8ball အကြောင်းမကျေနပ်သမျှ

in myanmar •  6 years ago 

MSC အဖွဲ့သားများအားလုံးမင်္ဂလာရှိသောနေ့လေးဖြစ်ပါစေဗျာ။အင်တာနက်လိုင်းမကောင်းတဲ့တောရွာလေးကိုရောက်နေတာမို့ တင်ချင်တိုင်းတင်မရဖြစ်နေရပါတယ်။မီးကလည်းမရှိတာမို့ ဖုန်းအားချွေတာရသေး။နောက်ထပ်6လလောက်တော့ သည်လိုပါပဲခင်ဗျာ။ကျေးလက်ကျန်းမာရေးဌာနတည်ဆောက်ရေးကလည်းစပြီဆိုတော့ကာ အားလပ်ချိန်ပိုပိုပြီးနည်းလာတာပေါ့ဗျာ။
image
သည်ရက်ထဲ လိုင်းကောင်းတဲ့ရက်တွေ 8ballလေးထိုးကြည့်သေးသဗျာ။ဦးဇင်း၊ဦးရွှေနှစ်ယောက်နဲ့တွေ့ပြီး ရှိသမျှAds videoတွေတောင်ထပ်ကြည့်စရာမရှိအောင်ထိပလုံသွားခဲ့သည်။ကိုယ့်လက်ရည်ကောင်းချက်ကအဲ့လိုပါဆို။ကျူတံအကောင်းစားနှင့်ပွဲငါးရာကျော်ထိုးထားသော ဦးရွှေကို 10ပွဲကျော်ထိုးထားသောကျွန်ုပ် မည်သို့ယှဉ်ရအံ့နည်း။ဒါတောင်ကိုအောင်ကြီးတို့လို ဆရာ့ဆရာကြီးများနှင့်မတွေ့သေး၍ထင်သည်။ကျွန်ုပ်တို့သည် ပါရမီဖြည့်ဖက်များသာဖြစ်လေတော့သည်။
image
Coinလေး50ရ၍ အားရဝမ်းသာ 50ခုံသို့ဝင်လိုက်သည်။Serverမှတွဲပေးပုံကိုပြောပါဦးမည်။ပွဲတစ်ထောင်နီးပါးထိုးထားပြီး ကျူတံအကောင်းစားကိုင်ထားသောသူနှင့် ၁၀ပွဲကျော်သာထိုးရသေးသောသူကိုတွဲပေးသဖြင့် တစ်ကျူမှပင်မထိုးလိုက်ရပဲ50လှူလိုက်ရလေသည်။သည်ကနေ့တော့ကံကောင်းသည်ဆိုရမလားမသိ။နှစ်ပွဲဆက်တိုက်အနိုင်ရရှိလိုက်သည်။ကိုယ်ကောင်း၍တော့မဟုတ်၊ပထမတစ်ပွဲတွင် တစ်ဖက်လူ၌ နံပါတ်8တစ်လုံးသာထိုးစရာကျန်တော့သည်။ကျွန်ုပ်တွင်တော့ 4လုံးခန့်ကျန်သေးသည်။လက်ရည်ကမကောင်းတော့ ထို4လုံးရှိသည်ကိုနှစ်ကျူအတွင်း တစ်လုံးမျှဝင်အောင်မထိုးနိုင်ပါချေ။သို့သော်ကံကမျက်နှာသာပေးသည်ထင်....တစ်ဖက်လူထိုးရမည့် နံပါတ်8ကိုထိုးမရအောင်ကျွန်ုပ်အသီးများကကွယ်နေလေသည်။နောက်ဆုံးတွင်တော့ နံပါတ်8ဝင်သွားတော့သည်။ကျွန်ုပ်အသီးနှင့်တိုက်ထိုးလိုက်သည့်အတွက် ကျွန်ုပ်အနိုင်ရသွားတော့သည်။ဤတွင် ကျွန်ုပ်တို့တစ်ကယ့်အပြင်မှာထိုးပုံနှင့် ကွာုခါးချက်တစ်ချို့ကိုတွေ့ရသည်။သူ့စည်းမျဉ်းကိုကျွန်ုပ်နားမလည်ပါ။စနူကာစည်းမျည်းနှင့်သွားတူနေသလားမပြောတတ်။သို့သော် ကိုယ့်အသီးကိုကိုယ်မထိသည့်အခါ တစ်ဖက်လူသည် လက်ကိုင်ဘောကိုစိတ်ကြိုက်ရွှေ့ခွင့်ရသည်ကိုတော့ မကြိုက်ဆုံးအချက်ဖြစ်သည်။ဘောသတ်၍လည်းမရပါချေ။အလုံးဝင်ရေးသားအဓိကဖြစ်ပြီး ကျန်သည့်စည်းမျဉ်းများကိုမည်သို့သတ်မှတ်ထားသည်နားမလည်ပါ။တစ်ခါတစ်ရံကိုယ့်နံပါတ်အသီးကိုထိသော်လည်း တစ်ဖက်လူရွှေ့ခွင့်ရသွားသည်ကိုတွေ့ရသည်။ကျွန်ုပ်ကိုရွှေ့ခိုင်းလျှင်တော့ Foulဘောများမှလွဲ၍ မရွှေ့ဖြစ်ပါ။တစ်ဖက်လူအတွက် Fairမဖြစ်ဟုခံစားရစေသည်။အောက်ဘောအထိကျူစိုက်၍ရသော်လည်း jumpဘောမရပါ။သူများအသီးနှင့်တိုက်ထိုး၍လည်းမရပါ။ဤကစားပုံနှင့်အထိုင်ကျရန် ပွဲ၅၀ခန့်တော့ထိုးရဦးမည်။သည်ကြားထဲတွင်တော့ ဦးရွှေ၊ကိုအောင်ကြီးနှင့်အခြားအခြားသောဆရာကြီးများနှင့်မတွေ့ရပါစေကြောင်းဆုတောင်းနေရတော့မည်။
@linnkhant42
MSC 022
image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ကိုယ့်အသီးထိသော်လည်း ဖောင်းဘောပေးရတာက ကိုယ့်အသီးပဲထိပြီးတော့ ခုံဘောင်ကိုမထိလို့ပါကလင်းရေ။ကိုယ့်အသီးပဲသေးသေးလေးထိုးပြီးသူများအလုံးကိုကွယ်မှာစိုးလို့(ဘောသတ်မှာစိုးလို့) နိုင်ငံတကာစည်းကမ်းနဲ့အညီထုတ်ထားတာလို့သိရပါတယ်ဗျာ။ကိုယ့်အသီးလဲထိတယ် ဘောင်လဲထိတယ်ဆိုရင် မဖောင်းဘူးဗျာ။အရေးကြီးတာက ထိုးအားနည်းနည်းလေးနဲ့ပဲတိုက်ပီးတော့ သူများအသီးကိုလိုက်ကွယ်နေမယ့် နည်းကိုသူတို့တားထားတာ။သင့်တင့်တဲ့စည်းကမ်းပါကလင်းရေ။

ပြောပြတာကျေးဇူးပါ အကိုရေ၊ဘောသတ်သင့် သတ်ရမှာပဲလေ

မဆော့ဖူးတော့ ဘာမှကိုမသိဘူး 😁

ကောင်းတယ် အမရေ

  ·  6 years ago (edited)

ပွဲများပြီး ခုထိအရှုံးထဲက မထွက်သူတောင် ရှိနေသေးတာဘဲ ချပါလေ

မနက်ကတင် ဦးရွေနဲ့ထပ်တွေ့တယ်လေ။သူလျှော့ပေးလို့နိုင်ဖူးသွားတယ် 😁

ကွကိုယ် လိုင်းကောင်းချိန် တေ postလေး ရေးတင်ဘာ ဟယ်

ဟုကဲ့ပါအမရေ 😁

အော် အိပ်ဘော အိပ်ဘော

ဟုတ်တယ်ဗျာ

ကျ​နော်​မှာ​ဆော့လို့ကိုမျပူး

လိုင်းမကောင်းလို့လား

အ​နော်​က ဆရာကြီးဟုတ်​ဘူးဗျ 😂😂

ဆရာကြိးပါဗျာ

မပူနဲ့ကလင်းရေ...ကျနော်လည်း ခုလေးတင် verifyဖြစ်တယ်။နောက်ကလိုက်လာပီ.. :P

ကုန်ပြီသာမှတ် 😁

ဦးဇင်းဆို uninstall ပြန်လုပ်လိုက် ပြန်တင်လိုက်နဲ့ပဲ သံသရာလည်နေတာ ကိုယ်နိုင်ရတယ်မရှိဘူး လိုင်းကျကျနေလို့  ဟီးးးး

တူတူပဲဘုရား

ကိုယ်တော့တိုင်ပတ်နေ

တူ တူပဲ

စိတ်ဝင်စားပါတယ်အခုထိတော့လုပ်မရသေးဘူး

ပျော်ဖို့ကောင်းတယ်ဗျ

ကျေနပ်လိုက်ပါ ကွီးလင်းရယ်

ကျေနပ်ပု

Congratulations! This post has been upvoted from the communal account, @minnowsupport, by linnkhant42 from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks