လမင်းသို့ တစေ့တစောင်း

in myanmar •  7 years ago  (edited)

IMG_20180307_214015-864x1152.jpg

မတ်မတ်ကြည်တစ်ယောက် ခုထိ လွဲနေပြန်ပါပြီ။ ကိုယ့်ကို ကိုယ် g3 မဟုတ်တော့ဘူးဆိုတာကို ရိုက်သွင်းနေရင်းက g3 ပဲ ဖြစ်ဖြစ်သွားသည်။ ဇယား ဆွဲပေးထားထဲကကို မှားနေရော ။ ခုတစ်ပတ် ကြိုတင်ကြတဲ့ ၃ယောက် ကို အားနာနေမိတယ် ရက်မှားသွားလို့ပါ။
အဲ့ဒါနဲ့ပဲ ညက gp ထဲ ဘယ်သူတွေ ရှိသလဲ အော်ပြီး အတူတူ တိုင်ပင် ပြန်ဆွဲ ပေးရတယ်။

Screenshot_2018-06-23-23-24-23-451_com.facebook.orca-246x437.png

မယ်ကြည်က ကိုယ်မှန်တယ် ထင်ရင် ခေါင်းမာတယ်။ ခံငြင်းတတ်တယ်။ မိမိမှားနေတော့လဲ ပြန်တောင်းပန်ပါတယ်လေ။ မယ်ကြည် လတိုင်း ဇယား အမြဲ ဆွဲပေးနေကြပါ။ တစ်ခါမှ ခုတစ်လောက်လောက် မမှားဖူးပါဘူး။ ခုတစ်ခေါက်က g2 g3 အလွဲလေးကြောင့် စိတ်ကစွဲနေတာ g3 ၊ ပါးစပ်က ရွတ်တာက g2 ဇယား proday မှာကျ g3 ရက်တွေ မှားချ..။ ဒုက္ခ ပါပဲ နော်။ ပြန်တွက် မိလို့ တော်သေးတယ်။

Screenshot_2018-06-23-23-38-18-870_com.facebook.orca.png

ဆြာညီ @nyinyiwin က မယ်ကြည်ကို ပြောတယ်။ gpဆွဲ ၊ ဂရုစွဲ စွဲနေသလားတဲ့။ ဟုတ်တာပဲလေ ။ မယ်ကြည် အစထဲက g3 ကကိုး မဟုတ်လား ။ ခုကျမှ G2ဆိုတော့ ကိုယ့်အတွက် အစိမ်းသက်သက် ဖြစ်နေတုံး။ စိတ်က အစွဲ ကြီးနေတာလေ။

Screenshot_2018-06-23-23-25-52-092_com.facebook.orca-246x437.png

pro တင်ဖို့ ကလဲ ဘာရေးရမယ်မသိ ဖြစ်နေတုံး၊ မီးကလဲ ပျက်သွားပါရောလား..။ည ၇နာရီ ပျက်တာဆိုတော့ မှောင်စပြုနေပြီ..။ အိမ်အပြင် ခနထွက်ဖြစ်တော့ လပြည့်ခါနီးပြီမလို့ လမင်း မပြည့်တပြည့် ဝိုင်းစက်စက်ကို တွေ့မိပြန်တော့ တွေးမိတာလေး ရေးချင်စိတ် ဖြစ်လာမိသည်။ မယ်ကြည့်အိမ် ခြံဝန်းထဲ တွင် အုန်းပင် ၂ပင် ရှိလေသည်။ အုန်းပင်အောက်တွင်လဲ ထိုင်လို့ရသော ခုံရိုက်ထား လေသည်။ မပီတပီလမင်းကို ကြည့်ရင်း ခုံဆီသို့ လှမ်းထိုင်မိလေသည်။ ခုံပေါ်မှတဆင့် ကောင်းကင်ကို ကြည့်မိတော့ အုန်းလက်ကြားမှ မြင်ရသော လက ကဗျာဆန်နေပြန်သည်။

download.jpeg
Crd-org-source

မယ်ကြည်တို့ ငယ်စဉ် က လမ်းမီးပျပျ အောက်တွင် လရောင်ပါမှီ၍ ဆော့ကစားခဲ့ဖူးပြီ။ လပြည့်ညများစွာကိုလဲ နှစ်သက် သဘောကျခါ စောင့်မျှော် ကြည့်ခဲ့ ဖူးသည်။ ကမ္ဘာကြီးအား အလင်းပေးသော အရာနှစ်ခုမှာ နေနှင့်လပင် ဖြစ်လေသည် မဟုတ်ပါလား။

moon_sun.png
Crd-org-source

နေရောင်သည် လူအများအား ကျန်းမာစေ၏။ ပန်းများကို ပွင့်စေ၏။ အပင်များအား ရှင်သန်စေ၏။ ရဲရင့်ခြင်းအစွမ်းအား ပေးလေသည်။ လရောင်သည် အေးချမ်းမူ့ ကိုပေးသည်။ ကုမုဒြာကဲ့သို့သော ကြာပန်းနှင့် ညမွှေးပန်းကဲ့သို့ ပန်းများ လရောင်အောင်တွင် မွှေးရနံ့ သင်းပျံ့ကြသည်။ လရောင်အောက်တွင် ချစ်သူအား လွမ်းဆွတ်ကြပြီး ချစ်သူနှင့်အတူရှိပါက စိတ်အေးချမ်းမူ့ ရလေသည်။ လူသားဟူသမျှ လရောင်ကို နှစ်သက်ကြသည်။

72597c1046655a7.jpg
Crd-org-source

လနှင့်ပတ်သတ်သော ကဗျာ ၊ စာ၊ သီချင်း စုံလင်လှပေသည်။ ဆောင်းရာသီ ငွေနှင်းနှင့်အတူ လမင်းကို မြင်ရချိန် လှပခြင်းနှင့် ချမ်းအေးခြင်းရသကိုရရှိမည်မှာ မလွဲဧကန်ပင်။ လပြည့်ညကို အမြဲမရနိုင်။ တခါတရံ လမင်းကို မမြင် ကြယ်စင်များသာမြင်ရသော အခိုက်အတန့်လဲ ရှိသည်။ လကွယ်ညများလဲ ရှိသေးသည်။ ကျွနုပ်တို့ လူ့ဘဝများလဲ ထိုသို့ပင် မဟုတ်ပါလား။ ဖြတ်သန်းလာသော ကာလများကို လနှင့် နှိုင်းယှဉ်ကြည့်သော် လပြည့်ညများလဲ ရှိပြီး ၊ လတခြမ်းသာ နိုင်သော အခါများလဲ ကြုံခဲ့ရပြီး၊ လမိုက်ရက်များလဲ ကြုံရပေအုံးမည်။

download (2).jpeg
Crd-org-source

မယ်ကြည်တွေးရင်းနှင့် ကမ္ဘာမြေ နှင့် လ မည်မျှဝေးသနည်းကို တွေးမိပြန်ရာ ငယ်စဉ် က သင်ဖူးသော်လည်း မမှတ်မိတော့ပေ။ သို့သော် သိချင်ပါက အင်တာနက် ဖွင့် ၍ တောက်တောက်တောက် နှင့် နှိပ်၍ ဖတ်နိုင်လေသည်။ လသည် မိုင်ပေါင်း နှစ်သိန်းခွဲ ကွာဝေးသော အရပ်၌ တည်ရှိလေသည်။ မည်သို့ပင်ဆိုစေ လရောင်၏ တင့်ဆန်းမူ့သည် နေအလင်းရောင်မှ လာခြင်းကို လူသားတိုင်း သတိထားမိကြမည် မထင်ပါ။ ကျွနုပ်တို့ ကမ္ဘာမြေ သည် နေအား ၃၆၅ရက်တွင် တစ်ကြိမ်ပြည့်အောင် ပတ်ရင်း နေ့တလှည့် ညတလှည့် ဖြစ်ပေါ်လာစေပြီး လပြည့် နှင့် လကွယ်ညများကိုလည်း ဖြစ်လာစေသည် မဟုတ်ပါလား။

p035d0qg.jpg
Crd-org-source

ယခုလမင်းကို ကြည့်ရင်း လူအများ သိကြသော ကဗျာတစ်ပုဒ်ကို ရေးရင်း နိဂုံးချုပ်ပါမည်။
ရွှေလမှာ ယုန်ဝပ်လို့
ဆန်ဖွပ်သည့် အဘိုးအို
ဟောကြည့်ပါဆို..
ဆိုသာဆို ပိုမိုသည့် စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား... ။
Steemit မှ ညီအကို မောင်နှမများ လိုတိုင်းတ ရနိုငိကြပါစေ။
Author @kyi
MSC 050

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အဟမ်း ချောင်းကြည့်သွားသည်

လာသေးသားကိုအေ့ မျှော်နေရသူပါ😊

အလယ့်လယ် ကဗျာလေး ဖတ်ရပြန်တော့ ငယ်ငယ်က ကလေးဘဝလေး သတိရသဗျာ။

ဟုတ်တယ်ဆရာ ခုခေတ် ခေးတေ သိကြမယ်မထင်ဘူး မယ်ကြည်တို့ ငယ်ငယ်ကမလား ဆရာရေ😊

လမင်းကြီးကြည့်​ရင်းအ​တွေး​တွေက​ကောင်းပါ၏...😊
ဗဟုသုတ​လေး​တွေလည်းပါတယ်​...ကဗျာလည်း​ကောင်းတယ်​ကြည်​😍

ငယ်ငယ်က ကဗျာလေး သတိရမိတယ် ယွန်းရေ😍

ကိုယ့်​ရည်းစား ကိုလဲ ​မေ့​နေအုံးမယ်​​နော်

မေ့စရာလားဟယ် ယောက်ျားရော ကလေးရောပါ သတိရပါတယ်😂😂

Steemitမှာလူနည်းလာလို့ ‌ဈေးတက်‌ပါလို့ဘဲ ဆု‌တောင်းလိုက်‌ပါတယ်‌။

ဟုတ် ဆရာ ဈေးက တက်မှာပါမပူပါနဲ့😊

ငိ မမ😂😂 . ဘာမဟုတ်တာတောင်.. တစ်သီကြီး ထွက်လာတေ.. ပို့စ်ဖိဝါးတေ. ဆျာ ကျလွန်း တဲ့ မမကို. ခေး. ညက်ချိ ပေကလပ် ပေကလပ်နက်. ကြည့် သွားသည်😩😩😩😩

ပေကလက် ပေကလက် နဲ့ ဟုတ်ပဲ နဲ့ မျက်လုံးကြီး မှိတ်လို့😊

မမကို အာဘွား ပေးသွားသည် 😍😍😊😊😋😋

လမင်းကြီးကို ကြည့်ပြီး တို့မမတော့ စိတ်တိုင်းကျ အတွေးတွေနဲ့ လွမ်းဆွေးလိုက်မယ်ထင်ပြီး ဖတ်လိုက်တာ လွဲပါလေရောဗျာ။ဘာပဲဖြစ်ဖြစ် စာရေးသူကတော့ စိတ်ဝင်စားအောင်လုပ်ပြသွားတာပဲလေ။ကဗျာလေးကတော့ ငယ်ဘဝ၏အကြိုက်ဆုံးကဗျာလေးပါပဲခင်ဗျာ

ဟုတ်တယ် အားလုံးကြိုက်ကြမယ်လို့ မမ သိတေလေ😊

လွဲလွဲလေးပဲကောင်းပါတယ်

လွဲ နေတာလေးပဲ ကြွေမိတယ်🤣🤣

မမကြည် ရင်ထဲက လမင်းကဗျာ ကိုပဲ ရေးစပ်ပေးပါတော့😊

အယ့်လဲ့ မမ လမင်း သိချင်တယ်လား 😁ကြောကြပု😁

စာရေးသူက အလှတွေပြင်လို့ ။မဟုတ်မှလွဲရော။မဟုတ်မှတော့အေးလေ လွဲပြီပေါ့

ဟုတ်ကဲ့ဆရာ လွဲလွဲလေးလဲ ကောင်းပါတယ်လို့😊

လမင်း​လေးကို တိုင်​တည်​ပီး ကဗျာ​လေးရွတ်​ဖူးတယ်

အယ်လဲ့ လန်းတာပါရား😍😍

ပိုစ့်​ ဖြစ်​သွားတာ မိုက်​တယ်​ဗျာ..သားမကြိက သိပ်​​တော်​..

ငမ်း 😁😁အေးပါအေ

မတ်မကြည်က ရေးတာတော်တာ

သားလဲတော်တေ သို့သော် gp တော့ လာ စကားကြောအုံးအေ

လမင်းကြီးကိုလဲ မကြည့်​ဖြစ်​​တော့ ဆန်​ဖွတ်​တဲ့ အဖိုးအိုလည်း မ​တွေ့ဖြစ်​......😁😁😁

Congratulations! This post has been upvoted from the communal account, @minnowsupport, by kyi from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

G3 လေးက ပိုလှတာကိုး
လူတွေပါမပြောင်းလို့ တော်ပါသေးရဲ့ မမကြည်ရေ
ညီမလဲ g2 ဖြစ်သွားကို မေ့မေ့နေတယ်

အေးဆို ညီမရယ် အတော်မှတ်နေရတယ်😍

မမကြည်ပို့စ်ကိုဖတ်မိတော့ ငယ်တုန်းက လရောင်အောက်မှာ သူငယ်ချင်းတွေ
စိမ်ေ ပြးလိုက်တမ်း ကစားကြတာအမှတ်ရသွားပြီ

ဟုတ်တယ်နော် မမလဲ သတိရမိတယ်ဆို😊

မမကြည်တို့ အိမ်ကို သားသားနဲ့လာလည်ချင်သွားပြီ ၊ အဲ့ အုန်းပင်အောက်က ခုံတန်း လေးမှာ လာထိုင်ပြီး လ နဲ့ပတ်သတ်တဲ့ကဗျာတွေ ရွတ်ပြချင်လို့ အိမ်လည် ခေါ်ဦးနော်။

ခေါ်ချင်ပါ့ ညီမရေ😍😘မုံရွာလာဖြစ် ပြောပါနော်

ကမ္ဘာနဲ့လဘယ်လောက်ဝေးလည်းဆိုတာ မသိတော့ဘူးဗျာ

တောက်တောက်တောက် နှိပ်ကြည့်လိုက်ပါလေ😊