မင်္ဂလာပါ။လွန်ခဲ့သော ရက်အနည်းငယ်က မြေအောက်ရထားစီးရင်း သူငယ်ချင်း ဟောင်းတယောက်နှင့် အမှတ်မထင် ဆုံတွေ့ခဲ့ပါသည်။ ထိုသူငယ်ချင်းမှာ အတော်အတန်ရင်းနှီးသည်ဟု မဆိုနိုင်သော်လည်း စင်္ကပူ၌ ကျွန်တော် ညကျောင်း တက်နေစဉ်ကာလတွင် ကျွန်တော်နှင့်အတူ တတန်းတည်း တက်ရောက်ခဲ့သူဖြစ်ပါသည်။
သာကြောင်းမာကြောင်း အလုပ်အကိုင် အကြောင်းများ ရောက်တက်ရာရာများ ပြောဆိုကြရင်း ကျွန်တော်က ယခုတလော ခေတ်စားလာသော blockchain နည်းပညာအား သိပါသလားဟု ရုတ်တရက် မေးလိုက်သောအခါ သူ့အဖြေမှာ " Bitcoin " ဆိုတဲ့ဟာမဟုတ်လားဟူ၍ ပြန်မေးပါသည်။ တဆက်တည်း ကျွန်တော့အားသတိပေးလိုက်သည်မှာ " နင်အဲဒီ Bitcoin ဆိုတဲ့ဟာတွေကစားနေတာလား နင်တော့ အလိမ်ခံရတော့မယ် " ဟူလို။
သူ့အား အပြစ်မဆိုသာပါ။ လက်ရှိ လူ ၁၀ ယောက်အား မေးလျင် ၈ ယောက်၏ အဖြေမှာ blockchain ဟူသည်မှာ bitcoin ဟု ပြန်ဖြေပါလိမ့်မည်။ ထို့အတူ Bitcoin ၏ သတင်းများကလည်း ကောင်းသတင်းထက် ဆိုးသတင်းပိုများသောကြောင့် ဤလောကအကြောင်းထဲထဲဝင်ဝင်လေ့လာသိရှိထားသူသာလျင် blockchain နှင့် cryptocurrency ကိုခွဲခြားသိနိုင်ပါလိမ့်မည်။
ဤ အကြောင်းအရာများအား ကျွန်တော့၏ ယခင်ဆောင်းပါးများတွင်လည်း ဖေါ်ပြပေးခဲ့ဘူးပြီ ဖြစ်ပါသည်။ ဤသို့ဆိုလျင် blockchain သည် Bitcoin မဟုတ်ပါသလော?။ အနီးစပ်ဆုံး ဥပမာပေးရလျင် " internet ဆိုတာ Wifi လား " ဟူသော အမေးနှင့် ဆင်တူမည်ဟု ထင်ပါသည်။ စာဖတ်သူသာ သင့်တော်သလို ဖြေကြည့်ကြပါကုန်။
ဤ ဆောင်းပါးမှာ blockchain နှင့် cryptocurrency တို့အား ခွဲခြမ်းစိတ်ဖြာရန် မဟုတ်သော်လည်း နည်းပညာ ပြောင်းလည်း လာမှုအပေါ် တရက်နှင့်တရက် တလနှင့်တလ အလွန်ကွာခြား လာနေသော အခြေအနေများအား ဖေါ်ပြပေးလိုရင်းဖြစ်ပါသည်။ အခြားသောအရာများအား မကြည့်ပါနှင့် ဤ steemit platform သည်ပင်လျင် လွန်ခဲ့သော ၂၀၁၆ ခုနှစ် အခြေအနေနှင့် ယခုအခြေအနေအတော်ခြားနားသွားပြီဖြစ်ပါသည်။
၂၀၁၇ ခုနှစ် Bitcoin ဘူဘောင်းပေါက်ပြီးနောက်ပိုင်းတွင် cryptocurrency များ ရင့်ကျက်သွားရန် အချိန်အတော်ယူခဲ့ကြရပါသည်။ ထို့နောက် ICO နေရာများတွင် IEO များနေရာယူလာကြခြင်းနှင့်အတူ အသစ်ထွက်ပေါ်လာကြသော cryptocurrency များက ဈေးကွက်နေရာရရန် ယခင်ကထက် ပိုမိုကြိုးစားလာကြပါသည်။
ဤ steemit platform ပေါ်မှပင် များမကြာမှီ မရေတွက်နိုင်သော coin များ token များ projects များ ထွက်လာကြပါလိမ့်မည်။ ကျွန်တော်တို့အနေဖြင့် ထို အရာအားလုံးအား ပါဝင်ပါတ်သက်ရန် မစွမ်းသာပါ။ ကောင်းနိုးရာရာ မိမိနှစ်သက်ရာ Project များတွင်သာ လိုက်ပါစွမ်းဆောင်နိုင်ကြပါလိမ့်မည်။
ဥပမာ အားကစားနှစ်သက်သူကအားကစား ၊ ဂိမ်း နှစ်သက်သူက ဂိမ်းကစား ၊ စာပေရေးသားရန် အားသန်သူက ဆောင်းပါးများရေးသား ၍ post တင်အစရှိသဖြင့် မိမိအားသန်းရာနေရာတွင် လိုက်ပါစီးမျှောနိုင်ပါလိမ့်မည်။ ဤ blockchain နည်းပညာအား အနီးစပ်ဆုံး ဥပမာ ပေးရလျင် internet ရေပန်းစားလာပုံနှင့် တူပါသည်။
internet အစဦးကာလတွင် social activity ဆိုလျင် Yahoo! Messenger အား ပြေးမြင်ကြမည် ဖြစ်သော်လည်း ယနေ့ခေတ် Social media ဟုဆိုလိုက်လျင် အလွန်ကျယ်ပြန့်သွားခဲ့ပြီ ဖြစ်ပါသည်။ internet ကြောင့် digital ခေတ်တခေတ် ပြောင်းလည် သွားသကဲ့သို့ပင် ယခု blockchain နည်းပညာကလည်း ကျွန်တော်တို့၏ လူနေမှုပုံစံ ခေတ်တခေတ်ကိုပြောင်းလည်းပေးပါလိမ့်မည်။ မည်သို့မည်ပုံပြောင်းလဲလာလိမ့်မည်ကတော့ အတပ်မပြောနိုင်သေးပါ။ သေချာသည်ကတော့ ကျွန်တော်တို့၏ ငွေကြေးဆိုင်ရာတန်ဖိုးနှင့် ပိုင်ဆိုင်မှု ပုံစံများ ပြောင်းလာပါလိမ့်မည်။
စာဖတ်သူအနေဖြင့် ကိုင်တွယ်၍ မရသော ငွေကြေးသည် တန်ဖိုးရှိနိုင်ပါမည်လော၊ အသုံးပြု၍ ရနိုင်ပါမည်လောဟု သံသယရှိလျင် ယနေ့ Bitcoin တခု၏ တန်ဖိုးကို မြန်မာငွေနှင့် တွက်ချက်ကြည့်လိုက်ပါ။ သို့မဟုတ် သင်သည် steemit တွင်စာ ဆောင်းပါးများရေးသားနေသူ တယောက်ဖြစ်ပါက မိမိ၏ steemit wallet estimate တန်ဖိုးကိုကြည့်လိုက်ပါ။
ထိုအရာများသည် ထိတွေ့ကိုင်တွယ်၍ မရသော ငွေကြေးတို့၏ တန်ဖိုးဖြစ်ပါသည်။ ၂၀၁၆ ခုနှစ်မှ လက်ရှိ ၂၀၁၉ ခုနှစ် ၃ နှစ်သာ ဖြတ်သန်းသွားခဲ့သောကာလသည် တကယ်တမ်း ပြန်တွေးကြည့်လျင် မျက်စိတမှိတ်အတွင်း ဖြတ်သန်းသွားသကဲ့သို့ လျင်မြန်လှပါသည်။ ထို့ အတူ နှောင် ၃ နှစ် ၅ နှစ်ဟူသောကာလများသည်လည်း တခဏအတွင်သာ ဖြတ်ကျော်သွားကြပါလိမ့်မည်။
သို့သော် မိမိတို့ အတွက် တခဏမျှသာထင်ရသော ထိုကာလသည် နည်းပညာ အနေဖြင့် အများကြီး ပြောင်းလည်း သွားနိုင်ပါသည်။ကျွန်တော့ အနေဖြင့် ဤ steemit platform ပေါ်တွင် ရောက်ရှိနေသူတိုင်းအား တစိုက်မှတ်မှတ် တိုက်တွန်းခဲ့သည့်မှာ တခုသာရှိပါသည်။ ဤ Steemit platform တွင် SP ရသလောက် တတ်နိုင်သလောက် အမိအရစု ရန် ဖြစ်ပါသည်။ အဘယ့်ကြောင့် SP အရေးကြီးကြောင်းကို ကျွန်တော် အကြိမ်ကြိမ်ရှင်းပြခဲ့ပြီး ဖြစ်ပါသည်။
ကျွန်တော် မှတ်မိနေသေးသော ကြောင်းအရာ တခုရှိပါသည်။ ကျွန်တော်တို့ steem ဈေး 5$ အချိန်ခန့်တွင် SP 1300 ကျော်ရှိသူတယောက်၏ နေ့စဉ် ဝင်ငွေမှာ မြန်မာငွေ ၂ သိန်းကျော်ဖြစ်ပါသည်။ ထိုအကြောင်းအရာများအား အပြည့်အစုံ ဖတ်ချင်လျင် ကျွန်တော်ရေးသားခဲ့ပြီးသော " Steemit platform ပေါ်မှ Steem power ဆိုသည်မှာ " ဟူသောဆောင်းပါးအား ဖတ်ကြည့်စေချင်ပါသည်။
Steemit platform သည် အဆင်သင့် မဖြစ်သေးသော beta version တွင် တကြိမ်ရေးပန်းစားခဲ့ပြီး ဖြစ်သည့် အပြင် steem ဈေးတန်ဖိုး တက်လာသည်နှင့် အမျှ မိမိစုထားသော SP ပမာဏ ဖြင့် မိမိအားအကျိုးပြုကြောင်းကို ကျွန်တော်တို့လက်တွေ့မြင်ခဲ့ကြရပြီးဖြစ်ပါသည်။ ယနေ့ Steemit platform သည် beta version ပြုတ်သွားပြီ ဖြစ်သည့် အပြင် သူ၏ ထုတ်ကုန်ဖြစ်သော SMTs များအား ဈေးကွက်ပို့ရန် အားသွန်ခွန်စိုက် ကြိုးစားတော့မည် ဖြစ်ပါသည်။
ထို့ အပြင် Steemit platform မှ ထွက်ပေါ်လာကြမည်ဖြစ်သော SMTs တို့၏ ပြင်ဆင်မှုများအား ကျွန်တော့ ယခင်ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ပြီး ဖြစ်ပါသည်။ Steemit platform ၏ အောင်မြင်မှုသည် သိပ်အဝေးကြီးမဟုတ်တော့ပါ။ နောက်ထပ် အချိန် ၆ လ ခန့်စောင့်ကြည့်လျင် အဖြေပေါ်လာပါလိမ့်မည်။
ကျွန်တော် ပြောခဲ့သည့် အတိုင်း Steemit ရထားကြီးသည် beta version ဖြုတ်၍ တရားဝင် တာထွက်ခဲ့ပြီ ဖြစ်ပါသည်။ လောလော ဆယ် အရှိန်မြင့်တင်ဆဲကာလဖြစ်ပါသည်။ အချိန်တချိန်ရောက်လျင် ပုံမှန် အရှိန်ဖြင့် မိမိတို့အား တင်ဆောင်သွားပါလိမ့်မည်။ နေရာယူထားသူတို့ အသာအယာ ခရီးဆက်နိုင်ပါလိမ့်မည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
ကြိုးစားနေတုန်းပါပဲ ကိုဟင် sp500 တော့ ကျော်နေပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SP ကတော့ များလေ ကောင်းလေပဲ ကို စောရေ......
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခွက်တို ကာရန်စီနဲ့
ကြမ်းမယ်ကွာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြမ်းပလိုက်..... လောလောဆယ် SP တွေ များအောင်စု ထား ။ ပြီးရင် ကြမ်းမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တွေ့မယ် နောက်ခြောက်လလောက်ဆိုရင်
Steem ဈေးက 3$လည်းဖြစ်နိုင်တယ် 30$ လည်း
ဖြစ်နိုင်တယ် ဘယ်သူတွေ ဘာများပြောနိုင်မှာလဲလေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၂ နှစ်နီးပါးတောင် စိတ်ရှည် လာသေးတာပဲ။ နောက်ထပ် ၆ လ လောက်က တော့ အသာလေးပါလို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာမှကိုမပြောနိုင်လောက်အောင်ကို ဈေးကတက်မှာဗျ…ဥဥ…:))
Posted using Partiko iOS
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SP တွေ ကြိုးစားပြီး နည်းမျိုးစုံနဲ့ စုနေပါတယ်ဗျ။ ဆောင်းပါး ကိုလည်း ရှာပြီး ဖတ်လိုက်ပါမယ် bro။ အားရှိ လာအောင် :)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားရှိလာအောင်တော့ အားပေးနေတာပဲ ညီလေးရေ..... ၂ နှစ်နီးပါးကြာလာတော့လည်း လူ တွေက အီ သွားကြပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
crypto တွေ ခေတ်ကောင်းလာမှ ဟွင်းဟွင်း
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သူထိန်းကလည်း…!:-)))
Posted using Partiko iOS
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခေတ်ကောင်းရင် SP ၅ သိန်းလောက်ချေးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စောင့်မျှော်လျက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၂ နှစ်နီးပါး မျှော်လာခဲ့ပြီ ဆိုတော့ ထပ်မျှော်ယုံပေါ့ ကို စိုးရေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်ထပ်မီးတောက်တစ်ခု ဖြစ်ဖို့ အချိန်တန်ပြီ ထင်ပါတယ်ဗျ
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မီးတောက် ဖြစ်ချိန်တန်တာက ကြာလှပြီ... ခုထိမီးထမတောက်သေးတော့ မီး ရှို့ချင်စိတ် ပေါက်လာပြီ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လုပ်ပါနဲ့အကို…စိတ်ထိန်း…:-)))…။
Posted using Partiko iOS
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘလောက်ချိန်းကို အင်တာနက်နဲ့သုံးပြီး
ဘိကွိုင်ကို wifiနဲ့ရှာမယ်😁😁
ခုချိန်ထိတော့ ခုတ်ရာတခြား ရှရာတစ်လွဲဖြစ်နေတုန်းပဲကိုဟင်ရေ ဟီး😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုတ်သာခုတ်.... တခု မမိ တခု မိတာပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မျော်လင့်ရင်း sp ဆုရအုံးမယ်…ခုလောလောဆယ်တော့
Sp 50လောက်က MSC tokens ထဲနစ်မြူပ်နေသေးအကိုရေ…ဖြစ်နိုင်ရင်ထုတ်ပီး ပါဝါပြန်မြင့်ချင်နေပီ…
Posted using Partiko iOS
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ထုတ်လို့ ရအောင်လုပ်ပေးမယ် ခဏလေး စောင့်ပါလို့ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့အကို…။
Posted using Partiko iOS
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြားခုံလောက်လေးတော့ ရထားပြီ ထင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြားခုံ လောက်လည်း မဆိုးပါဘူး။ အဓိက ပါသွားဖို့ပဲ အရေးကြီးတာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit