Myanmar Steemit ကျေးရွာသို့ ဒုတိယအကြိမ် အလည်သွားခြင်း -အပိုင်း-၂ ( ခေတ်စမ်း ) ( Henry Aung )

in myanmar •  7 years ago 

henry.jpg

မင်္ဂလာပါ။ ယခင်ဆောင်းပါးတွင် Myanmar Steemit ၏ ရွာခံလူမိုက် ကျားသက် ဇော်အကြောင်း အသေးစိတ်ဖေါ်ပြခဲ့ပြီး ဖြစ်၍ အခြားသောရွာသာများ အကြောင်း ဖေါ်ပြပေးရန် အကြောင်းဖန်လာချေပြီ။ အဘယ်သို့ သော အကြောင်းနည်း။ @minsoenine ခေါ် ဓါးစိုးနိုင် ဖြစ်၏။ ဓါးစိုးနိုင်ကာ တခေတ်တခါက နာမည်ကြီးခဲ့သော ယိမ်းနွဲ့ပါး ဓါးပိုင်ရှင် ၏ မြစ်တော်သူ ဖြစ်၏။

ဓါးစိုးနိုင်၏ အဘေးကာ ယိမ်းနွဲ့ပါးဓါးကိုင်၍ အင်္ဂလိပ်တို့အား တော်လှန်ခဲ့သူဖြစ်၏။ ဤ ယိမ့်နွဲ့ပါးဓါးမှာ နာမည်ကြီး၍ အနှီး ဓါးအား ပြုလုပ်ခဲ့စဉ်က ပိုနေသော သံစအား ဓါး အတို လေး တချောင်း ထပ်မံပြုလုပ်ထားသော ဟူ၏။ ယိမ်နွဲ့ပါး ဓါးအရှည်မှာ အင်္ဂလိပ်တို့ သိမ်းယူ သွားပြီ ဖြစ်သော်လည်း ဓါးအတိုလေးမှာ ယခု မင်းစိုးနိုင် လက်အတွင်း ရောက်ရှိနေပြီ ဖြစ်၍ ဓါးစိုးနိုင်ဟူ၍ နာမည်တလုံးနှင့် မိုက်နေသူ ဖြစ်၏။

ဓါးစိုးနိုင်ကာ လူမိုက်ဖြစ်သော်လည်း Myanmay Steemit ရွာမှ ကလေးများ၏ အချစ်တော်ဖြစ်၏။ အဘယ့်ကြောင့်ထိုကလေးများ လူမိုက်ဓါးစိုးနိုင်အား ချစ်ကြသနည်း။ အကြောင်းရှိပါ၏။ စနေ တနင်္ဂနေ့ ကဲ့သို့ သော ကျောင်းပိတ်သော နေ့များတွင် ဓါးစိုးနိုင်မှာ ကလေးများနှင့် တရုန်းရုန်းရှိတတ်၏။ မုန့်ဖိုး ပေးသောကြောင့်လော။ မဟုတ်ပါ။

Myanmar Steemit တရွာလုံးရှိ ကလးများကာ တပါတ်စာ ကျိုးနေသော ခဲတံများအား ယူလာ၍ ဓါးစိုးနိုင်အား ခဲတံချွန်ခိုင်းကြ၏။ ဓါးစိုး နိုင်လည်း ကလေးများ၏ ခဲတံအား စိတ်ရှည် လက်ရှည် ချွန်ပေးသောဟူ၏။ ကောင်းလေစွ။ တခေတ်တခါ နာမည်ကြီးခဲ့သော ဓါးမှာ ယခုတော့ ခဲတံချွန်သော ဓါး ဖြစ်နေလေပြီ။ ရှိစေတော့။

01.jpg

@aungzawhtwe ခေါ် လက်မနှေး ဇော်ထွေးအကြောင်းမှာ ထွေထွေထူးထူးပြောရန် မရှိပါ။ သူ၏ ဂုဏ်ပုဒ်အတိုင်း ရန်ပွဲ ဟေ့ ဆိုလျက် ဇော်ထွေးတို့ပါပြီး ဖြစ်၏။ သူ၏ လက်သုံးစကားမှာ " ငါလူမိုက် ငါ့ခေါင်းကြည့် ဒါဏ်ရာကြီးပဲ " ဟူလို။ ဤလူမိုက်သုံးဦးတို့ စတေးချရာနေရာမှာ @thihakoko ခေါ်သီဟကို၏ ထန်းတောတွင် ဖြစ်၏။

သီဟကို မှာ လူမိုက်များကို ကြောက်၍ ထန်းရည် အလကားတိုက်ရ သောကြောင့် မိန်းမဖြစ်သူ @sandipoe ဆန္ဒီပိုး အား ညနေဖက်တွင် ပိုက်ဆံများများ မအပ်နိုင်သဖြင့် မိန်းမဖြစ်သူမှ ညစာ ငတ်မယ် ပြောထားသဖြင့် အကြံအိုက်နေသူ ဖြစ်၏။ သို့ပေသိ အရက်ပုန်းချက်သူ မောင်ရှိန်းသူ ထံမှ ချက်အရက်များပါ ယူရောင်းသဖြင့် ယခုတော့ ညစာပုံမှန်စားနေရသည်ဟူသတတ်။ အဘယ်သို့သော ညစာဟူ၍ သိချင်လျင် သီဟကို အားသာမေးပါလေ။

ကျွနုပ်လည်း သီဟကို ပြောပြသဖြင့် @sheintu မောင်ရှိန်းသူ ၏ အရက်ချက်သောတဲသို့ ရောက်ရချေတမုံ့။ မောင်ရှိန်သူကာ ချက်အရက်တမျိုးတည်းသာ ချက်သော်လည်း သူ၏ တဲအတွင်း၌ကာ နိုင်ငံခြားဖြစ် အရက်များလည်း ရှိ၏။ အံ့သြဖွယ်ကောင်းလေစွ။ နိုင်ငံခြား အရက်များ မည်သို့ ရရှိကြောင်းမေးသောအခါ သူကိုယ်တိုင်ချက်ထားကြောင်း ပြောပြသဖြင့် ပို အံ့သြရ၏။

အဘယ်သို့သော formula များဖြင့် မောင်ရှိန်းသူ အရက်ချက်နေပါသနည်း။ ရှုလော မိတ်ဆွေ။ မောင်ရှိန်းသူကာ ချက်အရက်တမျိုးတည်းသာချက်၏။ ဘရန်ဒီ လိုချင်လျင် ချက်အရက်ကို လိမ္မော်ခွံဖြင့် စိမ်သောဟူ၏။ ဝီစကီ လိုချင်လျင် ချက်အရက်အား သစ်ကြပိုး ခေါက်ဖြင့် စိမ်လိုက်လျင် ကမ္ဘာကျော် နာမည်ကြီး အရက်ဖြစ်သော ဝက်သစ်ချ စည်ပိုင်း ဖြင့် ထားသိုထားသော Blue label, johnny walker ဝီစကီ ၏ အနံ့အရသာနှင့် တထေရာတည်း ရနိုင်သောဟူ၏။

မောင်ရှိန်းသူ ၏ တီထွင်ချက်ကာ အံ့မခန်း ရှိပေစွ။ အခြားသော အရက်ချက်နည်း formula များစွာရှိသော်လည်း Myanmar Steemit လူငယ်များ အတုယူ မှားမည် စိုးသောကြောင့် မဖေါ်ပြနိုင်တော့သည်ကို သည်းခံကြပါကုန်။

02.jpg

ထို့နောက် မောင်ရှိန်းသူ မှ ကျွန်တော့အား အလွန်ထူးဆန်းသာ အရက်တပုလင်းပြ၏။ အရက်၏ နာမည်ကာ နှစ်တထောင် ရွှေပန်း အရက်ဟူလို။ မြန်မာပြည် မြောက်ဖျားပိုင်း ရေခဲတောင်ဒေသရှိ ပနန်ဒင်ဟူ သော ဒေသတွင် နှစ်တထောင်လျင် တခါ သာပွင့်သော ရွှေပန်း ဖြင့် ချက်ထားသော အရက်ဖြစ်၏။

ထိုအရက်၏ တန်ဖိုးကို မေးသောအခါ နဖာကလော် တဇွန်းစာခန့်ကို SBD 1000 ခန်မျှ ပေးရသဖြင့် ကျွနုပ်ကာ အံ့သြမဆုံး ရှိချေတော့၏။ မောင်ရှိန်းသူ ထို ရွှေပန်းအား မည်သို့ ခက်ခက်ခဲခဲ ယူ ခဲ့ရပုံကို သူ၏ @sheintu ဘလော့ ထဲတွင် ဝင်ရောက် ဖတ်ရှုနိုင်ကြောင်းလည်း သိရ၏။ ထိုကြောင့် ရွှေပန်း အရက် သောက်လိုလျင် SBD သာစုထားကြပါလေ။

ထို့နောက် ကျွနုပ်လည်း မောင်ရှိန်သူ၏ အရက်ချက်သောတဲမှ ထွက်၍ ရွာတောင်ဘက်ရှိ စမ်းချောင်းသို့ ထွက်လာခဲ့၏။ ရွာတောင်ဘက် သွားသောလမ်းတွင် @asterkame ခေါ်ဒေါ်အေးဘုံ နှင့် တွေ့၏။ ဒေါ်အေးဘုံ မှာ Myanmar Steemit ကျေးရွာတွင် မှော် အတတ်ကို တဖက်ကမ်းခတ် တတ်မြောက်ထားသူဖြစ်၏။

03.jpg

ကျွနုပ်အားတွေ့သည်နှင့် ဆရာဒွန်အကြောင်းကို မေးလေ၏။ အကြောင်းမှာ @dunjaun ဆရာဒွန်ထံတွင် ဆရာမ စောနန်းဝေ ၏ ထမီ ခြုံလိုက်လျင် လဒ ဖြစ်သွားသော ထမီ ရှိနေသောကြောင့် ဖြစ်၏။ ကျွန်တော် ကလည်း ဤ တမာရွက် ပြုတ်နံ့ သင်းနေသော ထမီအား ဆရာဒွန် ကလည်း သူတရားအားထုတ်ရာ ဒေးစွန်ပါ သို့ ယူမသွားတန်ရာ ဟုပြောပြရ၏။

အမှန်တော့ ထို ထမီမှာ ဆရာဒွန် လမ်းစရိတ် မလောက်၍ @ayemomo အပျိုကြီး အေးမိုမို ၏ အပေါင်ဆိုင်တွင် 5 SBD ဖြင့် ပေါင်ထားခြင်း ဖြစ်၏။ ကျွနုပ်လည်း ဒေါ်အေးဘုံအား စကားအမြန်ဖြတ်ရ၏။

ဒေါ်အေးဘုံ၏ မှော်အတတ်မှာ အလွန်ထူးဆန်းသလို အစွမ်းလည်းထက်သောကြောင့် ဖြစ်၏။ စက္ကူ တို့ကို မိမိလိုရာ ပုံစံ ခေါက်ပြီးမှော် အတတ်ဖြင့် အသက်သွင်းပြီး စေခိုင်းခြင်း ဖြစ်၏။ မယုံလျင် သူ၏ @asterkame ဘလော့တွင် ရောင်စုံစက္ကူများခေါက်၍ အသက်သွင်းထားသည်ကို သွားကြည့်ပါလေ။

ကျန်ရှိနေသေးသော Myanmar Steemit ကျေးရွာသူ ရွာသားများ အကြောင်းကို နောက်ဆောင်းပါးတွင် ဆက်လက်ဖေါ်ပြပေးပါမည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဟဟ. ဒို့အကိုကြီး ကိုဟင်ကတော့ လုပ်ချလိုက်ပီ
ညီအရက်ရောင်းနေတာ ကိုအောင်ဇော်ထွေးသိသွားလို့ကတော့
ကိုသီဟကို သူ့မိန်းမကြောက်တာထက်ပိုဆိုးပီလေ....
ဟိုတလောတုန်းကကို...ကျားကသက်တို့ကတောင်..ညီအရက်ဖို လိုက်ရှာနေခဲ့လို့..မနဲခြေရာဖျောက်ထားခဲ့ရတာ...ဒီတစ်ခါတော့..ဂွမ်းပ..
ဒါမယ့်..လူစီစီ ကွမ်းထုပ်ဖြေသလိုဖြစ်တော့လည်း..ညီရဲ့ နောက်ဆုံးအရက် formulaကိုထုတ်သုံးရတော့မှာပဲလေ..ဟဲဟဲ
ကျေးကျူးကဘာဆိုင်ရော်..အကိုရေ..

ရွှေပန်းအရက်လေး နဲနဲလောက်ပါ..ကိုရှိန်း.. :P

Golden flower အရက် အတော် သောက်ချင်နေပုံပဲ ..
အေးအေး သောက်ပြီးမှ အရုပ်လာထိုးတော့ သိပ်မနာတော့ဘူးပေါ့ ကွာ

ရွှေပန်း အရက်ပါဆို ဈေးကြီး ပြီပေါ့။

ရွှေပန်းအရက်တော့ မသောက်ပါရစေနဲ့ အကိုတို့ရယ်

နဖားကလော်၁ဇွန်းကို sbd၁ထောင်ပါဆို..ko domeကလည်း..
သောက်ရခဲတယ်.. :D

ကိုယ်တွေတောင်…မသောက်လိုက်ရဘူး…ဘူလစ်သွားလဲမသိဘူးလို့😂😂

ရှိန်းသူအဲ့အရက် ကျွန်တော့်အတွက်ချန်ထားအူး

အရက်ချက်နည်းလေးမစပါဦးဗျ တက်သစ်စလေးမို့ပါ ငိငိ

အရေးအသားတော်တော်တိုးတက်လာတယ် .......ဆက်ကြိုးစားပါ.......အောင်မြင်ပါစေ..........ပြောလည်းပြောချင်တယ် ပြောလည်းမပြောရဲဘူး......

အောင်မြင်နေပါတယ်လို့ တော့ မပြောနိုင်ပေမယ့် ဆက်ပြီးတော့ ကြိုးစားနေပါတယ်လို့

ရွာထဲမရောက်သေးဘူး ထန်းတောနဲ့အရက်ချက်တဲ့နေရာတော့ရောက်နေပြီ ဟီး

အစ်ကိုဟင်ကလည်း အရေးကြီးတဲ့ နေရာ အရင်သွား ရတာလေ...

😂

ငါ​တော့လွတ်​သွားပီ ဟိဟိ

မလွတ်သေးဘူး ကိုသက်ရေ ထန်းရည် အလကား တိုက်ရလို့ ဘာမှမဖြစ်ပေမဲ့ ကိုသက်ရိုက်ခွဲ သွားတဲ့ ထန်းမြူအိုးဖိုးလေးတော့ အလျော်ပေးသွားခဲ့ပါဦး ဗျာ ကျနော့် မီးမ အန်တီးပိုး အကြောင်းလည်း သိတယ်မဟုတ်လား ကျနော် တကယ်ငတ်လိမ့်မေဗျ

ကျားသက်ဇော် ပဲလေ... နောက်အခန်း တွေမှာ ဆက်ထည့် ပေးပါမယ်။

ဟုတေ ဆရာ ကိုသက်စီမှာ အလျော်တောင်းရမေ

ထင်လား ကျားသက်ဇော် ...
ဟွန်းဟွန်း ...
သတိသာ ထားနေတော့

ဗျဲ လွတ်​​ပေးကြဘူး

လက်မနှေးဇော်ထွေး က ညက group ထဲမှ အရက် ချက် ဖို့ တိုင်ပင်နေတယ် အကိုရေ ရောင်းရမယ် မထင်ဘူး သူသောက်တာနဲ့ ကုန်မယ်ထင်တယ်။ကိုသက် နဲ့ နှစ်ယောက်သာပေါင်းမိရင် ထန်းတော ထဲကကို ထွက်မယ် မထင်ဘူး

အဟားး

အဲတာ.. တားထားမှ ဖြစ်မယ်။ မဟုတ်ရင် လက်မနှေးတဲ့ သူ တွေ ဒုက္ခရောက်လိမ့်မယ်

ဟားဟား ပြန် စ လာပီ ရွာ ဇာတ်လမ်း .....

နိကို သနားလို့ ချန်ထားတာ

ဟဲ ဟဲ ဟုတ်​ပါပီဗျာ......

ခေတ်စမ်းစာပေဆိုတာ
အစ်ကိုဟင်ရေးမှကြားဖူးတယ်.
ရေးနိုင်အောင်ကြိုးစားမယ်ဗျာ.
ဒါပေမဲ့ လွယ်မှာတော့မဟုတ်လောက်ဘူးနော်

ခေတ်စမ်း စာပေ ဟာ ကျွန်တော်ရေးတာမဟုတ်ပါဘူး။ ကျွန်တော်က ခေတ်စမ်းစာပေကို သဘောကျလို့ လိုက်တု ရေးကြည့် နေတာပါ။ ခေတ်စမ်းစာပေကို မသိဘူးဆိုရင် ညီလေးရဲ့ စာဖတ်အားကို ခန့်မှန်းလို့ ရနေပါပြီ။ ခေတ်စမ်းစာပေဟာ ၊ ဆရာကြီး မင်းသုဝဏ်တို့ သိပ္ပံ မောင်ဝ တို့ စစ်ကြိုခေတ်မှာ စခဲ့ကြတဲ့ စာပေပါ။ ဦးဖိုးကျားရဲ့ ကိုယ်တွေ့မှတ်တမ်း ဟာ ခေတ်စမ်းပါ။ သိပ္ပံမောင်ဝရဲ့ မောင်လူအေး လည်း ခေတ်စမ်းပါ။ ဒီဘက်ခေတ်မှာ ခေတ်စမ်းနဲ့ သရော်စာ ကောင်းကောင်း ရေးနိုင်သူ ၊ ဖူးခက်မှာ နေတဲ့ ဆရာမင်းဒင် တို့ ရှိပါသေးတယ်။ စာဖတ်ပါလို့ တိုက်တွန်းပါရစေ။ ကျွန်တော်ရေးတယ်ဆိုတာ ခေတ်စမ်းလို့ သာ ခေါင်း စဉ်တပ်ထားရတာ။ ခေတ်စမ်း စာပေ ကို မှီ မယ်လို့ တော့ မထင်ပါဘူး။

ဟုတ်ကဲ့ပါအစ်ကိုရေ.
ခေတ်စမ်းစာပေကိုမသိတာတော့တကယ်ပါ.
ဝန်ခံပါတယ်.စာပေဘက်ကတော့ခုမှ ကြိုးစားဖတ်နေရတုန်းဆိုကောင်းကောင်းမလှည့်ဖြစ်သေးလို့ပါ.စာအုပ်ကောင်းမတွေ့တာလည်းပါတာပေါ့.နောက်ပီးအစ်ကိုပြောတဲ့ ခေတ်စမ်းစာပေရေးတဲ့ ဆရာကြီး မင်းသုဝဏ်တို့/သိပ္ပံမောင်ဝတို့ကတော့အထက်တန်းအဆင့်မှာထဲကသင်ခဲ့ရလို့ကြားဖူးပါတယ်.ဒါပေမဲ့သူတို့စာပေတွေကိုတော့ကောင်းကောင်းမဖတ်ဖြစ်သေးဘူးအစ်ကို.အဲဒါကြောင့်ခေတ်စမ်းစာပေမှန်းသတိမထားမိဘူး.စာပေဗဟုသုတက ကျွန်တော်တို့တော်တော်လိုသေးတယ်အစ်ကိုရေ.ကြိုးစားရအုံးမယ်ဗျ.

အကိုဟင်ကတော့ @seinthu @aster@thiha@sandipo@minတို့အကြောင်းတော်တော်ရေးထားတာဘဲ။အားပေးတယ်အကို။နောက်ဘယ်သရုပ်ဆောင်တွေ ပါအုံးမလဲ။စောင့်မျော်ဘျှက်ပါအကိုရေ

ကြိုးစားပြီးရေးနေပါတယ်လို့

စိတ်ဆိုးသွားပြီ ယိမ်းနွဲ့ပါးဓားမျိုးဆက်ကို ခဲတံချွန်ခိုင်းတာကတော့များသွားပြီ ၊ခုကိုင်နေတာ Stee နဲ့လုပ်ထားတဲ့ Steemit ဓားနော် ဘယ်လိုခုတ်ခုတ် sbd ပွက်ပွက်အန်သွားမယ်

တခါတည်းပါ။

အများကြီးလည်း ရှင်းမပြရဲဘူးဆရာရေ။ ရှင်းမှပိုရှုပ်ကုန်မယ် ။ သမီးတို့ တောသူတောင်သားတွေက မပြည့်စုံတော့ ညပိုင်း ထန်းရည်ဆိုင်ပိတ်ပြီး ပြန်လာတဲ့ ယောကျာ်းပါလာသော ငွေတိုငွေစလေး နဲ့ ဆန်လေး တစ်ဘူးစ နှစ်ဘူးစ ဆီလေး တစ်မုတ် နှစ်မုတ် ဟင်းချက်စရာလေး အနည်းငယ် ဝယ်ပြီး ချက်ပြုတ်စားရတာဆိုတော့လေ ထန်းရည်ရောင်းရ ငွေလေးမှပုံမှန် မအပ်နိုင်ရင် ညစာထမင်း ငတ်မယ်လို့ပြောတာပါလို့ ။ ဟီး

သီဟကို ကို မေးကြပါဆိုတာ သူ့မိန်းမက လာရှင်းသွားတယ်။ အစ်ကိုတို့လည်း အဲဒီ အတိုင်းပဲ ထင်နေတာပါ။ ဟီး

လောလောဆယ် တို့တော့ လွတ်နေတယ်ဟေ့ ဘယ်ကွေ့ကျမှ ဆော်မယ်မသိ။ ဟိဟိ ။

ဆာဟင် စာတွေဖတ်ရ ကောင်းပဗျာ။

ကို ရွှေဘို ဘယ် အလွတ်ပေးလို့ ဖြစ်မလဲ။ တနေရာတော့ ထည့်ပေးရမှာပေါ့။

ခြုံလိုက် ရင် လဒ ဖြစ်တယ်ဆိုတာ အကိုဒုန်ရဲ့ စူးစမ်းလေ့လာမှုအားနဲ့ဆို သေချာတယ် ခြုံကြည့်ဖူးလောက်တယ်အကို

ကိုဒွန် က စိတ်ကြီးတယ် မခံချင်စိတ်နဲ့ ခြံရင်ခြုံဖူးမှာ

တရားကောင်းကောင်း အားမထုတ်ရဘူးကွာ ...
လာပြီ အဲ့ ထမိန်ယူပြီး လာပြီ။
သတိသာ ထားနေကြတော့

ကျွန်​မအိမ်​လည်းလာလည်​ဖို့ဖိတ်​ပါတယ်​ရှင်​။ထမင်း​ကျွေးချင်​လို့ပါ။😜😜😜😜

ဟုတ်ကဲ့ .. လာခဲ့ပါမယ်။ တရွာလုံးကို ခေါ်လာခဲ့မယ်။

Really funny.
အကို မသိလိုက်သည့် အချက်အား ပြန်လည် ပြေကြားလို၏။ မအေးမိုမိုထံတွင် အပေါင်ထားသော ထမိန်သည် အပေါင်ဆုံးသွား၏။ ကျတော် ပြန်မရွေးနိုင်တော့သော အနှီထမိန်ကို မအေးမိုမိုမှ အကွက်မြင်စွာဖြင့် ရွာ၏ တဦးတည်းသော စက်ရက်ကန်း ပိုင်ရှင် ကြည်ထံသို့ 10 sbd နှင့် ပြန်လည် ရောင်းချ လိုက်ကြောင်းကြားသိရပါတယ် အကို။
😂

အဲ့တာဆိုရင်တော့ 3 in 1 မယ်ကြည် @ kyiအသက် ဝင်လာရတော့မှာပေါ့

လုပ်လိုက်တော့ အကို ရေ ....

ဒီမာ စတာကိုး😁😁လိုက်ရှာလတ်ရတာ😍

အကိုဟင် ဒီလိုအရေးအသားလဲဖြစ်တာပါ့လားဗျ ဟီးးးးးးးး

ရွာထဲမြို့ပိုင်မင်းဝင်မွှေသားတာ မသိလိုက်ဘူးကွာ ၊ ငါတော့ သူကြီးရာထူးကပြုတ်တော့မှာပဲ။

သူကြီး ရာထူးမပြုတ်စေရပါဘူး။

သို့သော formula မျာ
ခေတ်စမ်းစာပေဆိုတာ
အစ်ကိုဟင်ရေးမှကြားဖူးတယ်.
ရေးနိုင်အောင်ကြိုးစားမယ်ဗျာ.
ဒါပေမဲ့ လွယ်မှာတော့မဟုတ်လောက်ဘူးနော်

အ​ရေးအသားက Steem အပြည့်​ပါပဲ

အ​ရေးအသားက attraction အပြည့်​ပါပဲ

wow amazing places and things lovely photography.Love to see the old things

အစ်ကို postကိုဝင်ကြည့်မှပဲ Steemit မှာမြန်မာတွေစည်းလုံးကြမှန်းသိတော့တယ်ဗျာ.
အားကျလေးစားမိပါတယ်အစ်ကိုရေ

ဒီရွာကလူတွေ အတက်ကလည်းစုံပါ့နော်

အလည်သွားကြပြန်ပြီ

ခေတ်စမ်းဟာသလေးများလား

မနေ့ကတနေကုန် မူးပြီးမှောက်နေလို့ အခုမှ ဖတ်ရတော့တယ်

This article is very good. The case of knife is not understandabl

ခေတ်စမ်းဟာသလေးများလား

thank you, your post

ကောင်းလိုက်တာအကိုရေ
ဆရာဒွန်ကို ထမီမြန်မြန် လာရွေးဖို့ သွားပြောရအုန်းမယ် ဟီးဟီး
ဖတ်ရတာ တကယ်ကို ရသမြောက်ပါပေတယ်

ကြည့်အိမ်နား နီးလာပီယေ😊😊

ဘယ်​အခန်း​လေးပါရပါရ ပါချင်​သား 😁