The grest saw nan wai

in myanmar •  7 years ago 

အင်းပက်ဖို့ရေနှုတ်နေတုန်းအားနေတာနဲ့

ဇာတ်လမ်းလေးတခုပြောပြမယ်နော်



သိုက်နန်းရှင်မြွေမယ်တော်ကြီးစောနန်းဝေ

ရဲ့အကြောင်းရာလေးပါမိတ်ဆွေပါတို့

ပဲခူးမြို့ စကားဝါမြေ ထူးမခြားနား ကရုဏာရာမ
ကျီးတောင်တောရ မြွေဘုရားကျောင်းတိုက်မှ
လေ့လာမှတ်သားကာတင်ပြလ်ုက်ရပါသည်မိတ်ဆွေအပေါင်းတို့ခဗျာ


ပဲခူးမြို့ စကားဝါမြေ ထူးမခြားနား ကရုဏာ

ကျီးတောင်တောရ မြွေဘုရားကျောင်းတိုက်20170828_133159.jpg

အတွင်းရှိကျီးတောင်ဆရာတော်ကြီးနှင့်အတူ

သာသနာပြုရန် အတွက် သိုက်နန်းရှင်မြွေ

မယ်တော်ကြီးစောနန်းဝေ20170828_132927.jpgဟာ၁၃၆၁ခုနှစ်

တပေါင်းလဆန်း( ၁ )ရက်နေ့မှာမိုင်ပေါင်း

( ၁၄၀၀ )လောက် ကွာဝေးလှတဲ့ ရှမ်းပြည်

မြောက်ပိုင်းသီ ပေါမြို့နယ်က ရှေးဟောင်း သမိုင်းဝင် ဘုရားတဆူ ဖြစ်တဲ့ဘော်ကြို အ မည်တပ်မြတ်ပရမေဘုရားမှ(၃)နှစ်(၃)မိုး(၃)လခန့်ကြာသောခရီးဖြင့်သာသနာပြုရန် ရန်ကုန်မြို့ သာကေတမြို့နယ် မှ "ဒေါ်ကျင်

ရွှေ"နေအိမ်သို့ရောက်ရှိခဲ့ပါတယ်။20170827_142644.jpg

ထိုအခါက လူသူအများက စိုးရိမ်ထိတ်လန့်

ကြကာ လှော်ကား (သို့မဟုတ် ) တိရိစ္ဆာန်

ဥယာဉ်သို့ပို့ဆောင်ရန်အကြံပြုကြပါတယ်။ထိုသို့ပြုလုပ်ရန်အတွက် ဆက်သွယ်ဆောင်

ရွက်နေစဉ်မှာပဲ (၁၅) နှစ်မျှ ရှိသေးသော

အမျိုးသမီးငယ်လေးကို ဝင်ရောက်ပူးကပ်

ပါတော့တယ်။

လူကြီးသူမများကလဲ "မြွေကြီးသင်၏နောက်ကြောင်းရာဇဝင်ကို

ပြောပြပါဦး"ဟုဆိုလေသည်။

ထိုအခါ

"ငါသည်လွန်ခဲ့သောနှစ်ပေါင်း(၆၀၀)ကျော်တုန်းက မိန်းမငယ်ဘဝနဲ့ အန္တရာယ်အမျိုး မျိုးနဲ့ကြုံခဲ့ရပြီး ပြေးမိပြေးရာ ပြေးလေ ရာ

(ယခုကျီးတောင်တောရ) နေရာတွင် ရသေ့ ကြီးတပါးရဲ့ စောင့်ရှောက်မှုနဲ့ နေထိုင်ခဲ့ရပါ သည်။တနေ့သောကာလမှာ ရသေ့ကြီးတား

မြစ်ထားသောနေရာမှ ကျော်လွန်ကာ စား သောက်ဖွယ်ရာ ရှာလေရာ ရန်သူလက်ချက်

ဖြင့်အသက်ဆုံးရှုံးရလေသည်။ထို့ကြောင်းအမျက်ဒေါသ ထွက်ကာ ရန်သူကို ပြန်လည်

ချေပချင်သော စိတ်ကြောင့် သိုက်မြွေဘဝ ရောက်ခဲ့လေသည်။ထိုဘဝမှသာသနာပြုရန်

ထွက်ခဲ့ချိန်မှာလမ်းခရီးတွင်အကြိမ်ကြိမ်အသတ်ခံခဲ့ရလေသည်။

ပထမအကြိမ်မှာလမ်းတွင်အသတ်ခံရသည်

ဒုတိယအကြိမ်မှာစထွက်ထွက်ခြင်းအသတ်

ခံရသည်။

တတိယအကြိမ်မှာလမ်းတဝက်တွင်အသတ်ခံရသည်။

စတုတ္တအကြိမ်မှာလမ်းတွင်း(မိုင်း)မိ၍သေဆုံးခဲ့ရသည်။

ထိုသို့မကြိမ်ကြိမ် အခါခါသေဆုံးခဲ့ရသည်ကို

ပြန်လည်ဆန်းစစ်ရာ

သာသနာပြုရန်သွားစဉ်ဘေးအန္တရာယ်အမျိုးမျိုးကြုံနေရသည်မှာကိုယ်ခန္ဓာမသန့်ရှင်းခြင်းကြောင့်ဘေးအန္တရာယ်နဲ့ကြုံတွေ့နေရသည်။ယခုအကြိမ်တွင် ရှမ်းပြည်နယ် သီပေါမြို့

ဘော်ကြိုဘုရားမှသာသနာပြုရန်အတွက်ဆုတောင်းပြီး အပျိုစင်ဘဝနဲ့ တကိုယ်ရည်တစ်

ကာယ အပျိုကြီးဘဝနဲ့ ထွက်လာခဲ့ခြင်း ဖြစ် သည်။အန္တရာယ်များကို ရင်ဆိုင်ကာ သာသ

နာပြုစိတ်ဓာတ်ဖြင့် မိုင်ပေါင်း( ၁၄၀၀ )ဝေး

ကွာသော ခရီးကို တနေ့(၂ )နာရီးနှုန်းဖြင့် (၃)နှစ်( ၃ )မိုး ( ၃ )ရက်မျှ ခရီးဆက်ခဲ့ရ

ကြောင်း မိမိအားဘုန်းကြီးကျောင်းသို့ပို့ပေးပါရန်

အား ဝင်ရောက် ပူးကပ်နေသော ကလေး ငယ်မှ ပြောလေသည်။ "

ထိုအခါမနားရှိလူအများကလဲ

"ကဲ ဒါဆို ဘယ်ကျောင်းလဲပြော

ကျောင်းတွေကအများကြီးရယ်"

ဒီတော့ သူက

"ဒီကကျောင်းတွေမဟုတ်ပါဘူး

ပဲခူးမြို့ကကျီးတောင်ကျောင်းပို့ပေးပါ"

လို့ဆိုသတဲ့

ဒီလိုနဲ့နောက်နေ့မှာပဲခူးမြို့မှာလာရောက်ရှာဖွေရာ၁၃၆၁ခုနှစ်တပေါင်းလဆန်း၂ရက်နေ့

ညနေလေးနာရီထိရှာမတွေ့နိုင်စိတ်ပျက်အားလျော့နေရင်းဆက်လက်ရှာဖွေရာညနေ၆နာရီလောက်မှာတွေ့ရှိပါတော့တယ်။

ထိုနောက်ဆရာတော်အားအလုံးစုံလျှောက်ထားသောအခါဆရာတော်မှာအထိတ်တလန့်အံ့သြစွာဖြစ်ရပါတော့တယ်။

ဆရာတော်လဲတွေ့ဆုံရန်သာကေတသို့လိုက်ပါလာခဲ့ရာည၉နာရီလောက်မှာရောက်ရှိပါတယ်။ထိုအခါ

အရင်ကလေးငယ်အားဝင်ပူးကာ

"တပည့်တော်တို့သည် ဟိုအရင်တချိန်တုန်းက တပည့်တော်မ သည်

ဆရာတော်ကြီး ဟိုးယခင် ရသေ့ဘဝက မွေး စားသမီးအဖြစ် မွေးစားခဲ့သော ရှမ်းစော် ဘွား သိုးဟိုးဘွားရဲ့မြစ်တော်ဖြစ်ကြောင်း ပြေပြလေသည်။

ဆရာတော်ကြီးလဲ ညဥ့်အချိန် ကျိမ်းစက်လေ ရာ ထူးဆန်းသောအိမ်မက် ထူးဆန်းသော

နိမိတ်တို့ကို မြွေမယ်တော်ကြီးက အိပ်မက် ပေးလေသည်။ဆရာတော်ကြီး၏သီလ သမာဓိအားကြောင့်ယခင်ရသေ့ဘဝကိုပြန်လည်သတိရကာနံနက် မိုးသောက်မှာတော့ ဆရာတော်ကြီးဟာ ဒါယိကာ ဒါယိကာမ များ အား ပြန်လည်ပြောပြလေသည်။ မြွေမယ်တော်ကြီးလဲအားရဝမ်းသာဖြစ်ပြီး ကလေးငယ်အားဝင်ပူးလေသည်။

မြွေမယ်တော်ကြီးက

"တပည့်တော်ငယ်စဉ်တုန်းကလိုဆရာတော်

ဘုရားပခုံးထက် တက်ခွင့်ကြုတော်မူပါ ဘုရား"ဟုလျှောက်တင်လေသည်။

ဆရာတော်ကြီးကလဲ

ငါနဲ့ အမှန်တကယ် ပဋ္ဌာန်းဆက် ပါခဲ့လျှင်မူ

ငါ့၏ကိုယ်ပေါ်သို့ ပေါ့ပါးစွာ ( ၅ ) မိနစ်သာ

တက်ခွင့်ပြုကြောင်းပြောလေသည်။မြွေမယ်

တော်ကြီးလဲ ငါးမိနစ်မျှ ညင်သာစွာ တက် လေသည်။20170828_132942.jpg ထိုကဲ့သို့ ဂါရဝပြုရန် အတက်နေ စဉ်အတွင်း ကင်မရာသမားများက ထူးဆန်း

၍ရိုက်ကူးလေရာ ကင်မရာ များစွာထဲမှ တ ဦးထံတွင်သာ ဓာတ်ပုံထင်ခဲ့ကြောင့် သူတို့ ပြောစကားအရ သိရလေသည်။

ထို့နောက် မြွေမယ်တော်ကြီးမှာ သာသနာ ပြုရန် ဆရာတော်ထံလိုက်ခွင့်ပြုရန် တောင်း

ဆိုလေသည်။ဆရာတော်က

"ငါ့သမီးလိုက်လို့မဖြစ်ဘူး ငါ့သမီး

ငါသည်အသက်တွေလဲကြီးပြီ

ငါကနင့်ကိုလဲမစောင့်ရှောက်နိုင်

နင့်အတွက်လဲအစာငါ့အရှာနိုင်

ကျောင်းမှာရှိတဲ့တိရိစ္ဆာန်တွေလဲရှိတယ်

နင်နဲ့တည့်မှာမဟုတ်" ဟုမိန့်လေသည်။

မြွေမယ်တော်ကြီးကလဲ

တပည့်တော်မသည်မည်သည့် သတ္တဝါကိုမျှ

အန္တရာယ်ပြုခြင်း အထိတ်တလန့် ဖြစ်ခြင်း

မရှိစေပဲ ကျောင်းတွင်ရှိသောသတ္တဝါများ နှင့်လဲ တည့်အောင်နေပါမည် ဘုရားဟု

လျှောက်ထားလေသည်။

ဆရာတော်လဲ

အေးဒါဆိုလဲကောင်းပြီ

ကျန်ရှိသောအကြောင်းအာများအားနောက်ရက်များတွင်ဖော်ပြသွားပါမယ်။
ရေးသားသူ
thar thar (or) kokokyaw

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ခုထိ အဲ့ မြွှေမယ်တော်ရှိနေသေးလားဟင်

ရှိတာပ လာလည်လေ လိုက်ပို့ပေးမယ်

  ·  7 years ago (edited)

ဟုဟု နောက်များမှ အဆင်ပြေရင် လာပါ့မယ်ဗျာ

Good Article

ကြော်ငြာလေးပေါ့လေ
ဟီးဟီး
thank fri

ကိုကို ​ဆက်​​ရေး ​ကောင်းတယ်

အားပေးလို့ကတော့
သင့်အတွက်မနက်ဖန် မျှော် တွေများကြီးပဲနော် ဟီး

followed and upvoted you...if you like technology,please follow me!!

ok
thank bro