မင်္ဂလာပါ။ ကျွန်တော်၏ ဤဆောင်းပါးမှာ လက်ရှိ steemit platform ရင်ဆိုင်နေရသော ပြသနာများအား MSC member များ အား ဝေငှလိုရင်း ဖြစ်၍ ကျွန်တော့ အနေဖြင့် နည်းပညာကျွမ်းကျင်သူမဟုတ်သောကြောင့် နည်းပညာနှင့်ပါတ်သက်၍ ဖေါ်ပြရာတွင် အမှား အယွင်း တစုံတရာရှိခဲ့လျင် ကျွန်တော်၏ ညံ့ဖျင်းမှုသာ ဖြစ်ကြောင်း ဝန်ခံပါသည်။
ကျွန်တော်၏ ယခင် ဆောင်းပါးတွင် ဖေါ်ပြပေးခဲ့ သည့် အတိုင်း CEO @ned မှ သူ၏ အလုပ်သမား ၇၀% လျှော့ချရန် post တက်လာပြီးနောက် steemit platform အသုံးပြုသူ လူတိုင်းနီးပါး စိတ်ပျက်လက်ပျက် ဖြစ်သွားကြပါသည်။ အမှန်ဆိုရလျင် ထို စိတ်ပျက်သွားကြသူများတွင် ကျွန်တော်လည်း တယောက်အပါအဝင် ဖြစ်ပါသည်။
ဤ platform အပေါ် ကျွန်တော်၏ မျှော်လင့်ချက် မည်မျှကြီးသည်ကို ကျွန်တော်သာ သိပါသည်။ အဘယ့်ကြောင့် မျှော်လင့်ချက်ကြီး သည်ကို အသေးစိတ်ဖေါ်ပြပေးပါမည်။ ဆိုခဲ့သည့် အတိုင်း @ned အနေဖြင့် ထိုသို့ ကြေညာခဲ့ပြီးနောက် ကျွန်တော့ အနေဖြင့်လည်း မနေသာတော့ပါ။ steemit အတွင်းရှိ ရင်းနှီးသော witness များနှင့် အခြား ဂုရုကြီးများအား မေးမြန်းရပါတော့သည်။
သူတို့ အနေဖြင့် နည်းပညာ ဘာသာရပ်ဖြင့် ရှင်းပြကြသော်လည်း ကျွန်တော့ အနေဖြင့် computer , internet, blockchain နည်းပညာတို့တွင် မူကြို ၂ ခါကျ အဆင့်သာရှိသေးရာ ကျွန်တော်နားလည်သလောက်ပြန်လည် ဝေမျှပေးပါမည်။ steemit platform ၏ အစပိုင်းတွင် ဦးတည်ရာ ရည်ရွယ်ချက် တခုတည်းသာရှိခဲ့ပါသည်။
ထိုအချိန်တုန်းကတော့ ယခု ကျွန်တော်တို့ blogger များ blogging လုပ်၍ Steem နှင့် SBD များ ရိုက်ထုတ်၍ ဈေးကွက်အတွင်း၌ လည်ပါတ်ရန် လုံလောက်သော Steem & SBD မျာ ရရှိလာလျင် steemit အား နိုင်ငံတကာ လူမျိုး ဘာသာမရွေး အသုံး ပြုနိုင်သော Facebook နှင့် Tweeter ကဲ့သို့ social media app တခု အဖြစ် ထွက်ပေါ်လာရေး ဖြစ်ပါသည်။
Blockchain နှင့် နွယ်သော နည်းပညာဖြစ်၍ မိမိတို့၏ အသုံးပြုမှုအပေါ် မူတည်၍ reward system ဖြစ်သော တနည်းအားဖြင့် ဝင်ငွေရနိုင်သော social media app ဖြစ်လာမည် ဖြစ်သောကြောင့် ထို အချိန်တုန်းက steemit မှာ အလွန်ရေပန်းစားပြီး မျှော်လင့်ချက် ကြီး ကြီးမားမား ပေးနိုင်သော platform တခုအဖြစ်ရပ်တည်ခဲ့သလို Steem အနေဖြင့်လည်း coin & token ဈေးကွက်တွင် TOP 10 နေရာတွင် အချိန်တော်တော်ကြာ ရပ်တည် နေနိုင်ခဲ့ပါသည်။
၂၀၁၇ နှစ်လည် ပိုင်းတွင် Steemit အနေဖြင့် သူ၏ blockchain အပေါ်တွင် မှီခို၍ အခြားသော Social media tokens များ ထုတ်လုပ်နိုင်မည့် SMTs ကို စတင်မိတ်ဆက်ပေးလာပါသည်။ ကျွန်တော့ အနေဖြင့် နားလည်ထားသည်မှာ steemit အား blogging တခုသာမဟုတ်ပဲ Facebook ကဲ့သို့ App တခုအနေဖြင့် အသုံပြုနိုင်ရန် စာသား၊ ဆောင်းပါးများ ရေတင်နိုင်ရမည် ၊ ဓါတ်ပုံများ တင်နိုင်ရမည် ၊ ဗီဒီယို များ လက်တန်းရိုက်၍ တင်နိုင်ရမည် ။
ထိုအရာများ အားလုံး အား Facebook တွင် Like ပေးသကဲ့သို့ ပေးနိုင်ရမည် ။ Like ပေးသည့် အခါတွင်လည်း Like ပေးလိုက်သူ၏ SP အနည်းအများ အလိုက် SBD ရရှိသွားစေရမည်။ ဤသို့သော နည်းပညာ များမှာ Blog တခုချင်စီတွင် ပြသနာ မရှိနိုင်သော်လည်း App တွင် များစွာ အခက်အခဲ ရှိနိုင်ပါသည်။
ထိုနည်းပညာအတွက် software Engineer များ Developers များ ငှားရမ်း အသုံး ပြု ရေးဆွဲ စေရပါသည်။ အခြား တဖက်ကလည်း ပင်းပ Blockchain အား SMTs project များ လွယ်လင့်တကူ လွင့်တင်နိုင်စေရန် နည်းပညာများ မြှင့်တင်ရပါသည်။ ကျွန်တော်နားလည်ထားသည်မှာ လက်ရှိ steemit သည် လူ ၁ သန်း အလွယ်တကူ အသုံး ပြုစေရန် အတွက် အခက်အခဲ မရှိသော်လည်း လူ သန်း ၁၀၀၀ တပြိုင်တည်း အသုံးပြုရန်အတွက် နည်းပညာ အခက်အခဲ ရှိနေပါသေးသည်။
ထို အတွက်လည်း နည်းပညာ မြှင့်တင်မှု ပြုလုပ်ကြရပါသည်။ ရေရှည်ကို ကြည့်၍ အလုပ်လုပ်နေကြသည် မှန်သော်လည်း ရေတို အတွင်း အကျိုးရလဒ် တစုံတရာ ထွက် ပေါ်မလာသောအခါ steemit အပေါ်တွင် ယုံကြည်မှုစတင် ဆုံးရှုံးလာကြပါသည်။ ဥပမာ ပြရလျင် ၂၀၁၈ မေလလောက်တွင် ထွက်ပေါ်လာမည်ဟု ကတိပေးထားသော SMTs သည်လည်း ထွက်လာနိုင်ခြင်း မရှိသလို ၂၀၁၈ သြဂုတ်လ လောက်ရောက်မှ ၂၀၁၉ မတ်လတွင် တရားဝင် လွင့်တင်နိုင်မည့် အကြောင်း ကတိပေးနိုင်ခဲ့သည်။
ဤ သို့ ဖြင့် ဆက်လက် စောင့်စားနေရာ ယခု နှစ် နိုဝင်ဘာလ ကုန်ပိုင်းတွင် CEO@ned ၏ Budget အခက်အခဲ ရှိသောကြောင့် steemit.com အား ဆက်လက်လည်ပတ်ရန် အခက်အခဲရှိ၍ ဝန်ထမ်း ၇၀ % လျှော့ချရန် ပြင်ဆင်နေကြောင်း အသိပေးလာသောအခါ ဤ platform ပေါ်တွင် နှစ်ရှည်လများ မျော်လင့် ချက်ထားသူအားလုံးတို့ စိတ်မကောင်း ဖြစ်ကြရပါသည်။
ဤ အတိုင်း ဆိုလျင် ကျန်ရှိသော ၃၀ % သော ဝန်ထမ်း များ ဖြင့် steemit App အောင်မြင်လာအောင် မည်ကဲ့သို့ လုပ်ဆောင်ပါမည်နည်း ? ။ SMTs ကတိပေးထားသော အချိန် လွင့်တင်နိုင်ရန် မည်သို့ လုပ်ဆောင်ကြမည်နည်း ? ။ စိတ်ဝင်စားစရာကောင်းလွန်းလှပါသည်။ CEO @ned အနေဖြင့် မှားယွင်း သွားသော အချက် ၂ ချက် ရှိပါသည်။ ပထမ အချက်မှာ သူ၏ Steemit App အား ယုံစားလွန်း၍ steemit နှင့် ပါတ်သက်၍ Marketing မဆင်းခြင်း ဖြစ်ပါသည်။
အကယ်၍ steemit App သည် မနက်ဖြန် သဘက်ခါ ထွက်လာသည် ရှိစေအုံးတော့ ဝင်ငွေ တစုံတရာ ရရှိနိုင်သော social media App ဖြစ်၍ အောင်မြင်မည်ကတော့ သေချာပါသည်။ သို့သော် Mass Adoption ဟူသော လူအများ တပြိုင်တည်း လက်ခံသုံးစွဲလာစေရန် အခက်အခဲ ရှိနိုင်ပါသည်။
ထို့ကြောင့် steemit အား blogging အနေအထားတွင် ကြေညာအား ကောင်းကောင်း ဖြင့် နာမည်ကြီးနေစေရန် တနည်းအား ဖြင့် token ဈေးကွက်တွင် Steem အနေဖြင့် ဈေးကွက် တနေရာ ရနေစေရန် လုပ်ဆောင်ရန် ပျက်ကွက်ခဲ့ပါသည်။ အတော်များများက marketing ကြိုဆင်းရန် အကြံပေးနေကြသော်လည်း ထို အချက်ကို လိုက်နာရန် ပျက်ကွက်နေခဲ့ပါသည်။
ဒုတိယ အချက်မှာ Steemit App အဆင်သင့်မဖြစ်သေးမှီ မျှော်လင့်ချက် နောက်တခု ဖြစ်သော SMTs ကို အကောင်အထည် ဖေါ်လိုက်ခြင်း ဖြစ်ပါသည်။ ကျွန်တော် သိထားသလောက် Steemit App တခု တည်း အတွက် steemit.com ၏ ကုန်ကျစရိတ်မှာ တနှစ်လျင် ဒေါ်လာ ၂ သန်း ဖြစ်ပါသည်။ အခြားသော blockchain နည်းပညာ များ အတွက် witness များ ၊ software Engineers များ အတွက် ကုန်ကျ ငွေများကိုတော့ မသိရပါ။
အားလုံ ခြုံငုံ လိုက်လျင် တနှစ်လျင် အနည်း ဆုံး ဒေါ်လာ ၅ သန်းနှင့် အထက်ရှိမည်ဟု အတွင်း သတင်းများအရ သိရပါသည်။ ထို့ကြောင့် steemit ၏ witness တဦး ဖြစ်သူ @timcliff က လွန်ခဲ့သော နှစ်များတွင် steemit အတွက် မည်ကဲ့သို့ ငွေကြေးသုံးစွဲ ခဲ့ပုံ အကြောင်း ကွန်မန့်ချ၍ မေးမြန်း ပုံအား ထောက်ကြည့်လျင် CEO @ned ၏ ငွေကြေးဆိုင်ရာ စီမံခွန့်ခွဲ မှုမှာ မေးခွန်း ထုတ်စရာ ဖြစ်နေပါသည်။
ကျွန်တော် သိရသလောက် steemit.com အနေဖြင့် ဝင်ငွေ မရှိသေးပါ။ ဆိုလိုသည်မှာ steemit .com အနေဖြင့် ဝင်ငွေတရပ် မရှာနိုင်သေးပါ။ အကြောင်းမှာ သူ၏ ထုတ်ကုန် ဖြစ်သော App သော် လည်ကောင်း SMTs သော် လည်းကောင်း ထွက်မလာကြသေး၍ ဖြစ်ပါသည်။
ထိုသို့ ရပ်တည် နိုင်ရန်အတွက် တခုတည်းသော နည်းလမ်းမှာ ဈေးကွက် အတွင်းသို့ Steem များ ချရောင်း ခြင်း ဖြစ်ပါသည်။ ကျွန်တော်သိရသလောက် steemit ၏ ရန်ပုံငွေမှာ @steemit ၏ wallet တွင် SP ၄၄ သန်း ( ယခင် သန်း ၇၀ ) , အသင့် ရောင်းချရန် Steem ၂ သန်းကျော် ။ @steemit2 ၏ wallet တွင် အသင့် ရောင်းချရန် Steem ၁ သန်းကျော် သာရှိပါတော့သည်။
ဆိုခဲ့သည့် အတိုင်း ယခင် နှစ်များတွင် Steem ဈေးမှာ USD 1$ အထက် တွင် ရှိနေခဲ့၍ ဈေးကွက် အတွင်းသို့ Steem တွန်းပို့ယုံမျှ ဖြင့် ရန်ပုံငွေ လုံလောက် နိုင်သော်လည်း ( အထူးသဖြင့် Steem ဈေး $2 အထက် ကာလများ ) ယခု အချိန်ကဲ့သို့ ဈေးကွက် အနေဖြင့် ပြား၅၀ အောက် ရောက်သွားသောအခါ အကုန်အကျ များလွန်းလှ၍ Budget မလောက်သော ပြသနာ ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။
ထို့အပြင် ဝင်ငွေ မရှိသေးသော steemit.com အနေဖြင့် ၂၀၁၉ တခုနှစ်လုံးအား မည်ကဲ့သို့ ဖြတ်သန်း ကြမည်မှာ စိတ်ဝင်စားစရာကောင်းပါသည်။ တဖက်မှ ကြည့်လျင်လည်း လစာပေးထား၍ အချိန် မှီ App တခု ပြီးစီးအောင် မရေးနိုင်ကြသော Developers များနှင့် Software Engineer များအား ဖြုတ်သင့်သည်ဟုလည်း ထင်ပါသည်။
အချိန် ၂ နှစ်ကျော်လာသည့်တိုင် Beta version ပြုတ်အောင် မဖြုတ်နိုင်ကြသော နည်းပညာ ရှင်များ အား ဆက်လက်အားကိုးရန် မသင့်ဟု အကြံပေးကြသူများကလည်း ရှိပါသည်။ မည်သို့ပင်ဆိုစေ steemit platform ၏ အပြောင်းအလည်းတခုကိုတော့ မကြာမှီ မြင်ကြရတော့မည် ဖြစ်ပါသည်။
အခြား တခုအနေဖြင့် ကျွန်တော်မျှဝေလိုသည်မှာ လူအတော်များများ မှ steemit platform ပျက်စီးသွားတော့မည် ၊ တနည်းအားဖြင့် ကျွန်တော်တို့နှင့် နားယျဉ်နေပြီ ဖြစ်သော Scam ဖြစ်သွားတော့မည်ဟု ထင်ကြပါသည်။ steemit platform သည် မပျက်စီးသွားနိုင်ပါ။ ရှင်းပြပါမည်။
ဤ platform ပေါ်မှနေ၍ ကျွန်တော်တို့၏ MSC အနေဖြင့် အလှူအဒါန်းများ ပြုခဲ့ကြဘူးသည်၊ အကူအညီများ ပေးခဲ့ကြဘူးသည်၊ ဆေးရုံစရိတ်မတတ်နိုင်သူများအား တဖက်တလှမ်းမှ အကူအညီ ပေးဘူးကြပါသည် ၊ မရှိနွမ်းပါးသော ခလေးငယ်များအား စာအုပ် ခဲတံ များ ဝေငှ နိုင်ခဲ့ကြပါသည်။
ထိုအကူအညီ အလှူအဒါန်များမှာ ဤ platform ပေါ်မှ ရသော မမြင်ရသော ပိုက်ဆံများ ဖြင့် ကူညီ ခဲ့ လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။ ကျွန်တော်တို့ ပိုက်ဆံ အိတ်ထဲမှ တပြားမှ နှိုက်ထုတ်ခဲ့ခြင်း မရှိခဲ့ပါ။ ဤသည်မှာ ကျွန်တော်တို့ ကဲ့သို့သော curie အထောက်ပံ့ခံ Community ငယ်တခုက လုပ်နိုင်ခဲ့သော ပမာဏ ဖြစ်ပါသည်။
အခြားသော နိုင်ငံများ ၊ Community များကလည်း ထိုကဲ့သို့ပင် ဖြစ်ပါသည်။ ကင်ဆာဝေဒနာရှင်များအား ဆေးကုသရန် ၊ ဆေးရုံ စရိတ်မတတ် နိုင်သော ခလေးငယ်အား ကယ်တင်ရန် ၊ ခြေတု လက်တု တတ်ပေးနိုင်ရန် စသည် စသည်ဖြင့် ဤ platform ပေါ်မှ မရေတွက်သော အကူအညီများ ဒေါ်လာ ထောင်၊ သောင်း များစွာ ထုတ်ယူ အကူအညီပေးနိုင်ခဲ့ကြပါသည်။
ဤ သို့ အကူအညီ ပေးခြင်းအတွက် မိမိ တွင် တစုံတရာ လျော့ပါးသွားခြင်း မရှိပါ။ Steem ရှိသူက Steem လှူမည် ၊ SBD ရှိသူက SBD လှူ မည် ဘာမှ မရှိသူက Vote လှူဒါန်းလို့ရပါသေးသည်။ ဤ လိုတရ ပဒေသာပင် ပေါက်နေသကဲ့သို့ကောင်းမွန်သောsteemit platform အား ကျွန်တော်ကဲ့သို့ နည်းပညာ မူကြို ၂ ခါကျ အဆင့်ရှိသူက မျှော်လင့်ချက် ကြီးကြီးမားမားထားနေပါလျင် နားလည် တတ်ကျွမ်းသူတို့ ဤ platform ပျက်စီးသွားမည်ကို မည်မျှ စိုးရွံ့ နေကြမည်ကို နားလည်နိုင်ကြပါလိမ့်မည်။
ထို့ အပြင်ဤ platform ပေါ်အခြေခံ၍ ဖေါ်ဆောင်နေကြသော ပညာရေး ၊ ကျန်းမားရေး ၊ စီးပွားရေး ၊ projects များ Games များ ။ ဤ မျှ လောက်ဆိုလျင် steemit platform ၏ အရေးပါမှုကို ခန့်မှန်းကြည့်နိုင်ပါပြီ။ ယခုလည်း ဤ steemit သင်္ဘော ကြီး မနှစ်မြုပ်သွား စေရန် အစွမ်းကုန် အကြံအညာဏ်ပေး ၍ ကြိုးစားနေကြပါသည်။ ထို့ကြောင့် ကျွန်တော် သိထားသလောက် ပြောရလျင် @ned အနေဖြင့် steemit platform အားဆက်လက်တာဝန်ယူ ရန် မစွမ်းနိုင်တော့လျင်တောင် steemit ဂရုကြီးများက steemit ချစ်သူများအဖွဲ့ ဖွဲ့၍ ဆက်လက် တာဝန်ယူသွားကြရန် ပြင်ဆင်နေကြပါသည်။
ထို့ ကြောင့် ကျွန်တော် ပြောနိုင်သည်မှာ steemit platform ပျက်မသွားနိုင်ပါ။ သို့သော် အောင်မြင်ရန် အချိန်တော့ အနည်းငယ်ထပ် ပေးရပါလိမ့်မည်။ ၃၀% သော ပညာရှင်များ၏ လုပ်အား ပမာဏသည် မည်မျှ အကျိုးသက်ရောက်မှု ရှိမည်ကို စောင့်ကြည့်ရမည် ဖြစ်သလို steemit အနေဖြင့် Steem ဈေး USD2$ အထက်တွင် ပုံမှန် ထိန်းထားနိုင်လျင် ကျွန်တော်တို့ကဲ့သော သာမန်အသုံးပြုသူများအနေဖြင့် အတော်အသင့် အဆင်ပြေသော အနေအထားသို့ ရောရှိလာပါလိမ့်မည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001
အသေးစိတ်အချက်အလက်တွေအတွက် ကျေးဇူးတင်ပါတယ် ကိုဟင်
အခု link မှာလည်း တစ်ဖက်တစ်လမ်းက ကူညီမယ်လို့ ပြောထားပါတယ်
https://steemit.com/steem/@coingecko/coingecko-response-to-ned-s-update
ဒီလိုမျိုး လူတွေ အများကြီးရှိပါလိမ့်မယ်လို့ ယုံကြည်ထားပါတယ်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကူညီချင်သူတွေက အများကြီးမှ တကယ်ကို အများကြီးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Blockchain နည်းပညာကို တတ်ကျွမ်းမထားလေတော့ ဘာမှလည်း မခန့်မှန်းတတ်ပါပေါ့...
တည်တံ့စေရန် ရည်သန်မျှော်လင့်နေရုံပါပဲ
Fighting!
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အကောင်းဆုံး ဖြစ်လာပါလိမ့်မည်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Fighting ပါ steemitကြီးရေ😔😔
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မမကြည်ကလည်း @ned ရဲ့ post တွေမှာ fighting လို့ သွားမန့်ရမှာ လေ...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဇွဲကောင်းကောင်းနှင့် စောင့်မည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝရိယ အကျိုးခံစားရပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
တခုပြတ်မှ တခုလုပ်ရမှာကို နော့်လေဗျာ
😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခုတော့ မျောက်သစ်ကိုင်းလွတ်ပြီလေ....
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖတ်ရင်း ရင်မောလာသလိုပါ အားလုံးအဆင်ပြေပါစေဟုသာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အားဆေးလေး သောက်ပါ ကိုထွေး... ရင်မော ရင်တုန် ဖြစ်တာ နှလုံး အားနည်းလို့ပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဖြုတ်လိုက်ဆတာ့လဲ ကောင်းသွားတာပါဘဲ အရင်ထဲက လုပ်စေချင်တာ သူတို့တွေပုံစံကြည့်ရတာ steemit.com ကို ဆိုတာထက် သူတို့ ယုံကြည်ရာ steemit ကနေ နောက်ထပ် ဝင်ငွေ ရအောင် တစ်ခြားနည်း လုပ်နေကြသလိုထင်မိတယ် ။ steemit ကိုဆိုပေမဲ့လနည်းနည်းလေး လမ်းလွဲပြီး လုပ်နေကြသလို ထင်တာ ။ တစ်ယောက်တစ်မျိုးနဲ့ အားလုံး တစ်မျိုး ကို ဝိုင်းဝန်း လုပ်တာလဲ မဟုတ်ကြဘူး ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မှန်တယ် ဒိုမီ။ အစ်ကို သိရသလောက်တချို့က steemit ကလစာ ယူပြီး တခြား အလုပ်တွေ ခွ လုပ်နေကြတာ။ အထူသဖြင့် EOS platform မှာပေါ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အခုအချိန်မှာ ပညာရှင်တွေ ၊witnessတွေစုပေါင်ပြီး အရေးပေါ်အစည်းအဝေးထိုင်သင့်တယ်။ ပညာရှင်တွေ တစ်ခုခုတော့ လုပ်မှာပါ။ကျွန်တော်ကတော့ ယုံကြည်နေလျက်ပါအစ်ကိုရေ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သေချာပေါက် တခုခုကို လုပ်ရမှာ ကိုမဟော်... မလုပ်ရင် ကျွန်တော်တို့ မျှော်လင့်ချက်တွေ ရေစုန်မျော လိမ့်မယ်။ ကျွန်တော်တို့ မျှော်လင့်ချက်က သေးပါသေးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဘာမှ မတတ်ဘူး စာပဲရေးတတ်တော့ အများနည်းတူ ရင်ခုန်ရင်းစောင့်နေယုံ 😊
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဝရိယ အကျိုးခံစားရပါမည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလွှဲအပြောင်းလေးတွေဖြစ်မယ့်သဘော😁😁
30%နဲ့ Betaဗားရှင်းကိုဖြုတ်မည်😁
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
၃၀% က တကယ်လုပ်တဲ့ သူတွေ ကျန်နေခဲ့တယ်ဆိုရင်တော့ ကောင်းတာပေါ့။ အပြောင်းအလည်း တခု ပေါ်လာပါလိမ့်မယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကံကိုသာယုံ၍စောင့်ရပါတော့မည်
Posted using Partiko Android
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဆူးပုံ မနင်းမိဖို့သာ လိုပါသည်။