မင်္ဂလာပါ။ ယနေ့အချိန်အထိ cryptocurrency ဈေးကွက်မှာ အကျ ဘက်သို့ ဦးတည်လျက်ရှိရာ Steem ဈေးကလည်း 5$ မှ 3$ ဝန်းကျင်သို့ ထိုးကျသွားခဲ့ပြီဖြစ်ပါသည်။ ကျွန်တော်၏ ယခင် ဆောင်းပါးတွင် ဖေါ်ပြပြီး ဖြစ်သည့် အတိုင်း စိတ် မပျက်သွားကြရန်နှင့် မိမိတို့ အနေဖြင့် ယခင်အတိုင်း post များကို ဆက်လက်တင်နေစေချင်ပါသည်။
Steem ဈေးကျလာသည့် အလျောက် promotion တွင်ရရှိသော SBD များလည်း တဖြည်း ဖြည်း နည်းပါးလာမည် ဖြစ်ပါသည်။ သို့ သော် လက်ရှိအချိန်ထိ MSC မှ promotion များကို ပုံမှန်အတိုင်း ပေးနေပါသေးသည်။ မိမိတို့ MSC members များ promotion တင်သူရှိနေသရွေ့ MSC Admin များကလည်း ကြိုးစား၍ ကူညီနေကြမည်သာဖြစ်ပါသည်။
ဤတွင်ကြုံ၍ Steemit Platform ပေါ်တွင် လျှောက်လမ်းနေသော Members များအား မျှ ဝေချင်သည်မှာ မိမိတို့ MSC မှာ လက်ရှိ အချိန်တွင် ပြည်ပ မှ အကူအညီ ယူ၍ မိမိတို့ ပြည်တွင်း ရှိလူငယ်မောင်မယ်များကို SP ရရှိနိုင်ရေးအတွက် မြှင့်တင်ပေးလျက်ရှိပါသည်။ ဤကဲ့သို့ မြှင့်တင်ပေးရာတွင် မိမိ တို့ ၏ Steemit Platform ပေါ်တွင် တလသာ ၊ ၃ လသာ ၊ ၆ လသာ အခြေအနေများဖြင့် မိမိ အကောင့် ၏ တိုးတက်မှု အခြေ အနေကို ကြည့် ၍ ခွန်အားယူ စေချင်ပါသည်။
Steemit account သည် တရက်နှစ်ရက် တပါတ် နှစ်ပါတ် နှင့် သိပ်မထူးခြားသော်လည်း တလ နှစ်လ ကြာလျင် အတော် ပြောင်းလည်း နေပြီကို တွေ့ရမည်ဖြစ်ပါသည်။ မိမိ ကိုယ်တိုင် အခြားသူများထက် SP နည်း၍ အားငယ်ရန် မလိုပါ။ အဘယ်ကြောင့် ဆိုသော် မိမိတို့ မှာ SP ဝယ်ဖြည့် နိုင်သူများ မဟုတ်၍ Steem Power အား တခုချင်းစုရမည်သာဖြစ်ပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Steem power 1 ဟူ သော အနေအထားမှ စခဲ့ရခြင်း ဖြစ်ပါသည်။
Steem power ဝယ်ထည့် ထားနိုင်သူများအတွက်တော့ ထွေထွေထူးထူး ပြောရန် မရှိပါ။ ဤတွင် Steem ဈေးတက်နေလျင် ကိစ္စမရှိသော်လည်း Steem ဈေးများ ကျဆင်းလာသော အခါ " တော်ပါပြီကွာ Steem 500 လောက်ရဖို့ကို တနှစ်လောက်စုရမှာပဲ " ဟူသော စိတ်ပျက်အားလျော့ စိတ်များ ဝင်လာတတ်ပါသည်။ မိမိကိုယ်တိုင်လည်း တပါးသူများ၏ Steem Power များကိုကြည့် ၍ အားကျမိသော်လည်း ထိုသူတို့၏ SP ကိုလိုက်မှီရန် မဖြစ်နိုင်ကြောင်းသိပါသည်။
အားကျရုံသာတတ်နိုင်၍ စိတ်ပျက်နေရန် မဟုတ်ပါ။ အဘယ့်ကြောင့် ဆိုသော် မိမိလောက် SP မရှိသေးသူများ Reputation မမြင့်သေးသူများ အများ အပြားကျန်ရှိနေသေး၍ ဖြစ်ပါသည်။ ကျွန်တော်၏ ဆောင်းပါးများတွင် ဖေါ်ပြခဲ့ပြီး ဖြစ်သည့်အတိုင်း Steemit Platform သည် တလ နှစ်လ တနှစ် နှနှစ် ဖြင့် ရပ်တန့်သွားမည် မဟုတ်ပါ။ ဆက်လက်၍ ရွေ့လျား နေမည်ဖြစ်သော Platform ဖြစ်ပါသည်။
ယခုအချိန်မှ စထား၍ နှောင် ၅ နှစ် ၁၀ နှစ်ခန့် တွင် အကျိုး အမြတ် များရရှိ နေနိုင်မည် ဖြစ်ပါသည်။ လက်ရှိအနေဖြင့် အကျိုးမရှိဘူးလား .. ဆိုလျင်လည်း .. ရှိပါသည်။ သို့သော် အကျိုးအမြတ်နည်းပါးပါသေးသည်။ ဤသည်ကို Steemit ပေါ်တွင် အစလျှောက်လှမ်း ၍ Steem နှင့် SBD များကို ရသည့် ဈေးဖြင့် ချရောင်းစားခဲ့သူများအား ယခုအချိန်တွင်မည်သို့ ခံစားရကြောင်း မေးမြန်းကြည့်နိုင်ပါသည်။
လွန်သော November 2017 ခန့်တွင် Steem ဈေး 2.5$ မှ 0.90$ ခန့်အထိ ကျဆင်းသွားသောအခါ ကျွန်တော့ ထံသို့ SP 100 ကျော် 200 ခန့်ရှိသော အကောင့်များအား သူတို့ ပိုက်ဆံအရေးတကြီး လိုပါသဖြင့် သူတို့အကောင့်အား ရှစ်သောင်း ၊ တသိန်း ဝန်ကျင်းဖြင့်သာ ဝယ်ယူပါရန် ကမ်းလှမ်းလာသူ ၁၀ ဦးခန့်ရှိခဲ့ပါသည်။ ကျွန်တော် ဝယ်ယူ နိုင်ပါသည်။ ကျွန်တော့အတွက် ၁၀ သိန်းဝန်းကျင်ခန့် ရင်း၍ ဝယ်ယူ နိုင်ပါသည်။
သို့သော် မည်သူ့ အကောင့် တခုမှ ကျွန်တော် ဝယ်ယူခြင်း မရှိခဲ့ပါ။ အဘယ့်ကြောင့်ဆိုသော် (၁) ကျွန်တော် Steemit Platform ပေါ်တွင် promotion အကူအညီပေး၍ SP မြှင့်လာကြစေရန် ကူညီရာတွင် ကျွန်တော့ အတွက် အကျိုးတစုံတရာ ရရှိစေ ရန် ရည်ရွယ်ချက်မရှိခဲ့သောကြောင့် ဖြစ်သလို (၂) နှောင်တချိန်တွင် ထို အကောင့် ပိုင်ရှင်များမှ သူတို့ SP များကို ဈေးပေါပေါ ဖြင့် ချရောင်းလိုက်သည့် အတွက် နောင်တမရစေ လိုရင်း ဖြစ်ပါသည်။
သူတို့ ကိုယ်တိုင် အခြားသူများထံ ရောင်းစားလိုက်လျင် တော့ မပြောပြတတ်ပါ။ ကျွန်တော့ထံရောင်းလာသော အကောင့်များကို တော့ သိမ်းထာကြပါရန် သေသေချာချာ ပြောပြသလို အချို့ကိုတော့လည်း မဝယ်နိုင်ကြောင်း ဗြောင်ပင်ငြင်းခဲ့ပါသည်။ ထိုအချိန်က အကောင့် မရောင်းခဲ့သူ အချို့ ကတော့ ယခုအချိန်တွင် အဆင်ပြေနေကြလိမ့်မည်ဟု ယုံကြည်ပါသည်။
အကျဉ်းချူပ်၍ ပြောရသော် Steemit Platform ပေါ်တွင် နှစ်ရှည် လျှောက်လှမ်းရာတွင် ဈေး အတက်နှင့် ကြုံရမည် ဖြစ်သလို ဈေးအကျ နှင့်လည်း မလွဲ မသေ ကြုံရမည် ဖြစ်ပါသည်။ ထိုဈေးကွက် များ၏ အတက်အကျ တွင် မိမိရည်ရွယ်ချက်ကို မပြောင်းလဲစေရန် စိတ်ဓါတ်ခွန်အားများ မြှင့်တင်ပေးရန် လိုအပ်ပါသည်။ ကျွန်တော်၏ မိတ်ဆွေအချို့ က ကျွန်တော် Steemit Platform ကို အရူးအမူး ဖြစ်မှန်း သိ၍ ကျွန်တော့အား “ ယခုအချိန် Steemit Platform ပျက်သွားလျင် ဘယ်လိုလုပ်မလဲ၊ SP များ နှမျောစရာ ၊ ရတဲ့ဈေးနဲ့ ရောင်းပြီး ကိုယ်က အရင်ဦးအောင်ယူထားလိုက် " ဟူ၍ သွေးထိုးကြပါသည်။
ကျွန်တော် ပြန်ဖြေသော အဖြေမှာ " Steemit Platform ယခုပျက်သွားလည်း ကျွန်တော့ အတွက်တော့ အရှုံး မရှိပါ။ အကြောင်းမှာ SP များကို ကျွန်တော့ လခထဲမှ ဖဲ့ဝယ်ထားသည် မဟုတ်သလို Steemit ကြောင့် စာစီစာကုံးပင် ဖြောင့်အောင် မရေးတတ်ခဲ့သူ ကျွန်တော့ အနေဖြင့် ဆောင်းပါးများ ရယ်စရာ ခေတ်စမ်းများ ရေးသား၍ အခြားသူငှာများအား အသိ ဗဟုသုတ များကို မျှဝေပေးလာနိုင်ခဲ့ပါသည်။
ထိုထက်ပိုမို ကောင်းမွန်သည်မှာ Steemit ကြောင့် ဆရာတင်လှိုင်ဦး ၊ ကိုသက်ဇော် ၊ ကိုစိုး ၊ ပြည့် ၊ မယ်ကြည် ၊ အိမ့်ခြူးလှိုင် အစရှိသော စာပေ ဝါသနာပါသူများဖြင့် အသိအကျွမ်းဖြစ်ရ၍ ယခု နေ Steemit Platform ပျက်သွားလည်း ကျွန်တော့ အတွက် တော့ အမြတ်ထွက်နေပြီ ဖြစ်ပါသည်။ Steem ဈေးကျ ၍ စိတ်အား လျော့ နေသူများအတွက် အမှာ စကားပါလိုပါသည်။ ကျွန်တော် ဆောင်းပါး စရေးသော 2016 september တွင် Steem ဈေးမှာ 0.20$ သာ ရှိခဲ့ပါသည်။
လက်ရှိအချိန်တွင် Steem ဈေး 0.20$ မဟုတ် 1$ သို့ ရောက်သွားရန် ဆုတောင်းနေသူ အများအပြားရှိပါလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူများသည် Steemit Platform အကြောင်း ကောင်းကောင်း သိနေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Author : Henry Aung ( Kachin )
MSC : 001
နည်းနည်းရတာနဲ့ များများရတာတော့ကွာသွားတာပေါ့ လုံးဝမရတာထက်စာရင် မဆိုးပါဘူး ရနိုင်သလောက်တော့ ကြက်ကောက် ငှက်ကောက် ကောက်ပြီးစုသွားရမှာပေါ့ ရေတိုအတွက်မကိုက်ဘူးဆိုပေမယ့် ရေရှည်အတွက်တော့ ရသမျှကအဖိုးတန်ပါတယ်အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလိုပဲ စုသွားရမှာပါ။ အမှန်တော့ Steem ဈေး အနည်းအများ မှာ အများကြီး မူတည်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဓါတ်မကျဘဲ ကြိုးစားပီးpost တွေရေးနေပါတယ်ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တကယ်ကြိုးစားနေပြီပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပVote ပေးပါအုံးနော်😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုရေ စိတ်ဓာတ်ကတော့လုံးဝကို မကျဘူး
ဝါသနာနဲ့ပေါင်းစပ်ပြီး လုပ်နေရတဲ့အတွက်စိတ်မှာပျော်ရွှင်နေလျှက်ပါပဲအစ်ကိုရေ အခုလိုအားပေးစကားတွေနဲ့ နှစ်သိပ်ပေးနေတာကို ကျေဇူးပါအစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်ဓါတ် မကျပါနဲ့.. အစ်ကိုရေးထားသလို.. နှစ်ရှည် သွားရမှာ မို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မပျက်ပါဖူးအကိုရေ။
နှမ်းတစ်လုံးစီကပဲ ဆီဖြစ်ရတာချည်းပဲမို့ ဖြည်းဖြည်းချင်းကိုပဲရအောင်ကြိုးစားနေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အများကြီး ကျေးဇူးတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မပျက်ပါဘူး အစ်ကိုဟင် စတီးမစ်မှာ ဆရာတင်လို ဆရာသမားနဲ့တွေ့ပြီး စာရေးတတ် တွေးခေါ်တတ်ခဲ့တာကနေ အမြတ်ရနေပါပြီ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့ အနေ နဲ့ ကလည်း အဲဒါ အမြတ်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
we are going to be a enjoyable group ..........
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျချင်သလောက်သာကျပါစေ ဟိုတွေးဒီအတွေးလေးတွေရေးနေရရင်ကိုပဲကျေနပ်လှပါပြီအကိုရာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကောင်းပါပြီကွယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စိတ်မပျက်ပါဘူးအကို
ဘယ်လိုအခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် ဆက်၍ ကြိုးစားနေပါအုန်းမည်
အကိုပြောသလိုပဲ steemitကြီး ပျက်သွားရင်တောင် မိုတို့တွက် အရှုံးမရှိ အကိုနှင့်adminများလို မြန်မာအချင်းချင်း အောင်မြင်စေချင်တဲ့ဆန္ဒနဲကြိုးစားကူညီပေးသူများနဲ့ခင်မင်ခွင့် ရသလို တကယ်ကို အနှစ်သာရပြည့်တဲ့စာပေများကိုဖတ်ခွင့်ရတာတွေဟာမိုတွက်အမြတ်တွေပဲလို့ မိုခံယူထားပါတယ့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အေးမိုမိုကိုတော့ ယုံပြီးသားပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steemit Platform ကတော့ ရသစုံပေးနိုင်တဲ့ Entertainment တစ်ခုလိုပါပဲ $ တွေကြောင့် ပျော်ရတယ် ဈေးကျတော့ ဝမ်းနည်းတယ် SBD ဆိုတာ STEEM ဆိုတာ ဘာကိုခေါ်တာလဲ ဆိုတဲ့ ဗဟုသုတတွေရတယ် အားလပ်ချိန်တွေဆို ဘာတွေ ပြန်တင်ပြရမလဲဆိုပြီး စာရေးဖို့ တွေးနေတော့ ဦးနှောက်သွေးသလို ဖြစ်တယ် ဒါတွေက အမြတ်တွေလို့ ပဲ ခံယူထားတယ် @sawlwin ရဲ့ လေးနှစ် စီမံကိန်း ဖတ်ပြီး နည်းနည်းတောင် ဘဝင်မြင့်ချင်သွားတယ် $ သူဌေးဖြစ်နေပြီ ဆိုပြီးတော့ပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တင်ပါ့... @sawlein ရဲ့ ဘာသာပြန် ဟာ လွန်ခဲ့တဲ့ ၆ လ အတွင်း ဖြစ်ပျက်နေတဲ့ Steemit ကို အခြေခံထားတာပါ။။ အင်မတန်ကောင်းမွန်ပါတယ်။ reasonable and applicable...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် စိတ်ဓာတ်မကျပဲ ရှေ့ ဆက်ကြိုးစားပါမယ်ရှင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steem ဈေးကြပြီး SBD ဈေးတက်ရန် ဆုတောင်း နေပါသည်။
😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟာ ကျွှန်တော့ အကြံ ဦးသွားပြီ အဲ့လူ မွီးမ မြန်မြန်ရပါစေ ဗျာ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုတောင်းကြမ်းချက် ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စာရေးရင်းနဲ့ အားတင်းထားပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြိုးစားပါ ။ Steemit Platform ဟာ ကြိုးစားသူတိုင်း အတွက်ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post freinds
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရောင်းခဲ့ရသူတွေကတော့ နောင်တရမှာအသေအချာပဲ။ ဒါနဲ့ steem ကို steem power နဲ့ကြားမခံထားပဲ steem = steem powerတိုက်ရိုက် ဖြစ်နေရင် ပိုကောင်းတယ်ထင်တယ်။ဥပမာ steemit မှာ sp ထက်အရေးကြီးဒါ က steem သို့ပေမဲ့ steem မှာ amount မထားရအောင် sp ကိုဓားစာခံထားခြင်းလားဟု တွေးမိခြင်းတခုပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Very interesting my friend, hopefully MSC will continue to grow
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post, I am a photographer, it passes for my blog and sees my content, I hope that it should be of your taste, you have my vote :D greetings
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
I Agree with you, and posts that attract everyone..👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice...i hope you can write it in english next time.
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
က်ရှိအချိန်ထိ MSC မှ promotion များကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
excellent working! best Knowledge
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ
100% like and Resteem
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks bro for Knowledge
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good luck always in his business my friend is good .. i really like the same post you friend
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good jop friend..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks bro for your supporting
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good Bro!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steemit တွင် ဝင်ရောက်ကျက်စားမိလေသောအခါ
ဝါသနာအရ စာရေးတင်သလို SPနှင့် Rpမြင့်သူများလို
မိမိလည်း ဖြစ်ချင်လာမိသည်။ ထို့ကြောင့် မူးပဲအစမှ ထူးကဲဘဝ
ရောက်လေမည်ဟု ယုံကြည်မျှော်လင့်ချက်ဖြင့် blog များ နေ့စဉ်
တင်နေမိတော့သည်။ SPမြင့်မားရေးအတွက် မိမိတတ်နိုင်သလောက်
ဖြင့် SBD$ အနည်းငယ် ဝယ်ယူခဲ့မိပါသည်။ ယနေ့ငေါ်ကား
SBD$ ဈေးသည် Steem အောက် ကျဆင်းနေ၍ Steem သို့
မပြောင်းရသေးပါ။ မိမိအနေဖြင့် Steemit တွင် အရှုံးမရှိနိုင်ဟု
မျှော်မှန်းထားသလို ကုသိုလ်တိုးပွားမှုကိုတောက် ဝမ်းသာပီတိ
ဖြစ်မိ၍ ယနေ့မနက်တွင် အောက်ပါ blog ကို တင်မိပါတော့သည်။
https://steemit.com/myanmar/@billionairehein/let-us-donate-by-earning-with-steemit
ကျေးဇူးတင်စွာဖြင့်...@billionairehein
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝါသနာအရစာရေးနေရ၍ပျော်ပါသည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆုတောင်းနေတဲ့အထဲကျွန်တော်လည်းပါပါသည် အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည် steem ပေါ်တွက် ၆လမျှ ကျင်လည်ခဲ့သောကြောင့် ယခုအချိန်တွင် sp ၀ယ်ယူစုဆောင်းရန် အနှိမ့်ဆုံးဈေးကိုစောင့်မျှော်နေသောကြောင့်ဖြစ်ပါသည် နောက်တစ်နှစ်အကြာမှာ မလွဲမသွေ ၅၀$ခန့်ထိဈေးတက်နိုင်မည့်အလားအလာကိုမျှော်မှန်းမြင်မိနေသောကြောင့်ဖြစ်ပါ၏
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရည်းစားစာတောင်ဖြောင့်အောင်မရေးတတ်တဲ့ကျွန်တော်လည်း steemit ရယ် ဆရာတင် သင်တန်းရယ်ကြောင့် စာအရေးအသားလေးတော့ တိုးတက်လာ ပြီ
😊
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကိုဟင်ရေ Resteem this post ပဲ လုပ်ခဲ့ပါတယ်ဗျာ ။ မတွေ့ကြသေးသူတွေ ဖတ်မိအောင် လို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျစမ်းပါစေ ဝယ်ထားချင်လို့၊ SP တွေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ လူသစ်ဆိုပေမဲ့ စိတ်ဓာတ်လုံးဝမကျပါဘူး
ကိုကြီး ကျေးဇူးပါ အကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အပြတ် ရောင်းဖို့ ကြံတဲ့ အထဲ ကျွန်တော်တော့
မပါမိဘူးလားလို့ပဲ အစ်ကိုကြီး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါအကို အကို့ စာတွေက ညီမတို့ လို လူသစ်တွေအတွက် အားရှိစေပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steem ဈေးကို$1 အောက်ရောက်ပြီး sbd က များနေရင် ကောင်းမယ် steem power များများစုချင်လိုပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
စတီးမစ် ပလက်ဖောင်းကို ရှောက်ရတာ စိတ်ချမ်းသာတယ်ကိုဟင်ရေ။ ကိုယ်ရေးချင်တဲ့ စာပေအနုပညာများကို စိတ်တိုင်းကျ ဖွင့်လှစ်တင်ပြနိုင်ခဲ့တယ်။ ဆက်လက်ပြီးတော့လည်း လေ့လာဆည်းပူးရင်း စတိးမစ်လမ်းကို ရှောက်လှမ်းနေဦးမည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဥယျာဉ်စိုက် သစ်ပင်လေးတွေကြည့် Steemit မှာစာရေး အဲဒါလေးတွေကြည့်ပြီး နေရင်ကောင်းမယ် စာရေးဆရာလည်းဖြစ်တော့မယ်ထင်တယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good poat
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit