Steemit platform ၏ အခက်ခဲဆုံးကာလ ( Henry Aung )

in myanmar •  6 years ago 

henry Aung.jpg

မင်္ဂလာပါ ။ လွန်ခဲ့သောရက်များတွင် ကျွန်တော့ ကိုယ်ရေးကိုယ်တာ ကိစ္စများကြောင့် steemit platform နှင့် ၂ ပါတ်ခန့်ဝေးကွာနေခဲ့ရပါသည်။ ကိုယ်ရေးကိုယ်တာများဖြင့် နေ့စဉ် အလုပ်များနေသော်လည်း steemit platform ပေါ်သို့ မပြတ်ဝင်ကြည့် ဖြစ်ပါသည်။ စာရှုသူ မိတ်ဆွေတို့ အားလုံး သိပြီး ဖြစ်ကြသည့် အတိုင်း Steem ဈေးမှာ အခြား coin များ နှင့် အတူ ကျဆင်း လျက် ရှိနေသည်မှာ ယနေ့ ဤ ဆောင်းပါး ရေးနေချိန်တွင် USD $ ပြား ၃၀ ကျော်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပါသည်။

ဤ ကဲ့သို့ Steem ဈေးများ ကျဆင်း လာပြီး နောက် CEO @ned ၏ အရေးကြီးသော post တခု တက်လာပါသည်။ steemit အနေဖြင့် သူ ငှားရမ်းထားသော Developers များ Software Engineer များ အား လစာ ဆက်လက်ပေးရန် အခက်အခဲ ရှိသဖြင့် အသင်း၏ ၇၀% သော အဖွဲ့ဝင်များကို လျှော့ချ ရန် ပြင်ဆင်နေကြောင်း ဖေါ်ပြထားပါသည်။ ထို Post တက်လာပြီး နောက်ပိုင်း တွင် steemit platform မှာ အတော်ပင် ဂယက်ရိုက်သွားပါသည်။

ဒေါ်လာ သန်း ပေါင်း ဆယ်နှင့် ချီ၍ ၂ နှစ် ကျော် နီးပါး အချိန်ကုန်ခံကာ ပြင်ဆင်နေခဲ့ သော steemit platform သည် တိကျရေရာသော အဖြေ မထွက်ခင် ဤကဲ့သို့ အခြေအနေ ရောက်အောင် တွန်းပို့ ခဲ့သော ခေါင်းဆောင် ဖြစ်သူ CEO @ned အား ဝိုင်းဝန်း ပြစ်တင်ကြသူများရှိကြသလို အကောင်းမြင်၍ ဝိုင်းဝန်း ဖေးမကြသူများလည်း ရှိကြပါသည်။

အများဆုံး ထောက်ပြကြသည်မှာ ဆိုးဝါးသော စီမံခန့်ခွဲမှုနှင့် ပွင့်လင်းမြင်သာမှု မရှိခြင်းတို့က steemit platform အား သုံးစွဲသူတို့ တဖြည်းဖြည်း ယုံကြည်မှုကင်းမဲ့လာစေပါသည်။ လက်ရှိဖြစ်ပေါ်နေသော ပြသနာများအရ steemit.com ရပ်သွားလျင် Steemit blockchain အပေါ်မှီခိုနေသော App အတော်များများ ရပ်သွားနိုင်ပါသည်။

သို့သော် အတွင်း သတင်းများအရ busy နှင့် esteem တို့ ကျန်ရှိနေနိုင်ပါသည်။ ဤသို့သော အခြေ အနေတွင် ကျွန်တော့ တယောက်တည်း အမြင်ဖြင့် ပြောပြရလျင် ၂၀၁၈ ဒီဇင်ဘာလ မကုန်ခင် steemit အနေဖြင့် သူ၏ ရှေ့ဆက်ရမည့် လမ်းခရီးအား ချပြနိုင်ရမည် ဖြစ်သလို လက်ရှိ အခြေ အနေကြောင့် steemit ၏ ထုတ်ကုန်ဖြစ်သော SMTs များ မထိခိုက်အောင် အာမခံနိုင်ရပါမည်။

သို့ မဟုတ်လျင် CEO @ned အနေဖြင့် သူ၏ လက်ရှိရာထူးအား စွန့်ခွာ၍ သူ့ထက် စွမ်းသူ အခြား တယောက်ယောက်အား လက်လွဲပေးရန် လိုအပ်နေပြီ ဖြစ်ပါသည်။ steemit platform ၏ ကောင်းကွက် တခုမှာ ဤ platform သည် အနာဂါတ်အတွက် တကယ်ကောင်းမွန်သောကြောင့် ဤ steemit သင်္ဘောကြီး နှစ်မြုပ်မသွား စေရန် တတ်ကျွမ်း နားလည် ကြသူတို့ အစွမ်းကုန် အကြံအညာဏ် ပေးနေကြခြင်း ဖြစ်ပါသည်။

ဤကဲ့သို့ အခြေအနေရောက်ရှိနေသည့်တိုင် ဤ platform အား အားမလို အားမရ ဖြစ်ယုံသာ ရှိ၍ Power Down ၍ စွန့်ခွာ သွားကြရန် စိတ်ကူးမရှိကြပါ။ steemit platform အနေဖြင့် သူစတင်လာသည့် အချိန်မှ ယခု အချိန်ထိ အခက်အခဲ မျိုးစုံ ကြုံတွေ့ခဲ့ပြီး ဖြစ်ပါသည်။ သို့သော် လက်ရှိကြုံတွေ့နေရသော အခက်အခဲကတော့ steemit သမိုင်း တလျှောက်တွင် အကြီးမားဆုံးသော အခက်အခဲ တခုဖြစ်ပါသည်။

CEO @ned အနေဖြင့် steemit platform သုံးစွဲသူတို့၏ ယုံကြည်မှု ထပ်မရလျင် ၂၀၁၉ သည် steemit အား အဆုံး အဖြတ် ပေးမည် ဖြစ်သော ခုနှစ်တခု ဖြစ်လာပါလိမ့်မည်။ သို့သော် ကျွန်တော်သိသော steemit ဂုရုကြီးများကတော့ ဤသင်္ဘောကြီးအား စွန့်ခွာရန် စိတ်မကူးကြပဲ သင်္ဘော မောင်းနှင်သော ကိပ္ပတိန် ပြောင်းနိုင်ရန်သာ ကြိုးစားနေကြပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အကောင်းဘက်ကို မျှော်လင့်ရုံမှတပါး မစွမ်းသာပြီ

Posted using Partiko Android

အဆိုး ဖြစ်လာတာ ကောင်းဖို့ အတွက်ပါ။ အဆိုးကို အဆိုး မှန်း သိလို့ အကောင်းဘက် ရောက်အောင်ကြိုးစားနေကြပါပြီ။

ဘာဖြစ်ဖြစ် အစထဲက ငွေရဖို့တွက်ပဲ စခဲ့တာမ မဟုတ်တာ ဘာဖိဖိ ရှေ့ဆက်မည်😁

မမကြည်ရဲ့ ယုံကြည်မှုက အောင်မြင်မှုကို ဆောင်ကျဉ်း ပေးပါလိမ့်မယ်။

happy new year 2019မှာ သတင်းကောင်းလေးစောင့်မျှော်လျှက်

အကောင်းဆုံး ဖြစ်လာပါလိမ့်မည်။

ဘာတွေ ဖြစ်နေနေ အေးဆေးပဲ။
ယုံကြည်ခဲ့တယ်။
ယုံကြည်နေတယ်။
ယုံကြည်နေဦးမယ်။
အမှောင်တွေပြီးရင် အလင်း လာလိမ့်မယ်။
ကျပြီးရင် တက်လိမ့်မယ်။
မသိဘူး ... စာရေးရင်း စောင့်မယ်။

မယုံမရှိပါနဲ့ ကိုဒွန် steemit က ကိုဒွန်အတွက် အံ့သြစရာကောင်း လောက်အောင်ကို အောင်မြင်မှုတွေ ယူဆောင်ပေးလာပါလိမ့်မယ်။

အခုအချိန်ကတော့ Coinတိုင်းကြပ်တည်းနေမှာပါ။အကုန်မျော်လင့်နေတဲ့ အချိန်ကျခါနီးမှNedက ဒီလိုဆိုတော့ လှည့်ကွက်များလား 😁😁။သူကိုယ်တိုင် 2နှစ်ကျော် ကိုင်တွယ်လာခဲ့တဲ့ Platformကိုတော့ မအောင်မြင်ပဲလက်မလွတ်သင့်ဘူး ။SMTsကြေညာမည့်ရက်ကို မျှော်နေတာ 😁

အစ်ကို နားလည် သလောက်တော့ တပြိုင်တည်းကို project အများကြီး Run လိုက်တဲ့ အတွက် အခုလို ဖြစ်သွားတာပါ။ ပြီးတော့ steemit ရဲ့ ဝင်ငွေ ကလည်း Steem နဲ့ ပဲ လည် ပါတ်နေတာ ဆိုတော့ ဈေးကျလာတဲ့အခါ ကုန်ကျစရိတ် မကာမိတော့တာပါ။

ဘာပဲဖြစ်ဖြစ်
Steemitကြီးရဲ့ရှေ့အလားအလာကိုစောင့်မျော်ရှုစားနေလျှက်ပါကိုဟင်ရေ😁😁

Posted using Partiko Android

အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။

စောင့်ကြည့်နေရုံပဲ ရှိတော့တာပေါ့

Posted using Partiko Android

နှစ်မကုန်ခင် အဖြေထွက်လာပါလိမ့်မယ်ကိုစော...

မကြာခင် ရုန်းထနိုင်မယ်လို့ ယုံကြည်လျက်ပါ။Fighting ကိုဟင်ရေ။

Steemit platform ကတော့ ပျက်မသွားပါဘူး ... စိတ်ချပါ။

  ·  6 years ago (edited)

သူတို့လည်း သူတို့ပြဿနာနဲ့ သူတို့ ပါလားဗျာ။ အကောင်းဆုံး ရလာဒ် တစ်ခုထွက်လာဖို့သာ မျှော်မှန်း ရတော့မယ်။

Posted using Partiko Android

အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်

power down ဖို့စိတ်ကူးတော့ မရှိပါဘူး......
steemit အပေါ်ယုံကြည်နေဆဲပါ။

@honeysara က steemit နဲ့ အောင်မြင်ပါလိမ့်မယ် မပူပါနဲ့။ အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။

ကျေးဇူးရှင့်း)

Friend, welcome to come back. Your article is very great.

thanks you my friend.

  ·  6 years ago (edited)

အောင်မြင်စွာကျွမ်းကျင်သော ကပ္ပတိန်ကောင်းရှာဖွေတွေ့ရှိပါစေ
2019 ပျော်ွှရွင်ဖွယ်ရာ နှစ်ဖြစ်ပါစေ

ကိပ္ပတိန်ကိုယ်တိုင် အမှားပြင်ဖို့ ကြိုးစားနေပါပြီ။