ကျွန်တော်တို့ MSC ကို စတင်ခဲ့ကြပြီးနောက် promotion များဖြင့် မြန်မာ စာဖြင့် ရေးသားသော အကောင့် တော်တော်များများကို ဆွဲတင်ခဲ့ပါသည်။ အချို့ကလည်း လိုလိုချင်ချင်ပင်လိုက်လာကြသလို အချို့ ကလည်း ရေးသားသောဆောင်းပါး နှင့် ရရှိလာသော SBD တို့ နည်းပါး မှုကြောင့် Steemit ကို စွန့်ခွာသွားကြပါသည်။ MSC Admin များ ကလည်း အတတ်နိုင်ဆုံး ကြိုးစား၍ လက်တွဲ ခေါ်ပေးနေကြပါသည်။ သို့ သော် Admin များမှာလည်း မိမိတို့ ဝမ်းရေးအတွက် အလုပ်ကိုယစီရှိကြသည်ဖြစ်၍ Steemit ကို အချိန် ပြည့် တာဝန်မယူနိုင်ကြပါ။ promotion များကို ရက်မလွတ်သွားစေရန် လည်း အတတ်နိုင်ဆုံးကြိုးစားနေကြပါသည်။
၁. Myanmar Newbies
Steemit Platform ပေါ်သို့ ရောက်လာကြသော Newbies တော်တော်များများသည် အကောင့် ဖွင့်ပြီးသည်နှင့် post များတင်နိုင်ရန် သာ အလေးထားကြပါသည်။ ရှိနေပြီးသော စည်းကမ်းများ ၊ Steemit ပေါ်တွင်မည်ကဲ့သို့ လုပ်ဆောင်ရမည်ကို ကြိုတင်လေ့လာ ထားမှု အတော်ကို နည်းပါးကြပါသည်။ ဤသို့ အခြားသူငါများ မည်ကဲ့ သို့ ပြုမှု ဆောင်ရွက်ကြသည် Steemit Platform အကြောင်း ရေးသားထားသော ဆောင်းပါးများ ရှိနေပြီး သော်လည် အချိန်ပေး၍ လေ့လာ ဖတ်ရှုသူ အလွန်ပင်နည်းပါသည်။
ဤကဲ့သို့ လေ့လာအားနည်းမှုကြောင့် introducing post တင်လိုက်လျင်ပင် အမှားမှား အယွင်းယွင်း တိုနန့်နန့် ဖြင့် vote ပေးရန်ပင် လက်တွန့်သွားကြသူ များ အများအပြားပင် ဖြစ်ပါလိမ့်မည်။ ထိုကဲ့သို့ vote မရနိုင်၍ Steemit ကို စွန့်ခွာသွားကြသူ များလည်း ရှိပါသည်။ Newbies တယောက်ကို Steemit အကြောင်း အစအဆုံး တထိုင်တည်း ရှင်းပြရန်မှာ မည်မျှခက်ခဲသည်ကို အားလုံး အသိပင် ဖြစ်ပါသည်။ လက်ရှိ အဓိက ကြီးမားသောပြသနာမှာ Newbies တို့၏ introducing post ဝင်လာလျင် ကောင်းမွန်စွာ ရေးသားထားသော post ဖြစ်ပါက vote & comment များချထားပေးကြသော်လည်း သာမန်သာ ရေးထားသော introducing ဖြစ်ပါက comment ရရန်အသာထား vote ပင် 10 မပြည့် ပါ။
အခြားသော အကောင့် များကလည်း Newbies အား သင်ကြားပြသပေးရန် တာဝန်မှာ Admin များ၏ သာဝန်သာဖြစ်သည်ဟူ၍ မိမိတို့ နှင့် မဆိုင်သကဲ့သို့ သာ။ မိမိ ကို အခြားသူများက မည်သို့ လက်တွဲခေါ်လာကြသည်ကို အမှတ်ထားရန်လို သလို မိမိကလည်း အခြားသူငှါများအား တွဲခေါ်ပေးကြပါရန် တိုက်တွန်းလိုပါသည်။
၂. Curie team support နှင့် promotion
လက်ရှိကျွန်တော်တို့ promotion ရရှိနေကြသူများသည် မိမိတို့ post တင်ပြီးသည်နှင့် promotion ရနိုင်ကြသဖြင့် အခြားသူငှါ များ၏ post ဘာဖြစ်ဖြစ်လှည့် မကြည့် လိုကြတော့ပါ။ ထို့ကြောင့် vote & comment မည်မျှရှိမှ promotion ရပါမည့် အကြောင်း စည်းကမ်းထုတ်ရပါသည်။ ကောင်းသည့် ကိစ္စတော့ မဟုတ်ပါ။
ဆိုလို ခြင်သည်မှာ Community တခုကြီးထွားလာရန်မှာ ဦးဆောင်သူတို့ မည်မျှ ပင် အားကြိုးမာန်တက်ရှိစေအုံးတော့ နောက်က လိုက်လာသူများမှာ စက်ရုပ်တခုကဲ့သို့ သာ လိုက်ပါနေမည်ဆိုပါက ထို Community မှာ အောင်မြင်မှုရရန် အလွန်ခက်ခဲပါလိမ့်မည်။ လက်ရှိ registration ပြုလုပ်ထားချက်အရ MSC members ပေါင်း ၇၀ ကျော်ရှိပါသည်။ နေ့စဉ် post တင်သူ ၂၀ မှ ၃၀ ကြားရှိပါသည်။ နေ့စဉ်နေ့တိုင် post တိုင်းကို ရှာ ဖတ်၍ voting မဖြစ်မနေပေးရမည်ဟု မဆိုလိုပါ။
လူတိုင်းတွင် Facebook အကောင့် ရှိပါသည်။ ထို Facebook သုံးရန် အချိန်ထဲမှ အနည်းငယ်ဖဲ့၍ Steemit အသုံးပြုနေသော မိမိ၏ သူငယ်ချင်းများအား vote & comment ပေးစေလိုပါသည်။ မိမိ ပေးလိုက်သော vote & comment သည် စာရေးသူအဖို့ မည်မျှ အားရှိစေသည်ကို ဆောင်းပါးရေးသားသူတိုင်းသိပါသည်။ လက်ရှိတွင် curie ၏ support များမှာ နည်း တထက်နည်းလာပါပြီ။ ပြင်ပရှိ Steem ဈေးနှုန်းမှာလည်း ကျဆင်းနေသဖြင့် နေ့စဉ် SBD ရရှိနည်းပါးလာနေခြင်းဖြစ်ပါသည်။
၃.MSC တိုးတက်မှုအခြေအနေ
လက်ရှိ ကျွန်တော်တို့ register ပြုလုပ်ထားသော အကောင့် များ အားလုံး ၇၀ ကျော်ရှိပါသည်။ အများဆုံးမှာ June , July လတွင် ဝင်ရောက်လာသူများဖြစ်ကြပါသည်။ ထိုသူတို့ မှာ Steemit အစောဆုံးကာလ ကို သိမှီလိုက်သူများ ဖြစ်သဖြင့် promotion ၏ အရေးကြီး ပုံကို သိရှိသူများဖြစ်ပါသည်။ August လ နှောင်းပိုင်းတွင် ဝင်လာကြသူများမှာ promotion ရရှိနေကြသော်လည်း SBD အနည်း အများပေါ်သံသယရှိကောင်းရှိပါလိမ့် မည်။
သေချာသည်တခုကတော့ ကျွန်တော်တို့ သည် တကိုယ်ကောင်းဆန်စွာ curie ၏ support များကို အသုံးချ နေမည် ၊ အခြားသူများအား လက်တွဲခေါ်ယူရန် ဝန်လေး နေမည်ဆိုပါက MSC ၏ တိုးတက်မှု အခြေအနေ မပြနိုင်သော တချိန်တွင် curie ၏ ထောက်ပံ့မှု ရပ်တန့်သွားပါလိမ့်မည်။ လက်ရှိ အချိန်အထိ နည်းသည်များသည်ဟု မဆိုသာသော်လည်း မိမိတို့မှာ ပုံမှန် SBD တော့ ရရှိနိုင်ကြပါသေးသည်။
ထို့ ကြောင့် အထက်တွင် မိမိ ဖေါ်ပြခဲ့ သော အချက်အလက် ပြသနာ အားနည်းချက်များကို ပြု ပြင်ကြခြင်းဖြင့် ပိုမို တိုးတက်ကောင်း မွန်သော ရေရှည် တည် တံ့ နိုင်သော Community တခု ဖြစ်ပေါ် လာစေရန် အားလုံး ဝိုင်းဝန်း ဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001
ကျေးဇူး ပါ intro post မြင်လိုက်ရင် ဝင်ရောက်ဖတ်ပြီး
ကိုယ် သိသလောက် အကျန်ပေး အားပေးစကားပြော
vote ပေးခဲ့ ပါတယ်
Submit
ကျေးဇူးတင်ပါ တယ် မမ မြန်မာ
Submit
MSC Adim များအားလုံးကို ကျေးဇူးတင်သလို၊ တကယ်လည်း လေးစားပါတယ်။ အလုပ်တွေ မအားတဲ့ကြားက MSC ကြီး အောင်မြင်ဖို့ အစွမ်းကုန်ကြိုးစားပေးနေတာလည်း လက်တွေ့ပါပဲ။ အခုထက်ပိုပြီး အောင်မြင်ပါစေလို့ ဆုတောင်းပါတယ်။
Submit
ကျေးဇူးတင်ပါတယ်၊ ပုလဲဖြူလို အရေးအသားကောင်းတဲ့ သူများကို လည်း လက်တွဲခေါ်ပါအုံးလို့ ။
Submit
ကျွန်တော်တို့ ဘာမှ နားမလည်တဲ့ အခြေအနေကနေ အခုထိ လက်တွဲခေါ်ဆောင်ပေးခဲ့သော admin များ အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့လည်း တက်နိုင်တဲ့ဘက်ကနေ newbie များကို အကူအညီပေးသွားပါ့မယ်။
Submit
ကျေးဇူးအများကြီး တင်ပါတယ် ညီလေးရေ
Submit
ဟုတ်ပါတယ် အကို့ရေ
Submit
ဟုတ်ပါတယ် ဒါကြောင့်လူသစ်ခေါ်ရာမှာ လေ့လာအားကောင်းတဲ့သူဆိုပြသနာမရှိပေမယ့်လေ့လာအားနည်းသူကို မနည်းကြိုးစားရှင်းပြလက်တွဲခေါ်ရပါတယ် ထို့ကြောင့် လူသစ်များလည်းလေ့လာကြပါအုန်းလို့ ထပ်ဆင့်ပန်ကြားလို
Submit
သေသေချာချာ လေ့လာပြီး ဝင်ရောက်လာသူ များအတွက်တော့ နည်းနည်း လေး guide လုပ်ပေးလိုက်တာနဲ့ လမ်းကြောင်းပေါ်ရောက်သွားနိုင်ပါတယ်။ Newbies support တွေ အတွက် ရေးထားတဲ့ ဆောင်းပါးလည်း တော်တော် များများရှိပါတယ်။
Submit
မှန်ပါတယ်အကို ဒါပေမယ့် nwebies support ပိုစ့်များအား တစ်စုတစ်စည်းတည်းထားရှိကာ လူသစ်များဝင်ရောက်လေ့လာနိုင်သော ဂရုဆိုပီး ဖေ့ဘုတ်မှာ လေ့လာရန် ဂရု
သီးသန့်လေးခွဲထားပေးနိုင်ရင်ပိုကောင်းမလားလို့ အကြံပေးပါရစေ အကိုကချင်
Submit
5tin!! brother
MSC အဓွန့် ရှည်ကြာပါစေ
Submit
သက်လျာလည်း ဆောင်းပါးတွေ အများကြီး ရေးနိုင်ပါစေ
Submit
excellent work!, ငါသည်ငါ့ဖိုင်ခက်ခဲအလုပ်လုပ်ကြသည်။ သို့သော်လည်းငါသည်အချို့သောအမှားလုပ်တာပါ။ တချို့ကမဲရရှိခဲ့ကြသည်။ အဘယ်ကြောင့်ထိုသို့သောအမှုကိုအသငျသညျအကြှနျုပျကိုပြောပြနိုင်မလား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
if you have question ... you may ask me in english
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Friend Your Excellent Work I do my file good work. But I guess. There is some error in my file. That is why the voting is low. So can you tell me
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
great job my friend
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks you very much
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Upvoted & RESTEEMED! :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks you
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အင်း ဆရာလည်းဒီအကြောင်းအရာဖက်ပြန်လှည့်ရေးဦးမှပါ၊ ကိုဟင်ပြောတာဟုတ်တယ်၊ လိုင်းပေါ်ကနေပဲပြောရတာဆိုတော့ခက်တယ်၊
Submit
Steemit ကရေရှည်သွားရမဲ့
လမ်းကြောင်းတစ်ခုပါ..အကိုဟင်..
တချို့က အခုလုပ်အခုရချင်တဲ့စိတ်မျိုးနဲ့ဆိုတော့
အဆင်မပြေကြတာပါ..
Submit
Right Brother! နေ့လယ်က msc reg form ပို့လိုက်တယ်bro.
ရသေးလားတော့မသိဘူး တစ်ခါတစ်လေကျ
ဘေက ပြတ်နေတာဆိုတော့...
Bro နဲ့ msc team အားလုံး ကျေးဇူးတင်လေးစား
လျက်ပါဗျာ......😊😊😊😊
Submit
ကျေးဇူးတင်ပါတယ်
MSC အဖွဲ့ ဝင်တွေ အောင်မြင်ကြပါစေ
Submit
yes bro, thanks for your help. hope to grow soon....
Submit
တခြို့တွေစာမဖတ်ကြတာ အစ်ကိုဟင်
အဲ့ဒါကြောင့် အမေးတောင်မရှိတာ..
စာဖတ်များလာရင် သိတာများလာသလို
မေးစရာတွေလည်းများလာမယ်လို့ထင်တယ်
ဘယ်ဟာက ဘယ်လိုဆက်ပြီးလုပ်ရမှာဆိုပြီးပေါ့
Submit