My first teachers from steemit

in myanmar •  7 years ago  (edited)

Steemit ရဲ့ကျွန်တော့်လက်ဦးဆရာများ

တစ်ရက်တစ်ရက် Facebook တစ်ခွင် ပြဲပြဲစင်အောင် လျှောက်သွား လျှောက်ပတ်နေမိတယ်လေ။
photo credit-google image
image

အရင်ကတော့ လူတကာ တင်သမျှ ခရုလား ပက်ကျိလား post တွေ မမြင်ချင်လည်း မြင်ရ Like မပေးချင်လည်း အမျိုးကတော်နေတော့ အောင့်အီး ပေးရပြန်သကိုး ..။နောက်တော့ Facebook settings လေး နည်းနည်းသိလာတော့ ဟဲဟဲ မမြင်ချင်တဲ့Account မှန်သမျှ Unfollow လုပ် မသိသူဆို Block ဒါနဲ့ပဲ့ အချိန်ကုန်နေတော့တာပဲ့။

photo credit-google image

image

နားအေး မျက်စိအေးပြီ ထင်ထားတာ ဒါနဲ့မရပြန်ဘူးဗျ ...အမျိုးတကာ Friend တကာ ...ဟဲ့ ငါ့ပုံတင်တာ ဘာလို့ Like မပေး ယျောင်(ဟိဟိ ယျောင်တဲ့ ဘာယျောင်လည်းတော့မသိ မြန်မာစကားတွေလည်းတဖြေးဖြေး တိုဝင်ရပါပီကော) ငါ စွန်နဲ့ ပုံတင်ထားတာ Comment ဘာလို့လာမပေး ဒါနဲ့ပဲ့ စာမြင်ရုံလေး မျက်စိလေးစုံမှိတ်ပီး like and com လုပ်ရသဗျ။Facebook ဟာ သုတ ရသ ဗဟုသုတ အစုံ သိရ မြင်ရပေမဲ့ ဒီလို postတွေကျ တယ်စိတ်ညစ်ရသကိုး။

ဒီလိုfacebook သုံးရင်း Facebook accountနဲ့ပတ်သက်တာတွေ Gmail ဘာညာအစုံ လေ့လာခဲ့ရသေးတယ်။
ဒီအတိုင်း နေရချင်းအတူ Facebook ပေါ်မှာ Online ငွေရှာနည်းများဆိုပြီး ရှာမိတဲ့အခါကစ Free site mining site တဲ့. account ဖွင့်လိုက်ရတာ လူခေါ်ရတာတဲ့ ခေါ်လိုက်ရတာ နောက်ဆုံးတော့လည်း Scam ဆိုလား ပျက်ပြန်ရော ဒါနဲ့ ငွေရင်းတဲ့ Siteတွေက စိတ်ချရတယ်တဲ့ လုပ်ပြန်ရော ဘယ်လောက်မှမကြာဘူး ပျက်ပြန်ပြီတဲ့ အမြတ်ရမလားလို့ လုပ်တယ် အရင်းပါမရတဲ့အပြင် လျော်ပါလျော်ရပြန်တယ်...။onlineဆိုတာမှ လူလိမ်တွေကလည်းတယ်ပေါသကိုးဗျ။ ဒါနဲ့ စိတ်တော်တော်လေလာမိတယ် ။
photo credit-google image
image

photo credit-google image
image
ဒီလိုပဲ့ Facebook ပေါ်မှာ ကျင်လည်ပြီး ၄နှစ်တာကာလ
ဝေ့လည်လည်နေခဲ့ရာမှ တစ်နေ့ Steemit တဲ့ ။ငွေရင်းစရာမလို စာရေးရင်ပိုက်ဆံရတယ်ဆိုပဲ့ ။ဝိုး ...ဟုတ်မှဟုတ်ပါ့မလားပေါ့ အစကတော့ freeဆိုစိတ်ကုန်နေပီမို့ တစ်လ ၂လ မျှတာ လျစ်လျူရှုခဲ့မိတယ်။ခုကာမှ နောင်တရနေပီလေ။
photo credit-google image
image
Steemit နဲ့ပတ်သက်တာ မြင်ရပြန်များတော့ တစ်ခါလောက် တီးခေါက်ကြည့်မယ်ပေါ့ Steemit အကြောင်းတင်ထားတဲ့ @kokomoeheinဆိုတဲ့ အစ်ကိုတစ်ယောက် ဆီမှာ မေးမြန်းခဲ့တယ် ။
photocredit-facebook image(ko ko moe hein)

image

ဒီအစ်ကို က ကျွန်တော့်ကို Steemit အကြောင်း ရှင်းပြပေးဖို့ သူ့ရဲ့Admin ဆီ လမ်းညွှန်ပေးခဲ့တယ် ။ Steemit နဲ့ ပထမဦးဆုံးထိတွေ့အောင် လမ်းညွှန်ခဲ့တဲ့ အစ်ကို Ko Ko Moe Hein ရေ အလွန့်အလွန် ကျေးဇူးတင်ပါတယ်ဗျာ။Facebook ပေါ်မှာ မြင်တွေရလို့ Facebook ကြီး လမ်းညွှန်ပေးတဲ့ အစ်ကို တွေဟာ ကျွန်တော်ရဲ့ Steemit ရဲ့လက်ဦးဆရာပါပဲ့ ။

ဒါနဲ့MSCအဖွဲ့ဝင် @htetwaihin(Tin Tun Naing)ဆီမှာ Steemit အကြောင်း မေးမြန်းသင်ယူခဲ့တယ် ။ အစ်ကို
Tin Tun Naing က အရမ်းကို စိတ်ကောင်းရှိတာဗျ။
အစကတော့ နည်းနည်းကြောက်နေမိတာပေါ့ ။အရင်က Facebook မှာ ကိုယ် မသိတာတွေ လိုက်မေးမိတိုင်း အော်လွှတ်ခံထိတာက များခဲ့တာကိုး။ဆရာကတော့ ဒီလိုမဟုတ်ဘူးဗျ ။မေးသမျှ မသိတာမှန်သမျှ စိတ်ရှည်စွာရှင်းပြပေးတယ် ။လမ်းညွှန်ပေးတယ်။ အားပေးတယ် ။
ကျွန်တော့်လိုငတုံးတစ်ယောက်ကိုရှင်းပြရလွန်းလို့ ညည်းညူတယ်တစ်ခါမှမရှိဘူး။လေးစားစရာကောင်းလှပါတယ်။ဒီလိုနဲ့ ဆရာ Tin Tun Naing ဟာ ကျွန်တော်ရဲ့ Steemit ဘဝမှာ လက်ဦးသင်ဆရာဖြစ်ခဲ့ပြန်တယ်။ဆရာရေ ကျေးဇူးပါခင်ဗျ။
photo credit-facebook image(tintunnaing)
image

ဒီလိုနဲ့ Accountဖွင့်တာကအစ ဆရာ့TinTunNaingဆီကသင်ယူရင်း ဆရာတင်ထွန်းနိုင်က ဆရာ @tinhlaingoo (ဆရာတင်လှိုင်ဦး(သရက်))ဆီကို လမ်းညွှန်ပေးပြန်တယ်။
photo credit-facebook image(tinhlaingoo)
image
ဆရာတင်လှိုင်ဦးဆီရောက်ချိန်မှတော့ ဆရာက အစစအရာရာ သင်ပြပေးရင်း Steemit Basic Level ဆိုတဲ့ ဆရာရဲ့သင်တန်းGroup ထဲထည့်ပေးခဲ့တယ်။

ဝိုး....သင်တန်းမှာ ဆရာတင်လှိုင်ဦး(သရက်)ရဲ့စကားတွေ အတွေးအမြင်တွေ သင်ကြားပြသမှုတွေဟာ ကျွန်တော့်ဘဝမှာ တစ်ခါမှမကြားဖူးဘူးဗျ ။အရမ်းကို အံ့အားသင့်ခဲ့ရတယ်။ Steemit ရဲ့အကြောင်းတွေ Steemit ပေါ်မှာ စာရေးရင် ဘယ်လို တွေးရတယ် ဘယ်လို မြင်တတ်ရတယ် အပြင်လောကရဲ့ဖြစ်ပျက်ပုံတွေ အရာတစ်ခုခုကို ဘက်စုံထောင့်စုံ ရှုမြင်ပုံတွေ စိတ်ရှည်စွာရှင်းလင်းသင်ကြားပေးတာ ကြားခဲ့သိခဲ့ရတယ် ။အရမ်းကို လေးစားစရာကောင်းလှပါတယ်။ ဆရာတင်လှိုင်ဦး (သရက်)လည်း Steemit ရဲ့ လေးစားစရာသင်ဆရာတစ်ဆူဖြစ်ခဲ့တယ်။ကျေးဇူးအထူးတင်ရှိပါတယ်ဆရာ။

ကျွန်တော်Steemit ပေါ်ရောက်ရှိတာလာတာ လသားတောင်မပြည့်သေးပေမဲ့ ကျွန်တော်သိခဲ့ရတဲ့တစ်ခုရှိပါတယ်။ဒါကဘာလဲဆိုတော့ Steemit ပေါ်က အစ်ကို အစ်မ
ဆရာအားလုံးဟာ စိတ်ကောင်းရှိကြပြီး ကူညီရိုင်းပင်းမှုအပြည့်ရှိကြတယ်ဆိုတာပါပဲ့ခင်ဗျ။
photo credit-google image
image
Stemmit ပေါ်ရောက်လာတာမကြာသေးပေမဲ့ အတွေးသစ် အမြင်သစ် ဗဟုသုတ အစုံ တော်တော်များများ သိခွင့်ရခဲ့ပါတယ်။လေ့လာလို့မကုန်နိုင်တဲ့ပညာတွေ သုတရသ ဗဟုသုတတွေဟာ Steemit ပေါ်မှာတည်ရှိနေတာကို သိခဲ့ရတယ်။ဒီအချိန်မှအရင်ကယောင်လည်လည်ကုန်ခဲ့တဲ့အချိန်တွေ နှမြောမိတယ် ။စတွေ့စဉ်အချိန်ကတည်းကလည်း မလေ့လာခဲ့မိတဲ့ ကိုယ့်ကိုကိုယ်အပြစ်တင်မိတယ်။ဒါပေမဲ့ အားမလျော့ပါဘူး အကောင်းဆုံးကြိုးစားသွားပါ့မယ်။
Steemit ပေါ်က အားလုံးဟာ ကျွန်တော့်ရဲ့ Steemit ဘဝရဲ့ လက်ဦးဆရာသခင်များဖြစ်ကြလို့ အားလုံးကို အရမ်းကို ကျေးဇူးတင်ရှိပါတယ်လို့ ဂါဝရ ပြုရင်း ....။

Steemit ရဲ့ ရက်သားလေး
နွေဦးသစ်
@kyawthuyein

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

နွေဦးသစ်​​ရေ..... နံနက်​ခင်း မှာ ညီ​လေးရဲ့ post နဲ့ မင်္ဂလာ ရှိ​စေခဲ့ပါတယ်​။
ညီ​လေးလာ​မေးတဲ့ အချိန်​တုန်းက အကိုကလည်းအစပဲရှိ​သေးတာမို့ ​ကောင်း​ကောင်းမရှင်းပြနိုင်​ စိတ်​ပျက်​သွားမှာစိုးလို့ ဆရာ​တွေဆီ လမ်းညွန်​​ပေးလိုက်​ရတာပါ။
Steemit မှာ ဆရာဆိုတာ မရှိပါဘူးဗျာ.....
အားလုံးဟာ သင်​ယူ​လေ့လာ​နေရတဲ့ သင်​တန်းသား​တွေပါပဲ။
ကျေးဇူးတရားသိတက်​ခြင်းက မင်္ဂလာ တစ်​ပါးပါပဲ။
Steemit မှာ ​အောင်​မြင်​ပါ​စေ ညီ​လေး.......
@ဟိန်း

မင်္ဂလာပါအစ်ကို ကျွန်တော်မသိတာ မတတ်တာ ရှင်းပြ ပြောပြပေးတဲ့လူတိုင်းဟာကျွန်တော်ရဲ့ဆရာများပါပဲ့ခင်ဗျ အစ်ကိုပေးတဲ့ဆုနဲ့ပြည့်အောင်ကြိုးစားပါ့မယ်ခင်ဗျ

ကျေးဇူးသိတတ်​ချင်းက မင်္ဂလာ တပါးပါ ​လေးစားတယ်​bro

ဟုတ်ကဲ့bro

steemit မှ ကြိုဆိုပါတယ် ညီ

ဟုတ်ကဲ့

Good bro

This post has received a 0.61 % upvote from @boomerang thanks to: @kyawthuyein

ကျွန်တော်တို့ကို လည်း လမ်းညွှန်ပေးပါဦးဗျာ

GOOD POST

Thanks bro.

Welcome Bro . ဒီlink လေးက အထောက်အကူ
ဖြစ်နိုင်ပါတယ်
https://steemit.com/expectations/@bitcoinparadise/the-wrong-expectations

လေးစားပါတယ် အကိုရေ Good

Thanks

ငင့်...ဆရာတဲ့..
အချွန်နဲ့ မ ပြန်ပီ..

ထိုင်သာချလိုက်ပါတော့ဗျာ

ထိုင်ချလိုက်ပါဗျာ

ကောမန့်ဖတ်ပီး အသားတေတောင် တဆတ်ဆတ်တုန်တယ်။ရက်စက်လက်ထာ ကိုဒိုမီရယ်။

ဟီး ပြသ်ပါတယ် အောက်က မပြင်မိဘူး ဆရာ😁😁

မပြောတော့ပု ..

ဆရာများအ​ပေါ်​ကျေးဇူးသိတတ်​​သော​မောင်​​လေး​အောင်​မြင်​ပါ​စေ

  ·  7 years ago (edited)

ဟုတ်တယ်အစ်ကို ကျွန်တော်လည်း ကိုတင်ထွန်းနိုင် ဆီကနေ steemit အကြောင်းတွေကိုဂဃနဏသိခဲ့ရတာပါ။နောက်ပြီးတော့ ဆရာဦးတင်လှိုင်ဦး ဆီကိုအပ်ပေးခဲ့ပါတယ်။

ဇွဲမ​လျော့ရင်​ ​အောင်​မြင်​မှာပါ

ဟုတ်ကဲ့ပါbro.Thanks