ထို့ နောက်တွင်တော့ ကွန်ပြူတာ အကြည့် များခြင်း၏ အကျိုးဆက်ဖြစ်သော မျက်လုံးအမြင် ဝါးလာခြင်း ဇက်ကြောတက်ခြင်းများက အပိုဆု များအဖြစ်လိုက်လာတော့သည်။ အအိပ်အစားမမှန်၍ ကြောင်တောင်တောင်ဖြစ်လာပါတော့သည်။ အားသည်နှင့် poloniex တွင်ရှိသော ပြေးလွှားနေသည့် ကိန်းကဏာန်း များကိုသာ ကြည့်ချင်နေမိသည်။
ထို့နောက်တော့ သည်အတိုင်သာ ဆက်သွားလျင် ကျန်းမာရေးထိခိုက်လာမည့် အပြင် အလုပ်ပါ ထိခိုက်လာမည်ဖြစ်သဖြင့် ကျွှန်တော် coin trading လုပ်ခြင်းကို စွန့်လွတ်ရန်စဉ်းစားရပါတော့သည်။ကျန်းမာခြင်းသည် လာဘ်တပါးဖြစ်ကြောင်းသိလာပြီးနောက်ပိုင်းတွင် trading လုပ်ခြင်းကို လျှော့ချလိုက်ပါတော့သည်။
ယခုအချိန် Myanmar community နှင့် အလုပ်ရှုပ်နေသော ကာလများတွင် trading site များကို ဝင်မကြည့် သလောက်ပင်ဖြစ်သွားပါသည်။ ၂၀၁၇ မေလထဲတွင် ကျွှန်တော့ သူငယ်ချင်း @dubi ၏ အဆက်မပြတ်တိုက်တွန်းမှုကြောင့် dear god ( ဘုရားသခင် ထံသို့ ပေးစာ ) ဖြင့် ပြန်လည်ဝင်ရောက်လာခဲ့ပါသည်။ ထို့ နောက် June လဆန်းပိုင်းတွင် ကျွှန်တော့တွင် အတွေးတခုဝင်လာပါသည်။
အဘယ့်ကြောင့် မြန်မာများ Steemit တွင် ရှိမနေကြပါသနည်း။ အမှန်ကို ဝန်ခံရလျင် မြန်မာပြည်ရှိ လူငယ်များ PTC , investment, coin traded လုပ်နေကြသည်ကို ကျွှန်နော်လုံးဝမသိရိုးအမှန်ပင်ဖြစ်သည်။ မသိခြင်းမှာလည်း ယခင်က ကျွှန်တော်သည် on line ငွေရှာခြင်းကို အယုံ အကြည် မရှိ၍ ဖြစ်သည်။
deposit သွင်းပါဆိုသည်နှင့် site ကို တန်း ပိတ်လိုက်ပါသည်။ reffreal ရှာရမည်ဆိုလျင် game ပင်မဆော့ပါ။ ထို့ကြောင့် ဤ coin ဈေးကွက် မြန်မာပြည်တွင် ရှိကြောင်းပင်မသိခဲ့ပါ။ MLM စနစ် ဖြင့် ဈေးလာရောင်းပါက ခါးခါးသီးသီးပင် ငြင်းပါသည်။ ကြုံ၍ ပြောပြပါအုံးမည်။
သင်္ဘောကျင်းတွင် အလုပ်လုပ်သော ကျွှန်တော့ သူငယ်ချင်းတယောက် မည်သို့ မည်ပုံ ညှိလာသည်မသိ ကျွှန်တော့အား MLM စနစ်ဖြင့် သူလုပ်နေသော အလှကုန်ပစ္စည်း ရောင်းဝယ်ခြင်းပြုလုပ်ရန် လာဆွယ်ပါတော့သည်။ ကုန်အမှတ်တဆိပ် brand ကိုတော့ မမှတ်မိ၍ မပြောပြနိုင်တော့ပါ။ တရုတ်မှ ထုတ်သော သွားတိုက်ဆေးမှ စ၍ အမျိုးသမီး အမျိုးသား သုံး အလှကုန်ပစ္စည်းများဖြစ်သည်။
သာမန် ဆပ်ပြာ တခဲကို 2$ လောက်သာ ပေးရသည်။ သူတို့ ရောင်းသော ဆပ်ပြာမှာ 12$ ခန့်ရှိပါသည်။ ကျွှန်တော်၏ မကောင်းသောအကျင့်မှာ ကိုယ်မကြိုက်သည်ကို ဟန်ဆောင် ၍ အလိုက်အထိုက် မဖုံးဖိတတ်ခြင်းဖြစ်သည်။ အထူးသဖြင့် MLM စနစ်ကို အဘယ့်ကြောင့် မုန်းမှန်းမသိ အလွန်မုန်းသလို MLM စနစ်ဖြင့် referral လိုက်ရှာနေသူများကိုလည်း သနားစရာ လူသားများအဖြင့် သာမြင်ပါသည်။
ဆိုခဲ့သည့် အတိုင်း ထိုသူငယ်ချင်းမှ ကျွှန်တော့ အားလာဆွယ်သောအခါ ကျွှန်တော်သူ့အား beer ဆိုင်သို့ ခေါ်သွားပြီး MLM စနစ်၏ ဆိုးကျိုးကိုရှင်းပြပါသည်။ သူကလည်း သူ့ကုန်ပစ္စည်းများနှင့် referral မည်မျှရလျင် ဘာဖြစ်မည် ညာဖြစ်မည်ကိုချည်းမက်လုံးပေးနေပါသည်။ နောက်တနေ့ သူ မကျေနပ်သေး၍ သူ့ဆရာ စလုံးလူမျိုးအား ခေါ်လာပါတော့သည်။
ကျွှန်တော်လည်း အစကတော့ သူတို့ ပြောသော ကုန်ပစ္စည်း ကောင်းကြောင်းနှင့် မက်လုံးများကို နားထောင်ပြီး မေးခွန်းများ မေးပါလေတော့သည်။ သူတို့ ကုန်ပစ္စည်းများ အဘယ်သို့ သော standard ဖြင့် ပြုလုပ်ထားကြောင်း မေးသောအခါ ဝေ့လည် ကြောင်ပတ် လုပ်ပါတော့သည်။
ကျွှန်တော်ကလည်း ထို ကုန်ပစ္စည်းများကို ISO မည်သည့် standard ဖြင့် ပြုလုပ်ထားသနည်းမေးသောအခါ တရုတ်နည်းပညာဖြင့် ပြုလုပ်ထား၍ ISO မလိုကြောင်းပြောပါတော့သည်။ ISO 22716 အကြောင်း မေးသောအခါ ဘာမှန်မသိ မဖြေနိုင်တော့ပါ။ ( ISO 22716:2007 GMP ) မှာ အလှကုန်ပစ္စည်း ထုတ်လုပ်မှုအတွက် နိုင်ငံတကာမှ သတ်မှတ်ထားသော စံဖြစ်ပါသည်။
ကျွှန်တော်ကလည်း မိမိတို့ ရောင်းဝယ်နေသော အလှကုန်ပစ္စည်း နိုင်ငံတကာ အဆင့် မှီမှန် မမှီမှန်တောင်မသိပါပဲနှင့် လူတကာအား လိုက်ထိုးရောင်းနေသည်မှာ ရှက်စရာကောင်းကြောင်း ဗြောင်ပင်ကဲ့ရဲ့ ပါတော့သည်။ ထိုသူလည်း မျက်နှာနီမြန်ပြီး ထပြန်သွားပါတော့သည်။ ကျွှန်တော့ သူငယ်ချင်းလည်း ထိုအချိန်မှစပြီး ကျွှန်တော့အား စကားမပြောတော့ပါ။ ဤသည်မှာ ကျွှန်တော် ကြုံတွေ့ခဲ့ရသော MLM အား ဝေမျှခြင်းဖြစ်ပါသည်။
ဆက်ပါအုံးမည်။ Steem Platform ပေါ်တွင် မြန်မာများ ရှိလျင် ကျွှန်တော့် နာမည်ကို တွေ့ရုံဖြင့် မြန်မာမှန်း သိနိုင်ပါသည်။ထို့နောက်တွင်တော့ မြန်မာလူငယ်များကို ဖိတ်ခေါ်ရန် ကျွှန်တော်၏ မြန်မာလို ရေးသားထားသော ပထမဆုံး post ဖြစ်သည့်( Steemit Platform ပေါ်တွင်ရောက်ရှိနေကြသော မြန်မာလူငယ်များအတွက်) ကို တင်လိုက်ပါသည်။ ထို့post ၏ link ကိုလည်း ကျွှန်တော့် Facebook page ပေါ်တွင် တင်လိုက်ပါသည်။
မည်သူမျှသတိမထားမိသလို မကောင်းတတ်၍ like ပေးသူ ၂ ယောက်ရှိပါသည်။ တဦးမှာ ကျွှန်တော့ ညီမဖြစ်၍ နောက်တဦး မှာ ကျွှန်တော့ အစ်မဖြစ်ပါသည်။ ကျွှန်တော် beginner guide 1 ရေးပြီးချိန်တွင် Steemit ပေါ်တွင် ကိုညီညီနိုင်ကို တွေ့ပါသည်။ ကိုညီညီနိုင်မှာ ကျွှန်တော်၏ post ကြောင့် Steemit ပေါ်သို့ ရောက်လာသည်မဟုတ်ပါ။
သူဖာသာသူ YouTube ကြည့်ပြီးရောက်လာခြင်းဖြစ်ပါသည်။ ထို့နောက် ကိုညီညီနိုင်ကို introducing post မည်သို့ တင်ရမည်ကို သင်ပြပေးပြီး ကိုညီညီနိုင်၏ post ကိုလည်း Facebook ပေါ်သို့ share စေပါသည်။ ထို့နောက်တော့ ကိုညီညီနိုင်၏ အဆက်အသွယ်ဖြင့် Myanmar Steemit Platform ပေါ်သို့ လူငယ်အများအပြား စတင် ဝင်ရောက်လာကြပါသည်။ ဤတွင် ကျွှန်တော်၏ အကြောင်းအမျိုးမျိုးကြောင့် မအောင်မြင်ခဲ့သော Plan A အကြောင်းကို ချန်လှပ်ခဲ့ပါမည်။
ထို့နောက် ထက်ကိုဇော်ကို သိရပါသည်။ ထို့နောက် တင်မျိုးအောင်။ June လ မှ စတင်ခဲ့သော ကျွှန်တော်တို့ မြန်မာ Steemit များသည် အကြောင်းအမျိုးမျိုးကြောင့် Steemit Platform ကို ကျောခိုင်းခဲ့သူ များ အမြားအပြားပင်ရှိပါသည်။
လက်ရှိ ရှိနေသော သူထက်ဝက်ခန့်မှာ July လလောက်မှ ဝင်ရောက်လာကြသူများဖြစ်ပါသည်။ အမှန်ကို ဝန်ခံရလျင်လက်ရှိ ဖွင့်ထားသော Facebook group များမှာ ကိုညီညီနိုင်နှင့်ကိုထက်ကိုဇော်တို့ ဖွင့်ထားကြခြင်း ဖြစ်သလို ဤ Myanmar Steemit community ထဲသို့ ကျွှန်တော်ခေါ်လာ၍ ရောက်ရှိနေသူမှာ ကိုဆန်းလင်း တယောက်သာရှိပါသည်။ ကျန်ရှိနေသူအားလုံးမှာ ကိုထက်ကိုဇော်နှင့် သူ၏ အပေါင်းအပါများ၏ကြိုးစားအားထုတ်မှုကြောင့် ဖြစ်ပါသည်။
မြန်မာလူငယ်များအား steemit Platform ပေါ်သို့ ဆွဲခေါ်ကာစ တွင် အခက်အခဲမျိုးစုံအောင်တွေ့ရပါသည်။ နေ့စဉ် messenger မှ လမ်းညွန်ပေးနေရသလို အကောင့် ဖွင့်ထားပြီး မည်သို့ ဆက်လုပ်ရမှန် မသိသူ များ ကြပါသည်။ အချို့အား ကျွှန်တော်ရေးသားထားသော ဆောင်းပါး များ ဖတ်ခိုင်းသောအခါ နားမလည်ဘူးဟူ၍ ပြောသူလည်းရှိပါသည်။
အကောင့် wallet တွင် 1 steem ခန့်ပင်မရှိသေး ပိုက်ဆံ ဘယ်လို ထုတ်ရမလဲ မေးသူ များအတွက် ပိုက်ဆံ ထုတ်နည်း post ကို အရင်ရေးတင်ရသေးသည်။ အမှန်ကို ဝန်ခံရလျင် ထိုကာလများတွင် Steemit ပေါ်သို့ မြန်မာလူငယ်များအား တွဲခေါ်နေခြင်းကို အလွန်ပင် စိတ်ပျက်မိခဲ့ပါသည်။ နေ့စဉ်နှင့် အမျှ cheetah bot မှလည်း မြန်မာ အကောင့်များကို အားပေးပါသည်။ cheetah comment ထိသည်ကို ကျေးဇူးတင်ပါတယ် ဟူသော reply များကို ကြည့် ပြီး ပြုံးမိပါသေးသည်။
သို့သော် Steemit ကို တကယ်စိတ်ဝင်စားကြသော တင်မျိုးအောင် , ထက်ကိုဇော် နှင့် ရဲသီဟကဲ့သို့သော သူများက ကျွှန်တော့ ကိုဆက်လက်ပြီး မြန်မာလူငယ်များအား တွဲခေါ်ရန် ခွန်အားဖြစ်စေခဲ့ပါသည်။ အဆိုးဝါးဆုံး ကာလမှာ July လကုန်ပိုင်း August လ ဆန်း ပိုင်းတွင်ဖြစ်သည်။ ကျွှန်တော်တို့ post promotion ရပြီး promotion post selection ရွေးပြီး တင်ရသော ကာလဖြစ်သည်။ ကျွှန်တော့မှာ messenger မှ လမ်းညွန်ခြင်းကတဖက်, copy post များ မပါဝင်စေရန် post တိုင်းကို လေ့လာဖတ်ရှုရသလို တဖက်မှလည်း support ပေးမည့်သူများကို စကားပြောရသေးသည်။
အလုပ်ထဲတွင် မလုပ်လျင်မဖြစ်သော အလုပ်သာလုပ်ပြီး ကျန်အလုပ်ကို အကြွေးထားရပါသည်။ အချိန်ရလျင်ရသလို Steemit Myanmar များအတွက် အချိန်ပေးခဲ့ရသည်။ ထိုအလုပ်ကြွေးများကို တနင်္ဂနွေနေ့ မှ ပြန်လည် လုပ်ယူရပါသည်။
အများအမြင်တွင်တော့ တနင်္ဂနွေနေ့ပင် အလုပ်လာလုပ်သည် , အလုပ် အရမ်းကြိုးစားသူ။ ယခုတော့ myanmar community admin များမှ တာဝန်ခွဲဝေယူကြသဖြင့် တင်္နဂနွေနေ့ အလုပ်လုပ်ရန် မလိုတော့ပါ။ ဤသည်မှာ ကျွှန်တော် Steemit Platform ပေါ်တွင် တနှစ်သာ ကြုံတွေ့ခဲ့ရသော အတွေ့အကြုံများကို မျှဝေခြင်းဖြစ်ပါသည်။
ကျွှန်တော့ ရည်ရွယ်ချက်မှာ မြန်မာလူငယ်များ Steemit ပေါ်တွင် အခြားနိုင်ငံသားများကဲ့သို့ အောင်မြင်ကြစေရန် သာ ဖြစ်သော်လည်း ဆရာတင်လှိုင်ဦး ၏ လမ်းညွန်မှုဖြင့် မြန်မာစာပေ တိုးတက်ရေး အတွက်ပါ ရည်ရွယ်လာကြသဖြင့် ကျွှန်တော်တို့ Myanmar Steemit community အနေဖြင့် အလွန်ကောင်းမွန်သော ရည်ရွယ်ချက် ရှိသော အနာဂတ် တခုသို့ လှမ်းချီလျက်ရှိကြောင်း အသိပေးလိုက်ရပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
အားလုံးအတွက် ကျေးဇူးပါအစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
myanmar steemit ရဲ့ ဥယျာဉ်မှူးတစ်ဦးပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကိုယ့်လူမျိုးကိုချစ်တဲ့စိတ်နဲ့ လက်တွဲခေါ်ချင်စိတ်ကို တကယ်လေးစားပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အတတ်နိုင်ဆုံး ကြိုးစားနေဆဲပါ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
happy nice day my friend @kachinhenry
cheeer brother
😀
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks for your support
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
your welcome my friend
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အလုပ်လုပ်အား
စေတနာ
အနစ်နာခံမှု
အကြံဥာဏ်ကောင်း
အားလုံးအပြည့်ပဲဆိုတာ သိတယ် အစ်ကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါပေမယ့် တယောက်တည်းတော့ လုပ်လို့ မရဘူး...
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးစားပါတယ်အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Happy Go Lucky .......
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါအကိုရေ ဗဟုသုတအပြင် သင်ခန်းစာတွေပါရပါတယ် ဆက်ရေးပေးပါဦး စောင့်မျှော်လျက်ပါ bro @kachinhnery
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ရေးစရာတွေကတော့ ရှိတယ်.... အချိန်လုနေရလို့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Good post that you always do. Thanks for sharing.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အစ်ကို စိုက်ပျိုးတဲ့ သစ်ပင်လေးက
ခုဆို တဖြည်းဖြည်းနဲ့ ရှင်သန်ပြီး
ဖွံ့ဖြိုးလာပါပြီအစ်ကို
နောက်ဆိုရင် ဒီသစ်ပင်ကြီးကနေ
အသီးအပွင့်တွေကို အဆင်သင့်ခူးယူစားသုံးနိုင်လာတော့မှာပါ
Steemit Myanmar Treeလေးလို့ ကျွန်တော်စိတ်ထဲမြင်မိပါတယ် အစ်ကိုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြေသြဇာထည့် , ပေါင်းသင်, ရေလောင်း မပြတ် လုပ်ပေးဖို့ တော့ လိုတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
nice i follow u plz follow me
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးစားပါတယ်အကို
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မြန်မာလူငယ်များကို Steemit ဆိုတာဘာလဲ အလင်းပြပေးခဲ့တဲ့ အကိုဟင် ကို လေးစားကျေးဇူးတင်လျက်ပါ ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လေးစားပီးသားပါဆရာခင်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit