမှန်ကို ဝန်ခံရလျင် ငါပိုက်ဆံရှာမယ် ၊ ငါ ပိုက်ဆံရလျင် ငါ့မိသားစု အဆင်ပြေမယ် ဟူသော အတွေး လောက်သာရှိ၍ အခြားသူများအတွက် လုံးဝထည့်မစဉ်းစားခဲ့ပါ။

7777.jpg

မိမိနေ့စဉ်ပြုလုပ်နေကျ အလုပ်တို့အား စေတနာထားပြုလုပ်ပေးခြင်းဖြင့် မိမိ တို့ စိတ်ချမ်းသာရနိုင်ကြောင်း I2wan မှ ပြောပြသောအခါ သူတို့နိုင်ငံတွေ တိုးတက်တယ်ဆိုတာ အခြားသူများအတွက် ထည့် စဉ်းစား ပေး၍ ဖြစ်လိမ့်မယ် ဟူ၍ လည်း တွေးမိပါသည်။ ထို့နေ့က I2wan နှင့် မိုးအတော်ချုပ်သည် အထိ စကားစမြည်းပြောနေခဲ့ပါသည်။

သူနှင့် စကားစမြည်း ပြောခဲ့၍ ကျွန်တော်ရ ခဲ့သော ကောင်းနိုးရာရာ ဗဟုသုတ များကို နှောင်ဆောင်းပါးများတွင် အလျင်သင့်သလို ဖေါ်ပြပေးသွားပါမည်။ ထို့နေ့က BBQ စားပြီး အဆောင်သို့ ပြန်လာသော အပြန်လမ်းတွင် လဖက်ရည်းဖိုးမျှ မရလျင် A4 စာရွက် စားပွဲ ပေါ်မှ ကြွရန် အလွန်ခက်ခဲသော ကျွန်တော်တို့ မြန်မာနိုင်ငံသားများအကြောင်းကို သာ တွေးတောနေမိပါတော့သည်။

ဆက်လက်ဖေါ်ပြပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; @aburmeseabroad ( With permission )
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

good job! enjoy reading the comments :)

စေတနာ ဆိုတာမျိုးက သိပ် အဖိုးတန်တယ်။
စေတနာဆိုတာ မေတ္တာ တမျိုးပဲကိုး။
ပို့ မေတ္တာနဲ့ ထား မေတ္တာ ၂ မျိုး မှာ ထား မေတ္တာကတော့ ခက်တယ်။
လူတိုင်းကို မေတ္တာ ထားပြီး လုပ်ပေး နိုင်ဖို့က မလွယ်ဘူး ရယ်။
လုပ်နိုင်ပြီ ဆိုရင်လည်း မိမိကိုယ် ၌ အပြင် မိမိ ပတ်ဝန်းကျင်ပါ အင်မတန်ကို ငြိမ်းချမ်းစေပါတယ် ဗျာ။
အလွန် အကျိုးများ စေတဲ့ စာပါ အကို။ အခုလို မျှဝေပေးလို့ ကျေးဇူးပါ အကို။

ကျွန်တော့ ဆောင်းပါးထဲမယ် စေတနာ ထားတတ်ဖို့ အကြောင်းပဲ ထည့် ရေးလိုက်တယ်။ စေတနာထားရင် အဲဒီ စေတနာတွေကို စော်ကားတဲ့ သူတွေရှိကြောင်း ၊ စေတနာထားလို့သာ စော်ကားခံရသည် စေတနာ မထားလျင် စော်ကားဖို့ အခွင့် အရေး မရနိုင်ဘူး။ ဒါ ပေသိ စေတနာစော်ကားသူ ရှိခဲ့ ရင်လည်း စေတနာပျက်မသွား ဖို့ သူဆုံးမ တဲ့ အကြောင်း အရာတွေ ထည့် မလို့ ။ ဆောင်းပါး ရှည် သွားမှာစိုးလို့။

နောက် တပိုင်းပေါ့ အကို
👍

လောကကြီးမှာ လူသားတိုင်းဟာ တစ်ချိန်ထည်းမှာ အစွန်းနှစ်ဖက်၌ မရပ်နိုင်ပါ။
စေတနာကောင်းသောဖက်၌ရပ်တည်ချိန်တွင် ဆိုးသောစေတနာတို့သည် အနားသို့မကပ်နိုင်ပါ။
စိတ်ဆိုသည်မှာ တစ်ခုတည်းသာရှိပါသည်။ တစ်ခုပြီးမှတစ်ခုဖြစ်ပါသည်။
မိမိသည် အမြဲကောင်းစိတ်ထားနေပါက အမြဲစိတ်ချမ်းသာနေရပါသည်။
မိမိကစေတနာကောင်းလျှက်နဲ့ သူကငါ့အပေါ်စော်ကားလေခြင်းဟူသော အမြင်မှာ လောဘစိတ်(ဆိုးစိတ်) သာဖြစ်ပါသည်။
ထိုစိတ်သည် စော်ကားသူကို မထိခိုက်စေပါ၊ ထိုစိတ်ပေါ်သူကိုသာ ဦးစွာပထမ ပူလောင်မှုပေးတတ်ပါသည်။
မိမိ စေတနာသည် မျှော်ကိုးချက်မရှိပဲပေးခဲ့သည်ဖြစ်ရာ သူ၏တန်ပြန်မှု သည်မိမိနှင့်မဆိုင်တော့ပါ။ သူနှင့်သာဆိုင်ပါသည်။
မိမိနှင့်ဆိုင်သည်၊ မိမိပိုင်သည်ဟု ထင်နေသမျှ ငြိမ်းချမ်းမှုမရနိုင်ပါ။
သို့ဖြစ်လျှင်မည်သို့ လုပ်ရမည်နည်းဟု မေးစရာရှိပါသည်။
ဥပေက္ခာပြုထားလိုက်ပါ။ ဥပေက္ခာထားခြင်းသည် အလောဘ စိတ်ဖြစ်ပါသည်။ အလောဘစိတ်သည် ချမ်းသာသုခကိုအပြည့်အဝပေးပါသည်။
ဥပေက္ခာမထားနိုင်က သံယောဇဉ်ကြောင့်ဟု စောဒကတက်နိုင်ပါသည်။
သံယောဇဉ်သည်ပင်လျှင် စကားအလှသုံးထားသော်လည်း ကိလေသာ စိတ်ဖြစ်ပါသည်။ ကိလေသာစိတ်သည် သန့်ရှင်းမှုကိုမပေးနိုင်ပါ။ ညစ်နွမ်းမှုကိုသာပေးပါသည်။ သို့ပါ၍ ကိလေသာစိတ်ကို အဝိဇ္ဇာခေါ် မသိမှုက ပိတ်ပင်တားဆီးကာ ကောင်းစိတ်ဟူ၍လူတိုင်းကိုမြင်စေပါသည်။ သို့ဖြစ်၍ လူတိုင်းသည် ဒုက္ခနွံအတွင်းမှမလွတ်နိုင်ဖြစ်ရပါသည်။
ဒုက္ခနွံအတွင်းမှ မလွတ်နိုင်သည့်အတူတူ ထပ်မံ၍ အပူမလောင်ရန် မိမိကိုယ်ကို ကာကွယ်လိုက ဥပက္ခာသည်မဖြစ်မနေ ကျင့်သူံးရမည်သာဖြစ်သည်။

အခုလို ရှင်းပြပေးတဲ့ အတွက် အများကြီးကျေးဇူးတင်ပါတယ်ဆရာ

  ·  7 years ago (edited)

မဟုတ်တဲ့နေရာမှာ ဂုဏ်ယူဝင့်ကြွားနေတတ်တဲ့အကျင့်တွေ ဘယ်အချိန်ကျမှ ပျောက်မလဲတော့မသိပါဘူး သူများတွေ တိုးတက်သလို တိုးတက်ချင်တယ် ဒါပေမယ့် သူများတွေ အားထုတ်သလိုတော့ အားမထုတ်ချင်ပါဘူး အလွယ်လေးနဲ့ရရင် ယူချင်တယ် အလွယ်မရရင် အပြစ်ပြောမယ် ဘေးထိုင် ဘုပြောမယ် မပျက်ပျက်အောင်ဖျက်ပြစ်မယ် မကောင်းတဲ့အလုပ်လုပ်ြ့ပီး ငါကွလို့ကြွေးကြော်ချင်တယ် ဘေးတိုက်လိုက်သူတွေကို ပြောလိုက်ပါဆရာဟင် ရှေးစကားပုံတစ်ခုလိုပေါ့ ခွေးလေးခုန်လို့ ဖုန်မထပါဘူးဆိုတာကို မပြောချင်လည်း ပြောတော့ ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပဲ ဒီတော့ဆရာရယ် ခွေးဟောင်တိုင်းထမကြည့်ပါနဲ့ ခွေးဟောင်လို့ လမ်းဆက်မလျောက်ရင် ကိုယ့်ခရီးကိုယ်မသွားရပဲသာရှိတော့မှာပေါ့ သွားစရာရှိတာသွားရမှာပဲ လုပ်စရာရှိတာလုပ်ရမှာပဲဆရာ စေတနာရှိသော်လည်း စော်ကားသူများအား ထားပစ်ခဲ့လိုက်ကြတာပေါ့

အစ်​ကိုဟင်​ ဆရာ​ကောင်းနဲ့​တွေ့တာ​ပြောပြ​တော့
တချက်​ပြန်​စဉ်းစားမိတာ ဆရာ​ကောင်းရဲ့အ​တွေးအ​ခေည်​​တေပြ လမ်း​ကြောင်း​ပေး​သော ကိုဟင်​ ကို​ကော ကျ​နော်​​တွေ့တာကံ​ကောင်းသည်​ဆိုမည်​။

နောက်​တခု သူငယ်​ချင်းတစ်​​ယောက်​အ​နေနဲ့ မန့်​ရရင်​ အစ်​ကို​ရေးတဲ့ထဲ ဒါအကြိုက်​ဆုံးပဲ

အခုလို ကြားရတာ ကျွန်တော်လည်း ဝမ်းသာပါတယ်။

အစ်ကို့စာကနေ ကျွန်တော်တို့ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြင်ဆင်ရမှာတွေကို မြင်လာရပါတယ် ဆရာတင်လှိုင်ဦးလိုမျိုး ဘယစိတ်နဲ့ စာရေးဖို့ ကြိုးစားနေပါတယ်

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

ပျင်းရိခြင်းနှင့် ရောင့်ရဲခြင်းကို ခွဲခြားမသိကြ

I really like this one a lot! I will share something. My father always say " I can eat with anything , I can eat rice with tomato . And I will become monk one day " I think it's very irresponsible as he got children and wife, we also need to eat like him just because he can eat like that? Probably he think it's ရာင့်ရဲခြင်း but I believe it's just laziness!

မှန်ပါတယ်၊ ပျင်းရိခြင်းသည် လုပ်အားမပါပဲ အကျိုးကိုခံစားလိုသူများဖြစ်ကာ၊ ရောင့်ရဲမှုဆိုတာကတော့ မိမိအတွက်လိုအပ်သလောက်သာလုပ်ကိုင်ပြီး လိုအပ်ချက်ထက်ပိုသော လောဘစိတ်ကိုထိန်းချုပ်ထားရခြင်းဖြစ်သည့်အတွက် ရောင့်ရဲခြင်းတွင် အင်အားစိုက်ထုတ်ရမှု၊ ဖွဲတင်းထားရမှုတိုပါဝင်နေပါသည်။ ပျင်းရိခြင်းဆိုသည်မှာ မည်သည့်အင်အားကိုမျှမစိုက်ထုတ်လိုသော်လည်း ရရှိလာပါကရသမျှကို ယူမည်ဟူသော စိတ်ထားမျိုးအမြဲရှိနေပါတယ်ဗျာ။

That's True Sister Gratitude Is The Great Multiplier Towards Success.

I want to be friend with you on facebook if you don't mind.

Hello, I don't post facebook often and you probably see and know more about me from here , my life is 100% dedicated to steemit. :D

Ok let's move ahead

Gratitude is the great attitude towards success awesome sister love your thinking

အလွန်​မှန်​​ပေသည်​။မြန်​မာလူမှူအသိုင်းအဝိုင်း​တွေ က​လေးဘဝမှစပြီး တခြားသူများအတွက်​ စဉ်းစား​ပေးတတ်​​အောင်​ သင်​ကြားခြင်းအလွန်​နည်းပါးပါသည်​။ထိုအချက်​သည်​ဂျပန်​၊ ကိုရီးယားစသည့်​အလွန်​တိုးတက်​​သောနိုင်​ငံများမှ က​လေးများ​အားပြုစုပျိုး​ထောင်​ခြင်းနှင့်​ အလွန်​ကွာခြားလှသည်​။ကျူ ရှင်​ဆရာမဖြစ်​၍ ကိုယ်​မြင်​​သောအမြင်​ဖြင့်​Comment ​ပေးမိပါသည်​။

အဲဒီတော့ ကျွန်တော်တို့ တတွေ နောက်ကျ နေတာ အထူးဆန်းကြီးတော့ မဟုတ်ဘူး။ Steemit Platform ကနေပဲ စကြတာပေါ့။

မှန်​၏

သူတစ်ပါးစိတ်ချမ်းသာရင် ကိုလည်းစိတ်ချမ်းသာတာအမှန်ပါဗျာ။

  ·  7 years ago (edited)

I2wanလို မိတ်ဆွေကောင်းနဲ့ ကြုံခဲ့ရတာ ဂုဏ်ယူပါတယ်အစ်ကို ကျနော်တို့ တွေကို အသိပညာ ဗဟုသုတများကို ပြန်လည်လက်ဆင့်ကမ်းမျှဝေပေးတဲ့အတွက်လည်း အရမ်းကိုကျေးဇူးတင်ပါတယ်ခင်ဗျာ

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

ကင်ချီစားတုန်းကပြောတဲ့စကားလေး မျက်ရည်တောင်ဝဲပါတယ်အကို။ :'(
" ငါစပ်ပေးလိုက် အချဉ်ရည်ကြောင့် Henry စားလို့ ကောင်းပါစေ"

ဟုတ်ကဲ, အစ်ကို ရေးလိုက်တဲ့ စာကြောင့် ညီလည်း တခုခု ရပါစေ။

ဟုတ်​ကဲ့အကိုတစ်​ခုမကဘူးရတယ်​အကို

မှန်တယ် ဗျာ ကို Henry စေတနာဆိုတာလက်ငင်း တစ်ချိန် မဟုတ်တစ် ချိန်တော့ အ ကျိုးပေးပါတယ် ကိုယ်လုပ်တဲ့အလုပ်ပေါ်မှာ စေတနာထားတဲ့သူက အောင်မြင်မှုကို ရရှိဖို့ ပူစရာမလိုပါဘူး။

Power upတာပိုကောင်းတာပေါ့နော်

အသိပညာတိုးရပါသည် ကိုဟင်။ကျေးဇူးပါဗျ။

steemitပေါ်ရောက်လာတဲ့ အချိန်ကစပြီး စိတ်ပိုင်းဆိုင်ရာ တဖြည်းဖြည်းတိုးတက်ပြောင်းလဲလာသလို ခံစားမိပါတယ် သွန်သင်ပြသပေးတာ ကျေးဇူးတင်ပါတယ် အကိုဟင်

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

SP Up နိုင်ဖို့လည်း ကြိုးစားပါ့မယ်
စာကောင်းကောင်းရေးနိုင်ဖို့ ကြိုးစားပါ့မယ်ဗျ

ကျေးဇူးတင်ပါသည်။

ကျေးဇူးတင်ပါသည်။

I2wan အရမ်းတော်တာဘဲ သူ့စကားတွေ မှတ်ထားနိုင်တဲ့ အကိုလဲ အရမ်းတော်တယ်

အစ်ကို့ ဘဝ မှာ I2wan နဲ့ ဆုံတွေ့ပြီ သူ့ရဲ့ သင်ပြမှု ရလိုက်တာကို ဘယ်အချိန်တွေးတွေး သူ့ကို အရမ်း ကျေးဇူးတင်မိတယ်။

I also met with someone like I2wan and i have changed a lot since then.

why not you write a post for your mentor..?

I'm not ready yet..

  ·  7 years ago (edited)

မျှော်​​နေတာ ဖတ်​ဖို့received_918513558298316.gif

သိခွင့်​ရတဲ့အတွက်​​ကျေးဇူးပါ အကို

ရသမျ အကုန်​ ​ရောင်းမစားဘဲ power up ပါမည်​။

ကျေးဇူးတင်ပါသည်။

သိခွင့်​ရတဲ့အတွက်​ ​ကျေးဇူးပါ ညီ

ကျေးဇူးတင်ပါသည်။

လိုက်နာသင့်တာတွေ အများကြီးဖတ်လိုက်ရတယ်
ကျေးဇူးပါ ရှင့်

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

စိတ်ချမ်းသာတယ်ဆိုတာ ရင်ထဲမှာဖြစ်လာတဲ့ အေးငြိမ်းတဲ့ပီတိလေးပါ :')

မှန်ပါတယ်။ အဲဒီပီတိ ကို စိတ်ချမ်းသာတယ်လို့ ခေါ်ကြတာပါ။

ကောင်းလိုက်တဲ့ ဥပမာလေးတွေပါ
ကြိုးစားပြီး စာတွေရေးနေပါ့မယ်

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

ကျွန်​​တော်​ အစ်​ကိုရဲ့စာကိုဖတ်​လိုက်​ရတဲ့အချိန်
ကျွန်​​တော်​ရင်​ထဲမှာ တမျိုးကြီးကျန်​ခဲ့တယ်​ဗျာ
အစ်​ကိုယ့်​ရဲ့စာကိုကျွန်​​တော်​ဖတ်​လိုက်​ရ​တော့
လေးစားမူ့​တွေပိုခဲ့ရပါတယ်​ဗျာ
အစ်​ကိုယ့်​ရဲ့စာ​ကြောင့်​ကျွန်​​တော်​ရဲ့အသိ​တွေပွင့်​သွား​စေခဲ့တယ်
ပြီး​တော့ ကျွန်​​တော့်​ကိုကျွန်​​တော်​လဲ ရှက်​မိပါတယ်​ အစ်​ကို
ဒါ​ပေမဲ့ အစ်​ကို​ပြောသလိုပဲ ​ကျွန်​​တော်​လဲ အိမ့်​ခြူလိုင်
မိန်းက​လေးကိုစံနမူနာထား၍ ကြိုးစားသွားပါ့မယ်​ အစ်​ကို​ရေ
အစ်​ကိုကိုယ့်​ ​ကျေဇူးအရမ်းတင်​ပါတယ်​ဗျာ

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

စေတနာ အကျိုးပေးပဲဗျ
ကိုယ်ပြုသည့်ကံအကြောင်းကြောင့် တူသောအကျိုး ခံစားရမှာပါပဲ။

မြန်မာတွေ မစည်းလုံးဘူးလို့ ပြောနေမည့်အစား စည်းလုံးအောင်
တထောင့်တနေရာမှ ဆောင်ရွက်သင့်ပါတယ်။

မြန်မာတွေ မအောင်မြင် မချမ်းသာ ကြတာက မနာလို ဝန်တိုစိတ်
တွေများကြလို့ပါ။ဂဏန်းလိုလူတွေလည်း အပေါသားဗျ။
ကျေးဇူးတင်ပါတယ်

ကျွန်တော့ ဆောင်းပါးထဲမယ် စေတနာ ထားတတ်ဖို့ အကြောင်းပဲ ထည့် ရေးလိုက်တယ်။ စေတနာထားရင် အဲဒီ စေတနာတွေကို စော်ကားတဲ့ သူတွေရှိကြောင်း ၊ စေတနာထားလို့သာ စော်ကားခံရသည် စေတနာ မထားလျင် စော်ကားဖို့ အခွင့် အရေး မရနိုင်ဘူး။ ဒါ ပေသိ စေတနာစော်ကားသူ ရှိခဲ့ ရင်လည်း စေတနာပျက်မသွား ဖို့ ဆုံးမ တဲ့ အကြောင်း အရာတွေ ထည့် မလို့ ။ ဆောင်းပါး ရှည် သွားမှာစိုးလို့။

နိုင်ငံရဲ့အခြေခံ ပညာရေးမှာ နိမ့်ကျခဲ့တော့ လူငယ်သွေံးသစ်လေးတေမှာ တစ်ဦးချင်းစီရဲ့ စာရိတ္တ ကိုယ်ကျင့်တရားများ လျော့နည်းနိမ့်ကျလာတော့ တိုင်းပြည်က ချွတ်ခြုံကျ သူများနောက်ကျနေခဲ့ရပီပေါ့ဗျာ။

အဲဒီတော့ ကျွန်တော်တို့ တတွေ နောက်ကျ နေတာ အထူးဆန်းကြီးတော့ မဟုတ်ဘူး။ Steemit Platform ကနေပဲ စကြတာပေါ့။

ပြောတဲ့ထဲ ကိုယ့်နာမည်မပါ၍ဝမ်းနည်းသွားပါ၏..။😁😁

အေးဗျာ မယ်ကြည့် နာမည်ကျန်ခဲ့တယ်။ နောက်တခါကြရင် ထည့်ပေးမယ်နော်။

😁😁ဟိ😁😁စတာ ပါ my leadeကြီး

အစ်ကိုရခဲ့တဲ့ အသိတွေကိုဝေမျှတဲ့အတွက်ကျေးဇူးပါ အစ်ကို့ရဲ့စာတွေထဲကနေလည်း အမှတ်တမဲ့နေခဲ့ပြီး မစဉ်းစားမိတဲ့အကြောင်းအရာတွေအတွက် အတွေးတွေရသွားစေပါတယ်အစ်ကို

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

အရမ်းမှန်ပါတယ်၊ မျှဝေပေးတာကျေးဇူးတင်ပါတယ်

ကျေးဇူးတင်ပါသည်။

Your post is very good. Which is presented with an idea

့ မွှေနောက်ရှာဖွေ၍ MSC Member တို့၏ အကောင့်များ
100% like and resteem

ကျွန်တော်တို့ group မှာ အစ်ကို့ ပို့ စ်တွေကို အမြဲဖတ်ဖြစ်ကြတယ် အစ်ကို ဆက်ရေးပေးပါဦး

အရမ်းကောင်းပါတယ်၊အသိပညာလဲ ရသည်မို့ 
ကျေးဇူးပါဗျေ

အမှန်ပဲ broရေ ကျမ့ကတော့ ဒီထက်မက ဆြုးစားရဦးမယ် တစ်ေ့တော့ အကို့လိုဖြစ်လာမှာပြါုးစားလျှက်ပါရှင်

တစ်ဦးစေတနာ တစ်ဦး တနေ့တော့အပြန်အလှန်နာလည်ကြမှာပါ စေတနာ သိပ်မပြောတက်ဘူးအကိုရာ စာဖဖက်ရတဲ့အတွက်ငြမ်းချမ်းမှု့လေးတော့ရလိုက်ပါတယ်အကို

GREAT

သိခွင့်​ရတဲ့အတွက်​ ​ကျေးဇူးပါ ညီ
Great Work
သိခွင့်​ရတဲ့အတွက်​ ​ကျေးဇူးပါ ညီ

ဘယ်လိုကိုယ့် steem ပါဝါကိုယ်စားလှယ်အဖွဲ့ရနိုင်မလဲ? အသစ်သောအသုံးပြုသူများအတွက်မည်သည့်အကြံဥာဏ်

ဗဟုသုတတွေအများကြီးရပါတယ် ဆရာ

အကိုဟင်ရဲ့စာက ကျနော့အဖို့ အားတက်စေမိပါတယ်