Puppy လေးတစ်ကောင်မွေးမည်ဆိုလျှင်-Final

in myanmar •  6 years ago 

C6FCFFC0-6480-432F-BE34-1BF78F020B43.jpeg

တကယ်တမ်းဆိုလျှင် puppy လေးတကောင်ကိုမွေးရသည်မှာမလွယ်ကူပါ။ ငယ်သေးသည့်ချိန်တွင် ကလေးတစ်ယောက်မွေးထားသကဲ့သို့ပင် ကျွေးရ၊မွေးရ၊ပြုစုရဖြစ်ရသည်မှာ အမှန်ပင်ကရိကထများလှသည်မှာတော့ အမှန်ပင်ဖြစ်ပါသည်။ အကယ်၍ စာဖတ်သူတို့သည် ယခုမှ တစ်လသား puppy လေးတစ်ကောင်ကိုမွေးရန်ဝယ်လာသည်ဆိုပါစို့။

ထို puppy လေး၏ အလေးအပေါ့စွန့်မှု၊ ညအချိန် လူအိပ်၍ကောင်းချိန်တွင် ကလေးငယ်များကဲ့သို့ တအီအီအော်ခြင်း၊နို့တောင်းခြင်းစသည်တို့ကို ထည့်တွက်ထားရန်လိုပေသည်။ မွေးဖွားလိုကြသည့် ချစ်စရာ puppy လေးတို့သည် အဟိတ်တိရစ္ဆာန်ဖြစ်ကြသည်မို့ အလေးအပေါ့တို့ကို စွန့်ချင်တိုင်းစွန့်လေ့ရှိကြသည်။ထိုသို့ပြုမှုလျှင် မွေးမည့်စာဖတ်သူအနေဖြင့် စနစ်တကျ သန့်ရှင်းရေးလုပ်မှု၊စနစ်တကျ စွန့်ပစ်မှုစသည်တို့ကိုပြုလုပ်ပေးရန်လိုပေသည်။

5F74BA47-C724-48FF-9F57-C8867BA802FF.jpeg

နောက်တချက်အနေဖြင့် ည လူအိပ်ချိန်တွင် တအီအီအော်ခြင်းမျိုးများသည် မိမိတို့ puppy လေးများငယ်ရွယ်သေးချိန်တွင်သာ ကြုံတွေ့ရလေ့ရှိလေ့ရှိပါသည်။ကြီးသောအခါဖြစ်စေ၊စာဖတ်သူအိမ်တွင် နေတာအသားကျသွားသောအခါဖြစ်စေ ထို့အမှုအကျင့်ပျောက်သွားလေ့ရှိပါသည်။ထို့ကြောင့်ချစ်စရာ puppy လေးများမွေးမည့် သူများအနေဖြင့် ထိုအချက်တစ်ချက်ကိုလည်းထည့်စဉ်းစားရမည်ဖြစ်သည်။

ထို့အပြင် puppy လေးတစ်ကောင်မွေးတော့မည်ဆိုပါက မိမိအိမ်သို့ရောက်ရောက်ချင်း၊ဝယ်ဝယ်လာချင်းတွင် တိရစ္ဆာန်ဆေးကုဆရာဝန်ဖြင့်တိုင်ပင်ကာ သူ့သက်ဆိုင်ရာ ကာကွယ်ဆေးများ၊သန်ချဆေးများ၊ကျောက်ကာကွယ်ဆေး ထိုးနှံသင့်ပါသည်။ထို့အပြင် ပိုအရေးကြီးသည့်တစ်ချက်မှာ တိလေးများအများဆုံးထိုးကြသည့် ခွေးရူးကာကွယ်ဆေးကိုထိုးနှံရန်အလွန်အရေးကြီးပါသည်။

B8341BF6-9CCC-4C0B-925B-0637409791F5.jpeg

အဘယ်ကြောင့်ဆိုသော် စာဖတ်သူများသိသည့်အတိုင်းပင် ခွေးရူးရောဂါသည်ကြောက်စရာအကောင်းဆုံးရောဂါဆိုးတစ်ခုဖြစ်သည်မဟုတ်ပါလား။ထို့ကြောင့် ကြိုတင်ထိုးနှံပေးထားမှသာ ချစ်စရာ puppy လေးကော သခင်ဖြစ်သူကိုပါ နှစ်ဦးနှစ်ဖက်အကျိုးရှိ၍ အန္တရာယ်ကင်းစေမည်ဖြစ်ပါသည်။ထို့ကြောင့် puppy လေးများမွေးမည့်အတွေးရှိသည်ဆိုလျှင် မွေးကြည့်ပါ။ခွေးလေးများသည် လူသားတို့၏အကောင်းဆုံးအဖော်မွန်ပင်ဖြစ်ပါသည်။

written by @mgtoetat
photos by @mgtoetat
MSC-073
post on busy

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

တန်‌ဘိုး ဘယ်‌‌လောက်‌ ရှိလဲညီ။

နိုင်ငံခြားမျိုးတွေတော့ မြန်မာငွေ ခုနှစိသောင်းကနေ မစားစားရှိတယ်ဗျ

Love puppies 😘

Posted using Partiko Android

ဟုတ်ကဲ့ပါဗျာ လာအားပေးမှုတွက်ကျေးဇူးပါ

Thanks for your supporting!!

မွေးကြည့်ချင်သား ချစ်စရာလေးတွေ😍

အလွန်မွေးသင့် 😁

ကောင်းပါတယ်​ ဗျာ
တိရစ္ဆာန်​လေး​တွေချစ်​တပ်​တာ

ဟုတ်ပါတယ် ဦးယုရေ

ကောင်းပါတယ်​ ဝါသနာပါရာ​ပေါ့ ​ခွေးချစ်​သူများအဖွဲ့လဲရှိတယ်​​နော်

Posted using Partiko Android

ဟုတ်တယ်ဗျ

အဟိတ်ဆိုသည်မှာ ပြောပြပါလား ညီလေး

အဟိတ်ကို အဘိဓာတ်မှာ စဉ်စားချင့်ချိန်နိုင်မှုကင်းသော၊ဆင်ခြေနိုင်မှုကင်းမဲ့သော လို့ အဓိပ္ပာယ်ဖွင့်ထားပါတယ်ဗျ ကိုဟိန်းသိတာရှိရင်လဲ အလင်းပြခဲ့ပါဦး

ခွေးကလေးကိုမချစ်ပါ

ဒါဆို ကြောင်ချစ်တတ်လားဗျ အန်တီမိုးဝေ

ကိုယ့်ကိုယ်ကိုအချစ်ဆုးံပါ

ခွေး​လေး​တွေ​တော့ ချစ်​တယ်​ဗျာ ​မွေး​တော့ မ​မွေးဘူး​သေးဘူး😁😁

မွေးကြည့်ဗျာ ခွေးမွေးတာ အပြုသဘောအနေနဲ့ဆို ကောင်ူပါတယ်ဗျာ

အိမ်​မှာ ​ကြောင်​ရှိ​တော့ ကိုက်​မှာလဲစိုးတာနဲ့ မ​မွေးဖြစ်​ဘူးဗျာ😁

Posted using Partiko Android

ခွေးနဲ့ကြောင်နဲ့တော့ တည့်တာတော့ ရှားသဗျာ

ဟုတ်​ပဗျာ ရှိ​တော့ရှိတယ်​ တည့်​တာရှားတယ်​ဗျာ

Posted using Partiko Android

ခွေးတွေထဲမှာ ဦးလူသာခွေးက အလိမ်မာဆုံးပဲ။ သူငယ်ချင်းရဲ့အဖေ့ခွေးလေးပြောပါတယ်

ဟုတ်ကဲ့ ဦးမင်း

အစ်မကတော့ ခွေးလေးတွေဆို ချစ်စရာအကောင်သေးလေးတွေထက် husky တို့ Golden တို့လို ကောင်တွေကို ပိုချစ်တယ်။

ဈေးလဲကောင်းတာကိုး အစ်မရဲ့ 😢

ဟုတ်ပါ့ ဟတ်စကီးဆို ဈေးတောင်မမေးရဲဘူးး

ဟုတ်ပါ့ဗျာ 😓

ခွေးလေးတွေ ချစ်တာကောင်းပါတယ် ဗိုလ်ခွေးတွေကို ချစ်ပေမဲ့ မွေးနိုင်ပါဘူးအေ သူတို့က ဈေးကြီးတယ်

Posted using Partiko Android

အမှန်ပါပဲဗျာ

ဗဟုသုတရပါတယ်​...

Posted using Partiko Android

ဟုတ် ဗဟုသုတရတယ်ဆိုတော့ ဝမ်းသာရပါတယ်ခမျ

Congratulations @mgtoetat! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

To support your work, I also upvoted your post!

Support SteemitBoard's project! Vote for its witness and get one more award!

Congratulations @mgtoetat! You have completed the following achievement on the Steem blockchain and have been rewarded with new badge(s) :

Award for the number of comments received

Click on the badge to view your Board of Honor.
If you no longer want to receive notifications, reply to this comment with the word STOP

Support SteemitBoard's project! Vote for its witness and get one more award!

နေ့တိုင်းတင်လို့ရသားနဲ့ နေ့တိုင်းတင်ပါလား မောင်တိုးတက်ရ