ကျွန်တော် နှင့် I2wan အပိုင်း-(၄ ) ( Henry Aung )

in myanmar •  7 years ago  (edited)

STEMMIT-HENRY.jpg

မင်္ဂလာပါ။ လွန်ခဲ့သော ရက်အနည်းငယ်က ကိုဗီး ရေးသားခဲ့သော ဆောင်းပါးတိုလေးတခုအား အနည်းငယ်အကျယ်ချဲ့ရှင်းပြလိုပါသည်။ ဤဆောင်းပါးမှာ ကိုဗီးရေးသားခဲ့သော “ Steem အပင်စိုက်ပြီး steem အသီးဘယ်အချိန် စားမလည်း?”ဆောင်းပါးအား ပြန်လည် ချေပခြင်းမဟုတ်ပါ။

ကိုဗီး အနေဖြင့် သူ၏ ဆောင်းပါးထဲတွင် Steemit Platform မှ သံသယ ဖြစ်ဖွယ် ဖြစ်သော စီးပွားရေး သမားများ၏ လုပ်စားခြင်း တနည်းအားဖြင့် ကျွန်တော်တို့ ကဲ့သို့သော သာမန် user များကို အသုံးပြု၍ Steem ဈေးကွက် ကို ဖြစ်ပေါ်စေပြီး အချိန်တချိန်ကြလျင် စီးပွားရေးသမားများက ရှိသမျှ အကုန်ချရောင်း၍ ငွေထုပ်ပိုက် သွားမည် ကို သံသယရှိသလို လက်ရှိ ကျွန်တော်တို့ စု နေသော Steem Power များကလည်း ဘားမှ မထုတ်စားလိုက်ရပဲ ဆုံးရှုံးကုန်မည် ဖြစ်ကြောင်း ထောက်ပြပါသည်။

သူ့အနေဖြင့် Steem power ကြီးသူများအား ထောက်ပြ၍ SP မည်မျှ ရလျင် လုံလောက်မည်နည်း ထို့ အပြင် Steemit Platform ပေါ်တွင် အောင်မြင်ခြင်း ဆိုသည်မှာ အဘယ်နည်း စသည်ဖြင့် မေးခွန်းထုတ်ထားပါသည်။ ကျွန်တော့်အနေဖြင့် ကိုဗီး သံသယရှိသည်များကို ဖြေကြားရင်း အခြားမသိသေးသော သူများ လည်း ဗဟုသုတ ရစေရန်အလို့ ငှာ အနည်းငယ်ရှင်းပြလိုပါသည်။

ပထမဦးစွာ Steemit Platform ၏ ရည်ရွယ်ချက်ကို အနည်းငယ်ရှင်းပြလိုပါသည်။ ကျွန်တော်တို့ နေ့စဉ် အသုံးပြုနေကြသော social media တခုဖြစ်သော Facebook သည် ကျွန်တော်တို့ အနေဖြင့် data input လုပ်ပေးနေကြရသော်လည်း မည်သည့် အကျိုးအမြတ်မှ မရရှိပါ။ တခုတော့ ရှိပါသည် Facebook cele ဖြစ်အောင်လုပ် follower များလာလျင် စီးပွားရေး သမားတို့ ၏ ကုန်ပစ္စည်းများကြေငြာပေးခြင်းဖြင့် အခကြေးငွေရရှိနိုင်ပါသည်။

01.png

Facebook ထဲသို့ ကျွန်တော်တို့ နေစဉ် data များ input ပြုလုပ်နေကြသော်လည်း ကျွန်တော်တို့ ပြန်လည် ရရှိသည်မှာ like ဟူသော စာလုံးများသာ။ Steemit Platform သည် သူ၏ Platform ပေါ်သို့ တစုံတရာ တန်ဖိုးရှိသော data input လုပ်လိုက်သူများကို တစုံတရာအကျိုးရှိစေရန် SBD ဟူသော cryptocurrency ကို ပြန်လည်မျှဝေပေးရန် ၊ တနည်းအားဖြင့် သုံးစွဲသူ ဘက်ကလည်း အကျိုးရှိစေရန် ရည်ရွယ်ရင်းဖြစ်ပါသည်။

သုံးစွဲသူ လူအများကလည်း Data input ပြုလုပ် ရာတွင် တွေ့ကရာများကောက်ထည့် ၍ မရစေရန် own creation , quality content များသာ ဖြစ်စေရန် cheetah, Steem cleaner များကိုထားရှိ၍ ကာကွယ်ထားပါသည်။ ကိုဗီး ပြောသကဲ့သို့ စီးပွားရေး သမားများမရှိဘူးလားမေးလျင် ရှိပါသည် ။ Steemit Platform တွင် ထိုစီးပွားရေးသမားများ သောင်းကျန်းလွန်းသဖြင့် အလွန်ရုပ်ဆိုးသော အချိန်တချိန်ရှိခဲ့ပါသည်။

အခြားသူများ ၏ အကောင့်များတွင် comment များ လိုက်ရေး ၍ ဆောင်းပါး ရှင်အား 1% vote ပေး၍ မိမိ ကွန်မန့်အား 100% vote ယူခြင်းဖြင် ကွန်မန့်များက ဆောင်းပါးထက် ပို တန်ဖိုးရှိနေသော အချိန်တချိန်ရှိခဲ့ဘူးပါသည်။ သို့သော် Steem board အဖွဲ့က ထိုသို့သော ပြသနာများကို voting power ညှိလိုက်ခြင်းဖြင့် ဖြေရှင်းခဲ့ပါသည်။

ထို့အပြင် ဤ Steemit Platform ပေါ်တွင် reputation မြင့်သူများကလည်း စုပေါင်း၍ ထိုကဲ့သို့ မဖွယ်မရာ လုပ်နေသော account များကို flagging လုပ်၍ သတ်ပြစ်ပါသည်။ ထို့ ကြောင့် ဤSteemit Platform သည် ကိုဗီးထင်သကဲ့သို စီးပွားရေးသမား လက်တဆုပ်အတွင်းသို့ ရောက်ရှိနေခြင်း မဟုတ်ကြောင်း ရှင်ပြလိုပါသည်။

ထို့အပြင် ကျွန်တော်သိရသလောက် Steemit ၏ app developer အများစု သည် Steemit Platform အား တိုးတက်အောင်ပြုလုပ်ကြရာတွင် အကျိုးလိုလား၍ ဆိုခြင်းထက် ဤPlatform ရေရှည်တွင် အကျိုးရှိမှုကို သဘောကျ၍ ကြိုးစားနေကြသူများဖြစ်ကြပါသည်။ ကျွန်တော်သိရသလောက် လက်ရှိ ကျွန်တော်တို့အားကူညီပေးနေကြသူများဖြစ်ကြသော Jerry, timcliff, Tom , clayop စသူတို့မှာ bitcoin, Etherum နှင့် Dash စသည်တို့ဖြင့် ကြွယ်ဝချမ်းသာကြသူများဖြစ်ပါသည်။

02.png

ဤသည်မှာ ကိုဗီးသံသယ ရှိနေသော စီးပွားရေး သမားတို့၏ လုပ်စားအကွက် မဟုတ်ကြောင်း ကျွန်တော်သိသလောက်ရှင်း ပြရခြင်း ဖြစ်ပါသည်။ Steem Power ဘယ်လောက်ဆိုရင် လုံလောက်ပြီလဲ? ။ Steem Power မရှိလျင် ဤPlatform တွင်ဘားမှ လုပ်လို့ မရသည် မှာ အားလုံး အသိ ဖြစ်ပါသည်။ လက်ရှိ Steem ဈေး 5$ ခန့်တွင် ဤ Platform မှ ကျွန်တော် အပိုသုံးငွေ ရရှိနေကြောင်း အားလုံး အသိဖြစ်ပါသည်။

Steem ဈေး 30$ ခန့် ဖြစ်လာလျင် အိမ်စရိတ်ကာမိပါလိမ့်မည်။ ထို့ အတူ Steem ဈေး 100 , 200$ ဖြစ်လာလျင် မိမိတို့ စုထားသော Steem Power များထဲမှ အချို့အဝက်ကို ထုတ်၍ ကိုယ်ပိုင်စီးပွားရေး လုပ်နိုင်ရန် ဖြစ်ပါသည်။ မြန်မာနိုင်ငံတွင် အလှူအတန်း သိန်း ထောင်သောင်း ချီ အကုန်ခံ၍ ပေးနေကြသူ သူဌေးများရှိသော်လည်း မိမိတို့ အား မင်းလုပ်ချင်တဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ကွာ ရော့ သိန်းငါးရာ ငါ အလကားပေးမယ် ဆိုသူ တယောက်မှ မရှိပါ။

သို့သော် ကျွန်တော်တို့ SP စုထားလျင် မဝေးကွာလှသော အချိန်တွင် Steemit Platform မှ ကျွန်တော်တို့အား အရင်းအနှီး ထုတ်ပေးပါလိမ့်မည်။ မြန်မာပြည်တွင် ကိုယ်ပိုင်စီးပွားရေး လုပ်ရန် ကုန်စုံဆိုင် တဆိုင်အတွက် အရင်းအနှီး မည်မျှ လိုပါသလဲ၊ မိမိဝါသနာပါ ရာ ဆိုင်ကယ် workshop တခု ဖွင့်နိုင်ရန် အရင်းအနှီး ဘယ်လောက်လိုပါသလဲ? သို့မဟုတ် အမျိုးသမီးများအတွက် ကိုယ်ပိုင် အပ်ချုပ်ဆိုင် ၊ စတိုးဆိုင် ဖွင့်နိုင်ရန် အရင်းအနှီး ဘယ်လောက်လိုပါသလဲ?

ထို့ကြောင့် ယခုအချိန် Steem ဈေးအနည်းငယ်ခန့် တွင် SP များကို မဖြုန်းပစ်စေရန် သတိပေးနေရခြင်းဖြစ်ပါသည်။ နောင်တချိန်တွင် Steem ဈေး ကောင်းလာပြီး မိမိ SP ကို ရောင်းချ ၍ ကိုယ်ပိုင်စီးပွားရေး ပြုလုပ်နိုင်သော် လည်း မိမိတယောက်တည်သာအဆင်ပြေသွားမည် ဖြစ်သည်။ သို့သော် ကျွန်တော်တို့တွင် နှောင်လူ ငယ်တို့ ကျွန်တော်တို့ ကဲ့သို့ အဆင်ပြေကြစေရန် တွဲ ခေါ်ရန် တာဝန်ရှိနေသေးသောကြောင့် မိမိတို့ SP ရှိသမျှအားလုံး ထုတ်ရောင်းစား၍ မဖြစ်ပါ။

ထို့ ကြောင့် ၂၀၂၀ ခန့်လောက်အထိ ရေရှည် အကျိုးအားကြည့်၍ ယခုကတည်းက SP စုကြပါရန် တိုက်တွန်းရခြင်းဖြစ်ပါသည်။ Steemit Platform ပေါ်တွင် အောင်မြင်ခြင်း ဆိုသည်မှာ အဘယ်နည်? ။ အတိုင်းအတာ ဘယ်လောက်အထိ ရောက်လျင် အောင်မြင်သည်ဟု ပြောနိုင်ပါသနည်? ။ ကျွန်တော်၏ သဘောထားမှာ Steemit Platform ပေါ်တွင် ရေရှည် ရပ်တည်၍ ဤ Platform ပေါ်မှ အကျိုး အမြတ်များကို အသုံးချ၍ မိမိ ရည်မှန်းချက် ပြည့်အောင် လုပ်ဆောင်နိုင်သူတိုင်းသည် Steemit Platform ပေါ်တွင် အောင်မြင်ကြသူများ အဖြစ်မှတ်ယူပါသည်။

ထို့ကြောင့် မြန်မာလူငယ် မောင်မယ်များ အား တသက်လုံး Steemit Platform ပေါ်တွင် SP စု၍ ငွေတိုးထုတ်စားသကဲ့သို့ ရှိစေချင်၍ မဟုတ်ပါ။ ဤ Steemit Platform မှ အကျိုးအမြတ်များထုတ်ယူ တတ်ပြီး မိမိ ယုံကြည်ရာ အိမ်မက်များကို အကောင်ထည်ဖေါ်တတ်စေရန် ဖြစ်ပါသည်။ ဤ လောက်ဆိုလျင် ကိုဗီး၏ သံသယ များ အတော်အတန် ပျောက်လောက်ပြီ ဟုထင်ပါသည်။

03.jpg

ဤတွင် စကားကြုံ၍ I2wan နှင့် ဆွေးနွေးခဲ့ရသော ပိုင်ဆိုင်မှု ဘယ်လောက်ရှိလျင် ချမ်းသာပြီလဲ ဟူသော အကြောင်းကို အနည်းငယ် ဝေမျှလိုပါသည်။ တခုသော ညနေခင်းအချိန်တွင် I2wan နှင့် pungol water walk way ဟူ သော နေရာသို့ လေညင်ခံရင်း စကားပြောရင်း လမ်းလျှောက်ထွက်ခဲ့ပါသည်။

အစတွင် အာလာသပလာသ များသာပြောဖြစ်၍ I2wan မှ ကျွန်တော့အား ရုတ်တရက် မေးခွန်းတခုကို မေးပါသည်။ " Henry ချမ်းသာရင် ဘာလုပ်မလဲ ? " ဟူသော မေးခွန်း ဖြစ်ပါသည်။ ကျွန်တော်လည်း ရုတ်တရက် ဘာပြန်ဖြေရမှန်း မသိပါ။ ထို့နောက် I2wan မှ ဆက်၍ ထပ်ပြောပါသည်။ " အခု နေ ငါက Henry ကို USD $ သန်း၁၀၀ ပေးရင် Henry ဘာလုပ်မလဲ ? " အမှန်ပြောရလျင် ကျွန်တော့ အား ထိုမျှ များပြားသော ပိုက်ဆံထုပ် ပေးထားလျင် မျောက်လက်ထဲ အုန်းသီး ထည့် ပေးသကဲ့သို့သာ ရှိပါလိမ့်မည်။

တိုက်ခန်းတွေပဲ ပြေးဝယ်ထားရမလား ? မြေကွက် များပြေးဝယ်ထားရမလား ? ကုမ္ပဏီ ထောင်ရမလား ? နိုင်ငံရပ်ခြား ခရီးသွား ၍ သောက်စား ပျော်ပါး ဖြုန်းပြစ်မလား ? ဘဏ်ထဲထည့် ၍ ဘာဏ်တိုး ထုတ်စားမလား ? သေချာသည် တခုကတော့ မျောက်မီးခဲ ကိုင်မိသကဲ့သို့သာ ရှိပါလိမ့်မည်။ ထိုအချိန် တုန်းကတော့ I2wan မေးသော မေးခွန်း အပေါ် ကျွန်တော့ စိတ်ထဲရှိသည့် အတိုင်းသာ ဖြေ ခဲ့မိပါသည်။

ကျွန်တော့ စိတ်ကူးမှာ ပြင်ဦးလွင်ကဲ့သို့ အေးအေးချမ်းချမ်း ရှိသော နေရာတွင် မြေကွက် ၅ ဧက ခန့် ဝယ်၍ ကိုယ့် မိသားစုနှင့် အေးအေး ဆေးဆေး အပင်လေး စိုက်၍ မပူ မပင် မကြောင့်ကြပဲ နေမည် ဟု ပြန်ဖြေခဲ့ပါသည်။ ထို့ နောက် I2wan မှ ဆက်ပြီး “ ဒါပဲလား " ဟု မေးပါသည်။ ကျွန်တော်ကလည်း စိတ်ထဲရှိသည့် အတိုင်း ပြန်ဖြေပါသည်။ ကျွန်တော်ချမ်းသာနေပြီ ဒေါလာ သန်း ၁၀၀ ခန့် ပိုင်ဆိုင်နေပြီ ဖြစ်၍ ဘာများ ထပ်လို အုံး မည်နည်း ၊ ကျွန်တော်၏ လက်ကျန် ဘဝ များတွင် မပူပင် မကြောင့်ကြပဲ နေထိုင်ရုံ သာ ရှိပါတော့သည်ဟု ပြန်ဖြေခဲ့ပါသည်။

ထို့ နောက် I2wan မှ ကျွန်တော့အား ပေးသော မှတ်ချက်မှာ ကျွန်တော့အား ကြိမ်လုံး ဖြင့် ရိုက်လျင်တောင် ထိုမှတ်ချက်လောက်နာ မည်မဟုတ်ပါ။ I2wan ပေးသော မှတ်ချက် မှာ “ Henry က ဘဝကို အဲဒီလို လေးပဲ နေသွားချင်တယ် ဆိုရင် Henry က ဆန်ကုန်မြေလေးပဲ " ။ ဆန်ကုန် မြေလေး ဆိုသော စကားမှာ ကျွန်တော် သုံးထားသော စကားဖြစ်၍ သူသုံး သော အသုံး အနှုန်းမှာ good for nothing ( အသုံး မကျ သူ ၊ သုံးစားမရသူ ) ဖြစ်ပါသည်။

04.jpg

ကျွန်တော်လည်း ရှက်လွန်း၍ ဘာပြန်ပြောရမည်မှန်းမသိပါ။ ထို့နောက် I2wan မှ ကျွန်တော့အား စိတ်ရှည် လက်ရှည် ရှင်းပြပါသည်။ ဤကမ္ဘာ ပေါ်တွင် သက်ရှိ လူသား များ အပါအဝင် သတ္တဝါ ပေါင်းစုံတို့ သည် ကမ္ဘာကြီး ပေါ်တွင် နေထိုင်း ရင် ကမ္ဘာကြီးက ပေးသော စွမ်းအင် များကို အသုံးပြု၍ နေထိုင်ကြသည်။ ဤ သို့ နေထိုင်ကြရာတွင် မိမိတတို့ ရရှိသော ခံစားနေရသော စွမ်းအင် များကို အသုံးချ၍ မိမိတို့လည်း စွမ်းအင် ထုတ်လုပ်နိုင်စွမ်းရှိနေကြပါသည်။

ဥပမာ ကမ္ဘာကြီးက မိမိတို့အား နေစရာ ၊ စားစရာ၊ သောက် စရာ ပေးထားသည်။ ထိုအရာတို့ကို အသုံးပြု၍ မိမိတို့ ရှင်သန် နေထိုင်သည် မိမိတို့ သွားနိုင်လာနိုင် အလုပ်လုပ်နိုင်သည်။ ဤသို့ ရှင်သန်နေထိုင်ရာတွင် မိမိတို့ ထုတ်လုပ်နိုင်သော စွမ်းအင်ကို လူသားများအတွက် အသုံးချမည်လော သို့မဟုတ် ကမ္ဘာကြီး အတွက် အသုံးချမည်လော ဟူ၍ ရှိရမည်။

ယခု Henry အလုပ်လုပ်နေသည်မှာ မိမိ စွမ်းအင်ကို လူသားများအတွက် အသုံးချခြင်းဖြစ်ပါသည်။ အကယ်၍ Henry မှ ဘားမှ မလုပ်ပဲ သက်တောင့် သက်သာဖြင့် နေထိုင်သွားမည်ဆိုလျင် ကမ္ဘာပေါ်တွင် ရှိသော စွမ်းအင်များကို ဖြုန်းတီး ရန်သက်သက် အသက်ရှင်နေထိုင်ရလျင် ဘားမှ အကျိုး မရှိ သော နေထိုင်ခြင်း တနည်းအားဖြင့် ဆန်ကုန်မြေလေးသာ ဖြစ်သည်ဟု ရှင်းပြပါသည်။

ထို့နောက် I2wan ဆက်၍ ရှင်းပြသော စကားလုံးများမှာ ကျွန်တော့ ရင်ထဲအထိ စွဲသွားစေပါသည်။ Henry အနေဖြင့် ချမ်းသာလာလျင် မိမိ လောက် မချမ်းသာသေးသူများကို မိမိ ကဲ့သို့ အဆင်ပြေလာစေရန် တွဲခေါ်ပေးနိုင်ရမည်။ ပရဟိတ ဟုခေါ်သော အကူအညီများ ပေးခြင်းဖြင့် လူတို့အား ကူညီနိုင်သည်။

မိမိကိုယ်တိုင်းလည်း မိမိတို့ နေထိုင်သော ကမ္ဘာကြီး သာယာလှပ ပါစေဟူ၍ အမှိုက်ကောက်ခြင်း ၊ သစ်ပင်စိုက်ခြင်းများ ပြုလုပ်နိုင်သည်။ မိမိ၏ စွမ်းအင်ကို မိမိအတွက် မလိုအပ်သောအခါ အခြားသူများအတွက် အသုံးချ ပေးနိုင်ရပါမည့် အကြောင်း ကျွန်တော့အား အကျယ်တဝင့်ရှင်းပြပါသည်။

05.jpg

ထိုအချိန်က ကျွန်တော် အတွေးတွင် သူတို့လူမျိုးတွေတိုးတက်တယ်ဆိုတာ သူများတွေ အတွက် စဉ်းစားပေးသည့် အပြင် ကမ္ဘာကြီး အတွက်ပါ ထည့်စဉ်စားကြ၍ ဖြစ်လိမ့်မည်ဟု တွေးတောနေခဲ့မိပါသည်။ ကျွန်တော့ စိတ်ထားအနေဖြင့် ပြောရလျင် မိမိနေထိုင်ရာ ကမ္ဘာ ကြီးအသာထား မိမိနေထိုင်ရာ တိုင်းနိုင်ငံ ပင်မဟုတ် လက်ရှိ နေထိုင်သော ရပ်ကွက်လေး သာယာလှပ လာပါစေဟူသော စိတ်စေတနာဖြင့် အမှိုက် တစ မကောက်ခဲ့ဘူးပါ။

ရပ်ကွက်မှ သန့်ရှင်းရေး လုပ်အားပေး လာခေါ်လျင်ပင် စည်ပင်သာယာအလုပ် မလုပ်လို့ ဟု မှတ်ထင်နေသူ ဖြစ်ပါသည်။ ထို့နောက် I2wan မှ ကျွန်တော့ အား ချမ်းသာ ခြင်း အကြောင်း ကို ဆက်၍ ရှင်းပြပါသည်။ ချမ်းသာသည်ဆိုသည်မှာ မိမိတွင် ပိုင်ဆိုင်မှု ပစ္စည်း ဥစ္စာ မည်မျှ ရှိသည် ၊ ငွေပိုက်ဆံမည်မျှ ရှိသည်ဖြင့် ပမာဏ များပြားသည်ကို ချမ်းသာခြင်းဟု မခေါ်ကြောင်း ၊ မိမိတွင် ၁၀၀ ရှိပါက ၁၀ ခန့်ကို ၁၀၀ လောက်မရှိသူများကို မျှဝေပေးနိုင်သူ သို့ မဟုတ် မိမိတွင် ၁၀၀၀ ရှိ၍ အခြားသူများကို ၁၀၀ စီ ရှိအောင် လုပ်ဆောင်ပေးနိုင်သူ ကို ချမ်းသာသူဟု ခေါ်ဆိုကြောင်း ရှင်းပြပါသည်။

မိမိတွင် သိန်းသန်းချီရှိ၍ အခြားသူများအား မျှဝေမပေးနိုင်သူသည် ချမ်းသာသူမဟုတ် ဝတ္ထု ပစ္စည်း စုဆောင်း သူသာ ဖြစ်ကြောင်း ရှင်းပြပါသည်။ ထို့ကြောင့် Facebook စာမျက်နှာများတွင် သာမက သတင်း ဂျာနယ်များတွင် ဤမျှလောက် ဆင်းရဲနုံခြာ စုတ်ပြတ်သတ်နေသော မြန်မာ ပြည်တွင် အမေရိကန်ဒေါ်လာ ဘီလီယံ နှင့် ချီ၍ ချမ်းသာသူ ၁၀ ဦး အထက်ရှိသည် ဟူသော သတင်းများဖတ်မိတိုင်း I2wan မိမိအား မှတ်ချက်ပေးခဲ့သော ဆန်ကုန်မြေလေးကိုသာ ကြားယောင်မိနေပါတော့သည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

steemit logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမှန်အတိုင်းပြောရရင် တစ်ခါမှ အဲဒီလောက်သေသေချာချာမတွေးမိတာအမှန်ပါပဲ သူတို့တွေရဲ့စိတ်ဓာတ်ကို လေးလည်း လေးစားသလို အတုယူသင့်တယ်လို့လည်းထင်ပါတယ် ဆန်ကုန်မြေလေးအဖြစ်ရန်အတွက်တော့ ကြိုးစားရပါအုံးမယ်ဆရာဟင်ရေ

အမှန်တော့ I2wan နဲ့ ပြောဖြစ်ခဲ့တဲ့စကားတွေထဲမယ် နေရေး နှင့် သေရေး အကြောင်းတွေကို စာလေးမှာ စိုးလို့ ချန်ထားခဲ့ပါတယ်။

Bro ပြောသလိုမဝေးကွာတအဲ့ချိန်ထိ recovery ပြန်လုပ်မရတဲ့ မူရင်း password တော့သေချာသိမ်းစေချင်ပါတယ်။ အချိန်အတိုင်းအတာတခုမှာ power down ငွေထုပ်တဲ့အချိန် ပြသာနာတော့ရှာနိုင်မယ် ဥပမာ deposit verify ပုံစံမျိုး

Steemit Platform ကမိမိ password မပျောက်သရွေ့ မိမိ wallet ကို ဘယ်သူမှ မထိန်းချုပ်ထားပါဘူး ကိုဗီး ။ cryptocurrency ထဲမှာ wallet to wallet transfer fee မပေးရတာရယ် transfer ကြာချိန် ၃ စ္စကန့် ဆိုတာရယ်နဲ့တင် အတော်သဘောကျဖို့ ကောင်းနေပါပြီ။ ဒါပေမယ့် အခုအချိန်ထိ beta version ပဲရှိပါသေးတယ်။

မှန်ပ့တယ် bro
Beta version စမ်းသပ်ကာလ upgrade တော့လုပ်ခိုင်းမှာသေချာတယ်။Steem ကိုလည်း platform ပ်ါက ထုပ်နေဒါ user တွေသုးံပြီး အခုထိတော့ everything’s going well but how will be the stable version goes to?

Bro , အဲလို လုပ်ချင်တိုင်း လုပ်လို့ မရဘူးလေ.. သူတို့ white paper မှာ ကြေညာထားတဲ့ အတိုင်း ပဲ လုပ်ရမှာ ။ white paper မှာ SP ကို ဘယ်လို အနေအထားမျိုးမှာ control လုပ်မယ်လို့ ဖေါ်မပြထားဘူး။ အဲလိုလုပ်ရင် သူ့ Platform ပေါ်မှာ အခြေခံမဲ့ SMT တွေ ဘယ်ဝင်လာတော့မလဲ။
SteemWhitePaper.pdf-page-001.jpg

ဟုတ် bro အဲ့တာတော့မဖတ်ခဲ့ဘူး ကျေးဇူးပါ။anyway ပြင်ဦးလွင်မှာ ၅ဧက ဆိုလို့ အမြန်ဆုးံလာဝယ်နိုင်ပါစေဗျာ။ကျွန်တော်ပြင်ဦးလွင် ငါးရံ့ချောင်းကပါ။ အမြဲလက်တွဲဆက်လက်ခေါ်ဆောင်ပေးပါ။ လေးစားလျှက် ကိုဗီး

အစ်ကိုဟင် က မိတ်ဆွေကောင်းနဲ့ တွေ့ခဲ့ရတာကိုး
ကျွန်တော်တို့လည်း အခု မိတ်ဆွေကောင်းနဲ့ တွေ့နေပါပြီ။ကိုဗီး ရဲ့ ဆောင်းပါးလည်း gp ထဲ ဖတ်လိုက်ရပါတယ် ။ ကျေးဇူးပါဗျ

မှန်ပါတယ် ကျွန်တော်လဲ Bro လိုပါပဲ အင်မတန် အကျိုးရှိပါတယ်

အစ်ကို့ ဘဝ မှာ I2wan နဲ့ ဆုံတွေ့ပြီ သူ့ရဲ့ သင်ပြမှု ရလိုက်တာကို ဘယ်အချိန်တွေးတွေး သူ့ကို အရမ်း ကျေးဇူးတင်မိတယ်။

အစ်ကိုရေးတဲ့ ဆောင်းပါးတွေက တစ်ကယ်ကိုအကျိုးများပါတယ် အမြဲတမ်းစောင့်ဖက်နေပါတယ်ခင်ဗျာ

အများကြီးကျေးဇူးတင်ပါတယ်

လေးစားပါတယ် ရှင်းပြပေးမှုအတွက် (ကိုဗီး)

အများကြီးကျေးဇူးတင်ပါတယ်

အေး​အေး​ဆေး​ဆေးကိုဖတ်​လိုက်​တယ်​ ကိုဟင်

အများကြီးကျေးဇူးတင်ပါတယ်

ကိုယ့်တစ်ကိုယ်စာ သက်တောင့်သက်သာနေစေချင်တဲ့အခါတိုင်းမှာ ကိုဟင် ပြောတဲ့ ဆန်ကုန်မြေလေးဆိုတဲ့စကားနဲ့ ကိုယ့်ကိုယ်ကို ချိန်ဆ နှိုင်းယှဉ်စရာ ရသွားပါပြီ။ ငယ်စဉ်နုစဉ်က အယူပဲ သိပေမယ့် အရွယ်ရောက်လာတဲ့ဘဝမှာ အပေးဆိုတာ သိလာပါတယ်။ Good for nothing မဟုတ်ဘဲ Do for nothing ဖြစ်နေရပါမယ်။ မျှဝေပေးတာ အရမ်းကျေးဇူးတင်ပါတယ်။

အမှန်တော့ သူသင်ပြပေးခဲ့တဲ့အတိုင်း ကျွန်တော်လည်း အားလုံး လိုက်နာပြီး မကျင့်ကြံနိုင်သေးပါဘူး။ ဒါ ပေမယ့် အတတ်နိုင်ဆုံးတော့ လိုက်နာ ဆောင်ရွက်နေပါတယ်။

ဟုတ်ကဲ့ တတ်နိုင်သမျှ ကျင့်သုံးရင်း ကိုယ့်ဗီဇလို ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်ဗျာ

ပညာဗဟုသုတနဲ့ မှတ်သားစရာတွေအများကြီးပါပါတယ်အကို ကျေးဇူးတင်ပါတယ်။ အကိုရေးထားသမျှအကုန်မလုပ်နိုင်တောင်မှ လုပ်နိုင်တာကိုကြိုးစားပီးလုပ်သွားပါ့မယ်။ ကျွန်တော်တို့ steemit မှာ ခုလိုရပ်တည်နိုင်တာအကိုနဲ့ admin များရဲ့ စေတနာ့ဝန်ထမ်းတဲ့ကျေးဇူးတွေကြောင့်ပါ

အများကြီးကျေးဇူးတင်ပါတယ်

ဟုတ်ကဲ့အကိုကျွန်တော်လဲကျေးဇူးတင်ပါတယ်ဗျ

I2wan ရဲ့ စကားလေးတွေ ဆက်စောင့်နေပါတယ်အကို

ကောင်းပါပြီ။

" မြန်မာနိုင်ငံတွင် အလှူအတန်း သိန်း ထောင်သောင်း ချီ အကုန်ခံ၍ ပေးနေကြသူ သူဌေးများရှိသော်လည်း မိမိတို့ အား မင်းလုပ်ချင်တဲ့ ကိုယ်ပိုင်စီးပွားရေး လုပ်ကွာ ရော့ သိန်းငါးရာ ငါ အလကားပေးမယ် ဆိုသူ တယောက်မှ မရှိပါ။"

မှန်​လိုက်​တာ 😢😢😢

good for nothing မဖြစ်​​အောင်​​ကိုယ့်​ကိုယ်​ကိုယ်​ကြိုးစား​နေထိုင်​ရဦးမယ်​အစ်​ကို​ရေ။Thank for your message.

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

ဗဟုသုတ တိုးရပါတယ် bro. ညီတို့ က အင်းတကော် group ကပါ။

ကြိုဆိုပါတယ်, MSC Admin များနှင့် chat group တွေမှာ ဆက်သွယ်လိုက်ပါ။

ဟုတ်ကဲ့ပါ

တာ့ မျောက်မီးခဲ ကိုင်မိသကဲ့သို့သာ ရှိပါလိမ့်မည်။ ထိုအချိန် တုန်းကတော့ I2wan မေးသော မေးခွန်း အပေါ် ကျွန်တော့ စိတ်ထဲရှိသည့် အတိုင်းသာ ဖြေ ခဲ့မိပါသည်။

ကျွန်တော့ စိတ်ကူးမှာ ပြင်ဦးလွင်ကဲ့သို့ အေးအေးချမ်းချမ်း ရှိသော နေရာတွင် မြေကွက် ၅ ဧက ခန့် ဝယ်၍ ကိုယ့် မိသားစုနှင့် အေးအေး ဆေးဆေး အပင်လေး စို

အစ်ကိုဟင် က မိတ်ဆွေကောင်းနဲ့ တွေ့ခဲ့ရတာကိုး
ကျွန်တော်တို့လည်း အခု မိတ်ဆွေကောင်းနဲ့ တွေ့နေပါပြီ။ကိုဗီး ရဲ့ ဆောင်းပါးလည်း MSC ထဲ ဖတ်လိုက်ရပါတယ် ။ ကျေးဇူးပါဗျ

မန့်ကို ကော်ပီ ယူသွားတာလားဗျ
သာပါတယ်ဗျာ

အားကြပါတယ် goldcoin ရယ် formula အသစ်တွေလာသုးံနေပြီဗျာ။ post မပြောနဲ့ comment တောင်ကော်ပီမသွားဒါ

ဒါကြောင့်ဘယ်လောက်ရမလဲလို့ တွေးနေမယ်အစား ဘယ်လောက်ပေးကြမလဲလို့ တွေးကြရင် ကမ္ဘာကြီးဘယ်လောက်ငြိမ်းချမ်းပြီး ဘယ်လောက်ကြွယ်ဝလာမလဲ ဆိုတာလေ

စိတ်ကူးယဉ်ရတာတော့ ပျော်စရာအကောင်းသား

steemit board vote in adequate amount. Because they have many members. In which everyone records the same. Your is very good article

thanks you

လူ့တန်ဖိုးကို အခြားသူများအား ဘယ်လောက်ကူညီပေးနိုင်သလဲ
တွက်ပြီး ချမ်းသာကြွယ်မှုကို အခြားလူဘယ်နှဦးအား ချမ်းသာအောင်
လုပ်ပေးနိုင်ခဲ့လဲဖြင့် တွက်ပါမည် ဆိုပါစို့။
နှစ်ချီပြီး Steem Power စုဖို့ ရည်ရွယ်ထားပါသည်။
Trade တတ်ရင် SBD ဝယ်ဖို့ စိတ်ကူးရှိပါသည်။
Steem နှင့် SBD အလဟသဖြစ်သွားမည်တော့ မထင်ပါ။
ယခု ရက်ပိုင်းတွင် မိမိစာရေး၍ရသော Steem ဖြင့် MSC အလှူ
လုပ်ရာတွင် လှူတန်းနိုင်၍ ပီတိ ဖြစ်မိပါသည်။
လိုအပ်ချက်များ လမ်းညွှန်ပေးစေလိုပါသည်။
ကျေးဇူးတင်ပါတယ်။

အခုလို တခုခု ရသွားတဲ့ အတွက် ကျွန်တော်လည်း ဝမ်းသာပါတယ်။

တကယ့်ကို မှတ်သားစရာတွေပါပဲ။ဒီစာလေးတော့သဘောကျလို့resteem လုပ်ထားဦးမယ်နော်။

ကောင်းပါပြီ။

ကျေးဇူးပါခင်ဗျ

အော် Bro ပို့စ်ကို ဖတ်တော့မှာပဲ ဘာတွေဘယ်လိုလုပ်ရမလဲ ဘာကဘယ်လိုကြောင့် လုပ်ရတယ်ဆိုတာ သဘောပေါက်တော့တယ် အခုမှအသစ်ဆိုတော့ဘာမှမသိဘူးဗျာ ဘာလိုလုပ်ရကိုင်ရမှန်းလဲမသိ သဘောတရားလဲမသိ ဒီမှာရေးထားတာဖတ်တော့မှပဲ သဘောတရားတွေ နားလည်သဘောပေါက်တော့တယ် ကျေးဇူးအထူးတင်ရှိပါတယ်ဗျို့ ဆက်လက်ပြီးတော့လဲ အားပေးနေပါမည်

Good Bro!

good for your morale ပါ
good for your writing ပါ

အမှန်ပါဘဲခင်ဗျာ သူများကိုပေးဝေခြင်းမှာ အင်မတန်ပျော်မွှေ့ဖွယ်ကောင်းပါတယ် လူတိုင်းလူတိုင်း မိမိတို့တတ်နိုင်သမျှကို မပြည့်စုံတဲ့သူတွေဆီမှာသွားရောက်ဝေမျှခြင်းက အင်မတန် မွန်မြတ်တဲ့အလုပ်ဖြစ်ပါတယ်ခင်ဗျာ

ကျနော်ကတော ခုချိန်မှာ steem ဈေး ဘယ်လိုပဲ
ဖြစ်ဖြစ် steemit platform ကြီး FB တို့ Twitter တို့လိုမျိုး ဖြစ်လာစေချင်တယ်ဗျာ ။
ခိုင်ခိုင်မာမာနဲ့ အဓွန့်ရှည်ဖို့ပဲ ဆန္ဒရှိပါတယ် ။
အဲဒီလိုဖြစ်လာရင် Steem ဈေးလည်း အလိုလို
တက်လာမယ်လို့ ထင်ပါတယ် Bro

ဆန်ကုန်မြေလေး မဖြစ်ဖို့နဲ့
ကိုယ့်ရဲ့တတ်နိုင်သမျှ စွမ်းအားနဲ့ ကိုယ့်ထက်နိမ့်ပါးသူတွေကို
လက်တွဲခေါ်ဖို့ ကြိုးစားသွားပါ့မယ်ရှင့်

အခုလိုပြောပြပေးတာ ကျေးဇူးပါ ကိုဟင်
ကျွန်တော် တစ်ခုလောက် မေးချင်ပါတယ်ဗျ
steemit အနေနဲ့ ကျွန်တော်တို့ vote တွေကို
ဘာကြောင့် $ အနေနဲ့ ပြန်ပေးနိုင်တာလဲဗျ
ကျွန်တော့်ကို မေးကြတဲ့သူတွေကို ပြန်မရှင်းပြနိုင်ဘူးဖြစ်နေလို့ပါ

  ·  7 years ago (edited)

Decentralized လုပ်းပြီရတဲ့ Steem ထဲက ၇၅ % post တင် ကော်မန့် resteem လုပ့်ပေးသူတွေပေးပြီး ၁၀ % ရှယ်ယာရှင် ၁၅ % witness ကိုပေးပါတယ်။ ပြောချင်ဒါက ပိုက်ဆံက ကျွန်တော်တို့ Platform သုးံနေလို့ data input out put ကနေ Steem ပိုက်ဆံပုံနိုပ်နေတာ။အခုတန်ဖိုးတက်အောင်အသက်သွင်းနေရင်းအဲ့ထဲက ပြန်ပေးဒါပါ။အကုန်သူမယူဘူးဆိုတဲ့သဘောလို့ ထင်မိဒါလေးပါ။

ဆန်ကုန်မြေလေး အတွေး တွေးခဲ့ဖူးတယ်
ဖတ်လိုက်တိုင်း အသိတစ်ခုမကပေးပါတယ်
အရမ်းတန်းဖိုးရှိတဲ့ ဆောင်းပါ တစ်ပုဒ်ပါ ရှင့်

What a nice person!
You are lucky guy Bro.
I'm sure I2wan must very nice and peaceful one.
She guide you strongly and correctly.
Please send me message, if you have any connection with her : i really respect and million thank fro her great mentality.

ကောင်းတယ်အကို အားကျပါတယ် အရေးအသားကို တော်တြေုးစားခဲ့ရမှာဘဲ

ကျွန်တော် ဒီလိုမျိုးတစ်ခါမှ မတွေးဘူးအကို။အကိုရဲ့ စာတွေဖတ်ရတာဟာ ဘဝနေနည်း သင်တန်းတက်နေရသလိုပါပဲဗျာ။ဆန်ကုန်မြေလေး မဖြစ်အောင် တက်စွမ်းသမျှ နေထိုင်ပါမယ် အကို။

အများအကြိုးဆောင် ကိုယ်ကျိုးအောင်ဆိုတဲ့ စကားလေးကို အတွေးရသွားစေပါတယ်ဗျ

လေး စာ မိ ပါ တယ် Bro

အကိုဟင်ရေးသားလာတဲ့ပို့စ်တွေက ဖက်လေစွဲလေ တနေ့တခြားမရိုးနိုင်တဲ့ဗဟုသုတပေးစွမ်းသောကြောင့် ကျနော့်ဘ၀မှာပြင်ဆင်စရာများကို သိခွင့်မြင်ခွင့်ရလာပီဖြစ်တဲ့အတွက် အရမ်းကိုကျေးဇူးတင်မိပါတယ်အကိုရယ်

ကိုဟင် ရရှိခဲ့တဲ့ အသိအမြင်တွေကိုပြန်လည်မျှဝေပေးလို့ ကျေးဇူးတင်ပါတယ်

အရေးအသား ကောင်းသလို အသိ တရားတွေ လဲ တိုးပွါးစေပါတယ်ခင်ဗျ ကျေးဇူးပါ

Hello bro .I am new steemit member .Please vote me.I need your vote.

Hi bro!
I connect you in facebook chat box.

တွေးစရာ​တွေချည်းပါပဲလား

I2wan က ကိုဟင်​တစ်​​ယောက်​ထဲကိုသင်​​ပေးခဲ့​ပေမယ့်​ဘကိုဟင့်​မျှ​ဝေမှု​ကြောင့်​ အားလုံးကို သင်​​ပေးခဲ့သလိုဖြစ်​သွားပီ I2wan ​ကျေးဇူးပါ။

အစ်​ကို​ရေ ကိုဗီးရဲ့အ​တွေးအမြင်​နဲ့ အစ်​​ကိုဖြစ်​​စေချင်​တဲ့
ဆန္ဒ​တွေက ကျွန်​​​တော်​တို့အားလုံးအတွက်
အရမ်းကို အမြင်​မှန်​ရ​စေပါတယ်​ဗျာ အစ်​ကို
အခုလိုကျွန်​​​တော်​တို့အားလုံးတွက်​ အလင်းပြ​ပေးတာကို
ကျေဇူးတင်​ပါတယ်​အစ်​ကို​ရေ

ဖက်ရင်းဖက်ရင်း ဖက်လို့မဆုံးနှမျောတယ်အကိုရေ…

@smartbcamp...wish I could contribute to your post but language barrier is the issue here. Keep steeming and touching lives{your upvote could save a soul}...we love steem @smartbcamp