ဘစ်​ကိုင်​နဲ့ပက်​သက်​ပြီစပ်​မိစပ်​ရာကွိစိကွစ(Bitcoin)

in myanmar •  7 years ago 

ကျွန်​​တော်​​ပြောပြ​ပေးမှာက​တော့Bitcoin နဲ့ပက်​သက်​တဲ့အ​ကြာင်းအရာ​လေ​တွေ့ပါ။ ဖတ်​ပြီး​တော့​ဝေဖန်​ကြတာ​ပေါ့။
Cryptocurrency (Digital money)

Cryptocurrency ရဲ့ အစဟာ Bitcoin ဖြစ်ပါတယ်။ ဒါပေမယ့် Bitcoin မပေါ်ခင်က စဦး Digital money အဖြစ် E-Gold (1996) အရင်ပေါ်ပါတယ်။ နောက်တော့ Hacker တွေတိုက်ခိုက်ခံရပြီး ပျောက်ကွယ် သွားပါတယ်။ သူ့နောက်မှာ Digital Money ထဲအကျုံးဝင်တဲ့ Web Money (1998) (ခုထိရှင်သန်ဆဲ), Liberty Reserve (2006) (ဥပဒေနဲ့ညိလို့ဆိုပြီး ဖျက်သိမ်းခံရ), Perfect Money (2007) (လက်ရှိအချိန်ထိ) တို့အသီးသီး ထွက်ပေါ်ပါတယ်။

Bitcoin (the gold)

Bitcoin ကို Satoshi Nakamoto ခေါ် အမည်ရင်းမသိ၊ ဘယ်သူမှန်းမသိတဲ့ ဂျပန်လူမျိုး programmer သို့မဟုတ် programmer များအဖွဲ့က 2008 ခုနှစ် အောက်တိုဘာ 31 မှာ C++ language နဲ့ ရေးသားခဲ့ပြီး 2009 ဇန်န၀ါရီမှာ Open-source အဖြစ် ဖွင့်ချပေးခဲ့ပါတယ်။ ခုချိန်ထိ Satoshi Nakamoto ကို ဘယ်သူမှန်းမသိကြပါဘူး။ သူဟာ ဂျပန်လူမျိုးဖြစ်ပြီး 5.4.1975 ခုနှစ်မှာ မွေးဖွားခဲ့တာလောက်ပဲ သိကြပါတယ်။ သူ (သို့မဟုတ်) သူတို့ရဲ့ နည်းပညာကို open-source ချပေးလိုက်တဲ့အတွက် Bitcoin ကို ဘယ်သူမှ တစ်ဦးတည်းမူပိုင် ထိန်းချုပ်ခွင့်မရှိတော့ဘဲ ကမ္ဘာအနှံ့ လွတ်လပ်စွာကျယ်ပြန့်လာစေပါတယ်။

Bitcoin mining (Bitcoin ကို ထုတ်လုပ်ခြင်း)

Bitcoin ကို မိုင်းတူးခြင်းဖြစ်စဉ်နဲ့ ထွက်ရှိစေပါတယ်။ Bitcoin mining ဆိုတာ network လုံခြုံရေး၊ ငွေလွှဲပြောင်းမှု (transaction) လုပ်ငန်းစဉ်အတွက် တွက်ချက်မှုစွမ်းအား အသုံးပြုခြင်းနဲ့ စနစ်အတွင်း လူတွေ တစ်ပြိုင်တည်း double လုပ်ဆောင်မှုကို ထိန်းပေးခြင်းလို့ဆိုပါတယ်။ မိုင်းတူးခြင်းလို့ရည်ညွှန်းတာကလည်း ပြင်ပမှာတကယ်မိုင်းတူးပုံနဲ့တူလို့ဖြစ်တယ်။

ပြင်ပမှာ တကယ်မိုင်းတူးတာမျိုးမဟုတ်ဘဲ Computer, Hardware, Software တွေနဲ့ Bitcoin ကို မိုင်းတူးစေပါတယ်။ အဲ့ဒီ hardware, software တွေဟာ မိုင်းတူးသမား (miner) တွေဖြစ်ပါတယ်။ (Bitcoin Mining စက်ထောင်ထားတဲ့လူတိုင်းကို Bitcoin Miner လို့ အလွယ်ခေါ်ပေမယ့် ဒီနေရာမှာတော့ Bitcoin Mine Owner လို့မှတ်ထားပါ။) တကယ့်လောကမှာ မိုင်းတူးသမား(လူ)တွေ မိုင်းတူးရင် ရွှေ၊ သတ္တု တစ်တုံးစ နှစ်တုံးစ ရသလို Bitcoin miner တွေမှာက Block တစ်တုံးစ နှစ်တုံးစ ရပါတယ်။ ရလာတဲ့ Block တစ်ခုကို 50 Bitcoins နှုန်းနဲ့ စထွက်စေပါတယ်။ Block ပေါင်း 210,000 ပြည့်တိုင်း Bitcoin တစ်ဝက်လျော့ကျလာပါတယ်။ ဥပမာ- Block ပေါင်း 210,000 ရောက်တဲ့အထိ Block တစ်ခုကို 50 Bitcoins နှုန်းပေးပါမယ်။ 210,001 ကစပြီး Block တစ်ခုကို 25 Bitcoins သာ ထုတ်ပေးပါမယ်။ ဒီလိုနဲ့ Block တွေများလာတိုင်း တဖြည်းဖြည်းလျော့လာပြီး နောက်ဆုံး Bitcoin Zero ဖြစ်သွားပါမယ်။ အသစ်မထုတ်နိုင်တော့ပါဘူး။ Block တစ်ခုတွေ့ရှိဖို့ ပျမ်းမျှ 10 မိနစ်သတ်မှတ်ထားပါတယ်။ ဒါဆိုရင် ပျမ်းမျှအားဖြင့် Block တစ်ခုအတွက် Bitcoin ရရှိမှုနှုန်းဟာ ၄ နှစ်မှာတစ်ကြိမ် တစ်ဝက်နှုန်း လျော့ကျလာမယ်။ July 2016 ကစပြီး Block တစ်ခုကို 12.5 Bitcoin သာရရှိတော့တယ်။

မိုင်းတူးသမား(လူ)တွေများရင် ရွှေ၊ သတ္တုတွေ မြန်မြန်နဲ့များများရသလို Bitcoin miner များရင် block တွေ မြန်မြန်နဲ့များများရပါမယ်။ Bitcoin miner အရေအတွက်ဟာ Mining Power ပေါ်မှာမူတည်ပါတယ်။ Mining Power ကို စက်မှာတပ်ဆင်ထားတဲ့ CPU (Central Processing Unit), GPU (Graphics Processing Unit) ပမာဏပေါ်မူတည်ပြီး Hash rate နဲ့ တိုင်းတာပါတယ်။ Bitcoin miner တွေများလာတဲ့အခါ Block တစ်ခုကို 10 မိနစ်ထက်စောပြီး မြန်မြန်တွေ့လာရင် Bitcoin difficulty စတင်ပါမယ်။ (ပြင်ပမှာလည်းပဲ မိုင်းလုပ်သားများလို့ မြန်မြန်ထွက်ရှိတဲ့အခါ မိုင်းတူးရခက်လာသလိုပေါ့။) Bitcoin difficulty စတင်တဲ့အခါ Block တွေ့ရှိမှု နှေးသွားပြီး Block တစ်ခု 10 မိနစ်နှုန်းကို ပြန်ရောက်လာပါမယ်။ ပြီးရင် တစ်ဖန် looping ထပ်ပတ်ပါမယ်။ ဒီလိုနည်းနဲ့ Bitcoin ကို အလွယ်တကူ မထွက်ရှိအောင် looping ပတ်ထားပါတယ်။ မိုင်းတူးပုံသဘောတရားအတိုင်းပါပဲ။ ဒါကြောင့်လည်း သူ့ကို crypto-gold လို့တင်စားခေါ်ဝေါ်ပါတယ်။

အစကပြောခဲ့သလို ငွေကြေးဆိုတာ ကြားခံလဲလှယ်ရေးပစ္စည်း ဖြစ်တဲ့အတွက် ငွေကြေးရင်းမြစ်ဆိုတာရှိရ ပါတယ်။ ဒီရင်းမြစ်နဲ့ညီမျှတဲ့ ငွေကြေးကိုပဲ ထုတ်ခွင့်ရှိတယ်။ အသစ်ထုတ်ခွင့်မရှိဘူး။ global currency ဖြစ်တဲ့ Bitcoin ဟာ ကမ္ဘာအရပ်ရပ်က paper money (or) hard money ကနေ digital money (or) soft money အဖြစ်ကို ပြောင်းလဲစေချင်တာဖြစ်တဲ့အတွက် ကမ္ဘာအရပ်ရပ်ရဲ့ ပို့ကုန်သွင်းကုန် (သို့မဟုတ်) ရောင်းလိုအားဝယ်လိုအား အပေါ်အခြေခံပြီး Bitcoin အသစ်ထွက်ရှိခွင့် 21 မီလီယံ သတ်မှတ်ပေးထားပါတယ်။ အမှန်တကယ်ရှိတဲ့ ရင်းမြစ်ဟာ Bitcoin ထွက်ရှိတဲ့ပမာဏထက်နည်းတဲ့အခါ Bitcoin တန်ဖိုးကျမယ်၊ ဖောင်းပွမယ်။ ရင်းမြစ်ကများလာရင် Bitcoin တန်ဖိုးတက်မယ်။ ဒါပါပဲ။

Bitcoin ကို စထွက်စေတဲ့အခါ Mining Power ပေါ်မူတည်ပြီး တွက်ချက်ထွက်ရှိစေတယ်။ Mining Power မြင့်လေ Miner များလေဖြစ်သလို Mining စက်ရဲ့ တန်ဖိုးကလည်း မြင့်တက်လေဖြစ်လာ ပါတယ်။ ငွေကြေးသဘောတရားအရ Bitcoin ကိုလည်း ရှိပြီးသား ငွေကြေးနဲ့လဲယူရမှာဖြစ်လို့ စက်ရဲ့တန်ဖိုးအတွက် သုံးလိုက်ရတဲ့ ငွေအရင်းအနှီးကို ရင်းမြစ်အဖြစ်ယူပြီး coin အရေအတွက်ကို တွက်ချက် ထွက်ရှိစေတယ်။ Bitcoin software ကတော့ ငွေပမာဏဘယ်လောက်ဆိုတာ မသိပါဘူး။ သူ့ကိုခိုင်းစေထားတဲ့အတိုင်း Mining power ပေါ်မူတည်ပြီး ထုတ်ပေးမှာဖြစ်တယ်။ ဥပမာ- စက်တန်ဖိုးဟာ $1000 ဖြစ်ရင် အဲ့ဒီ $1000 စက်ရဲ့ Mining power အလိုက် coin အရေအတွက်ကို ထွက်ရှိစေမှာဖြစ်တယ်။ ပထမဦးဆုံးထွက်လာတဲ့ coin အရေအတွက်ဟာ $1000 နဲ့ညီမျှတယ် လို့ ယေဘူယျယူဆနိုင်တယ်။

Program ရေးဆွဲထားတဲ့ looping အတိုင်း Bitcoin difficulty ဖြစ်စဉ်ကို ရောက်တဲ့အခါ Bitcoin ထွက်ရှိမှု နှေးသွား၊ ရပ်သွားမယ်။ တကယ့်လောကမိုင်းတွင်းမှာ ရွှေ၊ သတ္တုတွေ နည်းသွား ကုန်သွားသလိုပေါ့။ မိုင်းလုပ်သားတွေရရှိလာတဲ့ ရွှေတွေကို မိုင်းပိုင်ရှင်ကုမ္ပဏီ (Mine owner) သို့သွင်းပြီး Mine owner ဟာ ရရှိလာတဲ့ ရွှေ၊ သတ္တုတွေကို သူ့ရဲ့အရင်းအနှီး၊ သုံးစွဲရတဲ့အချိန်၊ ကုန်ကျစရိတ်တွေနဲ့ တွက်ချက်ပြီး တန်ဖိုးသတ်မှတ်ကာ ဈေးကွက်ပို့မယ်။ ဒီလိုသဘောအတိုင်း Bitcoin Mine owner တွေက လည်း ထွက်ရှိလာတဲ့ coin တွေကို ကနဦးတန်ဖိုး သတ်မှတ်ပြီး ဈေးကွက်ပို့တဲ့အခါ နောက်ထပ်ငွေ အရင်းအမြစ်တွေနဲ့ လဲယူကြတဲ့အတွက် ၀ယ်လိုအားတက်လာပြီး Bitcoin တန်ဖိုးလည်း လိုက်တက်လာတယ်။

Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ် နောက်တစ်ဖန် မစမချင်း ၀ယ်လိုအားရောင်းလိုအားပေါ်မူတည်ပြီး Bitcoin တန်ဖိုး အတက်အကျဖြစ်ပေါ်လာတယ်။ Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ် မစသေးတဲ့အခါ Mine owner တွေဟာ user အချင်းချင်း ငွေပေးငွေယူမှု (transaction) ကြောင့်ဖြစ်ပေါ်လာတဲ့ Block တွေကို ဖြေရှင်းချိတ်ဆက်ပေးရ၊ ကွန်ရက်ကို ထိန်းသိမ်းပေးရတဲ့အတွက် Blockchain network မှတဆင့် ၀န်ဆောင်ခအဖြစ် ရှိပြီးသား Bitcoin ကနေပြန်လည်ရရှိတယ်။ Bitcoin အသစ်ထွက်ရှိမှုဖြစ်စဉ်ပြန်စတဲ့အခါလည်းပဲ Bitcoin အသစ်လည်းရမယ်၊ ငွေအလွှဲအပြောင်းကြောင့် ၀န်ဆောင်ခလည်းရမယ်။ ဒီအခါ Bitcoin တန်ဖိုးလည်း အထိုက်အလျောက်ကျ မယ်။ ပြင်ပလောက ရဲ့ ငွေကြေးသံသရာလည်ပုံသဘောတရားအတိုင်းပါပဲ။
image

Ethereum (the gas or ether: crypto-fuel)

Ethereum ကို crypto-fuel လို့ တင်စားခေါ်ဝေါ်ပါတယ်။ သူ့ရဲ့ မူလရင်းမြစ်ဟာ ရေနံနှင့်သဘာဝ ဓါတ်ငွေ့ရောင်းဝယ်မှုပေါ်မှာ အခြေခံထားပါတယ်။ ဒါကြောင့်ပဲ သူ့ကို ရေနံတူးဖော်ခြင်းဖြင့်ထုတ်ပါတယ် လို့ အလွယ်ပြောခဲ့ပါတယ်။ Ethereum ကို အသက် ၂၃ နှစ်သာရှိသေးတဲ့ ရုရှားလူမျိုး programmer Vitalik Buterin (ဗစ်တလစ် ဘုတရင်) မှ C++, Go, Rust စတဲ့ programming language များနဲ့ ရေးသားပါတယ်။ Bitcoin Blockchain နည်းပညာကိုအခြေခံပြီး သူ့ထက်ပိုကောင်းတဲ့ Ethereum Blockchain ကို ရေးသားပါတယ်။ Bitcoin Blockchain က လွတ်လပ်စွာငွေပေးချေမှုတစ်ခုတည်းကိုပဲ အာရုံစိုက်ထားပြီး Ethereum Blockchain က Smart contract တွေမှာပါ ချိတ်ဆက်လို့ရအောင်၊ အရာအားလုံး decentralized ဖြစ်အောင် ရေးသားထားပါတယ်။ Smart Money အဖြစ် လုပ်ဆောင်စေဖို့ပေါ့။ Smart contract ဆိုတာ လူအများလက်ရှိရင်းနှီးနေကြပြီဖြစ်တဲ့ Smart card, Smart phone တွေကို နားလည်ရင် ရှင်းပြဖို့လိုမယ်မထင်ပါဘူး။ ကိုယ်တိုင်ဖြေရှင်းဆုံးဖြတ်ပြီး အလိုအလျောက် လုပ်ဆောင်စေတဲ့ နည်းပညာပါ။ ဒီနည်းပညာသုံးထားတဲ့ စက်တွေ၊ application တွေနဲ့ချိတ်ဆက်ဖို့ Ethereum Virtual Machine (EVM) ကို ရေးသားထားပြီးဖြစ်တယ်။ ဒီ EVM ကို စက်ထဲသွင်းလိုက်ရုံနဲ့ Ethereum network ထဲ အလိုအလျောက်ချိတ်ဆက်သွားစေမှာဖြစ်တယ်။ Ethereum ကိုလည်း Bitcoin လို မိုင်းတူးခြင်းဖြစ်စဉ်နဲ့ ထွက်ရှိစေပါတယ်။ ဒါပေမယ့် Bitcoin လို လူတိုင်း မိုင်းတူးဖို့မလွယ်ပါဘူး။ Ethereum ကို 2013 မှာရေးဆွဲပြီး 2015 လောက်ကမှ relase လုပ်ခဲ့ပေမယ့် သူ့အရင်ထွက်ရှိနှင့်တဲ့ cyptocurrency တွေကို ဘာကြောင့်ကျော်တက်လာခဲ့သလဲ။ အဖြေကရှင်းပါတယ်။ သူ့ရဲ့ ရင်းမြစ်ကြောင့်ပါပဲ။

ဒီလို ငွေကြေးသဘောတရားကိုနားလည်ရင် ငွေကြေးဆိုတာ အသစ်ဖန်တီးပြီး ထုတ်ချင်တိုင်း ထုတ်လို့ မရကြောင်း နားလည်ပါမယ်။ အခု cryptocurrency တွေ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ အလျှိုလျှိုထွက်လာကြ တယ်။ ဈေးကွက်မရှိသေးတဲ့ coin တွေလည်း ထုတ်နေကြတယ်။ သူတို့အားလုံးရဲ့အခြေခံရင်းမြစ်က Bitcoin ပဲ။ နောက်ပိုင်းမှာတော့ Ethereum system ကိုအခြေခံတဲ့ coin တွေထွက်လာတယ်။ Ethereum ကလည်းပဲ Bitcoin ကို အခြေခံထားရတာပါပဲ။

အရာအားလုံးဟာ ရောင်းလိုအားဝယ်လိုအားပေါ်မှာ ရင်းမြစ်ယူကြတာမှန်ပေမယ့် လူသုံးများတဲ့ ရင်းမြစ် ကသာ လူတွေကို ပိုမိုဆွဲဆောင်နိုင်လိမ့်မယ်။ လူတွေပိုမိုလက်ခံသုံးစွဲလာရင်ကိုပဲ ဒီငွေကြေးဟာ global currency အလိုလိုဖြစ်သွားမှာပဲ။ Bitcoin ဟာ အထင်ရှားဆုံး ဥပမာဖြစ်တယ်။ MLM လို လူများလာအောင် မက်လုံးပေးပြီး လိုက်ဆွယ်နေစရာမလိုဘူး။ ဒါဆိုရင် နောက်ထွက်လာတဲ့ coin တွေမှာ သူတို့ရဲ့ Ecosystem ကိုကြည့်ပြီး ဒီ ငွေကြေးကို ရင်းနှီးမြှုပ်နှံလို့ အကျိုးအမြတ်မြန်မလား၊ ကြာမလား၊ ဆုံးရှုံးသွားမလား ခွဲခြမ်းစိတ်ဖြာနိုင်ပါမယ်။

image

Thanks you for reading
Crd by millioner
Photo by google image

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

Good artical...

I GOT SO MANY KNOWEDGES..THANS..