မင်္ဂလာပါ။ ယခုတလော Steem နှင့် SBD ဈေး အတက်အကျ တွင် Steem ဈေး 1$ လောက်အထိထိုးကျသွားသည် ကို စောင့် နေကြသူများ အတော်များသည်ဟု ကြားသိရပါသည်။ ကျွန်တော်ကိုယ်တိုင်လည်း Steem ဈေး 2$ ခန့်သို့ ရောက်လာလျင်ပင် SP အချို့ ဝယ်ယူထားမည်ဟု စိတ်ကူးနေခဲ့ပါသည်။
သို့သော် 5$ လောက်ခန့်မှ တအိအိကျဆင်းလာနေသော Steem မှာ 3-4$ ဝန်းကျင်တွင် တန့်နေ၍ SBD မှာ 4-5$ တွင် တန့်နေပါသည်။ ကျွန်တော် Steemit သို့ စတင် ဝင်ရောက်လာကာစတွင် Steem ဈေးမှာ 0.20 $ SBD မှာ 0.95 $ ခန့်တွင် မြဲနေပါသည်။ အစပိုင်းတွင် ကျွန်တော်လည်း Steemit Platform ကို သိပ်နားမလည်သေး၍ Steem Power ၏ လုပ်ဆောင်မှုကို ကောင်း ကောင်း မသိ သေးသော်လည်း ကျွန်တော့ကို အကူအညီပေးကြသော ကိုးရီယားများက Steem Power စုထားရန်သာ တစိုက်မတ်မတ် သတိပေးနေခဲ့ပါသည်။
Steemit Platform စတင် သည် ဆိုသည်နှင့် ကိုးရီးယား developers များလည်း Steemit တွင် ပါဝင်ပါတ်သက် နေကြသည်ကိုတော့သိပါသည်။ Steemit Platform တွင် ကိုးရီးယား investors များခေါ်သွင်း၍ curie ဖြင့် ကိုရီးယား လူငယ်အများအပြားအား မြှင့်တင် ပေး နိုင်ခဲ့ကြပါသည်။
ကျွန်တော်သိသလောက် ကိုးရီယား လူမျိုး အတော်များများလည်း Steemit Platform ကို အရူးအမူး စွဲလမ်းကြပါသည်။ သို့သော် Steemit Platform တွင် သူတို့ မည် သည့် အတိုင်းအတာအထိ ပါဝင်ပါတ်သက်နေသည်ကို တော့ သေချာမသိပါ။ လက်ရှိ Steem နှင့် SBD ဈေးများကို ထိန်းချုပ်ကစားနေသူတို့မှာ Korea လူမျိုးများဖြစ်ကြပါသည်။
Steem နှင့် SBD ဈေးကွက် တခုလုံး ၏ 60% ခန့်အား ကိုးရီယားဈေးကွက် က ထိန်းချုပ်ကစားနေကြပါသည်။ ထို့အပြင် ယနေ့ Steemit Platform ဖွင့်လိုက်၍ setting ၏ third party exchange တွင် gopax ဟူသော ကိုရီယား trading site ကိုတွေ့လိုက်ရသောအခါ အလွန်အံ့သြသွားပါသည်။
သူတို့အနေဖြင့် တကူးတက အခြားသော trading platform များတွင် သွားရောက် trade နေစရာ မလိုတော့ပါ။ Steemit အကောင့် ဖြင့်ပင် ကိုးရီးယားငွေကြေးဖြင့် Steem နှင့် SBD ကို ဝယ်ယူ ရောင်းချ trading လုပ်နိုင်နေပြီ ဖြစ်ပါသည်။ ဤ တွင်ကြုံ၍ ကိုရီယား လူမျိုးများ Steemit Platform တွင် ဝင်ရောက်နေရာယူထားမှုများနှင့် ပါတ်သက်ပြီး တတ်ကျွမ်း နားလည်သူများအား မေးကြည့် သောအခါ သူတို့ ဖြေကြားသောအဖြေများမှာ အလွန် စိတ်ဝင်စားဖို့ကောင်းပါသည်။
နှောင်တချိန်တွင် Steemit Platform သည် social Media များ၏ ဆုံမှတ် ၊ တနည်းအားဖြင့် social media များ၏ စတင်ရာ နေရာတခု ဖြစ်လာမည် ဖြစ်၍ ယခုအနေထားဖြင့် ကြည့်လျင် SMT project များ ဝင်ရောက်လာလျင် ကိုးရီးယား social media တို့မှာ အလွယ်တကူ ဝင်ရောက်လာနိုင်ပြီ ဖြစ်ပါသည်။
ကိုရီးယား ဘာသာစကားဖြင့် ဖွင့်ထားသော ဈေးကွက်ကလည်း အဆင်သင့် ရှိနေပြီ ဖြစ်၍ ပြင်ပဈေးကွက်သို့ တကူးတက Steem နှင့် SBD တို့ကို ပို့နေစရာမလိုတော့ပါ။ ထို့ကြောင့် လက်ရှိ အနေအထားဖြင့် ပြောရလျင် Steemit Platform ၏ SMT project များတွင် ကိုးရီးယားတို့ အကျိုးအမြတ်အရင်ယူမည့် အနေအထားကို တွေ့မြင်နေရပါသည်။
ထို့ နောက် လက်ရှိ ပြင်ပဈေးကွက် ဖြစ်သော Bittrex, poloniex နှင့် Binance စသည်တို့သော အနောက်နိုင်ငံ ဈေးကွက်တွင် Steem နှင့် SBD တို့အား trading ပြုလုပ်မှု နည်းရသည့် အကြောင်း အရင်း ကို မေးကြည့်သည့်အခါ ၊ လက်ရှိအခြေ အနေတွင် အနောက် နိုင်ငံများ ရှိ cryptocurrency investors များက နာမည်ကြီးသော ငွေဖြစ်လွယ်သော coin များကို သာ ဦးစားပေး ရင်းနှီး မြုပ်နှံကြသဖြင့် Steemit တွင် ရင်းနှီး မြှပ်နှံရန် စိတ်အားမထက်သန်ကြသေးကြောင်း ပြောပြပါသည်။
ထို့အပြင် Steemit Platform မှာ လုပ်ငန်းဆောင်တာ များလှသောကြောင့် တခုခု ပြုလုပ်ရာတွင် အချိန်ယူ ပြင်ဆင်ရသောကြောင့် investors များအား အချိန်မှီချ ပြရန် ကတိ မပေး နိုင်သေးသောကြောင့် investors များက စိတ်မဝင်စားကြသေးခြင်း ဖြစ်ကြောင်းလည်း ရှင်းပြကြပါသည်။ အခြားတဖက်က ကြည့်လျင်လည်း Steemit ပေါ်တွင် လက်ရှိ အသစ်ထွက်လာသော project များမှာ လောက်လောက်လားလား အားရစရာ ဟူ၍ လက်တွေ့ မပြနိုင် ကြသေးသောကြောင့်လည်း ဖြစ်နိုင်ပါသည်။
ဥပမာ busy.org , utopian.io စသည် တို့ မှာ ဤ Steemit blog ကို သာ အခြားသော Platform မှ ဖွင့်ကြည့် ရခြင်းသာ ဖြစ်၍ ထူးထူးခြားခြား ပြောင်းလည်း သွားသည်တော့ မဟုတ်ပါ။ Dtube ကဲ့သို့ သော videoclip တင်သည့် Platform သာ အနည်းငယ်ထူးခြားသည်ဟု ပြောနိုင်ပါသည်။
ထို့ ကြောင့် လက်ရှိ အနေအထားထိ ပြောရလျင် Steemit Platform မှ ရင်းနှီးမြုပ်နှံသူတို့ အား မက်လောက်စရာကောင်းသော စွဲဆောင်မှု မပြုလုပ်နိုင်သေးသောကြောင့် ရင်းနှီး မြုပ်နှံကြသူများ မျက်စိမကျ သေး၍ Steem နှင့် SBD ဈေးများ ဤအခြေ အနေသို့ ရောက်နေရကြောင်းလည်း သိရပါသည်။
သို့သော် များမကြာမှီ အချိန်တွင် Steemit Platform ၏ SMT project များ တရားဝင် ဝင်ရောက်လာသောအခါ နယ်ပယ်အသီးသီးမှ မတူညီ သော social media များတွင် ရင်းနှီးမြုပ်နှံကြသူတို့ ဝင်ရောက်လာကြပါလိမ့်မည်။ ထို့အပြင် Steemit board အဖွဲ့မှ လည်း တကမ္ဘာလုံးသို့ Steemit Platform အကြောင်း ဖြန့်ဝေ လိုက်လျင် မိမိတို့ မျော်လင့် စောင့်စား နေကြသော အချိန်သည် များစွာ မဝေးတော့ကြောင်း ကို တော့ သိထားစေချင်ပါသည်။
၂၀၁၆ မှ စတင်ခဲ့သော Steemit Platform သည် ၂၀၁၈ တွင် တခုခု ထူးခြားလာမည်ကတော့ သေချာပါသည်။ ဤသည်မှာ Steemit Platform ပေါ်တွင် ဖြစ်ပျက်နေသော အနေအထားအခြေအနေများနှင့် Steemit ပေါ်မှ ဂုရု ကြီးတို့အား စပ်စု ထားသော အကြောင်းအရာတို့ကို MSC members များအား ဗဟုသုတ ရစေရန် အလို့ငှာ ပြန်လည် ဝေမျှရခြင်း ဖြစ်ပါသည်။
မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....
Photos credit; Google Image
Author : Henry Aung ( Kachin )
MSC : 001
နေမင်းရော လမင်းပါတပြိုင်တည်း ထွက်ပေါ်သည့်ပမာ ဖြစ်လာတော့မှာပေါ့နော် မျှဝေပေးခြင်းအတွက် ကျေးဇူးပါဗျ။
Submit
အကောင်းဆုံး ဖြစ်လာမယ် လို့တော့ မျှော်လင့်တာပဲ။
Submit
စိတ်လှုပ်ရှားစရာ ကောင်းနေတဲ့ အချိန်အခါပါပဲ ကိုဟင်
Submit
ဗဟုသုတလည်းရ member တွေလည်းအားရှိစေတဲ့ ပိုစ့်တစ်ခုလို့ မြင်မိပါတယ် steemit ဆိုတာ" ထိုးမဲ့ဆင် နောက်တစ်လှမ်းဆုတ် " ဆိုသလိုပဲ ခုကာလကတော့ နောက်ဆုတ်ပြီးအားယူနေတုန်းလို့ ထင်ပါတယ် လိုအပ်တာရှိရင် ညွှန်ကြားကြပါ member တိုင်းက အားကိုးတဲ့စိတ်နဲ့ ဗဗဗလိုက်နာဖို့ အသင့်ပါပဲ
Submit
တင်ပါ့။ Steemit ကတော့ March လကုန်လောက်ဆို အခြေအနေသိရပါလိမ့် မယ် ဘုရာ့။ တပြည့် တော်တို့ MSC admin များကလည်း အလှူအတန်း အတွက် အစီအစဉ်တွေ ရေးဆွဲ နေပါပြီ ဘုရာ့။ သိပ်မကြာခင်တော့ members များအားလုံးကို အသိပေးနိုင်မယ်လို့ ထင်ပါတယ်ဘုရာ့။
Submit
2018 နှစ်အကုန်လောက်မှာ 1 steem ကို 100$ အထိတက်ရင်ကောင်းမယ် 😁
Submit
တော်ပြီလား 100$ လောက်ဆို......
Submit
You have collected your daily Power Up! This post received an upvote worth of 0.32$.

Learn how to Power Up Smart here!
Submit
မျှဝေပေးလို့ကျေးဇူးအများကြီးတင်ပါတယ်ရှင်။Steemit ၏အနာဂါတ်သည်အလွန်လှပလိမ့်မည်ဟုယုံကြည်မိပါသည်။
Submit
ကျွန်တော်တော့ အကိုဟင် ပိုစ်တွေဖတ်ပီး steemit နဲ့ပါတ်သက်သမျှ အမှီလိုက် လေ့လာနေရပါတယ်ဗျ။
Submit
ဟုတ်ကဲ့ ကိုရွှေဘို ။ ကျွန်တော်လည်း သိသလောက်လေး ပြန်ရေး ပြနေရတာပါ ဗျာ။
Submit
တဖြေးဖြေးနဲ့ ပိုပိုပြီး အားတွေရှိလာပြီအစ်ကိုဟင်ရေ။
ရေးလိုက် ဖတ်လိုက်နဲ့တော့ တော်တော်အလုပ်ဖြစ်လာနေပြီ။
Submit
Steemit Platform မြန်မာနိုင်ငံမှာ ကျယ်ပြန့်လာတာနဲ့ အမျှ ရရှိလာတဲ့ rewards တွေအပေါ်မှာ
အခွန်ကောက်ခံရနိုင်ခြေရှိတယ်လို့ ထင်မြင်မိပါကြောင်း Bro ။
Submit
အဲဒီ အတွက်လည်း တိုင်ပင်နေပါတယ်။ MSC အနေ နဲ့ ဝင်ငွေ ရှာ နေသူတွေကို အကူအညီပေးတဲ့ နေရာ မယ် ဘယ်လို အခွန် တွေ ပေးဆောင်ရမယ်ဆို တာ ရှေ့နေတွေနဲ့ တိုင်ပင်ရပါအုံးမယ်။
Submit
2018 must be our year.
The important thing we must do is to collect Steem Power.
Submit
You are right...2018 is the year of Steemit and MSC
Submit
ဟိုတစ်နေ့ကစတင်တာပဲ gopax မှာ kr exchange တွေတော့ တနေ့တခြား များလာပီ
Submit
ဟုတ်တယ် ကသက် ၊ ကျွန်တော်တောင် မနေ့ကမှ သတိထားမိတယ်။
Submit
update တွေမျှဝေပေးနေတာ ကျေးဇူးအများကြီးတင်ပါတယ်ဗျာ
တတ်နိုင်သလောက် SP စုဆောင်းနေပါတယ်
Submit
ကျေးဇူးအများကြီးတင်ပါတယ်
Submit
ဆရာ့ ဆောင်းပါးတွေ ဖက်လိုက်ရတိုင်း အတွေးထဲမှာ စိတ်ကူးရင်အိမ်မက်လေးတွေပါ မြင်မက်နေရသလို အားရှိပါတယ်ဆရာ ။ အခုလိုစဉ်ဆက်မပျက် မျှဝေးပေးတာကျေးဇူးပါဆရာ ကျနော်လည်း Kr စာပေးကို ကြိုးစားပြီးလေ့လာပါ့မယ် ဆရာ ။
Submit
နောက်ဆို ညီလေးတို့ပဲ အားကိုးရမှာ... ကြိုးစားပါညီလေး
Submit
ကိုယ်ဝါသနာပါရာကို လုပ်နေရတဲ့အတွက် sbdဈေးတွေ အတက်ကျ ဘယ်လိုပဲဖြစ်ဖြစ် ဆိုးသည်ဖြစ်စေ ကောင်းသည်ဖြစ်စေ ဘာပဲဖြစ်ဖြစ် ကြိုးစားပါမည်အစ်ကို
Submit
ဟုတ်ကဲ့ , ကျွန်တော်လည်း အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

နည်းပညာ၊ ငွေအရင်းအနှီးရှိကြသော နိုင်ငံခြားသားတို့သည်ကား
Steemit ကို အခြေခံ၍ Project များ ဖန်တီးကာ အကျိုးအမြတ်
ရယူဖို့ စီစဉ်နေကြပြီဟု သိရသောအခါ မိမိမှာလည်း Steem
Power စုနေသူ ဖြစ်သည့်အတွက် Steemit ပိုမိုခိုင်မာလာမည်
ဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ဖြစ်ရပါသည်။ မိမိတို့နိုင်ငံသားများသည်ကား
နည်းပညာ၊ အရင်းအနှီး ချို့တဲ့မှု ကြောင့် Project ထောင်၍
အကျိုးအမြတ် မရယူနိုင်သော်လည်း စည်းလုံးညီညွတ်မှု ၊
စည်ကမ်းလိုက်နာမှု ၊ စာရိတ္တမြင့်မားမှု နှင့် ကြိုးစားမှု ဇွဲတို့ကို
အရင်းတည်ကာ Myanmar Steemit Community ကို
ခိုင်မာတောင့်တင်း စွမ်းအားပြင်းပြည့်သော တရားဝင်အဖွဲ့အစည်း
တစ်ရပ်အဖြစ် ထူထောင်ပြီး၊ နိုင်ငံ့ဂုဏ်တတ်စေရန်၊ နိုင်ငံသားအအကျိုး
ထမ်းဆောင်နိုင်ရန်နှင့် ပရဟိတများများ လုပ်နိုင်ရန် ရည်သန်စိတ်ထား
တူညီလက်တွဲ ကြိုးစားသွားကြဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။
Unity is Strength.
With kindness, @billionairehein
Submit
ကျွန်တော်တို့လည်း သိပ်မကြာခင်တော့ အဲဒီလို project တွေလုပ်လာနိုင်မှာပါ။ အခုတောင် Steemit Platform ပေါ်မှာ မြန်မာစာ ရောက်နေပြီလေ။
Submit
ခုလိုရှင်းပြပေးတဲ့အတွက်ကျေး ဇူးပါဗျာ
Submit
ဟုတ်ကဲ့ ၊ တခုခု ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။

နောက်ထပ်သတင်းများကိုလဲ စောင့်မျှော်နေပါတယ်ခင်ဗျာ ကျေးဇူးအထူးတင်မိပါတယ်
Submit
ဟုတ်ကဲ့၊ အတတ်နိုင်ဆုံးကြိုးစားပြီး ဖေါ်ပြပေးပါ့မယ်။
Submit
ကျေးဇူးပါ အစ်ကို အခုလို အသိအမြင်တွေကိုပြန်လည်ဝေမျှပေးတဲ့အတွက် ကျွန်တော်တို့လည်း လိုက်လံကြိုးစားပါမယ်ဗျ
Submit
ဟုတ်ကဲ့ ၊ တခုခု ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
Submit
Steemit အကြောင်းအခုလိုရှင်းပြတဲ့အတွက်ကျေူဇူးပါ ကျွန်တော်မသိတာလဲတစ်ခုမေးချင်းလို စင်ကာပူမှာ SBD ကိုဘယ်လိုဝယ်လိုရမလဲမသိဘူးအကို တစ်လကို အများလည်းမဝယ်နိုင်ပါဘူး ၂၀၀လောက် စင်ကာပူဒေါ်လာ ဖြည်းဖြည်းလေးဝယ်စုချင်လိုပါ thanks
Submit
စင်္ကပူ bank တွေနဲ့ direct transfer လုပ်နိုင်တာ Xfers တခုပဲရှိပါတယ်။ Xfers ကနေ trading လုပ်ဖို့ CoinHako နဲ့ coinbase နဲ့ ရှိပါတယ်။ လက်ရှိ Xfers စည်းမျဉ်း ကလည်း အရမ်းတင်ကျပ်ပါတယ်။ စင်္ကပူ အစိုးရက money laundry လုပ်တာကို တားမြစ်ဖို့ အတွက် Xfers မှာ SGD နဲ့ deposit တင်ဖို့ကို စိတ်ချရတဲ့ members ဖြစ်မှ ခွင့်ပြုတာပါ။ ကိုယ့် ရဲ့ bank statement ပြရပါတယ်။ အဲ ဒီအကြောင်းတွေ ရေးရင် post တခုစာလောက်ရှိမယ်ထင်ပါတယ်။ မိမိ ကိုယ်တိုင် Xfers ကို ဝင်ရောက်လေ့လာနိုင်ပါတယ်။
Submit
ဟုတ်ကဲ့ပါ အကို အခုလိုရှင်ပြပေးတဲ့အတွက်ကျေးဇူးပါ
Submit
ထူထူးခြားခြား spများတဲ့သူတွေကြည့်လိုက်ရင်လည်း သူတို့လိုချည်းပဲဗျ။
Submit
အများအားဖြင့်တော့ သူတို့တွေပါပဲ။ ပြီးတော့ စည်းလုံးကြတယ်လေ။
Submit
kr tag ထိပ်ရောက်နေတာနဲ့ကို စည်းလုံးတာက သိသာနေပါတယ်ဗျာ
Submit
ကိုဟင်ကျေးဇူးကြောင့်သာSPစုနိုင်ခဲ့တာပါ ကျေးဇူးကမ္ဘာ
Submit
ကျေးဇူးအများကြီးတင်ပါတယ်။

အခုလိုမျှဝေပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဗျ
Submit
ဟုတ်ကဲ့ ၊ တခုခု ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
Submit
သူများနိင်ငံတွေမှာတော့ လုပ်ငန်းအမြင်တွေရှိကြတယ်။ကျွန်တော်တို့ဆီမှာတော့ ခုမှသိယုံဘဲရှိသေးတယ်အကိုရေ။ကျွန်တော်တို့လည်း အကိုစာအုပ်ကနေတစ်ဆင့်ဝင်လာတာလေ။ဒါကြောင့်အကိုကိုကျေးဇူးတင်ပါတယ်
Submit
အခုမှ သိရလည်း နောက်မကျ သေးပါဘူး။ မသိသေးတဲ့သူတွေ အများကြီး ရှိသေးတယ်။
Submit
ဒီတစ်ခေါက်ဈေးကွက်အပြောင်းအလဲက တော်တော်လေးကိုကျယ်ပြန့်မယ်လို့ထင်ပါတယ် အစိုးရများလည်းတရားဝင်ခွင့်ပြုဖို့ ဥပဒေများရေးဆွဲလျှက်ရှိတာကြောင့် အထူးခြားဆုံးနှစ်လို့လည်းပြောလို့ရမှာပါ crypto ဈေးကွက်ဟာ အမြဲ ပင်လယ်ရေလိုတက်လိုက်ကျလိုက် ဖြစ်နေတာကြောင့် steemit အကြောင်းယခုအချိန်မှာ ကောင်းကောင်းသိနားလည်ထားရုံဖြင့် ဈေးကျဖို့ ဆုတောင်းနေကြမယ့်အထဲ ကျနော်အပါဝင်ပေါ့ မိအေးသုံးခါအနာမခိုင်းဘူး နှစ်ခါဆိုတော်ပီ အကိုဟင် ဟီးးးးးး
Submit
မိအေး အထာနပ်သွားပြီပေါ့။
Submit
ဆိုပါတော့အကိုရယ် ဟီးးးးးး
Submit
သား..ဟင်နရီ
ရိုးသားစွာဝန်ခံရရင်..အန်တီကဘာဆိုဘာမှနားမလည်သေးဘူး။steemit Power ကစာရေးရင်းနဲ့ကိုယ့်အရည်အချင်းပေါ်မူတည်ပီးရသလား
ငွေရတာနဲ့ပတ်သက်ပီးလဲနားမလည်ဘူး။
အန်တီကိုအတယ်လို့ဘဲဆိုဆို..၊စာရေးတဲ့အရည်အချင်းကို
ပိုနှစ်သက်တယ်။အောင်မြင်သွားရင်လညိး..အတိုင်းထက်
အလွန်ပေါ့၊အန်တီက.ဟိုးအရင်ဂျာနယ်ဆောင်းပါးခတွေလဲ
ဒီနေ့အထိမသုံးခဲ့ဘူး။ချို့တဲ့သူတွေလှူပစ်တာ။
လက်ရှိလဲ..အန်တီတို့မြို့မှာလူမှု့ရေးအသင်းမှာ.ဥက္ကဌပါ။
ဒါကြောင့်လိုအပ်တာတွေ.လမ်းညွန်ပေးပါ။သင်ပေးပါ။
Submit
Anty!.
You can join me at my facebook account. Facebook account name also Don Jaun. I think I will give some idea or advise for you Anty.
Nice to meet you Anty.
Submit
Fbမှာ..အပ်လိုက်ပီ။လက်ခံပီး၊လိုအပ်တာသင်ပေးပါနော်။
Submit
sp sp အများကြီးရလေ ပိုကောင်းလေ ဟီးဟီး
Submit
ရစေဗျာ

အရမ်းလည်းပျော်တယ်..အားလည်းရှိတယ်အကိုရေ..ကျေးကျူးကမ္ဘာဆိုင်ရော်…😄
Submit
ကျေးဇူးအများကြီးတင်ပါတယ်။
Submit
အခုလို အသိပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
Submit
ဟုတ်ကဲ့ ၊ တခုခု ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
Submit
steemitရဲ့ အနာဂတ်ကို ရင်ခုန်စွာ စောင့်မျှော်လျက်ပါ။
Submit
ဟုတ်ကဲ့ , ကျွန်တော်လည်း အကောင်းဆုံး ဖြစ်လာမယ်လို့ မျှော်လင့်ထားပါတယ်။
Submit
အကိုကြီးရေးတာတွေ ဗဟုသုတရပါတယ်ဗျာ။
Submit
ကိုးရီးယားတွေရဲ့ တိုးတက်မှုက အံ့မခန်းပါဘဲ
Submit
ကျေးဇူးပါရှင့် ခုလိုသိရှိရတဲ့အတွက်ပါ
Submit
အခုလို steemit အကြောင်း သိခွင့်ရတဲ့အတွက် ကျေးဇူးတင်ပါတယ်ဗျ
Submit
ဟုတ်ကဲ့ ၊ တခုခု ရသွားတယ်ဆိုရင်ပဲ ကျေနပ်ပါပြီ။
Submit
good post!
Submit
ခုလို သိချင်တာလေးတွေသိလိုက်ရတဲ့အတွက်ကျေးဇူးတင်တယ်😊👍
Submit
ဒီ post အတွက်ကျေးဇူးတင်ပါသည်, ကငါ့ကိုပိုကောင်းနားလည်ကူညီပေးသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Wow very nice post. I like it
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice post brather.
👍
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အောင်မြင်ပါစေဗျာ
Submit
sbd ဈေးတက်ဖို့ကိုမျှော်လင့်နေရတာပါပဲ