Myanmar Steemit Community နှင့် ကောက်ရိုးတမျှင် ( Henry Aung )

in myanmar •  7 years ago  (edited)

STEMMIT-HENRY.jpg

Steemit Platform နှင့်ပါတ်သက်၍ ဆောင်းပါးများ အတော်များများရေးခဲ့ပြီးပြီ ဖြစ်၍ ထွေထွေထူးထူး ရေပြရန်တော့မရှိပါ။ သို့ သော် များမကြာမှီ ပြန်လည်အသက် ဝင်လာမည့် promotion နှင့်ပါတ်သက်၍ အသိပေးလိုပါသည်။ အားလုံးသိသည့် အတိုင်း SBD သည် တန်ဖိုးရှိသောငွေကြေးတရပ်အဖြစ်ရပ်တည် နေပြီဖြစ်သည်။

Steem အတွက်လည်း စိတ်ပူရန်မရှိပါ။ မိမိတို့ ပူရမည်မှာ ဤကဲ့သို့ promotion ဖြင့် အကူအညီ ပေးသူများမရှိသည့် အခါ မိမိတို့ ရှိသော SP များဖြင့် မည်သို့ ရပ်တည်ကြမည်ကို သာ စိတ်ပူစေချင်ပါသည်။ Steem ဈေးကျခြင်းနှင့် အတူ promotion အရနည်း လာသည့် နောက်တွင် MSC တွင် post တင်ကြသူများသိသိသာသာ နည်းသွာကြပါသည်။

အကြောင်းအမျိုးမျိုးကြောင့်ရပ်သွားသူများလည်းရှိပါလိမ့်မည်။ ယခင်က မိမိတို့ MSC သည် Steemit Platform tag list ၏ ထိပ်တန်း ၅၀ တွင်တနေရာရှိခဲ့ပါသည်။ သို့သော် promotion နည်းလာသောအခါ post တင်ကြသူနည်းပါးလာ၍ ယခုတော့ ထိပ်တန်း ၅၀ နားပင်မကပ်နိုင်တော့ပါ။

01.jpg

SBD ဈေးတက်လာပြီး နောက် post တင်ကြသူများလာသလို ယခုကဲ့သို့ promotion များပြန်လည် ရလာလျင် စာရေးသားခြင်း ရပ်နားထားသူများ ပြန်လည် ဝင်ရောက်လာပါလိမ့်မည်။ ဤတွင် promotion နှင့်ပါတ်သက်၍ အနည်းငယ်အသိပေးလိုပါသည်။ post promotion မှာ အားလုံးကို တန်းတူ ရစေချင်သော စေတနာကြောင့် မိမိတို့ admin များ အပင်ပန်းခံ၍ပြုလုပ်ပေးနေခြင်းဖြစ်ပါသည်။

အဘယ်ကြောင့်ဆိုသော် promotion ရလာပြီဆိုသည်နှင့် အချောင်လိုချင်သူ သူခိုးများလည်း ပါလာကြတော့မည်။ promotion post တိုင်းအား Admin များက စီစစ်ရတော့မည်။ မစစ်၍ မရပါ ။ မိမိတို့ အား အကူအညီပေး၍ vote ပေးနေကြသူများသည် အခြားနိုင်ငံများမှ ဖြစ်ပါသည်။ promotion တင်လာသော post တွင် cheetah ပါလာပါက မိမိတို့ အား အလွန်ပင်အထင်သေးပါသည်။

ထို့အတူ cheetah ထိထားသောဆောင်းပါးအား မည်သူမျှ vote မပေးချင်ပါ။ Reputation ထိခိုက်၍ ဖြစ်ပါသည်။ မိမိတို့ MSC admin များအနေဖြင့်လည်း အလွန်ပင် အလုပ်များရပါသည်။ မိမိတို့ ဆောင်းပါးလည်း ရေးရ ၊ အခြားသူ ဆောင်းပါးများလည်း မဖြစ်မနေ လိုက်ဖတ်ရ၊ သံသယ ဖြစ်ဖွယ် ဆောင်းပါးပါလာလျင် ရင်းမြစ်လိုက်ရှာရနှင့် အလွန်ပင် ပင်ပန်းလှပါသည်။

မိမိတို့ internet bill အကုန်ခံ၍ အခြားသူ များအတွက် စေတနာ့ ဝန်ထမ်းရသည်မှာ အတော်ပင်မလွယ်ပါ။ ဤသည်ကို အခွင့်ကောင်းယူ၍ ခိုးယူ ကူးယူထားသောဆောင်းပါးများဖြင့် promotion ပေါ်လာတင်ထားလျင် အလွန်လည်း ဒေါသထွက်ရပါသည်။ ထို့ ကြောင့် ခိုးယူ ကူးယူထားသော ဆောင်းပါးများဖြင့် promotion ရယူထားကြောင်း သက်သေပြနိုင်လျင် MSC မှ ထုတ်ပယ်ခံရမည် အပြင် Myanmar Steemit Community Facebook ပေါ်မှ ဓါတ်ပုံ နှင့်တကွ အရှက်ခွဲခံရမည်ဖြစ်ကြောင်းလည်း အသိပေးလိုပါသည်။

02.png

ဤကဲ့သို့ ဆောင်းပါးများရေး၍ SBD ရှာဖွေရာတွင် အများသူငှာများရ သလို မိမိ ရချင်လျင် အများကဲ့သို့ ကြိုးစားရန် လည်းတိုက်တွန်းလိုပါသည်။ လက်ရှိအခြေအနေမှာ SBD ဈေးတက်သွား၍ Steemit Platform ကို လူအများစိတ်ဝင်စားလာကြခြင်းဖြစ်ပါသည်။ ၂၀၁၈ နှစ်ဆန်းပိုင်းလောက်တွင် SMT project များ ဝင်ရောက်လာသောအခါ Steem ကလည်း မဖြစ်မနေ ဈေးထိုးတက်သွားပါလိမ့်မည်။

ဤကဲ့သို့ Steemit Platform တွင် reputation နှင့် နေရာတခု ရယူနိုင်ရန် မိမိကြိုးစားအားထုတ်မှုမပါပဲမဖြစ်နိုင်ပါ။ ယခု SBD ၏ တန်ဖိုးသည် USD1$ ထက်အဖိုးတန်သောနေရာတွင်ရှိနေပြီ ဖြစ်၍ မိမိတို့ ၏ SBD ပြားကဏန်းတိုင်းသည်လည်း တန်ဖိုး မြှင့်တက်လာနေပြီုဖြစ်သည်။ ယခု promotion တွင် ဆောင်းပါးများသာမက , ဓါတ်ပုံ၊ ပန်းချီ၊ ကာတွန်း နှင့် ကဗျာ များလည်း ထည့်သွင်း ပေးသွားမည်ဖြစ်ပါသည်။

သို့ သော် Steemit Platform ၏ မူအရ မိမိကိုယ်တိုင်ဖန်တီးထားသော ၊ ပြုလုပ်ထားသော အရာ၊ အနုပညာများ ဖြစ်ရပါမည်။ ဓါတ်ပုံ ဟု ဆိုရာ၌ မိမိဖုန်းဖြင့် တွေကရာများရိုက်၍ promotion တင်ခြင်းကို လက်မခံပါ။ မည်သည့် camera အမျိုးအစား ၊ မည်သည့် မှန်ဘီလူး အမျိုးအစားများ ဖြင့် ဤဓါတ်ပုံ တခု ဖြစ်ပေါ်လာစေရန် ဖန်တီးလိုက်သော တနည်းအားဖြင့် မိမိ၏ အချိန် လုပ်အား အသုံးပြုလိုက်ပုံ တို့ ဖြင့် သေချာရှင်းပြနိုင်ရပါမည်။

ဤသို့ မဟုတ်လျင် MSC members များအားလုံး smart phone ကိုယ်စီရှိ၍ ဓါတ်ပုံပညာရှင်များ ဖြစ်ကုန်ပါလိမ့်မည်။ ပန်းချီနှင့် ကာတွန်းမှာလည်း ထိုနည်း လည်းကောင်းသာ။ မိမိ ကိုယ်တိုင် ဖန်တီး ယူသောအနုပညာ ဖြစ်ရပါသည်။ မည်သို့ မည်မျှ ပင် စည်းကမ်းချက် ချထားသော်လည်း မလိမ့်တပတ်ဖြင့် promotion ကို အချောင်ရယူုကြသူများ ရှိနေအုံးမည်သာဖြစ်ပါသည်။

အဘယ့်ကြောင့်ဆိုသော် စာရေးခြင်း ၊ ဆောင်းပါး ရေးခြင်း ၊ ပန်းချီ ကာတွန်းဆွဲခြင်း နှင့် အနုပညာဖန်တီး ခြင်းတို့တွင် ပါရမီနှင့် ဝါသနာ အရင်းခံလိုအပ်သလို ထိုအရာတို့ အပေါ်၌ လေးစားစိတ်ရှိမှ ပြုလုပ်နိုင်သောအရာဖြစ်ပါသည်။ သို့သော် ပိုက်ဆံရှာခြင်း အပေါ်၌ မူ သင့်တော်၏ မသင့်တော် ၏ အသာထား ငါပိုက်ဆံရဖို့ အရေးကြီးတယ် ဟူသော စိတ်ထားသူများအဖို့ ကာ စည်းကမ်း ချက်များ မှာအသုံးမဝင်လှပါ။

ပိုက်ဆံရလျင် မိမိ အရှက်ကွဲလည်း အရေးမကြီး ဟုခံယူကြသူများသာဖြစ်ကြပါသည်။ promotion post ထဲတွင် ထိုသူများ ပါဝင်လာပါက သေချာပေါက်အရှက်ရမည်ဖြစ်ကြောင်းလည်း ပြောလိုပါသည်။

03.jpg

ကျွန်တော့ အနေဖြင့် အကြိမ်ကြိမ် ပြောခဲ့ပြီး ဖြစ်သော ဤစကားအား ထပ်မံပြောရပါလိမ့်မည်။ မိမိ အနေဖြင့် မြန်မာလူငယ်တယောက် အနေဖြင့် အစွမ်းအစ ရှိနေချိန်တွင် သူများထက် ၂ ဆ ကြိုးစားပြလိုက်မယ်ဟူသော စိတ်ဓါတ်များ ထွက်မလာပဲ သူများလောက်လုပ်စရာမလို ပဲ ဘယ်လို အချောင် ရနိုင်မလဲ စဉ်းစားကြသူလူ ငယ်များအဖို့ MSC မှ အရှက်တကွဲ အထုတ်မခံရမှီ ကြိုတင် စဉ်စား၍ မိမိကိုယ်တိုင်ရေးသားထားသော post ဟုတ်ပါသလား ၊ ကူးယူထားသော ဆောင်းပါး ဖြစ်ပါသလား ဆိုသည်မှာ မိမိကိုယ်တိုင်အသိဆုံးသာဖြစ်ပါသည်။

အချုပ်ဆိုရသော် ဤ promotion ဟူသောအရာမှာ မိမိ တို့ မြန်မာလူမျိုး အထူသဖြင့် အင်္ဂလိပ်စာကို အသုံးမပြု သည့် နိုင်ငံတွင်လည်း Steemit Platform ပေါ်တွင် အောင်မြင်လိုကြသူများတကယ်ရှိသောကြောင့် ဤ မိမိ ကိုယ်ပိုင်အရည်အချင်းကို ပြသနေကြသော မြန်မာလူငယ်မောင်မယ်များအား တတ်အားသမျှကူညီကြပါရန် နိုင်ငံတကာသို့ တောင်းခံထားသော အကူအညီ ဖြစ်ပါသည်။ မည်မျှရမည် မည်သည့် အချိန်အထိ ရရှိနေမည်မှာ မသေချာလှပါ။

အဘယ့်ကြောင့် ဤသို့ အောက်ကျ နောက်ကျခံ၍ အကူအညီတောင်းရပါသနည်း ဟု ဆိုလျင် မိမိ တို့တွင် Steemit Platform တွင် ရင်းနှီးမြုပ်နှံထားသော လုပ်ငန်းရှင် တယောက်မျှမရှိပါ။ မိမိတို့အား လက်တွဲခေါ်မြင့်တင်ပေးမည့် SP မြင့်မားသော မြန်မာများမရှိ၍ မိမိတို့မှာ ကိုယ်လျှောက်ရမည့်လမ်း ကိုယ်ဖေါ်က်နေရခြင်းဖြစ်ပါသည်။

04.jpg

ထို့ ကြောင့် ဤ ကောက်ရိုးတမျှင် ဖြစ်သော promotion အကူအညီ ပေးနေသူများရှိတုန်ုး အတတ်နိုင်ဆုံး စောင့်ရှောက်ပါရန်နှင့် အကျိုးရှိစွာ အသုံးချပါမည့် အကြောင်း သတိပေးလိုက်ရပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

Photos credit; Google Image

Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟုတ်ကဲ့ပါအကိုကြီး
အခုလိုသေချာရှင်းပြထားပေးလို့သိရှိခွင့်ရတဲ့အတွက်ကျေးဇူးတင်မိပါတယ်ဗျ…ပရိုမိုးရှင်းပြန်ရတော့မှာဆိုတော့ဝမ်းသားအားရဖြစ်မိပါတယ်ဗျ…ညီကတော့နားလည်အောင်အကိုကြီးတို့ရဲ့postတွေကိုပဲလိုက်ဖတ်ရှုနေရပါတယ်ဗျ…လိုအပ်သာတွေကိုလည်းအကိုကြီးပြောပြရှင်းပြပေးတဲ့အတွက်ကျေးဇူးတင်မိပါတယ်အကိုကြီး
လေးစားရိုသေစွာဖြင့်(သူရ)

Promotion က သိပ်အများကြီး ရမှာတော့ မဟုတ် ပေမယ့် 1$ ဆိုတဲ့ ငွေကလည်း ကျွန်တော်တို့ အဖို့တော့ တကယ်ကို အသုံး ဝင်လို့ပါ။ မလိုချင်သူများအတွက် ကိစ္စမရှိပေမယ့် လိုချင်သူများအတွက်တော့ အဖိုးတန်လှပါတယ်။

ဟုတ်တယ်အကိုကြီး
ဘာပဲဖြစ်ဖြစ်postရှည်တွေကိုတော့ကြိုးစားပြီးရေးသွားမှာပါ
နောင်အတွက်ကိုယ်ရေးသာတွေကိုယ်ပြန်ဖတ်နိုင်တယ်လေ………ပြီးတော့ရသလောက်ဟာအားလုံးအတွက်အကျိုးရှိနိုင်တယ်လို့(ညီ)အနေနဲ့ယူဆမိပါတယ်အကိုကြီး
လေးစားစွာဖြင့်(သူရ)

ဟုတ်ကဲ့ပါဗျာ ကြိုးစားလျှက်ပါ ။

ကြိုးစားပါ။ Steemit Platform က ကြိုးစားကြသူများအတွက်ဖြစ်ပါတယ်။ မိမိ အရည်အချင်းကို ပြနိုင်တဲ့ နေရာလည်း ဖြစ်သလို မိမိအရည်အချင်းကို အသိအမှတ်ပြုပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

good and thanks ,

Thanks for your understanding .

ခုတလော steemit မှာ copy ပို့စ်တွေ တွေ့လာရတယ် ။ cheetah comment မှန်းမသိပဲ အောက်ကနေ Thank you ဘာညာဆိုပြီး reply ပြန်ထားတဲ့ ပို့စ်တွေ တွေ့နေရပါတယ်။ ကျနော်တောင် ယောင်ပြီး Vote ပေးလိုက်မိသေးတယ်

ဒါဟာ လူသစ်တွေ ရောက်လာတိုင်း ကြုံတွေ့နေကြပြသနာပါ။ ခက်တာက ဘယ်သူမှ အမုန်းခံပြီးလည်း မပြောကြသလို လမ်းညွန်ပြဖို့လည်း ဝန်လေးကြပါတယ်။

ကျေးဇူးပါ leader

Admin များအတွက်တော့ အလုပ်ရှုပ်အုံးမည် ဖြစ်သဖြင့် ... admin များကို အထူးပဲကျေးဇူးတင်ပါတယ်။ ကိုယ့် ထမင်းကိုယ်စား ကိုယ့် bill ကိုယ်ဆောင်၍ အများအတွက် နည်းနည်း အလုပ်ရှုပ်လိုက်ရအောင်။

သူတောင်းစားပမာ မြန်မာများ vote promotion ရ ရှိစေရေးအတွက် အချိန်ကုန်ခံ မျက်နှာငယ်ခံ အပင်ပန်းခံကာ လုပ်ကိုင်ပေးနေပါသော MSC ရဲ့တစ်ဦးတည်းသော Leader ကိုလေးစားအားနာသောအားဖြင့် တတ်နိုင်သည့်ဘက်မှ စွမ်းဆောင်သွားပါမည် LEADER ခင်ဗျာ

အမုန်းခံ၍ လမ်းညွန်မှုပေးနေကြသော admin များအားလည်း ကျေးဇူးတင်ပါတယ်။

MSC အဖွဲ့ဝင်ဖြစ်လို့ပါတယ်ဗျ.. ဘာတွေလိုအပ်ပါသလဲဗျ...
စည်းကမ်းတွေ မသိဘဲ အကောင့်ဖွင့်ပြီးစမ်းကြည့်ပြီး မထမဆုံး ပိုစ့် နှစ်ခုမှာ ကောင်ပီဆောင်းပါး တင်ခဲ့မိပါတယ်ဗျ.. ဘယ်လိုလုပ်ရမလဲ ဆရာများ အကြံပေးကြပါဦးဗျ...
ကျေးဇူးပါ.....

လိုအပ်တဲ့ အကူအညီများကို အောက်ဖေါ်ပြပါ FB link ကနေဝင်ရောက်အကူအညီ တောင်းနိုင်ပါတယ်။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/?ref=bookmarks

ဟုတ်​ ​ကျေးဇူးပါ

ကြိုးစား​နေမည်​ဖြစ်​သလိုဆက်​လက်​ကြိုးစားသွားမည်​လည်းဖြစ်​သည်

ကြိုးစားပါ။Steemit Platform က ကြိုးစားကြသူများအတွက်ဖြစ်ပါတယ်။ မိမိ အရည်အချင်းကို ပြနိုင်တဲ့ နေရာလည်း ဖြစ်သလို မိမိအရည်အချင်းကို အသိအမှတ်ပြုပေးတဲ့ နေရာလည်း ဖြစ်ပါတယ်။

အရမ်းအကျိုးရှိပါတယ် ခုမှစလေ့လာသူတစ်ယောက်ပါ အစစ်အမှန်ကျိုးစားမှ ပိုတန်ဖိုးရှိမယ်လို့ယုံကြည်ပါတယ် လေးစားလျက်

လိုအပ်တဲ့ အကူအညီများကို အောက်ဖေါ်ပြပါ FB link ကနေဝင်ရောက်အကူအညီ တောင်းနိုင်ပါတယ်။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/?ref=bookmarks

ရှေးရေစက်အကြောင်းတွေရဲ့ယောင်ပြန်ဟပ်မူကြောင့် ညီအကိုမောင်နှမများသဖွယ် ခုဆိုရင်လည်းကြည့်လေ တို့တွေအားလုံးမှာ အကိုကြီးကလမ်းပြ ကိုလက်တွေကလမ်းညွန်ကြိုးစားပေးနေလိုက်ကြတာ ဒီmyanmar steemit ကြီးမှာ အောင်မြင်လာအောင် ကျန်တဲ့တို့ညီငယ်တွေအနေနဲ့ အစွမ်းကုန်ကြိုးစားကျပါကုန်လော့…ဟု တိုက်တွန်းလိုက်ရပါတယ်နော်…

ကျ​နော့မှာ အ​ကောင့်​ကပွင်​​ပြေီး​တော့
ပတ်​စပ်ဝ​တ်​မှတ်​တာ မှား​နေလားလို့ပြန်​ကြည့်​ချင်​တာဘယ်​ကြည်​ရမလဲ အကို သိရင်​​ပြောပါ့လား င်​ဟ

လိုအပ်တဲ့ အကူအညီများကို အောက်ဖေါ်ပြပါ FB link ကနေဝင်ရောက်အကူအညီ တောင်းနိုင်ပါတယ်။

https://www.facebook.com/Myanmar-Steemit-Newbies-116871002276941/?ref=bookmarks

ဆရာတို့စေတနာကိုအစဉ်လေးစားလျှက်ပါဆရာ

ကြိုးစား​ရေး​နေပါတယ်​အကို တစ်​ပုဒ်​ကို အနည်းဆုံး၎ရက်​​လောက်​ကြာပါတယ်​ဗျာ

ဟုတ် အစ်ကိုကြီး

thanks.

  ·  7 years ago (edited)

Great idea

Good thanks sir

မသိတာတွေသိခွင့်ပေးတဲ့အတွက်ကျေးဇူးပါဆရာရေ

Congratulations @kachinhenry! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments received

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Adminများကို ကိုယ်​ချင်းစာပါတယ်
ကျေးဇူးလဲအများကြီးတင်ပါတယ်

Promotion နားတုန်းရေးထားတာ သုံးပုဒ်တော့ရပြီ။ခုpromotion ရပြီဆိုတော့တင်တော့မယ်။စာရေးတာလည်းနှေးလို့။တဖြေးဖြေးနဲ့တော့ ကြိုးစားရေးနေပါတယ်။

လူတိုင်းလူတိုင်း ငွေဆိုတဲ့ အနံအရသာ မပါတဲ့အရာကို မက်မောကြတယ်ဆိုတာ လက်ခံပေမယ့် အလကားအချောင်ခိုးကူးပီး အခွင့်အရေးရယူတာကိုတော့ လက်မခံနိုင်ဘူး ဒါကြောင့် လုပ်နိုင်သလောက်လုပ်ကြပါ သိက္ခာကိုထိန်းပါ ကိုယ်ရသင့်ရထိုက်သလောက်ယူပါ ကိုယ်ရသင့်တာထက်ပိုလိုချင်ပီး ခိုးချရင်တော့ အရှက်ခွဲချိန်မှာလွန်တယ်လို့မထင်ပါနဲ့ ထောက်ခံတယ်

good vro

Promotion ပြန်​ပေးတဲ့အတွက်​ ​ကျေးဇူးပါရှင့်​ 😊
Promotion မရှိခဲ့ရင်​ဆိုတဲ့စိတ်​နဲ့လည်း ကြိုးစား​နေပါတယ်

ဟုတ်ကဲ့ပါရှင့်၊ကျေးဇူးပါအကို

တကယ်အကျိုးရှိတဲ့စာပါ . . . ကျေးဇူးအများကြီးတင်ပါတယ်ဗျ . .

Hi အကိုဆရာရေ ညီ follow and vote ပေးခဲ့ပါတယ်ဗျ ကျနော့်ကိုလဲပြန်ပြီး follow and vote ပြန်လုပ်ပေးပါအုံးဗျ အကိုဆရာ

လေ့လာသင်ယူနေသူများအတွက်အကောင်းဆုံးအကြံပေးစာတစောင်ဟုတ်သလို ဆုံးမ သတိ ပေးစာမျိုးလဲဖြစ်လို့ဖတ်မိသူများအားလုံးအတွက်အကျိုးရှိစေပါတယ်အကို
ကျေးဇူးပါအကို

အဲဒီ​ကောက်​ရိုး​လေးတစ်​မျှင်​ကိုပဲအားကိုး​နေရတာပါဗျာ။Msc ရဲ့ အကူညီမရရင်​ ကျ​တော်​တို့ပို့စ်​​တွေက ပြားစွန်းထက်​မပိုပါဘူး။ကျ​တော်​က​တော့ msc pro ရသည်​ဖြစ်​​စေမရသည်​ဖြစ်​​စေကို​ရေးနိုင်​သ​လောက်​​တော့​ရေးပြီးဖြည်းဖြည်းမှန်​မှန်​​တော့ချီတက်​​နေမှာပါ။အများနဲ့လုပ်​ရတာဖြစ်​တဲ့အတွက်​mscကိုလည်းနားလည်​ပါတယ်​။adm ​တွေကိုလည်းကိုယ်​ချင်းစားပါတယ်​။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် ခင်ဗျ

wကျော်တို့တွေလည်း ခုလိုMscရှိနေလို့ အဆင်ပြေနေတာပါ