" Goat Meat " For Cooking And Eating ( Part-5 ) Goat-Meat Chilli Tamarind Mix Fried

in myanmar •  7 years ago  (edited)

" ဆိတ်သား " ကို အသုံးပြု လျက် စားသောက်ဖွယ်ရာ


များ ပြင်ဆင် ပြုလုပ်နည်းများ ( အပိုင်း -၅ )


image

ဆိတ်သားထောင်းအစပ်အပျော့ကြော်


Hello , all my steemit member.

ကျမ ရဲ့ steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး
မင်္ဂလာ ပါ ရှင့်

ကျမ ရဲ့ Steemit member များ နှင့် friend များအားလုံး
အတွက် ရေးသား post တင်ပေးမယ့်

အကြောင်းအရာ ကတော့ " ဆိတ်သား " ကို အသုံးပြု ၍
စားသောက် ဖွယ်ရာ များကို ပြင်ဆင် ချက်ပြုပ် နည်း
အမျိုးမျိုး ရှိသည့် အနက် ဒီနေ့ ချက်ပြုပ် ပြင်ဆင် မျှဝေပေး
မှာကတော့

" ဆိတ်သားထောင်းအစပ်အပျော့ကြော် " ပြင်ဆင် ချက်ပြုပ် ပြု လုပ်နည်းအကြောင်း ဖြစ်ပါတယ်

" ဆိတ်သား " ကို ဟင်းလျာ အဖြစ် ဖြင့် ချက်ပြုပ် ပြင်ဆင်
စားသောက်ကြသလို သရေ စာ အနေ နဲ့ လည်း စား
သောက် ကြပါတယ်

ဆိတ်သား ကိုပုံစံ အမျိုးမျိုး တို့ ဖြင့်ချက်ပြုပ် ပြင်ဆင်
စားသောက် ကြရာတွင်

ဆိတ်သားချက် ဆိတ်သားနှပ် ဆိတ်သားပြုပ်ကြော်
ဆိတ်ကလီစာ ချက် ဆိတ်ပုဆိုးကြမ်း အရည်သောက်
ဆိတ်ပုဆိုးကြမ်း အသုပ် ဆိတ်ဦး နှောက်ကြော်
ဆိတ် ဖိုက်တင်ဘောကြော် ဆိတ်ခြေထောက်စွပ်ပြုပ်
ဆိတ်သားအကြွတ်ကြော် ဆိတ်သားမွ ကြော်
ဆိတ်ရိုးကုဘားပဲဟင်း ဆိတ်သားခြောက်ဆီဆမ်း
ဆိတ်သားထောင်းကြော် ဆိတ်သားကင် ဆိတ်ဦးနှောက်
ကြော် ဆိတ်စဉ်းကော ကြော်/ချက် ဆတ်သားသုပ်
ဆိတ်သား အာလူးဆီပြန် ဆိတ်ရိုးကုလားပဲ ချက်
ဆိတ်သား ဒန်ပေါက် ဆိတ်နားရွက်သုပ် ဆိတ်နံရိုးစွပ်ပြုပ်
ဆိတ်သားလုံးကြော် ဆိတ်သားလုံးဆီပြန်ဟင်း
ဆိတ်သားခြောက်ငပိချက် ဆိတ်သားထောင်းသုပ်
စသည် ဖြင့် ဟင်းလျာ အဖြစ် ထမင်းနှင့် တွဲဖက်စားသောက် ကြ ပါတယ်

ဆိတ်သားကို ဆိတ်သားကီးမား ဆိတ်သားပလာတာ
ဆိတ်သားပတ်ခ် ဆိတ်သား စမူဆာ စသည့်မုန့်ပဲ သရေ
စာများ တွင် လည်း ထည့်သွင်း ပြုလုပ် စားသောက်ကြပါတယ်

အသားဟင်းလျာ ကို ကြိုက် နှစ်သက်သော်လည်း
သွားမကောင်း သောကြောင့် မစားနိုင်သော သူများ
အတွက် အထူးသင့်လျော်ပါတယ်

ငရုတ်သီးစပ်စပ် လေး ဖြင့် မန်ကျည်ူနှစ် ထန်းလျက်ခဲ တို့ ကို
ဟင်းလျာ အတွင်း ထည့်သွင်းချက်ပြုပ်ထားသောကြောင့်
အရသာမှာ လည်း ချို ချဉ် ငံ စပ် စိမ့် မျီူစုံ ပါဝင်ပါတယ်

ဆိတ်သားထောင်းအစပ်အပျော့ကြော်


ပါဝင်ပစ္စည်းများ

1- ဆိတ်သား -၂၀ကျပ်သား

2-ကြက်သွန်နီ -၅လုံး

3-မန်ကျည်းသီးမှည့် လ္ဘက်ရည်ပုဂံ- ၁လုံး

4-ထန်းလျက်ခဲ အလုံးသေး -၂လုံး

5-ကြက်သွန်ဖြူ - ၃မွာ

6- ဂျင်း - ၁တက်

7- သံပုရာသီး -၁လုံး

8- ငရုတ်ကြမ်းမှုန့် ဟင်းစားဇွန်း - ၃ဇွန်း

9-ဆား -အနည်းငယ်

10- နန္နင်းမှုန့် - အနည်းငယ်

11-အရသာမှုန့် - အနည်းငယ်

12-မဆလာ - အနည်းငယ်

13-ငံပြာရည် ဟင်းစားဇွန်း -၁ဇွန်း

14- ဆီ - ၁၀သား

တို့ လိုအပ်ပါတယ်

ပြုလုပ်နည်း အဆင့်ဆင့်

ပထမ ဆုံး ဆိတ်သား တွင် အကြောများ အကျိအချွဲ များ ပါ ပါက ဒါးဖြင့် လှီးထုပ် ဖယ်ရှား ထားပါ

ထို့နောက် ရေစင်အောင်ဆေးပြီး ရေစစ်ထားပါ
ဆိတ်သား ပေါ် သို့ သံပုရာသီး အားအရည် များညစ်ထဲ့
၍ သံပုရာ အရည်များ အသားထဲဝင်အောင် ဆုပ်နယ်ပေးပါ

ရေစစ်ထားသော ဆိတ်သားအား စဉ့် နီတုန်း တစ်ခု ပေါ်တွင်
တင်၍ ဒါးထက်ထက် ဖြင့် တောက်တောက်စဉ်းပါ
အသားစ များ ကြေမွ သည် အထိ စဉ်းပါ

( အသားကြိတ်စက် တို့ နှင့် လည်း စဉ်းကော ပြုလုပ်
နိုင်ပါသည် )

ဆိတ်သားစဉ်းကော များအားသံပုရာရည် ညှစ် ဆား
အရသာမှုန် နန္နင်းမှုန့် တို့ ထည့် ဂျင်း အရည်ညစ်ထည့်
ပြီး သမအောင်မွှေပေးပြီး

ပုဂံ တစ်ခု တွင် ထည့် ၁၅မိနစ်ခန့် နှပ်ထားပါ

ဇောက်နက်သော အိုးတစ်လုံးတွင် နှပ်ထားသော
ဆိတ်သားများအား ထည့်၍ အပေါ်မှ ရေမြုပ်သည် အထိ
ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးပါ

ရေခမ်းပါက အအေးခံ ကာ ဆိတ်သားများအား ငရုတ်ဆုံ
တွင် မွနေအောင်ထောင်းထားပါ

မန်ကျည်းသီးမှည့် ရေဆေး ရေနွေး အနည်းငယ်ထည့်၍
ပုဂံ တစ်ခုတွင် စိမ်ထားပါ

ထန်းလျက်ခဲ များအား ခြေမွ ပြီး ရေစပ်စပ် ထည့် ကာ
အမှိုက် ခဲ သလဲ များကင်းစင် ရန်စစ်ထားပါ

ကြက်သွန်နီများ အား အခွံခွာ ပြီး လေးစိပ်စိပ်ထားပါ

ဂျင်း ကြက်သွန်ဖြူ အခွံခွာ ကျေညက်အောင် ထောင်းထားပါ

ပါဝင်ပစ္စည်း များအားလုံး အဆင်သင့် ဖြစ်ပါ

ဒယ်အိုး အတွင်း ဆီ ထည့်ပါ

ဆီပူလာပါက လှီးထားသော ကြက်သွန်နီ များ ထည့်

ကြက်သွန်နီ များ ဂျင်း ကြက်သွန်ဖြူ
တစ်ဆင့် ခြင်း ထည့် နန္နင်းမှုန်ထည့် ပါ

ဂျင်း ကြက်သွန်နီ / ဖြူ များ လိပ်လာပါက( ကြွတ်သည်အထိ
မထားရပါ
ပြုပ် ၍ ထောင်းထားသော ဆိတ်သားများထည့်မွေပါ

ငံပြာရည် အနည်းငယ်ထည့်ပါ

ငရုတါခွဲကြမ်း မှုန့် များထည့် မွှေပေး

မန်ကျည်းနှစ်များထည့် မွှေပေး

ထို့နောက်သန့် စင်ထားသော ထန်လျက်များထည့် ပြီး

သမသွားအောင် မွှေပေးပါ

ပါဝင်ပစ္စည်း အားလုံး သမ သွားပြီး ဆီပြန်လာပါက အပေါ်မှ
မဆလာ အမွေး နံ့ များအုပ်၍
ပြင်ဆင်တည်ခင်း သုံးဆောင် နိုင်ပါပြီရှင့်

ချို ချဉ် ငံ စပ် မွှေး အရသာ မျိုးစုံအောင်ပါဝင် သည့်
"ဆိတ်သားထေားင်းအစပ် အပျော့ကြော် " ဟင်းတစ်ခွက်
ဖြစ်ပါတယ်

image

ဆိတ်သားနှင့်ပတ်သက်သော ဟင်းလျာများ အားချက်ပြုပ်
ပြင်ဆင်ရာတွင် ကျမ ပြုလုပ်စားသောက်ဖူးသော နည်းလမ်းများကိုသာ ပြုလုပ် ပြင်ဆင် post တင်ရေးသားမှာ ဖြစ်သည့်
အတွက် ချက်ပြုပ်နည်း မတူညီမှုများ ကွဲလွဲ မှု့ များ ရှိပါကလည်း
နားလည် ပေးကြရန် အထူးမေတ္တာ ရပ်ခံ ပါတယ်

( မှတ်ချက် - ကျမ အသုံးပြု ပြင်ဆင်ချက် ပြုပ် ရာတွင်
အသုံးပြု သောပါဝင် ပစ္စည်းမျာ သည် အိမ်တိုင်း မိးဖို ချောင်
တိုင်း တို့ တွင် အလွယ် တစ်ကူ ဝယ် ယူ ရရှိစေသော
ပစ္စည်း များ ဖြင့်သာ ပြင်ဆင် ပြုလုပ် သွားခြင်းဖြစ်ပါသည် )

Steemit မှ သူငယ်ချင်းမိတ်ဆွေ များ အားလုံး လည်း
လွယ်ကူ အဆင်ပြေ အရသာ ရှိစွာ ပြင်ဆင် ချက်ပြုပ်
စားသောက်ကြပါလို့

Steemit မှ fri များ အားလုံး ကျန်းမာ ချမ်းသာ ကြပါစေ

written and made-
@mamamyanmar

MSC-070

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good အရောင်ကတော့ ရှယ်ဘဲ

မန်ကျည်းသီးမှည့် ကြောင့်

ခုထမင်းစား​တော့မယ်

ဆိတ်သားဟင်းကြိုက်သူတွေတော့ရှယ်ပဲ

စားဘူးပေါ့

ဆရာကန်ဇွန်းရွက်ပိုကြိုက်တယ်

ဘယ်နေ့လာစားရမှာလဲဟေ့၊ ဗိုက်ဆာလာပေါ့။ တို့များစားနေကြဆိတ်သားနဲ့အရောင် မတူလို့။

goodပါဆရာ

မန်ကျည်းသီး မှည့် ထည့်ထားလို့
အသီး အနှံ တွေ က စားချင်စရာ

မှတ်သားထိုက်ပါပေတယ်ဗျာ…

Good food

ဟာ လာပြန်ပီ ဆိပ်သားက ဘယ်လိုပုံစီနဲ့ဘဲချက်ချက် ထန်းးရည်နဲ့ကတော့မြည်းလို့ကောင်းမှကောင်းဘဲဗျာ

ထန်းတောထဲ ကကို ထွက်တော့ဘူးလား အေ

သာအေးက်ု ထန်းတောက ထွက်ချုင်းတာ ဒါလူ့အခွင့်အရေးကို ချိုးဖောက်တာဘဲ မရဘူး ဆန္ဒပြရမယ်

ထမင်းသွားစားတော့မယ် ဆိတ်သားဟင်းတော့ မဟုတ်လောက်ဘူး