အတိတ်က သျှစ်သောင်းဘုရားပွဲ (၂)

in myanmar •  7 years ago  (edited)

မေလ၏ နံနက်ခင်းတစ်နေ့ ကျွန်တော်ဟာ သူငယ်ချင်းသိန်းထွန်းနဲ့ "ခရိုင်" သင်္ဘောကြီးစီးပြီး စစ်တွေဆိပ်ကမ်းမှ မြောက်ဦးမြို့သို့ ထွက်ခွာလာခဲ့ကြပါတယ်။ ပွဲတော်ရက်နီးပြီမို့ သင်္ဘောပေါ်မှာ လူတွေပြည့်ကြပ်နေပါတယ်။ လူမဆန့်၍ ကျန်ခဲ့လိုက်ရသူတွေလည်း အမြောက်အများပင်။

Images Credit - Original Source
ခရိုင်သဘောင်္ကြီးဟာ လူအပြည့်တင်ဆောင်ပြီး ကုလားတန်မြစ်ကြောင်းတစ်လျှောက် အရှေ့ဖက်သို့ တအိအိ ခုတ်မောင်းနေပါတယ်။ သဘောင်္ပေါ်မှာ လူတွေပြည့်ကြပ်ပြီး ဆူညံနေသော်လည်း ကျွန်တော်ကတော့ ကိုယ်မရောက်ဖူးသေးတဲ့နေရာ ကိုယ်သွားချင်နေတဲ့နေရာကို သွားနေရတာမို့ ပျော်ရွှင်နေမိပါတယ်။
၂နာရီကျော်လောက်အကြာမှာ ပုဏ္ဏားကျွန်းဆိပ်ကမ်းကို ရောက်ရှိလာပါတယ်။ ဆိပ်ကမ်းမှာ လူအတက်အဆင်းလုပ်နေစဉ် ဈေးဘန်းများကောင်းပေါ်တင်ကာ မုန့်ဆီကြော် ဘဲဥပြုတ် ခရုကြော် ငါးကင် သရက်သီး စသဖြင့် မုန့်ပဲသရေစားများရောင်းနေကြသော ဈေးသည်များလည်း သူ့ဟာဝယ် င့ါဟာဝယ်ဆိုပြီး အလုအယက်ရောင်းနေကြပါ၏။ မနက်ထဲက ဘာမှမစားရသေးသော ကျွန်တော်တို့လည်း ရေသန့်ဗူးနဲ့ ဘဲဥပြုတ်ဝယ်ပြီး ဗိုက်ဖြည့်လိုက်ရပါတယ်။ လူအတက်အဆင်းလုပ်ပြီး ပုဏ္ဏားကျွန်းဆိပ်ကမ်းမှ သင်္ဘောကြီး ထွက်ခွါလာခဲ့လေပြီ၊ ကုလားတန်မြစ်ကြောတစ်လျှောက် နေပူသော်လည်း သင်္ဘောသွားနေတဲ့အချိန် လေရနေတာမို့ တချို့လူတွေ အိပ်ကုန်ကြပြီ၊ သူငယ်ချင်းသိန်းထွန်းလည်း အိပ်ငိုက်နေပြီ၊ ဘေးဘက်ဝဲယာမှ ရွာများ လယ်ကွင်းများ ဟိုးအဝေးက တောင်တန်းကြီးများ တောင်ပူစာလေးများပေါ်မှ ထုံးဖြူဖြူစေတီများကို ငေးကြည့်ရင်း ကျွန်တော် စိတ်ကူးထဲက မြောက်ဦးမြို့ကို ရင်ခုန်စွာ တမ်းတနေမိပါတယ်။

Images Credit - Original Source
နေ့လည် (၁၂)နာရီကျော်လောက်မှာ ဟင်းခရော် ဆိပ်ကမ်းကိုရောက်ရှိပါတယ်။ လူတင်လူချလုပ်ပြီး ပြန်ထွက်လာရာ ၁နာရီကျော်လောက်မှာ သင်္ဘောပေါ်မှာပဲ နေ့လည်စာစားဖြစ်ကြပါတယ်။ နေ့လည်စာစားပြီး မကြာခင်မှာပဲ တောင်တန်းကြီးတွေ အထပ်ထပ်တွေ့လာရပါတယ်။ မကြာခင် ရောက်တော့မယ်လို့ သိန်းထွန်းပြောလိုက်တော့မှ ပိုရင်ခုန်လာပြီး တွေ့ချင်မြင်ချင်ဇောနဲ့ တောင်တန်းကြီးတွေကြားမှာ မြောက်ဦးမြို့ကိုလိုက်ရှာနေမိပါတယ်။ တရွေ့ရွေ့ခုတ်မောင်းလာသော သင်္ဘောကြီးဟာ မြောက်ဦးချောင်းကို ၀င်ရောက်လာပါပြီ၊ မြောက်ဦးချောင်းကို ၀င်လိုက်တာနဲ့ ခပ်လှမ်းလှမ်းက တောင်ထိပ် တောင်ထိပ်တွေပေါ်မှာ စေတီပုထိုးများကို တွေ့မြင်နေရပါတယ်။ ထိုစေတီပုထိုးများရှိရာ လက်ညိုးထိုးပြပြီး "အဲဒါ မြောက်ဦးမြို့ပဲ'' လို့ သိန်းထွန်း ပြောပြတယ်။ တချို့လူတွေကလည်း သင်္ဘောပေါ်ကနေ လှမ်းပြီးဓာတ်ပုံရိုက်ကြတယ်။ ကိုယ်တွေက ဖုန်းလည်းမရှိ ကင်မရာလည်းမရှိတော့ တောင်တန်းတွေကြားက ထုံးဖြူစေတီလေးတွေ သဘာဝရှုခင်းလေးတွေကို ငေးကြည့်ရုံမှတပါးပေါ့လေ။

Images Credit - Original Source
ဒီလိုနဲ့ သင်္ဘောကြီး မြောက်ဦးဆပ်ကပ်ကိုရောက်ပါပြီ။ သင်္ဘောပေါ်ကတက် ဆိုက်ကားစီးပြီး သိန်းထွန်းအစ်မတို့အိမ်ကို လာခဲ့ကြပါတယ်။ အဲဒီတုန်းက မြောက်ဦးမြို့မှာ ဆိုက်ကားနဲ့စက်ဘီးလောက်ပဲ ရှိတယ်။ ကားဆိုတာ အရာရှိတွေစီးတဲ့ ရုံးကားလောက်ပဲရှိတာ။ ခရီးသွားတွေက နီးရင်လမ်းလျှောက်သွားကြတယ်။ ဝေးရင် ဆိုက်ကားစီးသွားကြတယ်။ ဆိုင်ကယ်ကယ်ရီတောင် မရှိသေးပါဘူး။
အိမ်ရောက်တော့ သိန်းထွန်းအမျိုးတွေနဲ့ ကျွန်တော့ကိုမိတ်ဆက်ပေးပါတယ်။ အစ်မတွေကလည်း ပျူပျူငှါငှါနဲ့ နှုတ်ဆက်စကားပြောကြပေမယ့် ကျွန်တော်နာမည်ပြောရုံကလွဲပြီး ဘာဆက်ပြောရမှန်း မသိတော့ပါ။ ပတ်ဝန်းကျင်အိမ်တွေက မိကလေးတွေလည်း ရောက်လာတာမို့ တစိမ်းမိကလေးတွေနဲ့ ရင်နှီးကျွမ်းဝင် မရှိသေးဖူးသော ကျွန်တော် ပထမဆုံး မိကလေးတွေ ၀ိုင်းကြည့်တာခံနေရတဲ့အချိန်မှာ နဖူးစက ချွေးတွေထွက်ပြီး အခက်တွေ့ရချေပြီ။ ထိုမိကလေးတွေကို မကြည့်ရဲကြည့်ရဲ မျက်လွှာလေးပင့်ပြီး အားစိုက်ကြည့်လိုက်တဲ့အခါ ပြုံးပြီးစိုက်ကြည့်နေတဲ့ မျက်နှာဝိုင်းလေးပိုင်ရှင် မိကလေးတယောက်နဲ့ အကြည့်ချင်းဆုံးမိတဲ့အချိန် ကျွန်တော့ရင်ခုန်သံတွေမြန်လာပြီး ချွှေးတွေပိုထွက်လာပါတော့တယ်။ ချက်ချင်းအကြည့်ကိုလွှဲဖယ်လိုက်ပြီး "ကဲ ကဲ ရေသွားချိုးရအောင်၊ နင်တို့ နက်ဖန်အတွက် လောင်း(လှေ)တစ်စီးရှာထား၊ ပြိုင်လောင်းပွဲကြည့်ဖို့ လိုက်မယ့်သူတွေ လူစုထားကြ" သိန်းထွန်း ပြောဆိုပြီး ရပ်ကွက်ထဲက ရေကန်မှာ ရေချိုးဖို့ ထွက်လာပါတယ်။ ရေးချိုးပြီးအပြန် ညနေထမင်းစားပြီး ဟိုမိကလေးတွေ ရောက်လာသေးတယ်။ အိမ်ရှေ့မှာဖျားခင်း ၀ိုင်းဖွဲ့ရေးနွေးကြမ်းသောက်ရင်း သိန်းထွန်းအဖိုးက မြောက်ဦးမြို့အကြောင်း မြောက်ဦးမြို့ရှိ ဘုရားပုထိုးများသမိုင်းကြောင်းတွေကို ပြောပြပါတော့တယ်။
အဖိုးပြောပြသော မြောက်ဦးမြို့အကြောင်းကို နောက်တစ်ပိုင်းမှာ ဆက်လက်ရှုစားကြပါကုန်-

Images Credit - Original Source

ပုံများကို google မှရှာ၍ အလျဉ်းသင့်ဖေါ်ပြလိုက်ခြင်းဖြစ်ပါတယ်
ဖတ်ရှုပေးတာ ကျေးဇူးတင်ပါတယ်
မြန်မာ စတီးမစ်များ အောင်မြင်ကြပါစေ
@kyawhlaing
MSC-015

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အလဲ့ ဇာတ်လမ်းစတော့မယ် ။မျက်နှာဝိုင်းပိုင်ရှင် မိန်းကလေးတဲ့။

ဟာဟ

ကိုကျော်နိုင်ကရခိုင်လားမသိဘူး ၊ငပလီတို့ မြောက်ဦးတို့ရေးတာများလို့

ဟုတ် ရခိုင်စစ်စစ်ပါ

ဆက်ဖတ်ဦးမယ်ဗျိုးး ဘာဖြစ်ဦးမလဲ

ဟုတ် ဖတ်ပေးတာကျေးဇူးပါ

ရောက်ဖူးချင်တဲ့ဒေသတစ်ခုပါ မရောက်သေးခင် သူများရေးတာလေးအရင်ဖတ်ကြည့်ရမှာပေါ့

ဟုတ် အခွင့်သာရင်သွားလိုက်ပေါ့ဗျာ
ဖတ်ပေးတာကျေးဇူးတင်ပါတယ်

အဟက်… ဟက်
မိန်ကလေးတေ ဝိုင်းကြည့်ကြလို့ နဖူးက ချွေးတေတောင်ထွက် ဆိုဘဲ
အေးဘာခွာ … ဘားမှ ပြောတော့ပါ ဘု ဒီတိုင်းဘဲ vote လိုက်ပါတော့မယ်
……………ခွီး… ခွီး ……………

ကိုယ်ဒေက ဒလိုဖဲ အရှက်အကြောက်ကြီးတာ ဟက် ဟက်

နောက်တစ်ပိုင်း ဆက်ဖတ်အုံးမယ်

ဖတ်ပေးတာ ကျေးဇူးပါ

ကြည့်နေတယ် မပြောသေးဘူး

ငွိ ငွိ

သွာကြည့်​ချင်​လိုက်​တာရှင်​။

ဒီလ ၂၉ ရက်နေ့စမှာနော်

ကြားဖူးတယ် ဘုရားပွဲတော့မရောက်ဖူးခဲ့ပါဘူးဗျာ...

အင်း အခွင့်သာရင်သွားပေါ့ bro

အယ့် အဝံ့မရဲ မကြည့်ပိုင်ရှင်လေး

အဲဒီကစတာပဲ :-P

လုပ်ပီ ဇာတ်လမ်းကတော့ စပီဗျာ..............ဟဲ

ဇာတ်လမ်းက မသန်း

ကိုယ်တိုင်သွားနေရသလိုပဲ

ကျေးဇူးပါ

မြောက်​ဦး ​ရောက်​ဖူးတာလား ကျွန်​​တော်​လဲ ရခိုင်​ကပဲ

ေ၇ာက်ဖူးတာပေါ့ အယင်ကပွဲကျတိုင်းသွားဖြစ်တယ်