ဦးနှောက်လက်သမား (philosophy )

in myanmar •  7 years ago  (edited)

image ဦးနှောက်လက်သမား ******************* စာကောင်း ပေမွန်တစ်ခု ဖြစ်ဖို့ အင် အားရှိ သော စာ တစ်စောင်ဖြစ်ဖို့ အကြောင်း အရာ ကိုသိရမယ်။စကားလုံး ရွေးချယ် တတ်ပြီး စကားလုံး ကြွယ်ဝအောင် ရေးသားတတ်ရမည်။အဲ့ဒီနောက် ဝါကျတည်ဆောက်တဲ့ အပိုင်းကို ဝါကျလက်သမားလို့ ခေါ်တယ်။ဒါ တွေကို အသိပညာက ဦးစီးကွပ်ကဲ လုပ်ဆောင်ရတယ်ဟု ကျွန်တော်တို့ရဲ့ဆရာဦးတင်လှုင်ဦးမှ ဥာဏ်အလင်းစကား မှာကြားခဲ့ပါတယ်။ image ကျွန်တော်တို့ myanmar steemit အဖွဲ့သားတွေကို ဆရာတင်လှိုင်ဦးမှ အသိပညာ အတတ်ပညာနှင့် စာ ပေရသ လူ့သဘာဝ နဲ့ လောကနိယာမ တွေကိုအလင်းပြ သင်ကြားဆို ဆုံးမပေးနေပါသည်။အဲ့လိုသင်ကြားပြသတဲ့ခါ အစမှာ သင်ကြား ပေးတဲ့စာ ဖတ်ကာ မှတ်ထားမိခဲ့တယ်။တရက် ကျွန်တော် ပြန်စဉ်းစားမိတာ တခုရှိတယ်။steemit စလုပ်စဉ်အခါက အပြင်ထွက် ကုန် ကြမ်းရှာpost တခု facebookမှာ တင်လိုက်တယ်။ဆရာ commentsလာပေးပါတယ်။ကုန်ကြမ်းဆိုတာ ရင်ထဲမှာပဲရှိတယ်တဲ့။ခုချိန်မှာ မှန်နေပါတော့တယ်။ဘာ့ကြောင့်လဲ ဆိုတော့ကာ တွေး ခေါ်ရေးသားရတာ အရင်နှင့်မတူတော့ပါ။ ခုတော့ အတွေးအခေါ်အ ရေးအသား အနည်းငယ် တိုးတက်လာနေပါပြီ။နောက်တခုက ဆရာသင်ပြခဲ့အထဲမှာ (မသိစိတ်၏တန်ခိုးစွမ်းအားကို အသုံးချပါ) မသိစိတ်ထဲကို လွှမ်းမိုးဖို့အဓိက အချက်တစ် ခုကတော့ မိမိလိုချင် သော ဖြစ်ချင်သော အရာကိစ္စတစ်ခုကို ထပ်ကာထပ်ကာပြောဆိုခြင်း၊ ထပ်ကာထပ်ကာပြုလုပ်ခြင်းပဲ ဖြစ်ပါ တယ်။ကျွန်တော် ဥပမာ အနေနဲ့ပြောရရင် image ဝါသနာအရ ကွန်ပြူတာလေးနဲ့ပဲ ရေးဆွဲထားတဲ့ ပန်းချီကားလေးပါ။ ကွန်ပြူတာ ဆိုတော့ အပြင်မှာ ဆွဲရတာနဲ့ အတော်လေး ကွာခြားပါတယ်။စုတ်တံနဲ့ဆေး အယူအဆက တခြားဆီပါပဲ။ဒါပေမဲ့လဲ ဝါသနာ ပါတော့ လိုက်ပြီးရှာဖွေကာ ဆွဲကြည့်ရ တော့တာပေါ့လေ။အစပိုင်းမှာ အတော် လေး ဒုက္ခရောက်ရပါတယ်။ ဆရာလဲမရှိ စာအုပ်လဲမရှိ စိတ်ရှိလို့သာ ပုံပေါ်သည် ရ ရှိလာတဲ့ပုံကလဲမကောင်း ဆေးကြောင်း တိုင်းက စိတ်ပျက်ရသည်။ဆေးနဲ့စုတ်တံ အယူအဆတွေ အတော်ကို ရှာ ဖွေလိုက် ရပါသည်။ကိုယ့်ဟာကို ရှာဖွေရတာဆိုတော့ အတော်ကို ကြိုးစားရှာလိုက်ရတာပါ။ ခုသိလိုက်ရတာက ဆရာသင်ကြားပြသ ပေးလိုက်တဲ့ စိတ်ရဲ့စွမ်းအင်ဟာ မိမိရဲ့မသိစိတ်ကဖြစ်ပေါ်လာတဲ့ စွမ်း အင်ဆိုတာသိလိုက်ရပါတယ်။ ထို့ကြောင့် မသိစိတ်ထဲကို လွှမ်းမိုးဖို့ မိမိလိုချင်သော ဖြစ် ချင်သော အရာကိစ္စတစ် ခုကို ထပ်ကာထပ်ကာပြောဆို ခြင်း၊ထပ်ကာ ထပ်ကာပြုလုပ်ခြင်းဖြင့် စိတ်စွမ်းအင်ကို ပိုင်ဆိုင်ကာ အသိပညာဖြင့် ကွပ်ကဲလျှက် ဦးနှောက်နဲ့တွေး လက်နဲ့အချက်ကျကျ ရေးရတဲ့အတွက် စာရေးဆရာမဟုတ်ကြသောမြန်မာစတီးမစ် အဖွဲ့ဝင်များကို ဦးနှောက်လက်သမားများလို့ ခေါ်ဆိုရန်ပင် သင့်ကြောင်း သိစွမ်းသမျှနှင့်တင်ပြလိုက်ရပါသည် မိတ်ဆွေ ကောင်း အပေါင်းတို့ခဗျာ။
ရေးသားသူ - kokokyaw(or) @mgmgaung
msc - 042

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

စိတ်ရဲ့စွမ်းအားကကြီးမားလွန်းပါတယ်ဗျာ

ဆရာသင်ပြမှုနဲ့လက်တွေ့ပေါင်းစဉ်းစားမိမှသိတာ

ဦးနှောက်လက်သမား ကောင်းတယ်အစ်ကို။ကြိုးစားကြမယ်။ဦးနှောက်ကိုအမြဲတမ်းသွေးနေမယ်။

တအားချွန်သွားမယ်နော်ဖြေးဖြေး
စတာ

ဟုတ်အကို အကိုပြောမှ အဲ့လိုခေါ်ရတော့မယ် အကိုရေ

အမှန်ပေါ့လေ

မသိစိတ်​ရဲ့ စွမ်းအား
အရမ်းအံ့သြဖို့​ကောင်းတယ်​ အစ်​ကို​ရေ

ဆရာရဲ့သင်ပြမှုတွေလေbroရဲ့

အာဆို
လက်က တူ
computer (or ) phone လေးက သံ
ပေါ့နော်

အမပြောမှသိတော့တယ် အဲ့ဒါလေးပါထည့်ရေးရမှာ

ဆရာ​ရေ...​အောက်​ဆုံးမှာ ​ရေးတဲ့သူ နာမည်​ထည့်​ဖို့ ကျန်​ခဲ့တယ်​ ထင်​တယ်​၊

ဟုပ်ပဗျာ

ဟုတ်ကဗျာ sorry

ခေါင်းစဉ်​ နဲ့လိုက်​ပါတယ်​ဗျ

ကျေးဇူးပါ

နာမည်အသစ်ရပီကွ

yes

မသိစိတ်ရဲ့စွမ်းအားကလည်းကြီးမားလှပါတယ်။

ဟုတ်ပါတယ်ဗျာ။ကျွန်တော်လဲခုမှသိလာရတာပါ

ပုဆိုးခါးတောင်းကြိုက်ရင်တော့ ကူလီပဲဖြစ်မယ် ဦးနှောက်ခါးတောင်းကြိုက်မှသာ အောင်မြင်တဲ့သူဖြစ်မယ်လို့  ဦးအောင်သင်းလည်း ပြောခဲ့ဖူးပါတယ် ဆရာတင်ကတော့ ဦးနှောက်လက်သမားဆိုပြီး တင်စားတာပေါ့

တင်ပဘုရား

လက်မ လေး မှားထောင်မိတာ ပို့ စ်ကောင်းတစ်ခု ဖြစ်သွားတယ်ပေါ့နော်

ဒါနဲ့ရသေးဘူးတဲ့ ပြန်ရေးရဦးမယ်တဲ့ဟိ

ကျွန်​​တော်​​ရောပါတယ်​​ပေါ့​နော်

တကယ်ကောင်းမွန်တဲ့အရေးအသားပါဗျာ

ကျေးဇူးပါဗျ

မသွေးဘဲထားတဲ့ ကျွန်တော်တို့ ဦးနှောက်တွေလည်း steemit နဲ့ကျမှ အသစ်ပြန်လည် လန်းဆန်းလာတော့တယ် သွေးနေရမယ်ဆိုတာလည်း ခုမှ နားလည်သွားတော့တယ် မသွေးဘဲထားရင် သံချေးတက်ပျက်ဆီးဖို့ဘဲ ရှိပါတော့တယ်

အတူတူပါပဲဗျာဆရာတင်ရဲ့သင်ပြမှုတွေပေါ့

Nice post

thank you

ဦး​နှောက်​အလုပ်​သမား လား ဦး​နှောက်​လက်​သမားလားဗျ

လက်သမားပါ

ဆရာကောင်း တပည့်ကောင်း ပန်းကောင်းပန်နိုင်ပါစေဗျာ

ကောင်းပါတယ်။ ဆရာတင်သင်တန်းမှ အရောင်တလက်လက် ထွက်နေသောကလောင်ကောင်းများ တလက်ပီးတလက် ပေါ်ထွက်လာဦးတော့်မည်။