မင်္ဂလာပါ။ ကျွန်တော့ အနေဖြင့် ယခုတလော အလုပ်များလွန်းသဖြင့် post promotion များကို အတော် နောက်ကျမှ ပေးဖြစ်နေခဲ့သည်။ promotion ရယူ နေကြသော အကောင့် များအတွက် တရက် နစ်နာသွားလျင်လည်း အလွန်နစ်နာပါ သည်။ အဘယ်ကြောင့်ဆို သော် တရက်လျင် အကောင့် တခုအတွက် 3 SBD ဆိုသော်လည်း အကောင့် ပေါင်း ၂၀ ကျော် အတွက်တော့ SBD 70 $ ဆိုသည်မှာ အလွန်ကို အဖိုးတန်ပါသည်။
ထို့ကြောင့် ရက်ပျက်မသွားစေရန် ကြိုးစား၍ ပေးနေရခြင်း ဖြစ်ပါသည်။ လွန်ခဲ့သော သောကြာနေ့ညက စင်္ကပူ နိုင်ငံရှိ သူငယ်ချင်း တယောက်မှ သူ့အား Steemit Platform နှင့်ပါတ်သက်ပြီး လာရောက်သင်ကြားပြသပေးရန် တိုက်တွန်း သဖြင့် ညလုံးပေါက် သင်တန်းပေးခဲ့ရပါသည်။ သူ့အနေဖြင့်လည်း အလုပ်လုပ်နေသူတယောက် ဖြစ်သဖြင့် ကြားရက်တွင် တွေ့ရန် အဆင်မပြေသဖြင့် သောကြာနေ့ ညတွင် တညလုံး တထိုင်တည်း ဖြင့် သိသင့်သိထိုက်သည်များအားလုံးကို သင်ကြားပြသပေးခဲ့ပါသည်။
သူကလည်း ကွန်ပြူတာ အခြေခံရှိသည့် အပြင် internet website များကိုလည်း ကျွမ်ကျွမ်းကျင်ကျင် သုံးတတ်သဖြင့် သိပ်တော့ အခက်အခဲမရှိခဲ့ပါ။ သို့သော် Steem Power ၏ လုပ်ဆောင်မှုအကြောင်းကို ရှင်းပြရသောအခါ နံနက် ၃ နာရီထိုးပါတော့သည်။ ကျွန်တော်ရှင်းပြခဲ့သော Steem Power အား ဆောင်းပါးရေးသားခြင်းဖြင့် MSC members များအား ပြန်လည်မျှဝေပေးလိုက်ပါသည်။
ဤ Steem Power ပြသနာ အကြောင်းမှ ယခုမှ Steemit Platform ပေါ်သို့ ရောက်ရှိလာကြသော Newbies များအဖို့ နားလည် နိုင်မည် မဟုတ်သည်ကိုတော့ကြို ပြောထားပါရစေ။
ဆိုခဲ့သည့်အတိုင်း သူမေးသော Steem Power ပြသနာမှာ ပြင်ပရှိ Steem ဈေးများတက်လာ၍ ထိုက်သင့် သော SP ရှိသူတိုင်း ၏ voting weight တိုးလာ၍ ရရှိလာသော SBD လည်း များလာမည် ဖြစ်သောကြောင့် Steem နှင့် SBD များ အဆမတန် ဖေါင်းပွလာနိုင်သည် ဟူသောပြသနာဖြစ်ပါသည်။
အမှန်တော့ ထို Steem Power ပြသနာအား ပါးစပ်ဖြင့် ဥပမာ ပေးရှင်းပြ လျင် Steem Platform အကြောင်းကို ထိုက်သင့်သလောက် နားလည် နေသူများအဖို့ ပြသနာ မရှိသော်လည်း လူသစ် တယောက်အတွက်တော့ အင်မတန် ရှင်းပြရ ခက်ပါသည်။ အဘယ့်ကြောင့်ဆိုသော် Steem Power, Steem price နှင့် voting power တို့အားတွက်ချက်ရသောကြောင့် ဖြစ်ပါသည်။
ဥပမာပြပါမည် Steem Power 10000 ရှိသူ၏ Steem ဈေး 3.27 တွင် 100% voting power ဖြင့် vote ပးလျင် 2.2 $ သာ ရရှိနိုင်မည် ဖြစ်သည်။ အကယ်၍ ဆိုကြပါစို့ ပြင်ပတွင် Steem ဈေး 100 $ ခန့် ရောက်ရှိသွားပြီ ဆိုကြပါစို့။ ထိုအချိန်တွင် SP 10000 ရှိသူ၏ 100% ဖြင့် voting ပေးလျင် ရရှိနိုင်သော SBD မှာ 62.27 $ ဖြစ်ပါသည်။ ဤတွက်ချက်နည်းကို အောက်တွင် ဖေါ်ပြထားပါသည်။
)
SP 10000 ရှိသူ၏ 100% voting power ဖြင့် Steem ဈေး 3.27$ တွင် vote လျင် 2.2$SBD သာ ရရှိပါသည်။ အကယ်၍ Steem ဈေး 100 $ ခန့်တွင် ရရှိသော SBD များကိုသိလိုလျင်
100/ 3.27 x 2.2 = 67.27 $ ဖြစ်ပါသည်။ ဤရရှိသော 67.27 $ တွင် မိမိ မှာ 75% သာ ရရှိမည် ဖြစ်ရာ 67.27 x 0.75 = 50.45$ SBD ရရှိမည် ဖြစ်ပါသည်။
မိမိ အတွက် ရရှိသော 75% အား 50/50 အဖြစ် SBD နှင့် SP အဖြစ်ခွဲပေးသောအခါ မိမိရရှိသော 25.2 SBD ကို SP အဖြစ် ပြောင်းပေးလျင် မိမိရရှိသော SP မှာ 0.25 SP သာရရှိမည် ဖြစ်ပါသည်။အဘယ့်ကြောင့် ဆိုသော် System SBD 1$ ဖြင့် ပြင်ပပေါက် ဈေး 1 steem = 100$ USD ကို ဝယ်ယူရသောကြောင့်ဖြစ်ပါသည်။ ဤသည်မှာ SP10000 ရှိသူ ၏ Steem ဈေး 100$ ခန့်တွင် မိမိဖာသာ vote ယူခြင်းဖြင့် ရရှိနိုင် သော SP ကို ဖေါ်ပြပေးခြင်း ဖြစ်ပါသည်။
Steem ဈေး 100$ ခန့်တွင် SBD ဈေးသည်လည် 100 $ ခန့်မရှိလျင် တွေးတောကြည့်ပါ။ SBD ဈေးသည် USD 1$ ခန့်တွင် ကျန်နေခဲ့လျင် ဖြစ်လာနိုင်မည့် အကျိုးဆက်ကို စဉ်းစားကြည့် စေချင်ပါသည်။ လွန်ခဲ့သော နှစ်ဆန်းပိုင်းက SBD ဈေးသည် ဈေးကစားသူများ၏ တွန်းတင်မှုကြောင့် Steem ဈေးထက်များစွာ မြင့်သွားခဲ့ရခြင်း ဖြစ်ပြီး အသစ် ဝင်ရောက်လာကြသော Newbies များကလည်း SBD သာ တန်ဖိုးရှိသယောင် ထင်သွားခဲ့ရခြင်း ဖြစ်ပါသည်။ ထို့ကြောင့် ကျွန်တော့ အနေဖြင့် အမြဲ သတိပေးသည့်အတိုင်း Steem ဈေးတက်လာလေ လေ SP စုရန်ပို၍ ခက်ခဲလေ လေ ဖြစ်ပါသည်။
လက်ရှိအချိန်တွင် Steem ဈေးနှင့် SBD ဈေးမကွာလှ၍ SBD မှ Steem ဝယ်ရန် တန်းတူ နီးပါးရှိပါသေးသည်။ ထို့ကြောင့် Steem ဈေးတက်လာလေ လေ Steem နှင့် SBD များ ပိုထွက်လာ၍ ဈေးကွက်တွင် ဖေါ်င်းပွကုန်လိမ့်မည် ဆိုသည်မှာ မဖြစ်နိုင်ပါ။ အကယ်၍ Steem ဈေးသည် 3$ ခန့်တွင် ကျန်ခဲ့၍ SBD ဈေးသည် 100 $ သို့ ထိုးတက်သွားခဲ့လျင် မိမိတို့ အတွက် အရှုံး မရှိသေးပါ။
SP ကောင်း ကောင်း ဝယ်စုနိုင်သလို ပုံမှန် ဝင်ငွေ သေချာနေသလောက်ပင် ဖြစ်ပါပြီ။ ထို့ကြောင့် ကျွန်တော့ သူငယ်ချင်း စိုးရိမ်နေသလို SP များသူများ Steem ဈေးတက်လျင် တက်သလောက် Steem ဖေါ်င်းပွအောင် လုပ်နိုင်သည်ဟူ သော သံသယ၏ အဖြေအား MSC members များကလည်း သိရှိသွားလိမ့်မည်ဟု ယုံကြည်ပါသည်။
cryptocurrency တွင် မဖြစ်နိုင်တာမရှိပါ။ ယနေ့ USD 900$ နီးပါး ရှိနေသော Ethereum မှာ လွန်ခဲ့သော ၂၀၁၆ ခုနှစ်က လက်ရှိSteem ဈေး ဖြစ်သော 3$ ခန့်တွင်သာ ရှိနေခဲ့ပါသည်။ ထို့ကြောင့် MSC members များကလည်း Steemit Platform ပေါ်တွင် ယုံယုံကြည်ကြည် လျှောက်လှမ်း ခြင်း ဖြင့် တချိန်ကြလျင် ဤ Platform ပေါ်မှ အကျိုး အမြတ်ထုတ်ယူ နိုင်ကြပါမည့်အကြောင်း မျှ ဝေလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001
တွေ့ဆုံပွဲမတိုင်ခင် steemတွေ ဈေးတက်လာပါစေလို့ဆုတောင်းနေတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒီလိုပဲ မျော်လေင့် နေကြပါတယ် အထွေးရေ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တွေ့ဆုံပွဲက ဘယ်မှလာလုပ်မှာလဲဆာ
ပီးရင် အတွေ့ကြုံလေးတွေရှဲပေးအုးနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တစ်ဖြည်းဖြည်းခြင်းတော့ ပိုစ်ရေးရင် တရွေ့ရွေ့နှင့်
့ချီတက်နေပါသည် ကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေါ့ဗျာ ဖြည်းဖြည်း နဲ့ မှန် မှန် ချီတက်ကြတာပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steemit အကြောင်းသိချင်တိုင်း ကိုဟင်တင်ခဲ့တဲ့ post တွေပဲ ပြန်ရှာဖတ်ဖြစ်ခဲ့ရတာများပါတယ် ။ ခုလိုသေသေချာချာရှင်းလင်းပြပေးပြီး လက်တွဲခေါ်ဆောင်ပေးခဲ့တာလည်း ကျေးဇူးအများကြီးတင်ပါတယ် ကိုဟင်ရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးအများကြီး တင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့အကိုရေ ကျွန်တော့အထင် သိပ်မကြာမီကာလမှာပဲ steem ဈေးဟာ ကျွန်တော်တို့ ထင်မထားတဲ့ပေါက်ဈေးထိ တက်လာမယ်လို့ယုံကြည်နေတယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့... ကိုရွှေဘို မျှော်လင့်နေသလိုပဲ မကြာခင် အဲဒီကာလကို ရောက်လာပါလိမ့်မယ်။ သိပ်မဝေးတော့ပါဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒီငွေကြေးဖောင်းပွမှူကိစ္စကိုသိချင်လို့ရှာဖတ်နေတာ။ခုအစ်ကိုရေးထားတာဖတ်ပြီးနားလည်နိုင်သလောက်တော့နားလည်နိုင်သွားပါပြီ။ကျေးဇူးပါမျှဝေပေးလို့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုလည်း ရေးချင်နေတာ ကြာပါပြီ.. စောင့်နေရလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အများကြီးကို ကြိုးစားရပါအုံးမယ်လို့ ကိုယ့်ကိုယ်ကိုသတိထာမိပါတယ် မအားတဲ့ကြားက အချိန်ယူစုဆောင်းပါ့မယ်အကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုကတည်းက စုထားတာအကောင်းဆုံးပါ။ B ပြည့် အနိုင်ကျင့်ပြီ SBD တွေ ယူသွားသေးလား..?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟိုတခါ ယူကထဲကပြန်မပေးသေးတာ အကို
သူယူတာ 70 sbd လောက်ရှိမယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော့်တင်သမျှ ပို့စ်၏ ရသမျှကို 50% & 50% ခွဲဝေပေးတာခြင်းတူပေမယ့် sbd အား 1$နှုန်းဖြင့်ခွဲဝေပေးပီး steem coin အားပေါက်ဈေးအတိုင်း ခွဲဝေပေးပါသောကြောင့် မည်မျှပင် sbd ဈေးတက်ပါစေ မိမိရမည့်အခွင့်အရေး အနည်းငယ်သာဆုံးရှုံးနိုင်ပီး steem coin အားယခုအချိန်တွင်စုဆောင်မထားပါက မိမိရမည့်အခွင့်အရေးများစွာဆုံရှုံးမည်မှာ ဧကန်မုချ မြေကြီးလက်ခတ်မလွဲသေချာ၏ ထို့ကြောင့် steem power ခေါ် steem coin သာချှင် steemplatform မှာ အဓိကကြပါ၏ အဘယ့်ကြောင့် ဤသို့ပြောရသလဲဆိုလျှင် အကိုဟင်ပြောသလို sbd 100$ ထိဈေးထောင်တက်သွားပါစေ မိမိတင်သမျှပို့စ်၏ 50% အား sbd ကို 1$ နှူန်းဖြင့်တွက်၍ပေးသောကြောင့်ဖြစ်ပီး steem power ခေါ် steem coin ဈေးသည် 100$ ထိမထင်မှတ်ဘဲ ဈေးထိုးတက်သွားပါက မိမိရမည် 50% steem အတွက်မှာမှု ပေါက်ဈေးအတိုင်းသာတွက်ချက်ပေးပါသောကြောင့်များစွာဆုံးရှုံးနစ်နာမည်ဖြစ်ပါတယ်လို့ ကျနော်ကထပ်မံပြောပြလိုက်ပါတယ် steem community အဖွဲ့သားများအတွက်ပါခင်ဗျ အကိုဟင်အား ကျေးဇူးတင်လျှက်ပါလို့တပါတည်း လေးစားစွာဖြင့်ပန်ကြားလိုက်ပါတယ်ခင်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သာအေးရေ... မျက်စိကို လည်သွားတာပဲ...ကျေးဇူးတင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်ကသိပ်စာရေးမကောင်းလို့လိုရင်းကိုထိထိမိမိမရောက်တာဟီးးးးးညီပြောချင်တာက sbd 100$တက်သွားရင်ဘာမှမဖြစ်ပေမယ့် steem coin 100$ဈေးတက်သွားရင်တော့ အခုစုမထားတဲ့သူတွေ အရမ်းနစ်နာမယ်လို့ပြောချင်တာ ဟီးးးးး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲတာ အမှန်ပဲ... SBD ဈေးတက်တာက Steemit Platform ကို ရိုက်ခတ်မှုမရှိပေမယ့် Steem ဈေးတက်လာရင်တော့ Steemit Platform ပေါ်ကို အများကြီး အကျိုးသက်ရောက်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steemit is the Long term Project.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
you are right, keep it up...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို ရှင်းပြပေးတဲ့ အတွက်ကျေးဇူးတင်ပါတယ်ဗျ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို တခုခု ရသွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း ပျော်ရွှင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကိုရယ် steem ဖောင်းပွလာမည့် ကိစ္စကို အရင်ကတော့ တွေးပူခဲ့ပါတယ် အစ်ကို့ post ဖတ်ပြီး ရင်အေးသွားပါပြီဗျ ကျေးဇူးပါအစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့.... ကျွန်တော်လည်း အရင်တုန်းက အဲဒီလို တွေးပူ မိပါတယ်။ ဒါပေမယ့် Steemit Platform ကို လေ့လာရင်း နဲ့ တဖြည်းဖြည်း သိလာခဲ့တာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steem coin နှင့် SBD $ တို့ဖြင့် ပြင်ပ အရာများ ဝယ်ယူနိုင်လျှင်
Steemit ရေရှည်တည်တံ့လိမ့်မည်ဟု ယုံကြည်ပါသည်။
Steem power တွက်နည်းကိုတော့ အရင်က မသိခဲ့ပါ။
Upvote calculator ဖြင့်သာ တွက်ကြည့်ဖူးပါသည်။
ကျေးဇူးတင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လက်ရှိ peerhub website မှာ SBD နဲ့ ဈေးဝယ်နိုင်ပါတယ်။ SBD $ ကို ပြင်ပြမှာ အသုံး ပြုနိုင်အောင် လုပ်ဆောင်နေကြပါပြီ။ မြန်မာပြည် မှာလည်း MSC က အကောင်အထည် ဖေါ်ပါလိမ့်မယ်။ အချိန်တော့ပေးရပါမယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လည်း စိတ်ကူးရှိလို့ အခု စိတ်တူကိုယ်တူချီတတ်ကြဖို့
၁၀ ဦး အုပ်စုဖွဲ့ပြီး စနေပါပြီ။ MSC အနေဖြင့် လုပ်မယ်ဆိုရင်ဖြင့် အတူဝိုင်းဝန်းကြမှာပါဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SBD $ ကို ပြင်ပမှာ တကယ်အသုံးပြုနိုင်အောင် လုပ်ဆောင်လို့ရပါတယ်။ ဒါပေမယ့် အသုံးပြုသူ များ လာဖို့ရယ် အသိအမှတ် ပြု ပြီး သုံးစွဲ နိုင်ဖို့ ရယ် လုပ်ဆောင်ရပါမယ်။ မြန်မာ တပြည်လုံး အတိုင်းအတာနဲ့ SBD အသုံးပြု နိုင်သူ အယောက် ၃၀၀ မရှိသေးပါဘူး။
ဒါ့အပြင် လက်ရှိက Power စုနေကြတဲ့ အချိန်မို့ SBD ကို ပြင်ပမှာ သုံးစွဲ နိုင်ဖို့ MSC အနေနဲ့ မကြိုးစားသေးတာပါ။ SBD$ ကို လူအားလုံး မသုံးနိုင်ရင်တောင် MSC members များအလွယ် တကူ အသုံးပြုနိုင်အောင် MSC က လုပ်ဆောင်ပါလိမ့်မယ်။ အဲဒါဟာ ရေရှည်မှာ MSC အကောင်အထည်ဖေါ်မဲ့ project plan တခုထဲမှာ ပါ ဝင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုလိုရှင်းပြပေးတာကျေးဇူးပါဆရာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို တခုခု ရသွားတယ်ဆိုရင်ပဲ ကျွန်တော်လည်း ပျော်ရွှင်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲ့ဒီသဘောတရားကို ပြီဲ့ခဲ့တဲ့၁လပိုင်း sbd ဈေးတက်သွားချိန်မှာကောင်းကောင်း နားလည်းလိုက်ရပါတယ်
sbd ဈေးကသာတက်သွားတာ sp ဝင်တာမှာ နည်းသွားပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SBD ရဲ့ အကျိုးသက်ရောက်မှုမဟုတ်ပါဘူး။ Steem ဈေးတက်သွားခြင်းရဲ့ အကျိုးဆက်ပါ မမမြန်မာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SP တွေ ဖြည်းဖြည်းချင်း စုနေပါတယ် ..
ရှင်းပြပေးတာ ကျေးဇူးပါနော်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့ပါ အန်တီနန်းရေ... ကျွန်တော်လည်း သိသလောက်လေး ဝေမျှရတာပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steem နဲ့ sbd အခြေအနေသိချင်နေတာနဲ့အတော်ပဲ ကျေးဇူးပါ အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Mingalarpar ခင်ဗျ၊Myanmar Steemit Community Team သို့ပါဝင်ခွင့်ရချင်လို့ပါခင်ဗျာ။အဘယ်၍များလုပ်ဆောင်လျှင်ရပါမည်နည်း။Steemit ကိုစသုံးခါစမို့မသိသောအကြောင်းအရာတွေမြောက်များစွာရှိနေပါသည်။ထိုကြောင့်မို့ယခုTeam ၌ပါဝင်ခွင့်ရမည်ဆိုပါကအလွန်ပင်ဝမ်းမြောက်ဂုဏ်ယူမိမှာအးမ၊။သို့ပေမဲ့ယခုမှစလုပ်ခါစမို့team ၌ ပါဝင်ခွင့်ရမည်ဆိုပါကအမှားပါလျှင်ကြိုတောင်းပန်ပါရစေခင်ဗျာ။ကျေးဇူးတင်စွာဖြင့်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steemit Platform မှာ post မတင်ခင် ဒီPlatform ရဲ့ လုပ်ဆောင်ချက်တွေ ၊ အသုံးပြုပုံ အသုံးပြုနည်းတွေကို သေချာလေ့လာပါ။ အစ်ကို့ blog ထဲအထိ ရောက်လာနိုင်ရင် အစ်ကိုရေးထားတဲ့ စာတွေ ဖတ်မိလောက်ပြီလို့ ယုံကြည်ပါတယ်။ ပြီးတော့ ညီလေး ကို reputation 70 ကျော်တဲ့ timcliff လို အကောင့်က warning ပေးထားပါတယ်။ လေ့လာပါ။ နောက်တခု ပြောချင်တာက မိမိမျက်နှာကို မပြချင်သူတိုင်း MSC ထဲကို ဝင်ခွင့်မရှိပါဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နားလည်နိုင်ဖို့ ကြိုးစားနေဆဲပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good 👍👍👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SREEM နဲ့ SBD အကြောင်းအသေးစိတ်သိခဲ့ရပါပြီ။ကျေးဇူးပါ အစ်ကိုဟင်..။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
steem power information! thanks for sharing
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဈေးတက်လာရင် ကွာဟချက်များစွာဖြစ်သွားမှာဆိုတော့ Spစုထားတဲ့သူတွေ Spများများစုနိုင်ရင် အရမ်းမိုက်ပြီ
ဈေးတက်မှဆို Spစုဖို့မလွယ်တော့ဘူး
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရှိသမျှ SBDအား steem powerသို့ပြောင်းပြီး SPတိုးရန်သာ ဆောင်ရွက်ပါမည်။3လပိုင်းအကုန် SMTsများထွက်လာသည့်အချိန်တွင်ကြီးမာသောပြောင်းအလဲ တစ်ခုဖြစ်လာမည်ဟု မျှော်လင့်ပါသည်။ 1😁😁😁
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Great Explain
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Steem ဈေးတက်ပါစေလို့ဆုတောင်းမိပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Fantastic work you are doing, that picture looks cool though. Keep going higher man
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thanks.bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးရေးတော့ သဘောပေါက်လာပြီ အကိုဟင်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Muy buen contenido, felicidades.Saludos.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Hello ko @kachinhnry .I am new member of MSC.Please help me vote.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ အကိုဟင် ကျွန်တော်အခုမှ steemနဲ့sbd
ကွဲခြားမှုကို အလုံးစုံသဘောပေါက်တော့တယ်ဗျာ
နောက်လဲ အကိုရဲ့အခုလိုsteemit ရဲ့အကြောင်း ပညာပေး
ပိုစ့်လေးတွေကို ကျွန်တော်တို့ msc ညီကိုမောင်နှမအားလုံး
စောက်မျော်နေပါတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလိုသိခွင့်ရတာကျေးဇူးပါဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
So amazing System. Steemit is almost perfect system. How nice!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဈေးလေးလဲ တက်စေချင်တယ် ဈေးမတက်ခင် sp များများလေးလဲ များလေကောင်းလေ ရှိချင်တယ် ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုလို steemit ကို ယုံယုံကြည်ကြည် လုပ်နိုင်အောင် ရှင်းပြပေးသောကြောင့်
အကို့ကို ကျေးဇူးအများကြီး တင်ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်ကတော့ တဖြေးဖြေးနဲ့ sp စုရင်း လိပ်များလို ချီတက်လာပါပီဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
SMT အကြာင်းနဲ့ သူ့ရဲ့အလားအလာအကြောင်းလေးတွေလည်း သိပါရစေခင်ဗျ။ အဲဒီအကြောင်း ကိုဟင်ရဲ့ Post အဖြစ် ရေးတာကိုလည်း စောင့်မျှော်လျက်ပါ ခင်ဗျ။ကိုဟင်ရဲ့ လမ်းညွှန်ပြသမှုကိုလည်း အမြဲကျေးဇူးတင်လေးစားလျက်ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
2016 တုန်းက 1BTC=400USD ဝန်းကျင်တန်ဖိုးက 2018 မှာ 1BTC=18000USD ထိဖြစ်ခဲ့ပြီး.. ခုလက်ရှိထိ..1BTC =10000 USD ဝန်းကျင်မှာဘဲရှိနေတာသိရင်... 20016 ကနေ ခုချိန်ထိ တစ်ခြား ငွေကြေးထက် ငွေလှဲနှုန်းအလွန်ငြိမ်တာရယ်.. တကယ့် နံမည်ကြီး Utube ကသူတွေ Instagram ကသူတွေ steemit မှာ 2018 ၂လပိုင်းအတွင်းမှာ ပြုံဝင်လာတာရယ်.. အဖက်ဖက်ကကြည့်ရင်... မကြာခင် steemit ဟာ.. .ဒုတိယ BTC ဖြစ်လာပါလိမ့်မယ်လို့ထင်ပါတယ်.... Digital currency ဟာ စလေ့လာခါစသမားတွေအတွက် ယုံရခက်တဲ့ပုံပြင်ကြီးလိုပါ... သို့သော်... ကျနော်...ကိုယ်တိုင် 2016..မှာ.. 4BTC လောက်ပိုင်ခဲ့ပြီး.. အလကားနီးနီး ဖြုန်းပြစ်ခဲ့ဖူးတာမို့ပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit