ဂြိုလ်သားများ အကြောင်း တွေးမိတွေးရာ ( အပိုင်း - ၆ )steemCreated with Sketch.

in myanmar •  7 years ago 

ဟုတ်ကဲ့ အပိုင်း - ၅ မဖတ်ရသေးတဲ့မိတ်ဆွေများ
အောက်ကလင့်ကနေ ဝင်ဖတ်လို့ရပါတယ်ခင်ဗျာ။
https://steemit.com/art/@kyawkyawnaing/yagi-lthaundefined-ae-kang-etymundefinedtyyaa-apong-5-2017918t17648683z

တကယ်တမ်းက ပိရမစ်ရဲ့ နည်းပညာနဲ့ နက္ခတ်ပညာရပ်တွေဟာ
အီဂျစ်လူမျိုးတွေထက် နှစ်ပေါင်းသိန်းချီစောခဲ့တဲ့
မာယာလူမျိုးတွေရဲ့ခေတ်မှာကတည်းက ရှိလာတာပါ။
မာယာလူမျိုးတွေဟာ အီဂျစ်တို့နည်းတူပဲ နိုင်းမြစ်ဝမ်းတစ်လျှောက်မှာပဲနေကြပြီး
စိုက်ပျိုးရေးနဲ့ ဆောက်လုပ်ရေးနည်းပညာတွေ ထွန်းကားနေတဲ့ဒေသပါ။
ဒုတိယ ကမ္ဘာစစ်မစခင် ၁၉ ရာစုအစောပိုင်းကာလမှာ တွေ့ရှိခဲ့တဲ့
ကမ္ဘာ့အစောဆုံးကျောက်စာလို့ယူဆရတဲ့ မာယာလူမျိုးတို့ ရေးခဲ့တဲ့ကျောက်စာကို
ကြည့်ခြင်းအားဖြင့် မာယာလူမျိုးတွေရဲ့ခေတ်က
အီဂျစ်ခေတ်ထက် ပိုပြီးစောနေတာကို သက်သေပြနိုင်ခဲ့ပါတယ်။
မာယာလူမျိုးတွေ ရေးခဲ့တဲ့ကျောက်စာထဲမှာ သူတို့ထက်စောတဲ့
နာမာ (ခေါ်) နမာလူမျိုးတွေရဲ့ နည်းပညာအကြောင်းနဲ့
ကောင်းကင်ပေါ်က ဆင်းသက်လာသူလို့ အဓိပ္ပာယ်ရတဲ့
လူမျိုးတစ်မျိုးရဲ့ အကြောင်းပါနေပါတယ်။

image
ကြီးတဲ့တစ်လုံးက Nibiru ဂြိုလ်ပါ
အသေးတစ်လုံးက နေရဲ့ပုံပါ

အဲ့ဒီအပြင် နေအဖွဲ့အစည်းရဲ့ နေအပါအဝင် ဂြိုလ်တွေလှည့်ပတ်တဲ့အကြောင်းတွေကိုပါ ကျောက်စာထဲမှာ မြင်တွေရမှာပါ။
သူတို့ နက္ခတ်တွက်ချက်မှုထဲမှာ တစ်ခုထူးခြားမှုရှိပါတယ်။ အဲ့တာက နေကိုလှည့်ပတ်တဲ့ဂြိုလ်က ၉လုံးမဟုတ်ပဲ ၁၀ လုံးရှိနေတာပါ။
နောက်ထပ်တစ်ခုကတော့ ၂၀၁၂ မှာ Hot ဖြစ်သွားတဲ့ ကမ္ဘာပျက်မယ်ဆိုတဲ့ ဟောစာတန်းပါပဲ။
တကယ်တော့ အဲ့ဒီကျောက်စာမှာ ကမ္ဘာပျက်တဲ့အကြောင်းရေးထားတယ်လို့ယူဆရတဲ့နေရာမှာ
ကျောက်စာက အပြည့်အဝမပါလာပဲ မြေအောက်ထဲမြုပ်နေတဲ့အပိုင်းနားမှာ
စာတွေက ပျက်နေပြီး အဲ့ဒီကြားထဲမှာ သူတို့ခေတ်က ကိန်းဂဏန်း 20 နဲ့ 12 ဆိုတဲ့စာကိုသာတွေ့ရတာပါ။
အဲ့တာကို အတွေးအခေါ်ပညာရှင် စာရေးဆရာတစ်ဦးက ကမ္ဘာပျက်မည်လောဆိုတဲ့ နာမည်နဲ့
အထက်ပါ ကျောက်စာအကြောင်းကို စာအုပ်ထုတ်ပြီးနောက်ပိုင်းမှာ
လူတွေက တစ်ယောက်ပြီးတစ်ယောက် စကားချဲ့ပြောကြရင်း ကမ္ဘာပျက်မယ်ဆိုတာဖြစ်သွားတာပါ။
ကောလဟာလတွေအပြင် အားလုံးသိကြတဲ့အတိုင်း 2012 ဆိုပြီး ကမ္ဘာပျက်တဲ့ဇာတ်ကားတောင်
ထွက်လာသေးပါတယ်။ ဇာတ်ကားထဲမှာတော့ 2012 ဒီဇင်ဘာ 31 ရက်နေ့ပျက်တယ်လို့ ပြောထားပါတယ်။
တကယ်တမ်း ကျောက်စာမှာရေးထားတဲ့အဓိပ္ပာယ် အတိအကျ အခုထိတိုင် ဘယ်သူမှမသိသေးပါဘူး။
စာလဲအပြည့်အဝမပါလာတဲ့အတွက် မဖေါ်ပြနိုင်တာလဲပါပါတယ်။

image

၂၀၁၂ မှာမပျက်ခဲ့တော့ Pyramids Of Gaza စာအုပ်ထုတ်တဲ့ David ဆိုတဲ့
စာရေးဆရာကနေပြီး ၂၀၁၇ စက်တင်ဘာ ၂၃ ရက်နေ့မှာ နီပီရူလို့ခေါ်တဲ့ ဂြိုလ်က
ကမ္ဘာကို ဝင်တိုက်မယ်လို့ ထပ်မံရေးသားခဲ့ပါတယ်။ နီပီရူဂြိုလ်ဆိုတာ တကယ်ရှိမရှိမသိရသေးပေမဲ့
အခုလက်ရှိ ၂၀၁၇ စက်တင်ဘာ ၂၃ ရက်ကျော်လာခဲ့ပြီဖြစ်တဲ့အတွက် သူ့စာအုပ်ကပြောခဲ့တာ မမှန်ခဲ့ပါဘူး။
ယုံတမ်းစကားတွေအရ နီပီရူ ဂြိုလ်ဟာ ချော်ရည်တွေနဲ့ ပြည့်နေတဲ့အနီရောင်နဲ့
ဂြိုလ်ကြီးတစ်လုံးဖြစ်ပြီး ကမ္ဘာထက် ဆယ်ဆနီးပါးပိုကြီးပါတယ်။ ဒီဂြိုလ်အကြောင်းကို
မာယာလူမျိုးတွေရဲ့ နက္ခတ်ကျောက်စာတွေမှာလဲ ဖော်ပြထားတာတွေ့ရပါတယ်။
သူတို့ကျောက်စာက သင်္ကေတအရ သူတို့တွေကိုပြန်ရမဲ့အိမ်လို့ အဓိပ္ပာယ်ရပါတယ်။
အချို့တွေကလဲ ဒီဂြိုလ်က လူသားမျိုးနွယ်တွေ စပြီး ပေါ်ပေါက်လာတဲ့ ဂြိုလ်ဖြစ်ပြီး
ယခုလူသားများကဲ့သို့ သဘာဝ သစ်တောတွေ ပြုံးတီးအောင်ပြုလုပ်သောကြောင့်
ရာသီဥတုတွေ ဖောက်ပြန်လာလို့ ချော်ရည်တွေနဲ့ပြည့်နေပြီး အပူချိန်မြင့်မားလာသဖြင့်
မနေနိုင်တော့ပဲ ယခု ကမ္ဘာဂြိုလ်ကိုပြောင်းရွေ့လာတယ်လို့ ယူဆကြပါတယ်။
အချို့တွေကျတော့လဲ နီပီရူ ဂြိုလ်ဟာ ဂြိုလ်သားတွေနေတဲ့ဂြိုလ်လို့ ယူဆကြပါတယ်။
သိပ္ပံပညာရှင်တွေရဲ့ တွက်ချက်မှုအရ အကယ်လို့ နီပီရူ ဂြိုလ်ဟာ တကယ်ရှိခဲ့ရင်
ဒီဂြိုလ်ဟာ ယခုအချိန် နဂါးငွေ့တန်းရဲ့ တစ်ဘက်ခြမ်းမှာတည်ရှိနေမှာပါ။ သူ့ရဲ့ပတ်လမ်းကလဲ
ကျွန်တော်တို့ နေအဖွဲ့အစည်းက ဂြိုလ်တွေရဲ့ ပတ်လမ်းတဲ့ဆင်တူနေပါတယ်။ အဲ့တာကြောင့်
သိပ္ပံပညာရှင်တွေက နီပီရူဂြိုလ်ကို Plant X (၁၀ လုံးမြှောက်ဂြိုလ်) လို့နာမည်ပေးထားတာပါ။
နေအဖွဲ့အစည်းရဲ့ ဂြိုလ်ကိုးလုံးက ပလူတိုဂြိုလ်ရဲ့ နောက်ထပ်ဂြိုလ်တစ်လုံးလို့ သတ်မှတ်တာပါ။
အမှန်တော့ ဘယ်သူမှမမြင်ဖူးသေးပါဘူး ယုံတမ်းစကားအရသာ သတ်မှတ်ထားတာပါ။

image

အကယ်လို့ David ရဲ့ စာအုပ်ထဲအတိုင်း တကယ်ပြန်လာခဲ့မယ်ဆိုရင်
အခုရောက်နေမဲ့ နဂါးငွေ့တန်းတစ်ဖက်ကမ်းကနေ ကမ္ဘာဆီကိုရောက်ဖို့
နောက်ထပ် နှစ်ပေါင်း ၂၀၀၀ ကျော် ၃၀၀၀ ခန့်ကြာဦးမှာဖြစ်ပါတယ်လို့ သိပ္ပံပညာရှင်တွေတွက်ချက်ထားပါတယ်။
သူတို့တွေတွက်ချက်ခဲ့တဲ့နည်းက ဒိုင်နိုစော ရုပ်ကြွင်းတွေကနေ ဒိုင်နိုစောမျိုးတုံးတာကိုအခြေခံပြီး
တွက်ထားတယ်လို့သိရပါတယ်။ ဘယ်လိုတွက်လဲဆိုတာတော့ ကျွန်တော်လည်း အတိအကျတော့
မဖတ်ဖူး မလေ့လာဖူးပါဘူး။ အကြမ်းအားဖြင့်ရှင်းပြထားတာကိုပဲ ဖတ်ဖူးတာပါ။ ဒီဂြိုလ်သာ တကယ်လာမယ်ဆိုရင်
ကမ္ဘာကိုတည့်တည့်ကြီးရောက်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ဘာလို့လဲဆိုတော့ နဂါးငွေ့တန်းကို
ဖြတ်ရမှာအတွက်ကြောင့် ဖြစ်ပါတယ်။ နဂါးငွေ့တန်းက ဂြိုလ်တိမ်တွေ ဓာတ်ငွေ့ဂြိုလ်တွေကြား ဖြတ်တန်းရမှာပါ။
ဖြတ်တန်းတဲ့ကာလမှာ အခြားဂြိုလ်တွေနဲ့တိုက်မိပြီး နီပီရူက ပဲ့ထွက်သွားတာမျိုး၊ လမ်းကြောင်းလွဲသွားတာမျိုးဖြစ်လာမှာပါ။
တကယ်လို့သာ ဒီအတားအစီးကို ကျော်ဖြတ်ပြီး ကမ္ဘာကိုဦးတည်ပြီးလာခဲ့မယ်ဆိုရင် သူ့အရှိန်နဲ့ ဆွဲငင်အားနဲ့ပေါင်းပြီး
နဂါးငွေ့တန်းက ဂြိုလ်တိမ်၊ဂြိုလ်ရံ၊ ဥက္ကာခဲတွေပါပါလာပြီး ကမ္ဘာတစ်ခုထဲတင်မကပဲ နေအဖွဲ့အစည်းတစ်ခုလုံးကိုပါ
ပျက်စီးသွားစေမှာပါ။

image

Nibiru (The Plant X) နှင့် Pyramids Of Gaza မှပြန်ကိုးကားပါသည်။
Photos from Google
Written By Kyaw Kyaw Naing

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

သုတစွယ်စုံထဲကဟာတွေကူးလာလားမှန်မှန်တျော :P

ခိုခို မနောက်ရပုနော် စည်ပင်ကလူဒေ
သုတစွယ်စုံအတွက် ပိုက်ပိုက်ကုန်နေမှ

  ·  7 years ago (edited)

တားတို့ က အဲ့ဒါတေ ခုမှ သိတာ အရင်က ဂြိုလ်သားဆိုတာ ကျွှဲကိုခေါ်ခဲ့တာပ်

blog မှာတင် မဟုတ်ဘူး
comment ပါ လိုက်ဖတ်နေတယ်

ကျွန်တော် တဖြည်းဖြည်းချင်းရှင်းပြမို့ပါ
ဘာသာရေးတွေနဲ့ရော သက်ဆိုင်နေလို့ပါဂျာ
ခု ဒိုင်နိုစောအကြောင်းတောင်
ဘယ်ဘာသာမှမပြောခဲ့တာကိုဂျာ

ကမ္ဘာကြီးတော့မျက်လိုက်ပါနဲ့ဥင်္ီး
sbd တွေထုတ်ရသေးဘူးရယ်

ကျွန်တော်လဲ ကမ္ဘာမပျက်ခင်
ရည်းစားလေးထားချင်တာဗျာ :p

good

အကြံတူဒေ :p

ကမ္ဘာက တခြားဂြိုလ်နဲ့ တိုက်လို့ ပျက်မှာ ဟုတ်ဘူး စစ်တွေဖြစ်ပီး အင်အားပြင်းဗုန်းတွေကွပြီး ပြာကျမှာ။

ကမ္ဘာပျက်တယ်ဆိုတာ
ကမ္ဘာလုံးကြီးကြေမွသွားတာလား
ဒါမှမဟုတ် သက်ရှိတွေပဲ
သေကြေပျက်စီးမလားဆ်ုတာ
ကျွန်တော်လဲ သိချင်နေတယ် ကွီးရွှေ

ယနေ့ကမ္ဘာမှာ လူသားတွေရဲ့ စက်မှုစွမ်းအား ထွန်းကားလာမှုကြောင့် သဘာဝ သယံဇာတတွေနေ့စဉ်ဆုံးရှုံးနေရပါတယ်။ ဒီကတဆင့် ကမ္ဘာ့ရာသီဥတုကို သဟဇာတဖြစ်စေတာတွေ ယုတ်လျော့လာတဲ့အတွက် သဘာဝဘေးများ ပိုမိုဖြစ်ထွန်းလာပါမယ်။ အဲဒီနောက်တော့ တဖြည်းဖြည်း ပျက်စီးယိုယွင်းခြင်းတွေ ဆက်တိုက်ဖြစ်လာပီး လူသားများ အနေဖြင့် မြေဇာပင်များဖြစ်လာကြရန်သာရှိတော့တယ်။ ကျွန်တော့အမြင်ပါ ။

ဟုတ် ကွီးရွှေ
ကမ္ဘာကြီးသက်တမ်းရှည်အောင်
ကျွန်တို့တို့တစ်ဦးချင်း ထိန်းသိမ်းဖို့လဲ
အများကြီးလိုတယ်ဗျာ

Wana see Alien and Wana ride UFO.

I think that UFOs will be the Time Machines.
I also want to meet them.

Good post

တင်ပါ့

Good Article, bro

Tin Ba

thank for your sharing

တင်ပါ့

အမှန်​အတိုင်းဝန်​ခံရရင်​ နားမလည်​ဘူး

ဟုတ် နောက်ပိုင်ကျ
အတတ်နိုင်ဆုံး သေချာနားလည်အောင်
ကြိုးစားပြီး တင်ပြပါမယ်ခင်ဗျာ

Nice post bro

Thanks

great post

တင်ပါ့

This post recieved an upvote from minnowpond. If you would like to recieve upvotes from minnowpond on all your posts, simply FOLLOW @minnowpond

Congratulations @kyawkyawnaing! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of upvotes

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

By upvoting this notification, you can help all Steemit users. Learn how here!

Congratulations @kyawkyawnaing! You have received a personal award!

1 Year on Steemit
Click on the badge to view your Board of Honor.

Do not miss the last post from @steemitboard:
SteemitBoard World Cup Contest - Round of 16 - Day 4


Participate in the SteemitBoard World Cup Contest!
Collect World Cup badges and win free SBD
Support the Gold Sponsors of the contest: @good-karma and @lukestokes


Do you like SteemitBoard's project? Then Vote for its witness and get one more award!

Congratulations @kyawkyawnaing! You received a personal award!

Happy Birthday! - You are on the Steem blockchain for 2 years!

You can view your badges on your Steem Board and compare to others on the Steem Ranking

Vote for @Steemitboard as a witness to get one more award and increased upvotes!