Disk Cleanup ကိုအသုံးပြု၍ မလိုအပ်သော file များကိုဖျက်ပစ်နည်း
Hard Disk ၏ Drive C: သည် window တင်၍ software များတင်ပြီး ရှိနေပြီးသားအကျယ်အ၀န်းထက် ပိုမိုများလာပြီဆိုလျှင် ၎င်း Drives ထဲမှာ မလိုအပ်သော Temps file များ တဖြည်းဖြည်းများလာခြင်းကြောင့် ဖြစ်နိုင်ပါသည်။ အသုံးပြုမှု များရင်များသလောက် Temps file များ တဖြည်းဖြည်း များလာတတ်ပါသည်။ ထို Temps file များကို Disk Cleanup ကိုအသုံးပြုပြီး ရှင်းလင်းပေးပါမည်။ ထိုသို့ရှင်းလင်းပေးခြင်းဖြင့် မိမိကွန်ပျူတာ ပိုမိုမြန်ဆန်မှုရှိလာပါလိမ့်မည်။
ပထမဆုံး My Computer ကိုဖွင့်ပြီး Disk Cleanup ပြုလုပ်လိုသော Drive ကို Right click နှိပ်ပြီး properties ကိုနှိပ်ပါ။
Properties box ကျလာသောအခါ General tab အောက်မှ Disk Cleanup ကိုနှိပ်ပါ။
Backup လုပ်တာခဏစောင့်ပေးလိုက်ပါ။
ပြီးလျှင်Disk Cleanup box ကျပါမည်။ ဖျက်ပစ်လိုသော file များကို အမှန်ဖြစ်တပ်ပြီး ok နှိပ်ပါ။
အောက်ပါပုံအတိုင်း သတိပေးစာတမ်းပေါ်လာလျှင် Delete files ကိုနှိပ်လိုက်ပါ။
မိမိရွေးချယ်ထားသော မလိုအပ်သော file များအား ဖျစ်ပစ်ပါလိမ့်မည်။
ထို့အတူ တခြားသော Drive (D: E:) တို့ကိုလည်း ပြုလုပ်နိုင်ပါသည်။
Defragmentation ပြုလုပ်နည်း
ကွန်ပျူတာ အသုံးပြုပြီးတိုင်း Hard disk တစ်ခုလုံးမှာ file များ အလိုအလျောက် ပြန့်ကြဲပြီး ကျန်နေတတ်ပါသည်။ ကွန်ပျူတာအသုံးပြုမှု ကြာလာသည်နှင့်အမျှ ထိုသို့ပြန့်ကြဲနေသော file များ တဖြည်းဖြည်းများလာသောအခါ မိမိကွန်ပျူတာသည် လေးလံ၍လာခဲ့ပါတော့သည်။ ထိုပြန့်ကြဲနေသော file များကို ပြန်လည်စုစည်း သိမ်းဆည်းပေးခြင်းကို Defragmentation လုပ်သည်ဟုခေါ်ပါသည်။
မိမိအသုံးပြုနေသောကွန်ပျူတာ ပေါ့ပါးမြန်ဆန်မှုရှိအောင် အမြဲဂရုစိုက်ဖို့လိုအပ်ပါသည်။ Defragmentation လုပ်ခြင်းသည်လည်း ကွန်ပျူတာပိုမိုမြန်ဆန်အောင်လုပ်ခြင်းတစ်မျိုးပင်ဖြစ်ပါသည်။ နည်းဆုံး ၃လတစ်ကြိမ်ခန့် Defragmentation လုပ်သင့်ကြောင်း ဆရာများကဆိုပါသည်။ ထို့ကြောင့် Defragmentation လုပ်နည်းကို တင်ပြပေးလိုက်ပါသည်။ လုပ်နည်းကား မခက်ပါ။
ပထမဆုံး My Computer ကိုဖွင့်ပြီး Defragmentation ပြုလုပ်လိုသော Drive ကို Right click နှိပ်ပြီး properties ကိုနှိပ်ပါ။
Tool Tab ကိုနှိပ်ပြီး Defragment now ကိုနှိပ်ပါ။
ပေါ်လာသော Disk Defragmenter box မှ မိမိ Defrag ပြုလုပ်လိုသော Drive ကိုရွေးပြီး Defragment disk ကိုနှိပ်လိုက်ပါ။
အောက်ပါအတိုင်း ကွန်ပျူတာမှ ပြန့်ကြဲနေသော file များကို အလိုအလျောက်ပြန်လည်စီပေးနေပါလိမ့်မည်။
အချိန်အနည်းငယ်ကြာမည်ဖြစ်ပါသဖြင့် မိမိတို့အားလပ်ချိန်မှသာပြုလုပ်သင့်ကြောင်း အကြံပြုလိုက်ပါသည်။
Notepad အသုံးပြုတိုင်း နေ့ရက်နှင့် အချိန်များ ပေါ်အောင်လုပ်နည်း
ကျွန်တော်တို့သည် မှတ်စုမှတ်ရာကို မှတ်လိုလျှင်ဖြစ်စေ စာသားများကို အလွယ်တကူ သိမ်းဆည်းထားလိုလျှင်ဖြစ်စေ Note pad ကို အလွယ်တကူ အသုံးပြုကြပါသည်။ အလွယ်တကူ သိမ်းဆည်းလိုသော ဖိုင်များကို Noet pad တွင် ရိုက်သည်ဖြစ်စေ၊ ကူးယူထားသည်ဖြစ်စေ မိမိပြုလုပ်ခဲ့သော အချိန် နေ့စွဲတို့ကို အလိုအလျောက် ပါဝင်စေရန်အတွက် အလွယ်တကူ ပြုလုပ်ပေးနိုင်ပါသည်။
Start > All Program>Accessories>Note pad ကို ဖွင့်ပြီး F5 key ကိုနှိပ်လိုက်ပါက ကိုယ်သုံးစွဲသည့်နေ့ရက်နှင့်အချိန်ကို အလိုအလျောက် ဖြည့်ပေးပါလိမ့်မည်။
ပြီးလျှင် File Menu မှာ save ကိုနှိပ်ပြီး နှစ်သက်ရာအမည်တစ်ခုပေးကာ သိမ်းထားလိုက်ပါ။ ၄င်းဖိုင်ကို အသုံးပြုတိုင်း အသုံးပြုသည့် နေ့ရက်နှင့် အချိန်ကို အလိုအလျောက် သတ်မှတ်ပေးပါလိမ့်မည်။
နောက်တနည်းကား Note pad ကိုဖွင့်ပြီး (.LOG) ဟု ရိုက်ထည့်ပါ။ (အားလုံးအကြီးများဖြစ်ရပါမည်)။ ပြီးလျှင် File Menu မှာ save ကိုနှိပ်ကာ နှစ်သက်ရာအမည်တစ်ခုပေးကာ သိမ်းထားလိုက်ပါ။
၎င်းဖိုင်ကို အသုံးပြုတိုင်း အသုံးပြုသည့် နေ့ရက်နှင့် အချိန်ကို အလိုအလျောက် သတ်မှတ်ပေးပါလိမ့်မည်။ နောက်တစ်ကြိမ် ထပ်မံ၍လုပ်စရာမလိုတော့ပါ။
Steemit Myanmar user များ ကွန်ပျူတာဗဟုသုတကြွယ်ဝကြပါစေ
@kyawhlaing
photo = google image
This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လောလောဆယ် ကွန်ပြူတာ ရှိဘူး ရှိမှ သေချာပြန်လာဖတ်တော့မယ် သက်လား။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
good
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နာ့တို့ က မလိုတဲ့ file ဆို computer ထဲ ထည့် ဘူးရယ်
yoi က ဘယ်လို file တေ ထည့်ထားပါလိမ့်ဆိုတော့ကာ
ပရိတ်သတ်ကြီ အယောက် ၁၀၀ ရဲ့ အဖြေ…………… က……?
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြက်ဥဒေပဲထည့်ထားဒေဆွာ နာတိဘာဒေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice tutorial bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
thanks bro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
နောက်တခါဆို phone cleanလာမယ်ထင်တယ်:)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လာရဖို့ :-D
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒီလူဂျီး ကွန်ပူတာချိပါပုဆိုနေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit