ယုံကြည်မှု

in myanmar •  6 years ago 

image
image source
လူတစ်ယောက်ဆီက ယုံကြည်မှုတစ်ခုရဖို့ဆိုတာ
သိပ်မခဲယဉ်းလှပါဘူး။ပထမအကြိမ်ပေါ့။ကျွန်ုပ်တို့
တတွေဟာ အများအားဖြင့် လူတစ်ယောက်ကိုယုံကြည်
ပြီဆိုရင် အဆုံးစွန်ထိ ယုံကြည်တတ်ကြတယ်။အခင်မင်
ဆုံး မိတ်ဆွေ၊သူငယ်ချင်းများကိုပေါ့။ဘာပဲ့ဖြစ်ဖြစ် မျက်စိမှိတ်ယုံတတ်ကြတယ်။ဒါကလည်း နက်ရှိုင်းတဲ့ ယုံကြည်မှုကြောင့်ပေါ့ဗျာ။ဒါပေမဲ့ အဲဒီယုံကြည်မှု ပျက်ပြီဆိုဆိုရင်တော့ အဲဒီလူဆီက ယုံကြည်မှုကို ထပ်ရဖို့ အရမ်းကိုခက်ခဲသွားပါပြီ။ပထမ ယုံကြည်မှုက ရဖို့လွယ်တယ်။ဒုတိယအကြိမ် ယုံကြည်မှုကတော့ တစ်သက်လုံး မရတော့တာ ဖြစ်သွားတတ်သလို အကယ်၍ ရခဲ့မယ်ဆိုလျှင်
တောင် တကယ်ကိုခက်ခဲစွာရရှိမှုပါဖြစ်ပါလိမ့်မယ်။ပြန်
ရချင် ရခဲ့လိမ့်မယ်။ဒါပေမယ့် အဲဒီလူဆီက သံသယစိတ်
ကိုတော့ ဘယ်တော့မှ ပျောက်ကင်းအောင်လုပ်နိုင်မှာမဟုတ်တော့ဘူး။အမြဲတမ်း သံသယစိတ်က ကိုယ့်အပေါ်
ရှိနေလိမ့်ပါလိမ့်မည်။
နှစ်ပေါင်းများစွာ ယုံကြည်မှုတစ်ခုကို ခိုင်မြဲအောင်
တည်ဆောက်ဖို့က ခက်ခဲပေပြန်ပေမယ့်လည်း ပျက်စီး
ဖို့အတွက်ဆိုရင်တော့ မိနစ်ပိုင်းလေးပဲ့ကြာပါတယ်။ဖြစ်ဖို့ခက်ပေမဲ့ ပျက်ဖို့လွယ်တာပေါ့ဗျာ။အဲဒီ မိတ်ဆွေ၊သူငယ်ချင်းကြားက ယုံကြည်မှုကို ပျက်စီးစေတတ်ဆုံးသောအရာကတော့ ဘာရှိဦးမလဲ၊ငွေပေါ့ဗျာ။တော်တော်များများ မိတ်ဆွေ သူငယ်ချင်း ဆက်ဆံရေးကို ပျက်စီးစေ
ဆုံးသောအရာပါ။အခြားအရာတွေများစွာ ရှိပေမယ့် ဒါကတော့ ဖြစ်လေ့ဖြစ်ထအရှိဆုံး အဖျက်သမားပေါ့။
လူတွေဟာ ငွေကြေးနဲ့ အာဏာကြောင့် များစွာ
ပြောင်းလဲသွားစေတတ်ပါတယ်။ယုံကြည်မှုကိုလည်း အဲဒီအရာတွေကပဲ့ အလွယ်တကူ ဖျက်ပစ်နိုင်ကြတယ်။မိတ်ဆွေ၊သူငယ်ချင်း အပေါင်းအဖော်ကတော့ ပေါလိုက်လေခြင်းပေါ့။တကယ် အစစ်အမှန်၊ဆရာကြီးရွှေဥဒေါင်း ပြောသလို ရင်ဘတ်မိတ်ဆွေဆိုတာပဲ့ရှားတာ။ရှားတာမှ တကယ်ကို ရှားပါးလွန်းတယ်။အဖိုးတန်ပတ္တမြားကိုပင်ရှာဖွေဖို့၊တွေ့ဖို့ လွယ်ကူချင် လွယ်ကူနေလိမ့်မယ်။ရင်ဘတ်မိတ်ဆွေ တစ်ယောက်ရဖို့ဆိုတာကတော့ တကယ်ကိုမလွယ်ကူရာပါပဲ့။ဒါကြောင့် ရင်ဘတ်မိတ်ဆွေ များရှိခဲ့ရင် တန်ဖိုးထားကြပါ။ယုံကြည်မှုကို အလေးထားကြပါ။လူတစ်ယောက်ဆီက ယုံကြည်မှုကို ရဖို့ခက်ခဲတယ်။ငွေရေးကြေးရေး ကြောင့်ပဲ့ ဖြစ်ဖြစ်၊အခြားကိစ္စကြောင့်ပဲ့ပဲ့ ရင်ဘတ်မိတ်ဆွေတွေကို လက်မလွှတ်လိုက်ပါနဲ့၊ယုံကြည်မှုကို အထိအခိုက်လေးတောင် မခံကြဖို့ အဆိုပြုရင်း ဤစာစုကို နိဂုံးချုပ်ငြားအံ့။ ။
image
image source
*လေးစားစွာဖြင့်
*နွေဦးသစ်
**@kyawthuyein
*MSC-252

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အမှန်​ပါပဲဗျာ ယုံကြည်​မူ့သည်​သာ

Posted using Partiko Android

မမမှာလဲ ယုံကြည်ရတဲ့ မိတ်ဆွေတွေရှိတယ်

Posted using Partiko Android

ယုံကြည်မှုက စာရွက်လိုပဲဗျ။ တစ်ခါကျေပြီးရင် အရင်လို ပြန့်ပြန့် ရန့်ရန့် မဖြစ်တော့ဘူး။

Posted using Partiko Android

လူတစ်ယောက်အပေါ်ထားတဲ့ယုံကြည်စိတ်ပျက်သွားရင်လည်း ပြန်လည်တည်ဆောက်ဖို့ အရမ်း ခက်သွားပြီ

  ·  6 years ago (edited)

ယုံကြည်မှုတစ်ခုတော့ရှိနေတယ်