Steemit ရထား၏ လောကဓံ ( Henry Aung )

in myanmar •  6 years ago 

henry Aung.jpg

မင်္ဂလာပါ။ ယမန်နေ့ညက steemit ဂုရုကြီးများ chat group သို့ CEO @ned ထံမှ မက်ဆေ့ တိုလေး တစောင် ရောက်လာပါသည်။ ထို မက်ဆေ့ တိုလေးမှာ ( steemit Inc ၏ Budget ဆိုင်ရာပြသနာများအား အောင်မြင်စွာ ဖြေရှင်း နိုင်ပြီ ဖြစ်ကြောင်းနှင့် steemit.com အား ဖျက်သိမ်းရန် မလိုအပ်တော့ကြောင်း ၊ ဒေဝါလီ ခံစရာ မလိုတော့ကြောင့်နှင့် steemit နှင့် ပါတ်သက်သော blockchain များအား ဆက်လက် ပြီး အဆင့်မြှင့်တင်နေကြောင်း ) စသည်ဖြင့်ပါဝင်ပါသည်။

ဤ သည်မှာ အတွင်း သတင်း အဖြစ်သာ ရှိ၍ @ned အနေဖြင့် မကြာခင် အကျယ်တဝင့် ရှင်းပြလိမ့်မည်ဟု ယုံကြည်ပါသည်။ မည်သို့ပင်ဆိုစေ @ned ထံမှ ဤသို့ သတင်းစကား ကြားရသဖြင့် steemit platform အတွက် အနည်းငယ်စိတ်အေးသွားရပါသည်။ steemit platform ဆက်လက်ရှင်သန်နေပါအုံးမည်။

ကျွန်တော့ အနေဖြင့် နည်းပညာ အများကြီး နားလည်သူမဟုတ်သဖြင့် steemit platform ၏ နည်းပညာအားနည်းချက် အားသာချက်များအား အများကြီးသိနိုင်စွမ်းမရှိပါ။ သို့သော် ဤ platform တကယ်ကောင်းမွန်ကြောင်းကိုတော့ မြင်သိ၊ ကြားသိ မဟုတ်ပဲ နှလုံးသားထဲမှ သိနေခြင်း ဖြစ်ပါသည်။

ဤ platform အောင်မြင်လာလျင် အကောင်အထည် ဖေါ်မည် ဖြစ်သော Project များကလည်း မြန်မာတနိုင်ငံလုံးအား မကူညီနိုင်တောင် အကူအညီ လိုအပ်နေကြသူများအား အထိုက်အလျောက် တဖက်တလှမ်းမှ ကူညီ နိုင်မည်ဖြစ်ပါသည်။

တကယ်မရှိသော ၊ ထိတွေ့ကိုင်တွယ်၍ မရသော ငွေကြေးများဖြင့် မိမိတို့လုပ်အား အနည်းငယ်စိုက်ထုတ်ယုံမျှဖြင့် လူအများအား ကူညီနိုင်သည်ဆိုသည်မှာ ဥပမာ ပေးရလျင် ဓါတ်လုံးအောင်၍ လိုရာရနိုင်သော အဖြစ်နှင့် အနည်းငယ်ဆင်တူမည်ဟု ထင်ပါသည်။ ကျွန်တော်တို့ steemit လိုတရ ဓါတ်လုံး တကယ်ရခဲ့ဘူးပါသည်။

05.jpg

လွန်ခဲ့သော တနှစ်ကျော် အတွင်းက MSC ဟူသည်မှာ လူတိုင်း ပါဝင်လိုကြသော အဖွဲ့အစည်းတခု အဖြစ်ရပ်တည်နိုင်ခဲ့သလို ထိုအဖွဲ့အစည်းသည် ပြသနာ များရှိနေခဲ့သော်လည်း ပျော်ရွှယ်ဖွယ်ကောင်းခဲ့ပါသည်။ Best Author ဆုချီးမြှင့်သော ညများတွင် နောက်ထပ် အပိုဆုများ ချီးမြှင့်ပေးကြ၊ ဖုန်းဘေလ်များ မဲဖေါက်ပေးကြ ဖြင့် စည်စည်ကားကား ရှိခဲ့ကြသလို အကူအညီပေးရေး post များ တက်လာသောအခါတွင်လည်း မိမိတို့ လက်တွင်ရှိသော SBD များဖြင့် တတ်နိုင်သလောက် အကူအညီ ပေးနိုင်ခဲ့ကြပါသည်။

promotion post တင်ကြသူ များလွန်းသဖြင့် အဖွဲ့များခွဲထုတ်ကာ ရက်ခြား ပေးခဲ့ကြရသော အခိုက်အတန့်များလည်း ရှိခဲ့ပါသည်။ သို့သော် steemit platform သည်လည်း လောကဓံ ၏ ရိုက်ချက် များမလွတ်ကင်းရှာပါ။ Steem ဈေး အချိန်ကြာမြှင့်စွာ ကျဆင်းလာခြင်းနှင့် အတူ ဤ platform မှ တိတ်တဆိတ် အနားယူ သွားကြသူများ အကြောင်းအမျိုးမျိုးကြောင့် အနားယူသွားကြသူများ ကြောင့် လက်ရှိ promotion ယူနိုင်သူ ၇ ယောက်ခန့်သာ ကျန်ပါတော့သည်။

ကျွန်တော် အထက်တွင် ဖေါ်ပြခဲ့သည့် အတိုင်း ကျွန်တော့အနေဖြင့် ဤ platform ၏ ကောင်းခြင်းအား နှလုံးသားဖြင့် ခံစားသိမြင်နိုင်သောကြောင့် မည်သို့သော အခြေအနေဖြစ်စေ ဤ steemit ရပ်တည်နေနိုင်သမျှကာလပါတ်လုံး ဤ platform အပေါ်မျှော်လင့်ချက်ထားနေအုံးမည်သာ ဖြစ်ပါသည်။ ဤ လောက၏ အချို့သော အကောင်းဆုံး ဆိုသော အရာတော်တော်များများမှာ အထိအတွေ့၊ အမြင် အကြား ဖြင့်ဆုံးဖြတ်၍ မရ နှလုံးသားဖြင့် သာ ခံစားသိမြင်နိုင်ပါသည်။

06.jpg

ဤ platform မှ အနားယူသွားကြသူ များအားလည်း နားလည်နိုင်ပါသည်။ လူအမျိုး မျိုး စိတ်အထွေထွေ ရှိကြချည်းသူများသာ ဖြစ်သောကြောင့် အခြေအနေအဆိုးဘက်ရောက်လာသည်နှင့် စိတ်ပျက်အားလျှော့ သွားတတ်သည်မှာ ထုံးစံဖြစ်ပါသည်။ အစောဆုံး အနားယူသွားကြသူများမှာ steemit platform နှင့် တသက်လုံး လက်တွဲသွားမည် ဟု ပြောခဲ့ကြသူများ ဖြစ်ပါသည်။

ဆိုခဲ့သည့် အတိုင်း ထိုသူများအား အပြစ်တင်နေခြင်းမဟုတ်ပါ။ စာရေးသားရန် ဆောင်းပါးရေးသားရန်တို့မှာ Motivation ဟူသော တွန်းအား တခုခု လိုအပ်သလို ပါရမီ ပါရန်လည်း လိုအပ်ပါသည်။ Steem ဈေးအား motivation တခုအနေဖြင့် သဘောထား၍ စာရေးသားကြသူများ Steem ဈေး ကျဆင်းလာသောအခါ motivation အားနည်းလာ၍ စာရေးသားခြင်း ရပ်တံ့သွားသည်မှာ အံ့သြစရာမရှိပါ။

အချို့ကလည်း steemit ဖြင့် ထမင်းစား၍ မရသေးပါ ဟုဆိုကြပါသည်။ မှန်ပါသည်။ သို့သော် steemit platform သည် social media တခု ဖြစ်ကြောင်းကိုတော့ သတိထားမိစေလိုပါသည်။ ကျွန်တော်တို့၏ နေ့စဉ် အသက်သာတွင် မည်မျှ လောက် အလုပ်ရှုပ်ပါသည် ဆိုစေအုံးတော့ Facebook ဖွင့်ကြည့်ရန် အချိန်တော့ ရနိုင်ပါသေးသည်။

ကျွန်တော့ အနေဖြင့် steemit platform ၏ ကောင်းခြင်းအား ထပ်မံမရေးပြလိုတော့ပါ။ Steem , Steem power , SBD တို့ အကြောင်း ကျွန်တော်ရေးဘူးလှပါပြီ။ ဤ platform ၏ အလုပ်လုပ်ပုံအကြောင်းလည်း သိရှိပြီး ဖြစ်ပါသည်။ steemit ရထားကြီးကတော့ ပုံမှန်ဆက်လက် ခုတ်မောင်းနေသလို ဤ ရထားစီး၍ အချို့က လမ်းခုလတ်တွင် ဆင်းကြသလို အချို့ကလည်း လမ်းခုလတ် တွင် တက်လာကြပါသည်။ ဆင်းသွားသူများအား လက်ပြနှုတ်ဆက်ခဲ့သလို တက်လာကြသူများအားလည်း ကြိုဆိုခဲ့ပါသည်။

07.jpg

ယခု အချိန်ထိတော့ ဤရထားသည် အခမဲ့ စီးနင်းခွင့်ရှိနေပါသေးသည်။ အချိန်တချိန် ရောက်လာလျင် ဤ ရထားအား ဈေးကြီးပေး၍ စီးရပါလိမ့်မည်။ အချို့သူများကတော့ ဆက်လက် စီးနင်းခွင့် ရကြမည် ဖြစ်သလို အချို့သူများက မျှော်ကြည့်၍ အားကျယုံသာ တတ်နိုင်ပါလိမ့်မည်။ စီးနှင်းခွင့်ရကြသူများကလည်း ယခု အချိန်မှ နေရာဦးမထားလျင် နေရာရရန် အတွက်လိုက်လံ တောင်းပန်ခယ နေရပါလိမ့်မည်။

အဘယ့်ကြောင့် ဆိုသော် steemit ဟူသောရထားကြီးသည် Steem Power ဖြင့် မောင်းနှင်နေသော ရထားကြီး ဖြစ်သောကြောင့်ဖြစ်ပါသည်။ ကျွန်တော် ဤ ရထားကြီးအား ၂၀၁၆ မှ စတင်စီးနင်း ခဲ့သူဖြစ်သောကြောင့် ခရီးသွားဖေါ် အတော်များများနှင့် တွေ့ကြုံခဲ့ပါသည်။ အချို့က လည်း ဆင်းသွားကြသလို အချို့ကလည်း လိုက်ပါနေမြဲ လိုက်ပါနေဆဲ ဖြစ်ပါသည်။

ယခုအချိန်အထိ steemit ရထားမှာ ဘူတာ အသေးလေးများသာ ရပ်တန့်ခဲ့သဖြင့် လိုက်ပါသူ အများကြီး မရှိသေးရကာ နေရာချောင်လျက်ရှိပါသေးသည်။ များမကြာခင် SMTs ဟူသော ဘူတာကြီးများ ဆိုက်ရောက်လာကြသောအခါ မိမိ နေရာ တနေရာစာ သေချာ နေစေရန်အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင်ပါမှ တော်ကာကျပါလိမ့်မည်။

ကျွန်တော့ အမြင်ဖြင့် ပြောရလျင် ဤရထားကြီး နောက်ထပ် ဆိုက်ရောက်မည်ုဖစ်သော ဘူတာကြီးများတွင် အဆင်းထက် အတက်သာ ပိုမိုများပြားလာပါလိမ့်မည်။ နေရာ ကြိုဦး ထားသူအတွက်တော့ စီးနှင်းခွင့်ရှိနေမည်သာဖြစ်ပါသည်။

08.jpg

အချုပ်ဆိုရသော် steemit platform ၏ အောင်မြင်မှုနှင့်အတူ Steem ဈေးတက်လာပါလိမ့်မည်။ ထိုသို့ ဖြစ်လာအောင်လည်း နားလည် တတ်ကျွမ်းသူတို့ လုပ်ဆောင်နေကြပါသည်။ ဤ platform ၏ ချိုမြိန်သော အရသာ အား ကျွန်တော်တို့ တကြိမ်တခါ မြည်းစမ်းခဲ့ဘူးကြပါသည်။

ဤ platform အကောင်းလောကဓံတွင် ကျွန်တော် ရှိခဲ့ဘူးသလို အဆိုးလောကဓံတွင်လည်း ကျွန်တော်ရှိနေအုံးမည်သာ ဖြစ်ပါသည်။ အဘယ်ကြောင့် ဆိုသော် steemit ရထားစီးရင်း ခရီးသွားနေသဖြင့် ဤရထားကြီးဖြင့် ခရီးသွား အတွေ့အကြုံလည်း အတော်များများ ရှိနေပြီ ဖြစ်ပါသည်။

နှောင်တချိန်တွင် steemit ခရီးသွား အတွေ့အကြုံများဟူ၍ ကျွန်တော် ကြုံတွေ့ခဲ့ရသော ခရီးသွားများ အကြောင်း ဆောင်းပါး များ ရေးသား နိုင်ပါလိမ့်မည်ဟု မျှော်လင့်မိပါသည်။

မြန်မာလူငယ်များ steemit တွင်အောင်မြင်ကြပါစေ....

logo.png

Photo Credit : Original Source
Author : Henry Aung ( Kachin )
MSC : 001

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Steemit ရထားကြီး ပျော်ပျော်စီးခဲ့သလို လမ်းမကောင်းလို့ စိတ်ပမ်းခဲ့တာတွေလည်း ရှိခဲ့ပေါ့။
တည်မြဲနေရင်ကို ပျော်နေပါပြီ။
Thank for message!

Posted using Partiko Android

Steemit Blockchain ကတော့ မပျက်ပါဘူး စိတ်ချပါ။

မင်္ဂလာသတင်းလေးပါဗျာ မင်္ဂလာမျက်လုံးနဲ့ဖတ်ပြီး
မင်္ဂလာနှလုံးသားက သိနေသလို မင်္ဂလာပါကိုဟင်ရေ

မင်္ဂလာပါ ဆောင်အုံးမှာ ကိုထွေးရေ...

ကောင်းမွန်သော မင်္ဂလာသတင်းလေးကို ကြားရတာ ဝမ်းသာပျော်ရွှင်စရာကောင်းလှပါတယ်အစ်ကို။အားလုံး ထိုင်ခုံလေးတွေယူထားသင့်တယ်လို့ ထင်မိပါတယ်အစ်ကို။ဒီလို steemit platform ၏အခြေအနေလေးတွေကို အားလုံးသိရှိစေရန် ပြန်လည်မျှဝေပေးတဲ့အတွက် အစ်ကို့ရဲ့စေတနာကို ကျေးဇူးတင်လေးစားမိပါတယ်အစ်ကို။

ဟုတ်ကဲ့ ။ အတတ်နိုင်ဆုံး update ဖြစ်အောင် တင်ပေးပါ့မယ်။

ပျော်ပြီပေါ့ဗျာ
ဟဲဟဲ ဒါတွေသိလို့
ကြိုပြီး ဖျာခင်း နေရာဦးထားတာ

ချတင်းဝယ်ချင်ဒယ်ယို့

1 million Steem ဝယ်မို့ လား ? @ned power down နေတယ်။

steemitကြီးမှာပျော်စရာအချိန်ကိုမမှီခဲ့ပေမဲ့ နောင်လာမယ့်ပျော်စရာအချိန်ကိုတော့မျှော်လင့်လျှက်ပါ

Posted using Partiko Android

အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်

မင်္ဂလာရှိသော သတင်းပါ ကိုဟင် တကယ့်ကို Sweet Decemberပါ

Same to you @suhlaing

good news ဆိုတာ ဘယ်လို ပြောရမလဲ။ ဝမ်းသာလှပါ၏။

Posted using Partiko Android

အကောင်းဆုံး ဖြစ်လာပါလိမ့်မယ်။

သတင်းကောင်းလေးကြားရလို့ ဝမ်းသာပါတယ် အကိုဟင်။

Posted using Partiko Android

ကျွန်တော်လည်း ဝမ်းသာပါတယ်။

Excel လေး ဆောက်ပြီး ရေးနေတယ် ဒါမှ ရေးဖြစ်တယ်ကိုဟင်

အကောင်းဆုံးပဲ ကိုစော...

အခုလိုကြားရပြန်တော့လည်း ဝမ်းသာရပြန်ပါတယ်အစ်ကိုရေ😍😍😍

Posted using Partiko Android

ဝမ်းသာလိုက် ဝမ်းနည်းလိုက်ပါပဲ ကိုမိုးဇော်ရေ

  ·  6 years ago (edited)

ကျွန်တော်တို့ တော့ Steemit ရထားရဲ့ ပုံမှန်ခုံတန်းလေးမှာ ရှိနေပါတယ်
တစ်ခါတစ်ရံ အိပ်ငိုက်နေမိတော့ အားလုံးက သတိမမူကြတာဖြစ်ပါလိမ့်မယ်
(တစ်ချို့ ကလည်း ဘုတာသီးသီးမှာဆင်းသွားကြပါပြီ )
အထူးတန်းက သူတွေကတော့ အမြဲ နိုးနိုးကြားကြားနဲ့ လိုက်ပါနေကြပါတယ် 10 ယောက်မကျော်ပါဘူး

ကပ္ပတိန်ကြီးကိုဟင်ကတော့ နားလည်း မနား အိပ်လည်း မအိပ်ပဲ
ရထားကို ခုတ်မောင်း ထိန်းကျောင်းနေရတာ ပင်ပန်းနေပါပြီ
လေးစား အားကျမိပါတယ်
ကိုဟင် ကျန်းမာ ချမ်းသာပါစေ

ကျေးဇူး အများကြီးတင်ပါတယ်

ယုံကြည်ရာကို အလွယ်တကူ လက်လျော့တတ်တာ ယောင်္ကျားကောင်းတို့ ရဲ့ လုပ်ရပ်မဟုတ်ဘူး အစ်ကိုရေ။ကြိုးစားလျက်ပါဗျာ။

Steemit Blockchain ကတော့ မပျက်ဘူး စိတ်ချ။ သူမပျက်သရွေ့ ကျွန်တော်လည်း ရှိနေမယ်။

သတင်းကြားရတာ အရမ်းဝမ်းသာပါတယ်အစ်ကိုဟင်။

Steemhunt အကြောင်းလေးကော မသိချင်ဘူးလား..?

ဟဲ ဟဲ ပိုသိချင်တာပေါ့

ဈေးမြန်မြန်တက်ပါစေ
ဆုတောင်းနေပါတယ် ကိုဟင်။

လောလောဆယ်တော့ ဆုတောင်းရုံသာ

နှလုံးသားခြင်းနီးနေပါတယ်လို့…

ယုံတယ်လို့ .....

steemitကြီးမှာပျော်စရာအချိန်ကိုမမှီခဲ့ပေမဲ့ နောင်လာမယ့်ပျော်စရာအချိန်ကိုတော့မျှော်လင့်လျှက်ပါ

Posted using Partiko Android