မေးခွန်းမေးကြသူများ

in myanmar •  7 years ago 

အချို့က မေးခွန်းတွေမေးကြတယ်။
သူတကယ် မသိတာကို အချက်အလက်တွေ သိချင်လို့ အဖြေသိချင်လို့မေးတာ။ အဖြေကို တကယ်လိုချင်လို့မေးတဲ့သူမျိုး။
သိပ်ရိုးသားလွန်းသူတွေပေါ့။
အချို့က မေးခွန်းတွေမေးကြတယ်။
မေးသူက အမေးခံရသူ မသိနိုင်တာတွေကို ပညာပြပြီးမေးတာမျိုး။
မင်းဘယ်လောက်တတ်လို့လဲ ဆိုတဲ့ပုံစံနဲ့ မေးတာမျိုး။
အချို့က မေးခွန်းတွေမေးကြတယ်။
အဖြေကိုမသိလို့လည်းမဟုတ်ဘူး။ အဖြေလိုချင်လို့လည်းမဟုတ်ဘူး။ အမေးခံရသူဟာ ဘယ်လောက်အထိနားလည်ထားသလဲဆိုတာကို သိချင်လို့ ပြန်မေးတဲ့ မေးခွန်းမေးသူမျိုး။ ဆရာ နဲ့ တပည့်ကြားက မေးခွန်းမျိုးပေါ့။
အချို့က မေးခွန်းတွေမေးကြတယ်။
တကယ်သိချင်လို့ဆိုတာထက် သူ့မှာရှိနေတဲ့အဖြေတွေကို သက်သေပြချင်လို့မေးတာမို့ ဘယ်သူ ဘယ်လောက် ပဲ အကောင်းဆုံးအဖြေတွေပေးနေနေ သူလိုချင်တဲ့ အဖြေမရမချင်း ကျန်တဲ့အဖြေတွေကို ဥပေက္ခာပြုထားတတ်ကြပြီးမှ သူလိုချင်တဲ့အဖြေမျိုးပြောတော့မှ ချက်ချင်းထောက်ခံပြီး အေး အဲ့တာမှန်တယ်ဆို လုပ်တတ်သူမျိုး။ သူလိုချင်တဲ့ အဖြေမရမချင်းကတော့ ဘယ်လောက်ယုတ္တိရှိရှိ ဖြေဖြေ လက်မခံဘဲ ပြန်ငြင်းတာမျိုး မသိဟန်ဆောင်တာမျိုး ဥပေက္ခပြုထားတာမျိုး။
Facebook Group တွေမှာ စဆရကတွေ မေးတဲ့မေးခွန်းမျိုးပေါ့။
ကိုယ့်ကိုယ်ကို တွေးတတ်လှပြီ အတွေးအားကောင်းလှပြီထင်ပြီး မေးနေတတ်တဲ့ အနူတော လူချောတွေမေးတတ်တဲ့အမေးမျိုး :P
အချို့က မေးခွန်းတွေမေးကြတယ်။
သူတကယ်လည်း သိချင်နေတယ်။ အဖြေလည်း အသင့်ရှိမနေဘူး။ ဒါပေမဲ့ အဖြေတွေအားလုံးထဲကမှ သူ့ပင်ကိုယ်ဗီဇ အသိအခြေခံတွေကိုအသုံးပြုပြီးမှ အဖြေတွေထဲက အချို့ကိုလက်ခံတယ်။ များသောအားဖြင့် သူ့စိတ်နဲ့ကိုက်ညီတဲ့ အဖြေကိုပဲ လက်ခံတတ်တဲ့ မေးသူမျိုးပေါ့။
နေရိုးနေစဉ်နေလာပြီးတော့မှ အတွေးအခေါ်ဆိုတာကို စတင်သိရှိလာကာစ တွေးတတ်ကာစလူမျိုးတွေ မေးကြတယ်။ စကားတတ်စ ကလေးတွေ စကားအရမ်းပြောသလို မျိုး ပေါ့။
အချို့က မေးခွန်းတွေမေးကြတယ်။
အဖြေသိချင်လို့လည်းမဟုတ်ဘူး။ သူ့မှာအဖြေရှိနေလို့လည်းမဟုတ်ဘူး။
သူတို့မေးခွန်းမှာလည်း တကယ်ဖြေစရာအဖြေက ရှိမနေဘူး။ မရှိနေဘူးဆိုတာလည်း မေးသူကိုယ်တိုင်သိတယ်။
မေးခွန်းတွေမေးဖို့ လိုအပ်လို့ကိုမေးနေတာ။
အမေးခံရတဲ့သူတွေကလည်း မေးသူဆီကိုလာတာ သူတို့သိချင်တာတွေမေးဖို့လာကြတာ။ ဒါပေမဲ့ သိချင်သူတွေ အဖြေလိုချင်သူတွေက ပြန်အမေးခံရတယ်။ အဲ့တာကိုလည်းအမေးခံရသူတွေက ကြိုးစားပမ်းစားဖြေကြတယ်။ ဒါမျိုးကတော့ နာမ်တရားပိုင်းဆိုင်ရာ လမ်းလျှောက်နေတဲ့ဆရာတပည့်တွေ ၊ လမ်းစဉ်တွေမှာ သာ တွေ့ရတတ်တာမျိုးပေါ့။
လတ်တလောတွေ့မိတဲ့ မေးခွန်းမေးသူ အမျိုးမျိုးပါ။

Kyaw Thu Ra
msu 056

Photo credit - https://pixabay.com/en/question-mark-note-duplicate-2110767/

question-mark-2110767_960_720.jpg

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Nice post

UpvoteBank
Your upvote bank
__2.jpgThis post have been upvoted by the @UpvoteBank service. Want to know more and receive "free" upvotes click here

တချို့အ​မေးခံရသူ​တွေမှာလဲ ပြဿနာ​တွေရှိ​နေ​သေးတယ်​လို့....
နောက်​ထက်​​တွေးမိတယ်​...

ဟုတ်တယ်ဗျ။ ကိုယ်တိုင်လည်း အမေးခံရသူဖြစ်တဲ့အခါအခက်အခဲတွေ ပြဿနာတွေ၇ှိလာတတ်ပြန်တယ်

အမေးတတ်ရင်လည်း မေးခွန်းကောင်းလေးဖြစ်သွားတာပါ

ကိုယ့်ဘာသာမေး ကိုယ့်ဘာသာဖြေဖြစ်သွားတာတွေလည်းရှိတယ်