ကမ္ဘာ ​ကျော်​​တွေ ​ပြောတဲ့စကား အလွယ်​မယုံကြနဲ့

in myanmar •  6 years ago  (edited)

ကမ္ဘာ ​ကျော်​​တွေ ​ပြောတဲ့စကား အလွယ်​မယုံကြနဲ့


ပြီးခဲ့တဲ့ ၂၀၀၈ ဘဏ္ဍာ​ရေး ပျက်​ကပ်​ကြီးကို အခုစာ
ဖတ်​ကြတဲ့ သူတိုင်း သိကြမည်​ဆိုတာ သံသယမရှိ
ပေ။အဲဒိတုန်းက အ​မေရိကန်​ စ​တော့​ဈေးကွက်​ အ
ခြေ​အ​နေသည်​ လက်​ရှိမျက်​​မှောက်​ကာလ အ​ခြေအ​နေ
နှင့်​ ၈၀%​လောက်​နီးပါး တူညီ​နေပြီဆို တာ တ​နေ့က
CNBC မှာ​ကော CNN မှာပါ ​ ရှင်းပြသွားတာကို
တွေ့ လိုက်​ရသည်​။ ၎င်းရုပ်​သံလိုင်းတို့က ပြီးခဲ့တဲ့
အပတ်​က Jackson Hole မှာ ​မှတ်​ချက်​​ပေးခဲ့
တဲ့ Fed ဥက္ကဋ္ဌ Jerome Powell၏ စကားအ​ပေါ်
အ​ခြေခံပြီး ​ပြောကြားခြင်းလို့ မြင်​မိသည်​။

လက်​ရှိအ​မေရိကန်​ စ​တော့​ဈေးကွက်​ အ​နေအထား
သည်​ သမိုင်းတ​လျှောက်​ အမြင့်​ဆုံး အ​နေအထား
သို့ ​ရောက်​ ရှိ​နေတာ​တော့ အမှန်​ဘဲ။Fed ဥက္ကဋ္ဌ
ပြောခဲ့သလို အလုပ်​အကိုင်​နှူန်းထား ကလည်း
အ​ကောင်းဆုံးအ​နေအထား၊ စီးပွား​ရေး တိုးတက်
မှူ့နှူန်းသည်​ကလည်း ခန့်​မှနိးသည်​ထက်​​တောင်​သာ
လွန်​​ကောင်းမွန်​​နေသည်​။ တ​နေ့ကထွက်​၇ှိတဲ့ အ​မေ
ရိကန်​ GDP ​ဒေတာသည်​ ယခင်​က 4.10%/
ခန့်​မှန်းက 4.00%/ အမှန်​ထွက်​ရှိမှူ့ က 4.20%
အထိ ရှိခဲ့သည်​။ Fed ဗဟိုဘဏ်​ရဲ့ Inflation
ကို ​ခြေရာခံရာ၌ အဓိက အသုံးပြုတဲ့ ​ဒေတာတခု
ဖြစ်​တဲ့ Core PCE ​ဒေတာသည်​ 2.0% မှာ ရှိ
နေပါသည်​။ ပြီးခဲ့တဲ့ Jackson Hole မှာ Fed
ဗဟိုဘဏ်​ဥက္ကဋ္ဌ က အနာဂတ်​မှာ စီးပွား​ရေး
ဒေတာ​တွေ အား​ကောင်းခဲ့ရင်​ ဗဟိုဘဏ်​ အတိုး
နှူန်းကို ​ဖြေး​ဖြေးချင်းတိုးမယ်​လို့ ဆိုခဲ့သည့်​အ​ပေါ်
CNBC က `dovish´လို့ ယူဆ​ကြောင်း
မှတ်​ချက်​ပြု​တော့၊ ​ဒေါ်လာ ကျပြီး၊ ကမ္ဘာ့ ​ရွှေ
ဈေးနှင့်​အတူ စ​တော့ ​တွေ တက်​ခဲ့သည်​။

အမှန်​တကယ်​ dovish´ဆိုတာကFed ဗဟိုဘဏ်
သည်​ အတိုးနှူန်းကို အချိန်​ကြာကြာ ထားလို့ ရ ရင်
ရနိုင်​သ​လောက်​ အနိမ့်​ level ​နေရာ၌ ထားမည်​´
ဟူ​သော စကားမျိုးကို မှ အမှန်​တကယ်​dovish´ လို့ ယူဆလို့ ရသည်​။ အခု CNBC ကdovish´
လို့ မှတ်​ချက်​​ပေး ​ကောက်​ယူတဲ့အ​ပေါ် ကျွန်ုပ်​က
သံသယ ဖြစ်​မိလို့ Powell ​ပြောခဲ့တဲ့ Speech
အပြည့်​အစုံကို ​သေ​သေချာချာ တလုံးချင်း အဓိပ္ပါယ်
ကောက်​ ပြန်​ဆိုကြည့်​​တော့ `dovish´လို့ ယူဆ၍
မရတာကို ​တွေ့ လိုက်​ရသည်​။ မ​ကျေနပ်​လို့ ထပ်​ပြီး
လေ့လာကြည့်​​ရာ၌ Fed funds rate ၏
Powell ​ပြောအပြီး အတိုးနှူနိးလားရာ ​ဖော်​ပြမှူ့ ကို
လေ့လာကြည့်​​တော့လည်း စက်​တင်​ဘာ အတိုးနှူန်း
တိုးနိုင်​​ချေ ၉၆%အထိ ​တောင်​ မြင့်​တက်​လာတာ
တွေ့ ရသည်​။

အတိုးနှူန်းနိမ့်​နိမ့်​၌ ထားရှိခြင်းသည်​ စီးပွား ​ရေးလုပ်
ငန်းများ အတွက်​ ​ချေး​ငွေ ဖြင့်​ ချဲ့ထွင်​မှူ့ လုပ်​ရာတွင်
အတိုးနှူန်း သက်​သာ​စေနိုင်​ပြီး၊အကျိုးပြုမှူ့ ပိုပြီး
ရှိ​စေနိုင်​ပါသည်​။ မိသားစုတို့အတွက်​ လည်း အ
ကျိုးရှိ​စေနိုင်​ပါသည်​။၎င်း အ​ခြေအ​နေမျိုးသည်
အမြဲတမ်းလိုချင်​လို့​တော့မရ​ပေ။Fed ဗဟိုဘဏ်​က
တော့ အဲဒိအ​ခြေအ​နေမျိုးကို
အ​မေ​ရိကန်​ အင်​ဖ​လေးရှင်း အနိမ့်​​နေရာ၌ ရှိ​နေပြီး၊
အလုပ်​လက်​မဲ့နှူန်းကလည်း အသင့်​အတင့်
နေရာမျိုး၌သာ ရှိ​နေသည့်​ အ​နေအထားမျိုး
မှသာ အခွင့်​​ပေး​လေ့ရှိသည်​။

Fed ဗဟိုဘဏ်​သည်​ inflation နှင့်​ အလုပ်​လက်​မဲ့နှူန်း ၊ တို့ကို ထိန်းညှိ ရာ၌ ဗဟိုဘဏ်​ အတိုးနှူန်း ကို အတိုး
အ​လျှော့ လုပ်​ခြင်းဖြင့်​ ကိုင်​တွယ်​ ကြိုးကိုင်​​လေ့ရှိသည်​။
လာမည့်​ စက်​တင်​ဘာလ ဗဟိုဘဏ်​ အစည်းအ​ဝေး၌
Fed ဗဟိုဘဏ်​၏်​ အတိုးနှူန်းတိုးရန်​ အ​နေအထား
က လက်​ရှိ၌​တော့ ​သွေဖယ်​ခြင်းမရှိ​သေး​ပေ။

၂၀၀၇ခုနှစ်​ ၊​အောက်​တိုဘာ၌ အ​မေရိကန်​စ​တော့
ဈေးကွက်​ အမြင့်​ဆုံးအ​နေအထားအထိ ​ရောက်​ရှိ
ခဲ့သည်​။၎င်း​နောက်​ ၂၀၀၈ခုနှစ်​၊စက်​တင်​ဘာ ၁၅
၌ Lehman Brothers ဘဏ်​ကြီး ပြိုလဲမှူ့နှင့်
အတူ ဘဏ္ဍာ​ရေး ပျက်​ကပ်​ကြီး စတင်​ဖြစ်
ခဲ့သည်​။၂၀၀၉ခုနှစ်​၊မတ်​လ ​ရောက်​​တော့ အ​မေရိ
ကန်​စီးပွား​ရေး ​အောက်​ဆုံးအထိ ထိုးကျခဲ့သည်​။
၂၀၀၅ခုနှစိ၊ဇူလှိုင်​ ​​လ၌ှ Fedဥက္ကဌ Bernanke
က အိမ်​ယာ​မြေ​ဈေးကွက်​ ပူ​ဖောင်း ကြီး ကြီးထွား
နေပြီး၊ မကြာခင်​ ​ပေါက်​ကွဲပြီး တိုင်းပြည်​စီးပွား
ရေး ကို ကပ်​ဆိုက်​ ​စေနိုင်​တဲ့ အ​နေအထားမျိုး
ရှိ​နေသည့်​ အ​ပေါ် အင်​တာဗျူးတခု၌ ​ဖြေကြား
ရာတွင်​ `အိမ်​ယာ​မြေ ​ဈေးကွက်​ကြီး ပြိုလဲဖို့
ဆိုသည်​မှာ သမိုင်း၌လည်း မရှိခဲ့သလို၊ လက်​ရှိ
အ​နေအထားကလည်း ခင်​ဗျားတို့ သိတဲ့အတိုင်း
ဘဲ​လေ´ဟူ၍ ​ငေါ့​တော့​တော့ မှတ်​ချက်​​ပေးခဲ့သည်​။

၂၀၀၈ခုနစ်​၊ ဇန်​န၀ါရီ မှာ ရီဆက်​ရှင်း (recession)
စ၍ ​နေသည့်​တိုင်​ Bernanke က​တော့ စိုးရိမ်​စရာ
မရှိ​ကြောင်း ​ပြောကြားခဲ့သည်​။၂၀၀၈ခုနှစ်​၊ ​မေလ
၌ ဘဏ္ဍာ​ရေး ၀န်​ကြီးHank Paulson က​တောင်
ကောလာဟလ နှင့်​ သတင်းတု ​တွေ အ​ပေါ် အယုံ
အကြည်​ မရှိကြရန်​နှင့်​ ​​ဈေးကွက်​မတည်​ငြိမ်​မှူ့ 
နှင့်​ က​သောင်းကနင်း ဖြစ်​မှူ့ အ​နေအထား၌
အခုမှ စတာ မဟုတ်​ဘဲ အဆုံးသတ်​တာလို့ မှတ်
ချက်​​ပေး​ပြောကြားခဲ့သည်​။၂၀၀၈ခုနစ်​၊ဇွန်​လ၌
ပျက်​ကပ်​ကြီးမတိုင်​ခင်​ ၃လ အလို ​ရောက်​သည်
အထိ Fed ဥက္ကဋ္ဌ Bernanke က ​လေ သံ
မ​လျှော့ခဲ့​သေး​ပေ။ ပျက်​ကပ်​ကြီး မစတင်​ခင်
၂လ အလို ​လောက်​အထိ ဘဏ္ဍာ​ရေး ၀န်​ကြီး
ကလည်း ``Our banking system is a
safe and a sound one.´´လို့ ဆိုပြီး
လေ သံ ကျယ်​ထားခဲ့သည်​။ ​ပြောလိုသည်​မှာ
နိုင်​ငံ​ကျော်​ဘဲဖြစ်​ဖြစ်​၊ကမ္ဘာ​ကျော်​ဘဲ ဖြစ်​ဖြစ်
ပုထုစဉ်​ များသာ ဖြစ်​ကြလို့ အမှား နဲ့ ကင်း
နိုင်​ကြသူများ မဟုတ်​တာ ရယ်​ အနာဂတ်
အ​ခြေအ​နေ ကို ကြိုတင်​ ​ဟောကိန်းထုတ်​လို့
မရနိုင်​ဘူး ဆိုတာကိုရယ်​ ကို သိ​စေအပ်​ဖို့
ရန်​ ဖြစ်​သည်​။

အခုလည်း Fed ဥက္ကဋ္ဌ Powell က ရီဆက်​ရှင်း ဆို
တာ မဖြစ်​နိုင်​​ကြောင်းနှင့်​ သမ္မတကြီး ထရမ့်​ကလည်း
စီးပွား​ရေး အလွန်​အမင်း ​ကောင်းမွန်​​နေပြီး၊ အလုပ်​အ
ကိုင်​ နှူန်းလည်း အမြင့်​ဆုံး အ​နေအထား၌ ရှိ​နေတယ်
လို့ ဆိုထားသည်​။ အ​မေရိကန်​ အမျိုးသား​ကြွေးမြီက
$21 ထရီလီယံ ​ရောက်​​နေ ပြီ။ $10 ထရီလီယံ
မျှ တန်​ဖိုးရှိကြ​သော ဘွန်း(ဒ)​တွေ က yieldထွက်
နှူနိးအနှူတ်​ပြ​နေကြသည်​။WeWork, Telsaနှင့်
Netflix ကုမ္ပဏီ တို့က လုပ်​ငန်းအရှူံးပြ​နေသည့်
တိုင်​ ​ဒေါ်လာ ဘီလီယံချီပြီး အရင်းအနှီး​ငွေ​ကြေး
ဖြည့်​တင်း၍ ရ​နေသလို ၊ စ​တော့​ဈေးနှူနိးများလည်း
ကျသွားခြင်းမျိုး ဟူ၍ မရှိ​သေး​ပေ။ ဘယ်​အချိန်​မှာ
ဒုက္ခ ​ပေးကြမလည်း​တော့ မသိ​နိုင်​​ပေ။

၁၉၇၀ခုနှစ်​ ၌ လက်​တင်​အ​မေရိက ​ကြွေးမြီပြဿနာ
ကြောင့်​ ဘဏ်​များအ​ပေါ် အကြပိအတည်း ဆိုက်​​စေ
ခဲ့ခြင်း သည်​ နိမိတ်​ပြ လက္ခဏာ​တောင်​ မ​တွေ့ လိုက်
ရ​ပေ။၁၉၈၀ခုနှစ်​၌ ချီလီနှင့်​ ​မော်​ရိုကို တို့၏ အကြပ်
အတည်း၊၁၉၉၀ခုနှစ်​ အ​စောပိုင်း၌ ဆွီဒင်​ ၊​နော်​​ဝေ၊ဖင်​လန်​နှင့်​ ဆိုရှယ်​လစ်​နိုင်​ငံအများစုတို့၏ စီးပွား​ရေးအ
ကြပ်​အတည်းပြဿနာ၊၁၉၉၄-၁၉၉၅ ကာလ၌
ဗင်​နီဇွဲလား ၊ဘရာဇီးနှင့်​ မက္ကဆီကို တို့၏ အကြပ်​အတည်း စသည်​တို့သည်​ ​ခြေရာခံလို့ မရခဲ့တဲ့ နမူနာ
အဖြစ်​အပျက်​များ ဖြစ်​ကြသည်​။

၁၉၉၇၌ ထိုင်း၊အင်​ဒိုနီးရှား၊နှငိ့ အာရှနိုင်​ငံအများစုတို့၏
ဘဏ္ဍာ​ရေး ပျက်​ကပ်​ မျိုးသည်​ IMF တို့ World
Banks တို့ အ​စောပိုင်း ခန့်​မှန်းချက်​ အတိုင်းသာ
အမှန်​ရှိခဲ့ရင်​ အာရှ ပျက်​ကပ်​မျိုး ဖြစ်​လာစရာ
အ​ကြောင်းမရှိနိုင်​​ပေ။တောင်​ကိုးရီးယားနိုင်​ငံဆို
၁၉၉၇ခုနစ်​၊ဇန်​န၀ါရီ ၁ ရက်​​နေ့မှာ သမ္မတ Y.S.Kim
က ၁၉၉၆ခုနှစ်​ တနှစ်​လုံးရဲ့ စီးပွား​ရေး တိုးတက်​မှူ့ 
သည်​ ၇.၁% အထိ မြင့်​တက်​ခဲ့သည်​ဟု ဂုဏ်​ ယူ ၀ံ့
ကြွားစွာ ​ကြေညာခဲ့သည်​။ အဲဒိအချိန်​၌ ​တောင်​ကိုး
ရီးယား စီးပွား​ရေးသည်​ ကမ္ဘာ ​ပေါ်၌ ၁၁နိုင်​ငံ​မြောက်
အကြီးဆုံးဖြစ်​ခဲ့သည်​။

၁၉၉၇ ခုနှစ်​တာ​ ကာလ၌ ​တောင်​ကိုးရီးယား စီးပွား
ရေး ကို အ​ခြေ ခံပြီးIMF က ၁၉၉၈ခုနှစ်​ထဲမှာ
လက်​ရှိထက်​​တောင်​ ပို​ကောင်းနိုင်​​ကြောင်းခန့်​မှန်း
ခဲ့သည်​။တောင်​ကိုးရီးယား​ငွေ​ကြေးကလည်း တည်
ငြိမ်​မှူ့ ရှိ​နေခဲ့သည်​။အလုပ်​လက်​မဲ့နှူန်းကလည်း
၂.၅%သာ ရှိခဲ့သည်​။အစိုးရ ​ကြွေးမြီ ဘွန်း
အဆင့်​ ကို လည်းMoody`s ​အေဂျင်​စီ အဖွဲ့အစည်း
က A-1 အဆင့်​၌ ထားရှိသတ်​မှတ်​ခဲ့သည်​။
အဲဒိနှစ်​ ​နှောင်းပိုင်းမှာတင်​ စီးပွား​ရေး​နှေး​ကွေးမှူ့ အဆင့်
က​နေ ဘဏ်​စနစ်​ ပါ ပြိုလဲ ခဲ့သည်​အထိ ဖြစ်​ခဲ့ပြီး၊
၁၉၉၈ ခုနှစ်​ထဲ ​ရောက်​​တော့ အလုပ်​လက်​မဲ့နှူန်းက
လည့်း​ ၈%အထိ မြင့်​တက်​ခဲ့သည်​။ ​တောင်​ကိုးရီးယား
စ​တော့ ​ဈေးကွက်​ တခုလုံးလည်း က​သောင်းကနင်း
ဖြစ်​ခဲ့ပြီး စ​တော့​ဈေးနှူန်းများသည်​ တနှစ်​အတွင်း
၅၀%​ကျော်​အထိ ကျဆင်းခဲ့ပြီး စီးပွား​ရေး ပျက်​ကပ်
ရုပ်​လုံးအပြည့်​ ​ပေါ်ခဲ့သည်​အထိ ဆိုးရွားမှူ့ ရှိခဲ့သည်​။

ဤသို့​သော အတိတ်​က ဖြစ်​ရပ်​များကို ​လေ့လာသုံး
သပ်​ကြည့်​ပါက. အတိတ်​ကအ​ခြေအ​နေ၊ ပစ္စုန်​ပ္ပန်
အ​ခြေအ​နေ၊ တို့ကို အ​ခြေ ခံပြီး အနာဂတ်​မှာ ဘာ
ဖြစ်​မည်​။ မဖြစ်​မည်​၊ဆိုသည့်​ ​ဟောကိန်းထုတ်​မှူ့၊
ခန့်​မှန်းသုံးသပ်​ထားမှူ့များသည်​ ကမ္ဘာ ​ကျော်​ပုဂ္ဂိုလ်​၊
ကမ္ဘာ​ကျော်​အဖွဲ့ အစည်းပင်​ ဖြစ်​လငိ့ကစား အမှား
ရှိ​စေနိုင်​ကြသည်​ဖြစ်​​သော​ကြောင့်​ "Must/Will"
တို့ အစား ပရိုကြီးများက​တောင်​"may/might"
ဆိုသည့်​ စကားလုံးများကို သုံးကြပြီး၊ ကျွန်​​တော်​တို့
တွေလည်း ​​ဈေးကွက်​ လားရာ ၊​ဈေးနှူန်း
လားရာ ကို ခန့်​မှန်းရာ ၌ ကျိနိး​သေ ဖြစ်​မည်​။
ကျိန်း​သေ သွားမည်​။ဟူ​သော အာ​ဘော်​လွန်​စကားမျိုး
ကို မသုံးသင့်​ပါ​ကြောင်း ​တိုက်​တွန်းအကြံပြုလိုက်​ရသည်​။

Author-Ko Nay Nay
Fri,Aug 31

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

hi...vote ပေးခဲ့ပီ။
လာလည်သွားတယ်နော်။

ကျေးဇူးပါပဲ sis

Congratulations @magway-minbu! You have completed the following achievement on Steemit and have been rewarded with new badge(s) :

You made your First Comment
Award for the number of posts published

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Do you like SteemitBoard's project? Then Vote for its witness and get one more award!