Effective Micro Organisms 2

in myanmar •  7 years ago 

အကျိုးပြုအဏုဇီဝ အီးအမ်
အပိုင်း ၂
အီးအမ်ကို စိုက်ပျိုးရေး/မွေးမြူရေး/သဘာဝပတ်ဝန်းကျင် ထိန်းသိမ်း ရေးတို့တွင်အသုံးပြုပုံများကို ဆက်လက်ဖော်ပြပါမည် ။
IMG_20180524_014722-picsay.jpg
စိုက်ပျိုးရေး

အီးအမ်ကို ရေအဆ ၂၀၀မှ ၅၀၀ ရောစပ်ပြီး
ပက်ဖြန်းနိုင်ပါသည်။ထိုသို့အသုံးပြုခြင်းဖြင့်
ပျက်စီးနေသောမြေများကို ပြန်လည်၍ ပြုပြင်
ပေးနိုင်ခြင်း/လယ်ယာကိုင်းကျွန်းအတွင်းရှိ
အရွက်ဆွေး/ရိုးပြတ်များကိုလယ်ယာကိုင်းကျွန်း အကျိုးပြုပစ္စည်းများဖြစ်စေ၍ သီးနှံများကိုကောင်းမွန်စေခြင်း/သီးနှံအထွက်နှုန်းကိုလည်း ကောင်းမွန်တိုးတက်စေခြင်း/လူကို အန္တရာယ် မဖြစ်စေခြင်း /ဈေးနှုန်း အလွန်သက်သာခြင်း စသည့်အကျိုးများရှိပါသည်။
pesticide2703.jpg
မွေးမြူရေး

တိရ စ္ဆာန် တို့သောက်သောရေတွင် ထည့်၍
တိုက်ခြင်းဖြင့် ရောဂါကင်းခြင်း/အစားအသောက်ကောင်းခြင်း /စားသောအစာတွင်ထည့်၍ ကျွေးခြင်း/အီးအမ်ဖြင့်ပြုလုပ်ထားသော
ဘိုကာရှီ ကိုကျွေးခြင်းဖြင့် အကောင်ထွား /
ရောဂါကင်း/ဥများကြီးခြင်း/နို့ထွက်များခြင်း/
တိရ စ္ဆာန် တို့နေထိုင်ရာပတ်ဝန်းကျင်ကိုပက်ဖြန်းပေးခြင်းဖြင့် အနံ့အသက်ကင်းစင်ခြင်း /
မလိုလားအပ်သောပိုးမွှားများ မပေါက်ပွားနိုင်ခြင်း /ငါး ပုဇွန် ကဲ့သို့သော အကောင်များ
၏ကန်အတွင်းထည့်သွင်းပေးခြင့်ဖြင့် ကန်များ သန့်ရှင်းလာခြင်း / အရည်အသွေးကောင်းမွန်သော ငါး ပုဇွန် များထွက်ရှိခြင်း /
အလှမွေးငါးကန် များအတွင်း ထည့်နိုင်ခြင်း
တို့ဖြစ်ပါသည် ။
IMG_20180523_221904.jpg
သဘာဝပတ်ဝန်းကျင်

အိမ်သာများအတွင်းထည့်ပေးခြင်းဖြင့် အိမ်သာထုထည်ကို ၈၀% ထိလျော့ကျစေနိုင်ခြင်း /လောက်ကဲ့သို့သော အကောင်များ မပေါက်ပွားနိုင်ခြင်း /
နိုင်ငံတကာသင်္ဘောကြီးများတွင် မိလ္လာကန်များအတွင်းထည့်ပေးပြီး ကန်၏ထုထည် လျော့ကျစေပြီး အနံ့အသက်ကင်းစင်စေပါသည် ။ ရေဆိုးမြောင်များ/အမှိုက်ပုံးများကို မကြာခဏ ဖြန်းပေးခြင်းဖြင့်အနံ့အသက်ကင်းစင်စေပါသည်။ မလိုလားအပ်သောပိုးမွှားများ
ပေါက်ပွားမှုမှ ကာကွယ်ပေးပါသည်။
အီးအမ်နှင့်ပတ်သက်၍ ၂၀၀၄ ခုနှစ်တွင် အောင်မြင်မှုတစ်ခုရှိခဲ့ပါသည် ။ ဆူနာမီဖြစ်စဉ်တုန်းက ယိုးဒယားနှင့် အိန္ဒိယနိုင်ငံအပါအဝင် ဆူနာမီဘေးသင့်နိုင်ငံတိုင်းလိုလို အီးအမ်ကို အသုံးပြုခဲ့ကြပါသည်။

IMG_20180522_1834icsay.jpg

ဆက်လက်ဖော်ပြပါမည်

smiling-cat-28__605.jpg
15037357_1864331047133498_1963643435675414222_n.jpg
@kyawthuhein
MSC 260

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

EMအကြောင်းတော်တော်သိသွားပြီ။အရမ်းဗဟုသုတရပါတယ်ညီရေ။ကျေးဇူးပါဗျာ။နောက်လဲဗဟုသုတရတာတွေများများရေးပါဗျာ။အားပေးနေမယ်။

ဟုတ်ကဲ့ကိုကြီးတွေကအားပေးတော့ ဆက်ရေးပြီဗျာ

သြော်​ em em😊

ဟုတ်ကဲ့ဘက်စုံသုံးအီးအမ်ပါခင်ဗျ

အလွန်​အသုံးဝင်​တဲ့EM

ဟုတ်ကဲ့ဗျ အတော်အသုံးဝင်ပါတယ် အခြားအသုံးဝင်တာတွေလည်းဆက်လက်ဖော်ပြပါမယ်ခင်ဗျ

ဗဟုသုတ ရပ့ဗျာ

ဟုတ်ကဲ့ခင်ဗျ ကျေးဇူးတင်ပါတယ်

ဗဟုသုတရတယ်

ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်

EMက အတော် အသုံးဝင်တာဘဲနော် အိမ်သာကျင်းတွေထဲလည်း ထည့်လို့ ရတယ်ဆိုတော့

ဟုတ်ကဲ့အခြား အသုံးဝင်တာတွေလည်းအများကြီးရှိသေးတယ်ဆရာမ

စောင့်​ရကျိုးနပ်​တယ်​​ဗျာ .. ဗဟုသုတတကယ်​ တိုးပါတယ်​ဗျ ..

ဟုတ်ကဲ့စိတ်ဝင်တစားလေ့လာပေးတာကျေးဇူးတင်ပါတယ်ဗျာ

em က တယ်စုံပါလားဗျ

ဟုတ်ကဲ့အခြားနေရာတွေလည်းအများကြီးသုံးလို့ရတယ်ဗျ
ဆက်လက်မျှဝေပေးပါမယ်

EM ရှိရင် ok ပြီပေါ့နော်

ဟုတ်ကဲ့ဆရာမ

ဘက်စုံသုံး EMပေါ့...

ဟုတ်ကဲ့ ကျန်းမာရေးအတွက်သောက်လို့လည်းရပါတယ်