ကြောက်တတ်လွန်းသူများနှင့်ကျန်းမာရေး

in myanmar •  7 years ago 

image
ပြီးခဲ့သည့် ၂၀၁၇ - october-လ လောက်မှာ နယ်ကညီနဲ့ညီမက
မန္တလေးကို ဘုရားဖူးလာချင်လို့ဆိုပြီးဖုန်းဆက်တယ် ပြင်ဦးလွင်မန္တလေး
စကိုင်းအနားနားတဝိုက်မှာရှိတဲ့ ဘုရားတွေကို အကိုကြီး စုံအောင်လိုက်ပို့ပေးရမယ်ပေါ့ ။ ဒါနဲ့ ကျနော်လဲ လာခဲ့ကြပေါ့ ။အကိုကြီးလဲ အားနေတာပဲ
လိုက်ပို့ပေးမှာပေါ့လို့ ပြန်ပြောလိုက်တယ် ။

နောက်နေ့ကြတော့ ရမည်းသင်းကနေ မန္တလေးထိ ၅ နာရီနီးပါးလောက်
ဆိုင်ကယ်မောင်းရင်း ကျနော်ဆီကို ရောက်လာကြတယ် ။
သူတို့နှစ်ယောက်ရောက်လာကြတော့ မတွေ့တာကြာပြီဖြစ်တဲ့ညီနဲ့ညီမ
တွေ့လိုက်ရလို့ ဝမ်းလဲသာ စကားတွေအများကြီးပြောဖြစ်ကြရင်းနဲ့
ငါ့ညီနဲ့ညီမလေးတို့လဲ ခရီးပန်းလာကြတယ် တရေးတမောအိပ်ကြလို့
အနားယူလိုက်ကြအုံး ညနေ နေစောင်းမှ မန္တလေးတောင် မန္တလေးကျူံး
ကြီးရဲ့ သဘာဝအလှအပ ရှု့ခင်းတွေကို ခံစားကြအောင် သွားကြတာပေါ့
ကျနော် ပြောလိုက်တယ် ။

ညနေရောက်တော့ ကျနော်နဲ့ကျနော်သူငယ်ချင်းနဲ့က ဆိုင်ကယ်တစီး
ညီလေးနဲညီမလေးကဆိုင်ကယ်တစီး ဆိုင်ကယ်နှစ်စီး လူလေးယောက်
မန္တလေးတောင်ကို ဦးတည်သွားကြတာပေါ့ တောင်ပေါ်ကိုတက်တဲ့လမ်း
မှာ ကျန်းမာရေးလမ်းလျှောက်သူတွေကလဲ လူလတ်ပိုင်းနဲ့လူငယ်ပိုင်းတွေက အမတန်မှကိုများလို့ ဆိုင်ကယ်မနည်းမောင်းယူရတယ် ။
တောင်ပေါ်ကိုရောက် ဘုရားတွေဖူးကြလို့ တောင်ပေါ်အပေါ်ဆီကနေ
မန္တလေးမြို့ကြီးရဲ့ အလှ မန်းရွှေမြို့တော်ကြီးရဲ့အလှကျက်သရေဆောင်
နန်းတော်ကြီးကိုကြည့်ရတာ မြင်ရတာလဲ ဆေးရောင်ချယ်သထားတဲ့
ပန်ချီကားတချက်ကိုကြည့်ရသလိုပါပဲ စိတ်ထဲမှာအလိုလိုကို ကြည်နူးပီတိ
ဖြစ်မိတာအမှန်ပါ ။
image
နည်းနည်းမှောင်လာလို့ ကျနော်တို့အားလုံးတောင်ပေါ်ကနေဆင်းလို့
မန်းရွှေမြို့တော်ကြီး၏ကျုံးဘေးမှာ နားကြရင်း စားကြသောက်ကြလို့
အဲ့ဒိနေ့က သာသာယာယာပါပဲ ။

ပြဿနာက နောက်နေ့မှစတာဗျ မနက် ၉နာရီလောက် ကျနော်လေးယောက် ဆိုင်ကယ်နှစ်စီးနဲ့ စစ်ကိုင်း မင်းကွန်းဘက်ကိုဘုရားဖူးထွက်ခဲ့ကြတယ် မင်းကွန်းရောက်လို့ မင်းကွန်းပုထိုးတော်စေတီ မြသိန်းတန်စေတီများကို
ဖူးမျှော်ကြလို့ ပျော်ပျော်ရွှင်ရွှင်ပါပဲ ။
မင်းကွန်းခေါင်းလောင်းကြီးကို ဝင်းပြီး ပြန်ထွက်လာမှ ပြဿနာစတွေ့တော့တာပဲ မင်းကွန်ခေါင်းလောင်းကြီး ရှေ့တည့်တည့်မှာ ဘိုးဘွားရိပ်သာတစ်ခုရှိတယ်ဗျ ဘိုးဘွားရိပ်သာအဝင် မုဒ်ဦးရုပ်တုနားမှာ ကျနော်တို့ဆိုင်ကယ်တွေကို လာတုန်းက ရပ်ထားခဲ့ကြတာ ။
မင်းကွန်းခေါင်းလောင်းကြီးကနေ ပြန်ထွက် ဆိုင်ကယ်ရပ်ထားတဲ့ရုပ်တုနားကိုကျနော်တို့အားလုံးသွားကြတော့ ရုပ်တုနားလဲရောက်တော့ ညီတော်မောင်က ယုတ်တရက်လန့်ပြီး တက်လို့မြေကြီးပေါ်ကိုလဲကျသွားခဲ့တယ် ။
image

ကျနော်တို့လဲ ယုတ်တရက်ဆိုတော့ လန့်ပြီးဘာလုပ်လို့ဘာကိုင်ရမှန်း
မသိဖြစ်နေခဲ့ကြတာ နောက်တော့ မှ ကျနော်အားလုံးအသိဝင်လာပြီး
သတိလစ်လို့တက်နေတဲ့ညီလေးကို ခြေမကို ချိုးပေး ကိုယ်လုပ်တတ်သလိုလုပ်ပေးတာမရဘူး သတိလစ်ပြီးတက်နေတုန်းပဲ နောက်တော့ လူတွေဝိုင်းအုံလာကြပြီး အဲ့ဒိထဲက ဦးလေးကြီးတစ်ယောက်ထွက်လာပြီး ကျနော်ကို
ညီလေးဖယ်ဆိုပြီး တက်နေတဲ့ ညီတော်မောင် ရင်ဘတ်ကို သူ့လက်နှစ်ဖက်နဲ့ သုံးချက်လောက် အားနည်းနည်းထည့်ပြီး ဖိလိုက်မှ ညီတော်မောင်ပြန်လည်လာတာ အဲ့ကြမှကျနော်လည်းသက်ပြင်းချနိုင်တော့တယ်ဗျာ
ညီမလေးကလဲ တအားငိုနေတာ ဘာလို့လဲဆိုတော့ သူ့ယောက်ျာကို
ညီမလေးကကျနော်ညီမအရင်း ညီတော်မောင်က ကျနော်ယောက်ဖ
ကျနော် ဦးလေးကို အရမ်းကျေးဇူးတင်လို့မဆုံးပါဘူး ဦးလေးကြီးသာ
ဝင်မကယ်ခဲ့ဘူးဆိုရင် ကျနော်ညီ သတိလစ်တက်လို့ အဲ့ဒိနေရာမှာတင်သေပြီဗျ ။
(မိတ်ဆွေများအားလုံးလဲ လူတစ်ယောက်သတိလစ်လို့တက်နေပြီးဆိုရင် ရင်ဘတ်နာနာလေးဖိပေးလိုက်ပါ ဒါမှသတိပြန်လည်လာမှာ ဒါကကျနော်ကိုယ်တိုင်းတွေ့ကြုံခဲ့ရသော ကျန်းမာရေးဗဟုသုတဖြစ်ပါသည် )

ညီတော်မောင် သတိပြန်လည်လာလို့မေးကြည့်တော့ ငါ့ညီ ဘာလို့မင်းယုတ်တရက် တက်သွားတာလဲမေးကြည့်တော့ သူပြန်ပြောတာက ဘိုးဘွားရုပ်တုကြီးကို အမှတ်မထင်ကြည့်မိပြီး လန့်လို့တက်သွားတာလို့ပြောတယ် ။
သူပြောတာကိုကြားပြီး ညီမလေးကလွဲလို့ကျနော်တို့သူငယ်ချင်းနှစ်ယောက် ရယ်လိုက်ကြသေးတယ် ။
ကျနော်သူ့ကိုရယ်ပြီးပြန်ပြောလိုက်တာက မင်းအဖြစ်ကလဲကွာ
ငိုအားထက် ရယ်အားသန်စရာဖြစ်နေပြီလို့ ပြောမိလိုက်သေးတယ် ။
ကျနော်စိတ်ထဲမှာတော့ မင်းတော်တော်ကြောက်တတ်လိုက်တာကွာလို့
တွေးနေမိတယ် အပြင်မှာတော့ သူ့ကိုမပြောလိုက်ပါဘူး ။

တအားကြောက်တတ်တဲ့ကောင်းပဲ အရုပ်မြင်ပြီးလန့်လို့သတိလစ်တက်သွားတာ မင်းတစ်ယောက်ပဲရှိမယ်ပေါ့ကျနော်ဒီလိုတွေးပြီး သူ့ကိုအထင်သေးမိလိုက်သေးတယ် ။
နောက်တော့မှ ကျနော်သူ့အကြောင်းကို ကျနော်ညီမလေးဆီကသိလိုက်ရလို့ ကျနော်တွေးလိုက်တာမှားသွားတာကို သိလိုက်ရတယ် ။

အကိုကြီး သူအရင်းက မကြောက်တတ်ဘူးတဲ့ သရဲအခြောက်ခံရပြီးမှ
တအားကြောက်တတ်တာတဲ့ ညသန်းခေါင်ကျော်ရင် အိမ်ပေါ်က အိမ်အောက်တောင် အပေါ့မစွန့်ရဲဘူးတဲ့ သူအပေါ့စွန့်ရင် ညီမလေးကိုနိုးပြီးမှ အပေါ့စွန့်တာ ဒီလောက်ထိကိုကြီးကြောက်တတ်တာ ။
ညီတော်မောင် သရဲအခြောက်ခံရလို့ အခုလိုကြောက်သွားရတဲ့အဖြစ်ကို
ကျနော်ပြောပြမယ် ။

             ဆက်ရန်>>>>>

@letwethondara
photos my family

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Thank you letwethondara for making a transfer to me for an upvote of 1.43% on this post!

Half of your bid goes to @budgets which funds growth projects for Steem like our top 25 posts on Steem!

The other half helps holders of Steem power earn about 60% APR on a delegation to me!

For help, will you please visit https://jerrybanfield.com/contact/ because I check my discord server daily?

To learn more about Steem, will you please use http://steem.guide/ because this URL forwards to my most recently updated complete Steem tutorial?

စိတ်ဝင်စာ့းကောင်းပါတယ်အကိုအပိုင်းဆက်မျှော်နေမယ်နော်

This post has received a 18.15% UpGoat from @shares. Send at least 0.1 SBD to @shares with a post link in the memo field.

To support our daily curation initiative, please donate 1 SBD or delegate Steem Power (SP) to @shares by clicking one fo the following links: 10 SP, 50 SP, 100 SP, 500 SP, 1000 SP, 5000 SP.

Support my owner. Please vote @Yehey as Witness - simply click and vote.

ဇာတ်​လမ်းအတိုင်းပါပဲဗျာ

good

Nice

  ·  7 years ago Reveal Comment

Sneaky Ninja Attack! You have been defended with a 1.19% vote... I was summoned by @letwethondara! I have done their bidding and now I will vanish...Whoosh

ကောင်းတယ်ဗျာ