ညနေရောက်ပြီဆိုလျှင် မိုးက ပုံမှန်ရွာသွန်းနေခဲ့ပါပြီ။တစ်ခါတစ်ရံ မိုးသက်လေပြင်း ဆင်နွှဲတတ်သလို၊တစ်ခါတစ်ရံ တဖြောက်ဖြောက်နှင့် ရွာသွန်းမြဲပင်ဖြစ်ပါသည်။ယခင်က အနောက်ဂေါ်ရာကျွန်းဆီသို့ ယွန်းမြဲဖြစ်သည်ကို တွေ့မြင်နေရသည့် အသူရာနေမင်းကြီးသည် ယခု ဘယ်ဆီဘယ်ဝယ်များရောက်နေလဲ တွေးမိသည်။ယခင်က ညနေနေဝင်ဆည်းဆာချိန် စည်ကားလှသော ကမ်းနား လမ်းမကြီးသည်ယခု ပြောင်သလင်းခါနေ၏။မိုးမင်းကြီးသည်နူးညံ့သောအသွင်ဖြင့် လေပြေနှင့်ရောကာ တဖွဲ့ဖွဲ့ရွာသွန်းနေသည်မှာ မည်သည်ကို လွမ်း၍လွမ်းမှန်းမသိသော ခံစားမှုသည်ပင် လှိုက်တက်လာချေ၏။မိုးစက်များနှင့်ညနေခင်းသည် တဖြေးဖြေး အလင်းရောင် ပျောက်ကွယ်၍ အမှောင်ဘက်သို့ ချဉ်းကပ်လာလေသည်။သို့သော် သဘာဝအလင်းရောင်မဟုတ်သော လျှပ်စစ်မီးများသည်ဟိုတစ်ကွက်၊ဒီတစ်ပွင့်ဖြင့် တဖြေးဖြေး အမှောင်ကို ဖြိုခွင်းလာကြပြန်သည်။လမ်းမဘေးရှိ မီးတိုင်များမှ မီးအလင်းရောင်သည် တဖွဲ့ဖွဲ့ ရွာသွန်းနေသော မိုးစက်များကို ပီပြင်အောင် မဖောက်ထွင်းနိုင်ပေ။ထိုအလင်းရောင်နှင့် မိုးစက်များသည်ပင် တစ်မျိုးတဖုံ ပနံရလျက် လှပနေပြန်ပါသည်။
image source
မြန်မာစံတော်ချိန်သည်ညနေ ၆နာရီမှသည်၇နာရီသို့ ၊၇နာရီမှသည်၈နာရီသို့၊၈နာရီမှသည် ၉နာရီသို့၊ဤသို့ပင်အဆင့်ဆင့်ကူးပြောင်းလျက် ညသည် ပိုမိုအသက်ဝင်လာလေပြီ။ယခင်က ၁၀နာရီဝန်းကျင်သည် အသံမျိုး
စုံ၊မြင်ကွင်းမျိုးစုံ ကြားနေ၊မြင်နေရဆဲပင်ဖြစ်သော်လည်း ယခုမူတစ်ခါတစ်ရံ ပုဇဉ်းအော်သံများ၊ဖားအော်သံများမှတစ်ပါး ဝန်းကျင်သည် တိတ်ဆိတ်ငြိမ်သက်နေ၏။လမ်းမထက်တွင်ကား အရှိန်နှင့်မောင်းနှင်လာသောဆိုင်ကယ်၊ကားများ၏"ဝေါ "ဟူသည့်အသံကို ရံဖန်ရံခါ ကြားနေရသေး၏။ ရပ်ကွက်တွင်း၊မြို့တွင်းရှိ လူကြီး၊လူငယ်၊လူလတ် အကုန်သည် တစ်မျိုးတစ်ဖုံ အသွင်ယူကြလျက်
အိမ်တွင်းပုန်းနေချေလေပြီ။နာရီအပ်တံသည်ကား ည၁၂
နာရီ ဟု အသိအမှတ်ပြုထားသော နေရာသို့ ရွေ့ခဲ့လေပြီ။ညသည်လည်း နက်သထက် နက်လာခဲ့လေသည်။
image source
image source
အိမ်အများစုသည် အိမ်ပြတင်းပေါက်များ အကုန်ပိတ်ကြကုန်လေပြီ။သို့သော် အိမ်တစ်အိမ်၏ ပြတင်းပေါက်တစ်ချပ်သည် ကား ပွင့်နေချေသေး၏။ပိတ်ရန်မေ့ခဲ့၍
လော၊အဘယ်ကြောင်းကြောင့်နည်း၊သို့လောသို့လော။မီးပွင့်ထားခြင်းမရှိသော အိမ်အပေါ်ထပ်ဝယ် ဖွင့်ထားသောပြတင်းပေါက်ရှေ့တွင် ကျွန်ုပ်ရှိ၏။တဖွဲ့ဖွဲ့ကျနေသော မိုးစက်များကို ထိုင်ကြည့်ရင်း စိတ်သည် လေပြေနှင့်အတူ အဝေးသို့ လွှင့်သွားလိုက်၊အနီးသို့ ပြန်ရွေ့လိုက်ဖြင့် အလုပ်ရှုပ်နေ၏။ဤချိန်သည်ကား ညနက်ထိဖုန်းအသုံးပြုနေသော လူငယ်အချို့မှတပါး လူကြီး၊ကလေးများသည် အိပ်စက်အနားယူကြလေပြီ။သို့သော် လူ
ငယ်ဖြစ်သော ကျွန်ုပ်တစ်ယောက်သည်လည်း မအိပ်စက်သေးပေ။ဤတဖွဲ့ဖွဲ့ရွာနေသော မိုးသည် ကျွန်ုပ်စိတ်ကို တစ်ခုခုကိုတွေးစေချင်ဟန်တူလေသည်။အဘယ်
အကြောင်းမှန်းပင် မသိဘဲ စိတ်သည် ဝမ်းနည်းသလိုဖြစ်လိုက်၊တစ်စုံတစ်ခုကို အလွန်အမင်း လွမ်းဆွတ်လာလိုက်ဖြင့် ထူးဆန်းစွာပင်ဖြစ်ပေါ်နေ၏။တစ်နေ့တာ အလုပ်တွင်ပင်ပန်းခဲ့သော်လည်း ညောင်းညာမှု၊ပင်ပန်းမှုကို လျစ်လျူရှုကာ နှစ်ကွင်းသော မျက်ဝန်းတစ်စုံသည် ညအမှောင် ဝယ် ပြူးကျယ် တောက်ပနေလေသည်။
image source
ထိုအချိန်ဝယ် ကျွန်ုပ်သည် ဂီတ သံစဉ်တစ်ခုခုကို
နားထောင်ချင်သော စိတ်သည် ရိုးတွင်းခြင်ဆီမှ၊အူထဲ
အသည်းထဲမှ လှိုက်တက်လာ၏။ထို့ကြောင့် ချက်ချင်း
ပင် အနီးဆုံးသူငယ်ချင်းဖြစ်သော စမတ်ဖုန်းကို ဂီတ
သံစဉ်များလွှင့်ရန် စေစားလိုက်သည်။ကျွန်ုပ်ဖုန်းလေးသည် ချက်ချင်းပင် ကျွန်ုပ်ဆန္ဒကို ဖြည့်ဆည်းပေး၏။မိုးနှင့်ပတ်သက်သော သီချင်းများကို ရှာဖွေကာ တစ်ပုဒ်ကို
၂ကြိမ်နှုန်းဖြင့် ဆက်ကာဆက်ကာ လွှင့်ပေးလေသည်။စိတ်၏အလိုကိုသိသော ကျွန်ုပ်၏လက်ချောင်းများသည်လည်း YouTube ထဲသို့ဝင်ကာ မိုးနှင့်ပတ်သက်သမျှ
ဂီတသံစဉ်များကို ရှာဖွေပေးပြန်လေသည်။မိုးအေးအေးလေးနှင့် မိုးစက်များကိုငေးရင်း မိုးနဲ့ပတ်သက်သော သီချင်းများကို နားဆင်နေသော အခိုက်အတန့်သည် ဘယ်အရာနှင့်မှမတူသော ဖီလင်တစ်ခုပင်ဖြစ်ချေတော့သည်။ဂီတသံစဉ်များနှင့် စီးမျောနေခဲ့သည်မှာ အဘယ်မျှ
ကြာနေခဲ့သည်မသိ၊Massage Ringtone သံလေး
ကြားလိုက်ခါမှ သတိပြန်ဝင်လာ၏။ဝင်လာသည့် Massage ကား အချစ်တော် MPT မှ Billကုန်ပီဖြစ်ကြောင်းသဝဏ်လွှာ ပေးပို့လာခြင်းပင်ဖြစ်လေသည်။အချိန်
သည်ကား ည၃နာရီခန့်ပင်ရှိခဲ့လေပြီ။ထိုအခါမှပင်
ကျွန်ုပ်သည် မိုးစက်ကျသံ၊ဂီတသံစဉ်များနှင့် ကခုန်စီး
မျောခြင်းကို ရပ်နားကာ အိပ်စက်ခြင်းအလုပ်ကို ကူးပြောင်း လုပ်ဆောင်ခဲ့ပါတော့သည်တကား။ ။
image source
လေးစားစွာဖြင့်
နွေဦးသစ်
@kyawthuyein
MSC-252
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!

တဖြောင်းဖြောင်းရွာနေတာထက် တစ်စိမ့်စိမ့်လေးရွာနေတာက ပိုပြီး လွမ်းသလိုပဲဗျာ ..
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အာ့ဆို တစိမ့်စိမ်လေး ရွာစေဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုးရွာရင်ဘာကိုလွမ်းလို့လွမ်းရမှန်းမသိ။လွမ်းလို့တော့ကောင်းသားဗျာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်ဗျာ အမှန်ပဲ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးအသားတွေတော်တော် တိုးတက်လာတာတွေ့ရတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါဗျာ.ကြိုးစားနေဆဲပါ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိုကွယ် ကဗျာဆန်တာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိုကွ် ဦးအင်းကြီး လာအားပေးတာ ကျေးဇူးတင်ပါသည်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အရေးအသားကတော့တကယ်ထိတယ်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါ bro ဇော်ရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုးသံလေးတွေက လွမ်းစရာလေးတွေဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ် ကိုလင်းရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုးရွာရင် ထားဝယ်ကိုလွမ်းတယ် ဒီမချိန်ဆို ရေတံခွန်တွေ စမ်းချောင်းတွေနဲ့ သဘာဝ အလှတွေ အပြည့်ပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဦးဇင်း ထားဝယ်လာရင် သားကိုလည်းခေါ်ပါဘုရား
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိပ်၍ မပျော်သော ညတစ်ည သံသရာဝယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မိုးရွာရင် ကွေးလို့ကောင်းတာကို အိပ်မပျေိာဘူး မစုရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လူကြီးမင်း ဖုန်းဘေကုန်ပါပြီ😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငမ်း ကိုအောင်ကြီး ဖြတ်လိုက်တာမလား ဘေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိမ်မက်ထဲမှာ ဂီတကို ခံစားလိုက်ဗျာ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ် ဦးထွေးရေ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
လိုက်ပါ ခံစားလို့ရပါတယ် ကောင်းတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးဇူးပါbro
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညမအိပ်ခင် မိုးရွာလာလို့ရင်.ဆေးလိပ်တိုလေး ဖွာရင်းနပ်နေရလိုက်ယေ..:-)
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဒါလည်း ဖီလင်တစ်ခုပေါ့ ဗျာ.ခံစားတတ်ရင် အရာရာ ဖီလင်ပါပဲ့😂😂
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အော်မိုးရွှာတာကိုး