အကြံ ဥာဏ်‌ ‌ပေးစာ

in myanmar •  7 years ago 

ကျွန်‌‌တော်‌တို့ အလုပ်‌ လုပ်‌ ‌နေ ခြင်းသည်‌ အကျိုးအ မြတ်‌ ရ ချင်‌လို့ပါ။ steemit ကို ဝင်‌‌ရောက်‌လုပ်‌ကိုင်‌တာ လည်း အကျိုးအ မြတ်‌ လိုချင်‌လို့ ဆို တာ ‌ပြောစရာလိုမယ်‌ မထင်‌ပါဘူး။ ပုံမှန်‌အတိုင်းဆို စာ‌ရေးမယ်‌၊ pro ယူမယ်‌ ၊ prower အပ်‌မယ်‌၊ sp စုမယ်‌‌ပေါ့။ လ‌တွေ ၊နှစ်‌‌တွေ ကြာရင်‌ sp များလာမယ်‌‌ပေါ့။ တကယ်‌တမ်း pro သာမရှိရင်‌ မလွယ်‌ပါဘူး။ pro ရှိတာ‌တောင်‌ sp500 1000 ကို နှစ်‌ချီပြီး စုရမှာ။ ‌ပြောရရင်‌ စီးပွား‌ရေးဆန်‌ဆန်‌ လုပ်‌မှ မြန်‌မြန်‌‌အောင်‌မြင်‌မယ်‌ထင်‌တယ်‌။ စီးပွား‌ရေးလုပ်‌ပြီဆို အရင်းအနှီးများ‌လေ ‌ကောင်း‌လေပါ။ ကျွန်‌‌တော်‌တို့ မြန်‌မာ ‌တွေ steemit မှာ ရင်းနှီးမြှပ်‌နှံမှု မရှိကြ‌သေးဘူး။ ‌ငွေရင်းလည်းမစိုက်‌နိုင်‌‌သေးဘူး။pro ဆိုတာလည်း အမြဲ အားကိုးလို့ မရပါဘူး။ မြတ်‌မှန်း‌တော့ သိတယ်‌ အရင်းအနှီး မရှိဘူး‌ပေါ့။ ကျွန်‌‌တော်‌တို့မှာ အရင်းအနှီး မရှိ‌ပေမယ့်‌ လူ ရှိတယ်‌၊ အဖွဲ့အစည်းရှိတယ်‌။ တစ်‌‌ယောက်‌အားနဲ့ မရရင်‌ အများအားနဲ့ steemit မှာ ရင်းနှီးမြှပ်‌နှံချင်‌တယ်‌။ ကိုယ့်‌နိုင်‌ငံ က လုပ်‌ငန်းရှင်‌‌တွေ မျက်‌စိကျ‌အောင်‌ လုပ်‌ပြသင့်‌တယ်‌။ တကယ်‌အကျိုးအမြတ်‌များရင်‌ ၊ ချပြနိုင်‌ရင်‌ ဆွဲ‌ဆောင်‌ဖို့ မခက်‌ပါဘူး။
FB_IMG_1518615158160.jpg

ကျွန်‌‌တော်‌ အကြံပြုချင်‌တာရှိတယ်‌။ အဓိက က MSC adm များကို‌ပေါ့။ member များမှ အကြံပြုစာ သီးသန့်‌ link ‌လေး ချ‌ပေးပါ။ သတင်းအချက်‌အလက်‌ တို့ ‌မေးတာမြန်းတာတို့နဲ့ မ‌ရော‌ထွေးဘဲ သီးသန့်‌ ထား‌ပေးပါ။ MSC မှာ ပုံမှန်‌သွားတာ တစ်‌ပိုင်း‌ပေါ့။ ‌နောက်‌တစ်‌ပိုင်းက စီးပွား‌ရေးနဲ့ သွားချင်‌တယ်‌။ ရှင်းရှင်း ‌ပြောရရင်‌ MSC ကို ကုမ္ပဏီ ‌ထောင်‌ချင်‌တယ်‌ ဆရာတို့‌ရေ။ တစ်‌‌ယောက်‌အားနဲ့ မရရင်‌ အများအားနဲ့ ယှဉ်‌ချင်‌တယ်‌။ ကျွန်‌‌တော်‌က တင်‌ ပြ တာပါ။ တစ်‌ထွာတစ်‌မိုက်‌အသိ‌လေးနဲ့ အကြံ‌ပေးတာပါ။ ဆရာတို့က ဆရာ‌တွေ ဆို‌တော့ အရိပ်‌ပြ အ‌ကောင်‌မြင်‌မှာပါ။ ကုမ္ပဏီ‌ထောင်‌လို့ ‌အောင်‌မြင်‌ရင်‌ ‌နောက်‌က လိုက်‌လာမယ့်‌သူ‌တွေ တစ်‌ပုံကြီး။ လုပ်‌ငန်း‌တွေလည်း ချဲ့လို့ရတယ်‌။ ယခု‌ခေတ်‌က Global ပါ။ စု‌ပေါင်းအားနဲ့ဆိုရင်‌ ‌အောင်‌ မြင်‌မယ်‌လို့ ယုံကြည်‌တယ်‌။ ဒီနည်းနဲ့ အင်‌ဒို ကိုရီးယား တို့ကို အသာ‌လေး ယှဉ်‌နိုင်‌ပါတယ်‌။ ကျွန်‌‌တော်‌တို့မှာ ‌ငွေမရှိ‌ပေမယ့်‌ MSC ရှိတယ်‌‌လေ။ ကျန်‌တာကို ဆရာ့ဆရာ‌တွေဘဲ plan ဆွဲ‌ပေးပါ။ ကျွန်‌‌တော်‌က‌တော့ MSC ကုမ္ပဏီ မှာ ရှယ်‌ယာဝင်‌ပြီး စာ‌ရေး‌နေမယ်‌ဗျာ။
FB_IMG_1518615104380.jpg

ကုမ္ပဏီ‌ထောင်‌ ဖြစ်‌ရင်‌ အလုပ်‌အကိုင်‌ အခွင့်‌အလမ်း‌တွေလည်း ‌ပေါ်လာမှာပါ။ Member အ‌ရေအတွက်‌ တိုးလာနိုင်‌သလို စီးပွား‌ရေးလုပ်‌ငန်းရှင်‌ ‌တွေလည်း ရင်းနှီးမြှပ်‌နှံနိုင်‌ပါတယ်‌။ ‌နောက်‌ပြီး steemit မှာ စာ‌ပေ တင်‌ မကဘဲ တစ်‌ခြား အရာ‌တွေနဲ့လည်း ထိုး‌ဖောက်‌ ဝင်‌‌ရောက်‌လုပ်‌ကိုင်‌နိုင်‌လာမှာပါ။ ကိုယ်‌ ဝါသနာပါရာနဲ့ ကြိုးစားခွင့်‌ ရလာမှာပါ။ စည်းကမ်း‌တွေ လည်း ‌ပြောင်းလဲ လာနိုင်‌ပါတယ်‌။ pro ကို ကိုယ်‌က‌တောင်‌ ‌ပေးနိုင်‌တဲ့ အဆင့်‌ ဖြစ်‌လာနိုင်‌သလို good kama ကိုလည်း‌မျှော်‌‌နေစရာ မလို‌တော့ပါဘူး။ good msc ရှိ‌နေပြီဘဲ‌လေ။
FB_IMG_1518615058933.jpg
ကုမ္ပဏီ ပုံစံ သွားမှာဆို ‌တော့ပြဿနာ ‌တွေကို ရှင်းရာမှာလည်း အာရုံ မ‌နောက်‌ ‌တော့ဘူး‌ပေါ့။ အခုတင်‌ပြတာ‌တွေဟာ ကျွန်‌‌တော့်‌အမြင်‌ဘဲ ဖြစ်‌တာဆို‌တော့ လိုအပ်‌ချက်‌‌တွေ ရှိမှာပါ။ ဆရာ‌တွေက ဖြည့်‌ပြီး ပြုပြင်‌ပြီး plan ဆွဲ‌ပေးပါ ဗျာ။ မှားတာရှိရင်‌လည်း ‌တောင်းပန်‌ပါတယ်‌။ ဆရာ ကြီး လုပ်‌တယ်‌လို့လည်း မမြင်‌ ‌စေချင်‌ပါဘူး။ အ ကြံ ‌ပေးရုံ သက်‌သက်‌ပါ။ လုပ်‌လို့ ရတာ မရတာကို adm များ သိမှာပါ။ ကျွန်‌‌တော်‌က‌တော့ MSC ကို ဘယ်‌‌တော့ မှ ‌ကျေးဇူးမကန်းပါဘူး။ အကြံ‌ပေးတာ မှားရင်‌လည်း ‌စေတနာ အမှားမလို့ ခွင့်‌လွှတ်‌‌ပေးပါ။ ကျွန်‌‌တော်‌တို့ ဝိုင်းဝန်း အ‌ဖြေရှာ ကြတာ‌ပေါ့။ နားလည်‌တဲ့ သူ‌တွေကလည်း အကြံ‌ပေးပါလို့ ဖိတ်‌‌ခေါ်ပါတယ်‌။ အဓိက ရည်‌ရွယ်‌ချက်‌က MSC မြန်‌မြန်‌ တိုးတတ်‌ပြီး အသီးအပွှင့်‌‌တွေ မြန်‌မြန်‌ စား‌စေချင်‌လို့ပါ မိတ်‌‌ဆွေတို့။ အားလုံး ကို ‌ကျေးဇူးတင်‌ပါတယ်‌။ ကျန်းမာ ချမ်းသာကြပါ‌စေ။

photo- face book

MSC- 228
@mahaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရမ်း​ကောင်းတယ်​ဗျာနောက်လည်းခုလိုဗဟုသုတရှိသော အသိပညာလေးတွေမျှဝေပေးပါ။အမြဲအားပေးနေပါမယ်

Fighting !!!ညီ‌ရေ

ကိုမဟော် တင်ပြသွားတာကောင်းပါတယ်။
ဟုတ်ကဲ့ MSC ဟာ အကိုပြောသလို ကုမ္ပဏီ လိုတော့မဟုတ်ဘူး အဖွဲ့အစည်းပုံစံနဲ့သွားမှာပါ ဒီအကြောင်းကိုလံ လီဒါ ကိုဟင်နရီအောင်( @kachinhenry )ရဲ့ ဘလော့မှာ ရှင်းပြတင်ပြထားပါတယ်။
ကုမ္ပဏီအမည်ခံလို့ ဥပဒေကြောင်းအရ မဖြစ်သေးလို့ပါ။ MSC မှာ Plan တွေအများကြီးပါ စိတ်ရှည်ရှည်နဲ့ အချိန်တစ်ခု စောင့်ကြည့်ပေးပါ။

အခုလိုအကြံဥာဏ်ပေးမှုကိုလည်း ၀မ်းမြောက်စွာ ကြိုဆိုပါတယ်။

‌သေ‌သေ ချာ ချာ ရှင်း ပြ‌ပေးလို့ ‌ကျေးဇူ တင်‌ပါတယ်‌ ဆရာ။

ကိုမဟော်တင်ပြသွားတာ ကောင်းပါတယ် ကျွန်တော်လည်း အဲ့ဒီလိုဖြစ်စေချင်နေတာ။

ဆရာ‌တွေ လုပ်‌မယ်‌ဆိုတာ ယုံကြည်‌ပါတယ်‌။‌ကျေးဇူးပါကို‌ထွေး။

တင်ပြသွားတာအရမ်းကောင်းပါတယ်ခင်ဗျ

ကိုသာ‌အေး တို့လို စီနီယာ ‌တွေ ဆီက ပညာ‌တွေ ‌တောင်းခံပါတယ်‌ ဗျာ။

ယနေ့အတွက် ကြိုက်ဆုံးစကား good msc😁😁ကြွေတေ😁

good msc လာvote ရင်‌ အမျာကြီး ရမှာ ညီမ‌ရေ။

Bro​ပြောပြတာ​တွေ​ကောင်းပါတယ်​...

အတူတူကြိုးစားကြတာ‌ပေါ့ ညီမ‌ရေ။

Bro​ပြောပြတာ​တွေ​ကောင်းပါတယ်​...

မြန်‌မြန်‌ အကျိုး ဖြစ်‌ထွန်း‌စေချပြီ။

Heart ထိသွားလို့ ၅စက္ကန့် လောက်တွေဝေနေမိတယ်

နောက်မှ အသိဝင်လာပြီး မန့် လိုက်ရတာ

Post ကောင်းတစ်ခုပါလို့ ပဲ ညီပြောချင်ပါတယ်

အိုက်‌စ်‌

ကောင်းပါတယ်​ဗျာ ဖတ်​လို့

MSC တိုးတတ်‌ဖို့ အစ်‌ကို တို့ ကို အားကိုးပါတ်ယ်‌။‌ကျေးဇူးပါ bro.

MSC တိုးတက်အောင်မြင်ပါစေ ..

တိုးတတ်‌ဖို့ မကြာ‌တော့ပါဘူး။

ခုလိုပြောပြလို့ကျေးဇူးပါဗျာ

ဆရာ‌တွေမှာ Plan ရှိတယ်‌တဲ့။ဝမ်းသာစရာပါ။‌ကျေးဇူးပါ ကိုလွမ်း‌ဝေ။

အရင်းအနှီး တတ်နိုင်ရင် invest လုပ်သင့်တဲ့ ဆိုဒ်တစ်ခုပါ ငွေရှာတဲ့နေရာမှာ ရင်းနိုင်လေ မြတ်လေပါပဲ

ဟုတ်‌ပါတယ်‌bro ၊ဒါ‌ကြောင့်‌ ရင်း နှီး မြှပ်‌နှုံ ကို စု‌ပေါင်းအားနဲ့ရှင်းဘို့ တင်‌ ပြတာပါ။‌ကျေးဇူးပါ bro.

ဖြစ်​လာမှာပါ

‌မျှော်‌လင့်‌‌နေပါတယ်‌။

တင်ပြတာလေးကောင်းတယ်ဗျာ။ MSC Admin တွေမှာ Plan တွေမျာကြီးပါ။ ကိုဟင်ဆိုရင် MSC အတွက်ဘာလပ်ြပေးရမလဲစဉ်းစားနေသူပါ။ျွန်တော့်အချိန်လေးတစ်ခုစောကြတာပေါ့ဗျာ

ယုံကြည်‌ ပါတယ်‌။‌ကျေးဇူးပါ bro.

ဟုတ်ပါတယ်။ကျွန်တော်တို့တွေ ဒီလိုမျိုးဖြစ်နိုင်တဲ့ နည်းလမ်းလေးတွေ နဲ့ ပိုမိုတိုးတက်အောင် ဆောင်ရွက်ရမှာဗျ။ကောင်းသောအကြံညဏ်လေးပါ။

‌ကျေးဇူးပါ ဗျာ။အတူတူ ရှာ‌ဖွေကြတာ‌ပေါ့။

ဟုတ်​ပါတယ်​​လေ

ဟုတ်‌ကဲ့ပါ။

စည်းလုံးညီညာအောင်ကြောင်းဖြာလို့ မိသားစုစိတ်ကလေးမွေးမြူနိုင်ရင်တော့ တစ်နေ့အောင်မြင်လာမှာဘဲလို့ ယုံကြည်ကြောင်း

‌အောင်‌ မြင်‌မယ်‌ ဆိုတာ ယုံကြည်‌ပါတယ်‌။

ကောင်းပါတယ် ဆက်လုပ်ပါ

အတူကြိုးစားကြတာ‌ပေါ့ အစ်‌ကို။

မန်ဘာတွေအနေနဲ့ကလာ်း ကျရာတာဝန်ကို ကျေပွန်အောင်ထမ်းဆောင်ကြါပ ပရိုလေးတင်ပီးပျောက် အဲ့လိုမလုပ်ကြသင့်ဘာ ဘာညာလေးတွေထည့်သွင်းရေးသားစေလိုကြောင်း အဟီ အဟိ

ထောက်​ခံတယ်​ဗျာ

အတူတူကြိုးစားကြတာ‌ပေါ့ bro ‌ရေ။‌ကျေးဇူးပါ။

ဝင်ရေးမလို့ပဲ ကို့အထက်ကလူတွေရေးသွားတာက ကိုယ်ရေးချင်တာတွေဖြစ်နေတော့ မရေးတော့ပဲ ment တွေပဲထိုင်ဖတ်လိုက်တော့တယ်

အတူ‌ပေါင်းပြီး ရှာ‌ဖွေကြတာ‌ပေါ့။

MSC အဓွန့်ရှည်တည်တန့် အောင်မြင်ပါစေ

‌ပေးတဲ့ဆုနဲ့ ပြည့်‌ပါ‌စေဗျာ။