" Turnip ( Jicama ) " Mate For Each Other For Winter Season

in myanmar •  7 years ago 

ရာသီစာ " ပဲစိမ်းစားဥ "


image

Hello , all my steemit member

Steemit မှ မိတ်ဆွေ သူငယ်ချင်းများ အားလုံး မင်္ဂလာပါရှင့်

ဒီနေ့ ကျမ ရဲ့ steemit member များ ကို
အခုလို ဆောင်းရာသီ အချိန် ၌ မှာဘဲ ပေါများစွာ ရရှိတဲ့

" ပဲစိမ်းစားဥ " ကို စားသောက် ရင်းဖြင့်

ရာသီစာ " ပဲစိမ်းစားဥ" စားခြင်းဖြင့် ရရှိစေနိုင်တဲ့ အကျိုး
အာနိသင် အကြောင်း များကို post တင်ရေးသားမှာ
ဖြစ်ပါတယ်

လူအများ စားသုံးပေးခြင်းဖြင့် အကျိုး များစေသည့် ဓာတ်စာ
တစ်ခု ဖြစ်သည့် အပြင် အဟာရပြည့်ဝစေပြီး အရသာ ရှိလှတဲ့
ရာသီစာ အစားအစာဖြစ်ပါတယ်

" ပဲစိမ်းစားဥ "သည် ရေဓာတ်များ ပါဝင်ပြီး ချို အေး သည့်
အရသာရှိ ပြီး လူအများ နှစ်သက်စွာ စားသုံးကြပါတယ်

image

လူသားတို့ ၏ကျန်းမာရေးကို အကျိုးပြုစေသော ဗီတာမင် နှင့်သတ္တုဓာတ်များစွာ့ ပါရှိပါတယ်

ဘေးဥပါဒ် ဖြစ်စေသော ကိုလက်စထရောလုံးဝ မပါဝင်ပါ

တစ်နှစ်တွင် တစ်ခါသာပေါ်လေ့ရှိသော ရာသီစာအသီးအနှံ
တစ်မျိုး ဖြစ်ပါတယ်

" ပဲစိမ်းစားဥ "သည် မြန်မာနိုင်ငံ နေရာအနှံ့အပြားတွင်
ပေါက်ရောက်ပြီး ပဲစိမ်းစားဥကို အများဆုံးစိုက်ပျိုးကြသည့်
ရာသီမှာ ဆောင်းရာသီ ဖြစ်ပါတယ်

" ပဲစိမ်းစားဥ " အပင်ကို မြေပွ အမျိးအစားတွင် စိုက်ပျိုးပါက
အလုံးချော ပြီး အထွက်တိုးစေပါတယ်

အာလူးမျိုးနွယ် ဝင်ဖြစ်သော ပဲစိမ်းစားဥ အပင်၏ကြီးထွားပုံမှာ ပဲပင်နှင့်တူသော ကြောင့် ဒေသအတော်များများတွင်
" ပဲစိမ်းစားဥ " ဟု၍ခေါ်ကြပါတယ်

image

"ပဲစိမ်းစားဥ "သည် သဘာဝအရသာ အရသာချိုချိုလေးမို့  အခွံနွှာ ရေစင်အောင်ဆေးပြီး သွားရည်စာအဖြစ်စားကြသလို
ပါးပါးလှီးကာ အစိမ်းကြော် ကြော် ၍လည်း စားကြပါတယ်

" ပဲစိမ်းစားဥ "တွင် လူတို့၏ ခန္ဓာကိုယ် အတွက် လိုအပ်သော

ဗီတာမင်အေ ဗီတာမင်စီ ဗီတာမင်အီး ဗီတာမင်ကေ ဆိုဒီယမ် ပိုတက်စီယမ် ကယ်လ်စီယမ် ကော့ပါး သံဓာတ် မဂ္ဂနီစီယမ်
မဂ္ဂနီးစ် ဇင့် စသည့် ဓာတ်များအပြင်

ရေဓာတ် ကစီဓာတ် ပရိုတင်း အဆီဓာတ် အမျှင်ဓာတ် များ
ပါဝင်ပါတယ်

" ပဲစိမ်းစားဥ " ရဲ့ကျန်းမာရေး ကောင်းကျိုးများကတော

ကင်ဆာရောဂါဖြစ်ပွားမှုမှ ကာကွယ်စေခြင်း

နှလုံးရောဂါ သွေးတိုးရောဂါတို့ မှကာကွယ် စေခြင်း

ခန္ဓာကိုယ်ထဲရှိ ဆံချည်မျှင်သွေးကြောများကို ကျန်းမာ
သန်စွမ်းစေခြင်း

ခန္ဓာကိုယ်ဇီဝကမ္မဖြစ်စဉ်ကို ၁၁ % ထိ တိုးတက်ကောင်းမွန်
စေခြင်း

ကိုယ်ခံစွမ်း အားကို တိုးတက်မြင့်မားစေခြင်း

ရေဓာတ် ကြွယ်ဝစွာပါရှိသောကြောင့် ရေငတ်ပြေစေခြင်း

ခန္ဓာကိုယ်တွင်း အပူရှိန်ကို လျော့ပါးသက်သာစေနိုင်ခြင်း

ဆီးလွန် ဆီးပူ ဆီးချူပ် ခြင်း တို့မှသက်သာစေခြင်း

ရောင်ရမ်း မှု ကို သက်သာစေခြင်း

သွားများ ကို ဖြူဖွေးသန့် စင်စေရုံသာမက သွားကျန်းမာရေးကို အထောက်အကူဖြစ်စေနိုင်ခြင်း

အူမကြီး နှင့် အစာအိမ် ကင်ဆာ ကို ကာကွယ်နိုင်ခြင်း

အဆုတ်ရောင်ခြင်း အဆုတ်ပွခြင်းတို့ကိုသက်သာစေခြင်း

ဝိတ်ကျ စေနိုင်ခြင်း

ဗီတာမင်စီလုံလောက်စွာပါရှိသဖြင့် အအေးမိ နှာစေး
ချောင်းဆိုးစသော ကူးစက်ရောဂါ အဖျားရောဂါများ
ဖြစ်ပွားမှုမှ ကာကွယ်စေခြင်း

အထူးသဖြင့် ကလေး ငယ်များ အတွက် ပန်းနာရင်ကြပ်
ရောဂါကို လျော့ပါးသက်သာလာစေနိုင်ပါတယ်

ထို့အပြင် အမျိုးသမီးများ အလှအပရေးရာအတွက်

ပဲစိမ်းစားဥ ဟာ အရေရွမ်းသော အသီး ဖြစ်သောကြောင်
အသားအရေ ကိုစိုပြေ စေပါတယ်

ပဲစိမ်းစာဥ ကိုပါးပါးလှီးပြီး မျက်နှာ အနှံ့ ကပ်ပါကအသားအရေလှပ စေရုံသာမက
မျက်နှာပေါ်ရှိဆဲလ် အသေများကို ဖယ်ရှားပေးပြီး
ချွေးပေါက်များကိုပွင့်စေကာ
အသားအရေ ကြည်လင်ဝင်းပစေပါတယ်

ဟူ၍ ဆေးကျမ်း များတွင် ဖော်ပြထားကြပါတယ်

image

" ပဲစိမ်းစားဥ "သည် သဘာဝအရ မြေကြီးထဲတွင် ဥဥသော
အသီးဖြစ်ပါတယ်

ထို့ကြောင့် စားသုံးရာတွင် ကပ်ပါးပိုးမွှားအန္တရာယ်ကင်းဝေး
အောင် အခွံနွှာရုံသာမက ရေစင်စင် ဆေးပြီးမှသာ စားသုံးသင့် ပါတယ်

ယခုလို အေးမြ သောဆောင်းရာသီတွင် ခန္ဓာကိုယ်တွင်း
အပူအောင်းကာ လည်ချောင်းကွဲ အပူကန်နာ ဖျားနားခြင်း
များမှ ကင်းဝေးအောင်

ရေဓာတ်ကြွယ်ကာ ခန္ဓာကိုယ်တွင်းအေးမြစေသော စိမ်းစားဥကို ဟင်းလိုတမျို သွားရည်စာလိုတဖုံ စားသုံးသင့်ပါတယ်

ပဲစိမ်းစားဥ ကို အစိမ်းစားခြင်း က ကျန်းမာရေး အတွက် ပို၍
အကျိုးများစေပါတယ်

ပဲစိမ်းစားဥ ကို ခြစ် ၍ သုပ်စားကြသလို ကော်ပြန့် များ ပြုလုပ်
ရာတွင် လည်း အသုံးပြု လို့ ရပါတယ်

ထို့ကြောင့် ရာသီပေါ် အစားအစာတစ်ခုဖြစ် ပြီးလူတိုင်း
စားသုံး သင့်သည့် အသီးအနှံ ဖြစ်သည့်အပြင်

လူ၏ ခန္ဓာကိုယ် အတွက် ကောင်းကျိုး များစွာ ပေးစွမ်း
နိုင်သော " ပဲစိမ်းစားဥ" ကို steemit member များ လည်း
စားသုံးသင့် ပါကြောင်း ရည်ရွယ်၍ post တင်
ရေးသားလိုက်ပါတယ်

မှတ်ချက် -

" ပဲစိမ်းစားဥ "ကို နို့  ချောကလက် ချိုချဉ် ရှောက်သီး တို့ ဖြင့်တွဲ၍မစားသင့်ပါ အော့အန်တတ်ပါတယ်

" ပဲစိမ်းစားဥ "သည် ရေခဲချောင်းနှင့်မတည့်ပါ ရင်ကျပ်စေ
ပါတယ်

image

Steemit မှ fri များ အားလုံး လည်း ရသီစာ အစားအစာများ
စားသောက်ပေးခြင်း ဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး
အဟာရဓာတ် များစွာ စေရန် ရည်ရွယ် ၍ post တင်ရေးသားလိုက်ပါတယ်

နောက်လာမည့် ကျမရဲ့ postများကိုလည်း ဝိုင်းဝန်း ၍ vote
ပေးအားပေကြပါဦးရှင့်

အားလုံးသော steemit member များ အားလုံးလည်း

ကျန်းမာရွှင်လန်းကြပါစေလို့ တောင်းဆုပြုလိုက်ပါတယ်

written and made -

@mamamyanmar

MSC-070

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စားချင်​လာပြီ

Good post

thanks

နည်းနည်းကျွေးပါအစ်မ

အကုန်

အရမ်းကြိုက်တဲ့ အသီးပါ။
လှော်စားရင်လည်း အရမ်းစားလို့ကောင်းတယ်။ မြိတ်မှာဆို ကော်ပြန့်စိမ်းတွေမှာ ပါးပါးလေးလှီးပြီးလှော်ပြီးထည့်တယ်...

အယ်တော့ လှော်စားဘူးဖူး
ကျေးဇူးပါ လုပ်ကျိ အူးမယ်

အသီးကအရည်ရွှမ်းနေတာဘယ်လိုလှော်သလဲဗျာ

ရင်ကြပ်ပါရစေ ကျွေးပါ

အင်

အယ်​မက ဟင်းပဲချက်​​နေတာ ထမင်း​တော့ တစ်​ခါမှ မချက်​ဘူး​နော်​ 😝😝😂

အွန် အဲ့ဟင်းတွေ က ထမင်းနဲ့စားတဲ့ဟာ ဂျီးကို

မရိုးနိုင်သောစားသောက်ဖွယ်ရာများ

မကြိုက်​လို့သိပ်​မစားဖြစ်​​ပေမယ့်​sis​ရေးမှစားချင်​လာ ပြီ။

အေးအေးလေး စားေ

ဟိုက် ဥတမျိုးပြောင်းသွားပီ :-P

ခု ရက် ပိုင်း ချက်စရာ မလိုတဲ့ ဥ တွေ ကြွေး မှာ

ငိ ဥဒေကြိုက်ပု

သရေတောင်ကျလာပီ

မစားရတာတောင်ကြာပြီ အဲ့ဒီဥ

ပဲစိမ်းစားဥ

စိမ်းစာဥကို ပဲစိမ်းစားဥလို့ခေါ်သေးတာလား

သိပုလေ စစ်ကိုင်းမှာတော့ ပဲစိမ်းစားဥ လို့ခေါ်

အာ့တျာနိတေိာတေြာု့က့်မစားဖူးဘူး

ဗဟုသုတရပညတယ်

မစားရတာတောင်ကြာပြီ

Good post.

I like it.