စိတ်ပျက်စရာ့ စတီးမစ်

in myanmar •  7 years ago 

image
အများသူငါက မင်္ဂလာပါ စတီးမစ် ခေါ်ဝေါနှုတ်ဆက်နေချိန်တွင် ဒီလူကြီး မင်းစိုးနိုင်တစ်ယောက် ဘယ် လိုများ စတီးမစ်ကိုပြောလိုက်ပါလိမ့်။ တကယ်ပဲစိတ်ပျက်ပြီး စတီးမစ်မှထွက်တော့မလို့လား။မတွေးလိုက်ပါနဲ့။ မထွက်ပါ။ Steemit မှ လုံးဝမထွက်ပါ။ မထွက်ရုံလည်းမဟုတ်သေး။ Steemit စွဲသည့်ရောဂါတောင်ရနေပြီလား မသိ။ နေ့နေ့ညည Steemit နေလို့ အိမ်က မိန်းမကပင် Steemit နဲ့ပေးစားတုတ်ခံနေရသူ။ အဲဒီစတီးမစ်ကြီး ပဲယူထားလိုက်တော့ ဟူ၏။
image
မိန်းမမျက်နှာ တစ်နေ့တစ်ခါသေသေချာချာမကြည့်မိသော်လည်း Steemit ကြတော့အကြိမ်ကြိမ်အခါခါ ကြည့်နေလို့တဲ့။ ဟုတ်တော့လည်းဟုတ်ပါရဲ့။ တစ်နာရီတစ်ခါလောက်မှ Internet ကလေးဖွင့်ပြီး www.steemit.com ကလေးထဲ ဝင်မကြည့်ရရင်မနေတတ်မထိုင်တတ်ကိုဖြစ်နေပြီ။ ဆိုတော့…..
သည်လိုမျိုး စတီးမစ်ကို စွဲလမ်းနေပါတယ်လို့ပြောနေသူက “စိတ်ပျက်စရာ့ စတီးမစ်” ဆိုတော့ နည်းနည်း လေးတော့မဟုတ်သေးဘူးလေ။ အကြောင်းရှိကိုရှိရမယ်။ အကြောင်းရှိတာပေါ့။ဒီမှာဗျာ တစ်ခါတစ်လေသိလား ကိုယ်က ပုံမှန်အတိုင်း Vote ခံထိဖို့ထက် Steemit ကိုတင်ပြချင်လာတဲ့အကြောင်းလေးရှိလာတဲ့အခါ။ သူများ တွေလို အစည်းအဝေးခေါ် တစ်ယောက်တစ်ပေါက်ဝိုင်းပြောကြတာထက် ကိုယ်ပြောချင်တဲ့အကြောင်းအရာကို Post လေးရေးတင် ဝိုင်းဖတ်ပြီးဝေဖန်စေချင်တာ။ အဲဒီလို Post မျိုးတင်တဲ့အခါ Vote ရတာမရတာကိုဂရုမစိုက်ဘူး ။ဝေဖန်စေချင်တာ၊ အပြစ်တင်ဝေဖန်မယ်ဆိုရင်တောင်စိတ်မဆိုးဘူး။ ကိုယ့်အမြင်သူ့အမြင်တူချင်မှတူမှာကို နား လည်ထားပြီးသား။ ခက်တာက ဘယ်သူမှဝင်မဖတ်ကြတာပဲ။ တိတ်လို့ငြိမ်လို့ Steemit ဆိုတာရှိသေးရဲ့ လာ တောင်အောက်မေ့မိတယ် တကယ်။တစ်ခါတစ်လေ တွေးမိလာတာက တို့ မြန်မာတွေအခုဖွဲ့စည်းထားတဲ့ MSC ကြီးမှာ Steem Power တွေ တစ်ယောက် 10000, 15000 များရလာကြတဲ့အခါ ကိုယ် Post ကိုယ် Vote ပြီးကျေနပ်နေကြမလား တောင်ထင်မိတယ်။
image
Steemit မှာတစ်ချို့များ Post တင်ပြီး ၁၀ နာရီလောက်အတွင်း Vote တဲ့သူက 500 လောက် Steem က 400 ကျော်လောက်၊ comment တွေက ၆၀၊၇၀ နဲ့ တိမ်တိမ်ကိုမြည်လို့။ တို့များကျတော့ ဝင်ဖတ်သူ တောင်တစ်ယောက်စ နှစ်ယောက်စနဲ့ စိတ်ပျက်စရာ။ ဒါတွေရေးပြီး မင်းစိုးနိုင်ပြဿနာရှာနေတာလားမဟုတ်ပါ။ ပြဿနာမရှာ လိုပါ။ ပြဿနာရဲ့အဖြေကိုရှာချင်တာပါ။ WHY?။
SP မရှိသေးလို့ဟုထင်ခဲ့မိပါသော်လည်း SP ရှိလာရင်ရောထူးခြားပါ့မလားစိုးရိမ်မိပါသည်။ သူရို့တွေသည် စီးပွားရေးသဖွယ်စောက်ချလုပ်ကိုင်နေကြပြီး ကျွန်တော်တို့သည် မိမိစီးပွားရေးအလုပ်များကိုလုပ်ကိုင်ကြရင်း တစ်ဖက်က Steemit အတွက်အချိန်အနည်းငယ်မျှပေးနိုင်ကြခြင်းကြောင့်သာ ယခုလိုမျိုး မိမိတို့ MSC Group အတွင်းမှ Post များကို စောင့်ကြည့် Vote , Comment များပေးမနေနိုင်ကြခြင်းသာဖြစ်မည်ဟုတော့ယူဆပါ သည်။မည်သို့ပင်ဖြစ်စေကာမူ MSC တည်တန့်ရေး၊ MSC အောင်မြင်ရေးသည် Vote , Comment များပုံမှန်ပြု လုပ်ပေးနိုင်ရေးနှင့်တိုက်ရိုက်သက်ဆိုင်နေသည့်အတွက် MSC များတင်များတင်လာသမျှ Post မျးကို အားလုံး Vote , Comment များပေးနိုင်ရန် နည်းလမ်းရှာဖွေထားကြရန်သေချာပေါက်လိုအပ်လာမည်ဟုထင်ပါသည်။ လက်ရှိ အချိန်တွင် MSC အများစု၏ Steem Power များသည် နည်းပါးကြသည့်အလျောက် ၁၀ ဦးခန့် Vote ပေးပြီးလျှင် 0.01$ ပင်ကောင်းကောင်းမတတ်လာတော့ပါ။ သို့ဖြစ်၍ Vote ကို Promotion နှင့် bot များကိုသာ အား ထားကြရမည်ဖြစ်ရာ MSC များတင်လာသမျှ မလွတ်တမ်း Vote ပေးမည်ဆိုလျှင် Voting power လျော့ချ၍ ပေးမှသာ အများစုကိုပေးနိုင်လိမ့်မည်ဟုယူဆပါသည်။
ထို့ကြောင့် ကိုယ် Vote ပေးရမည့်လူအရေအတွက်ကို မျှပြီး Voting power ရာခိုင်နှုန်း ကိုချိန်၍ ပေးမလား၊နောက်တစ်ခါ ကိုယ်ကအချိန်မပေးနိုင်၍ Vote , Comment များမပေးနိုင်သည့်အခါ Auto comment, Auto upvote များပေးထား၍ရနိုင်မရနိုင်သိရှိလိုပါသည်။ စူးစမ်းလေ့လာနိုင်သူများကလေ့လာ၍ MSC တိုးတက်လာစေရေး၊ မြန်မာလူငယ်များ ကြာရှည်ရပ်တည်နိုင်ရေးဆွေးနွေးအဖြေရှာထားသင့်ပါသည်။အခြားသော အကြောင်းအမျိုးမျိုးကြောင့် Vote , Comment မပေးနိုင်သူများအတွက် စိတ်ပျက်စရာ့ စတီးမစ်အဖြစ်က လွတ် ကင်းစေရန် အကောင်းဆုံးပြင်ဆင်နိုင်ကြပါစေဟုဆန္ဒပြုရင်း
ရေးသားသူ - မင်းစိုးနိုင်
Msc 010
Photo- Google

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ရေးထားတာကောင်းပါတယ်...မှန်တာပြောရင်လည်း ရွာပြင်ထုတ်ခံရတတ်တဲ့ဓလေ့ကလည်းရှိသေးတယ်ဗျာ...

ကျေးဇူးပဲ မှန်တာပြောရွာ့ပြင်ထုတ် တစ်ပုဒ်ရေးဖို့တွေးမိသွားလို့

အူးမင်းပြောသလိုပဲ steemit ကို စီးပွါးရေးလုပ်ငန်းတစ်ခုလို သေချာအချိန်ပေးပြီး တစိုက်မတ်မတ် မလုပ်နိုင်ကြသေးလို့ပါ။ လက်ရှိဝင်ငွေကသေချာနေပြီး steemit ကတော့ ခုမှ အစပျိုးရတဲ့ အခြေအနေမှာ ဒီဖက်ကို အလေးမသာနိုင်တာကလဲ သဘာဝပါပဲအူးမင်းရေ။

Zin Zin ကတကယ်ပေါက်လွယ်တာပဲ၊

အရေးကြီးတာ မိန်းမ ကို ဂရုစိုက်ပါဗျို့ steemit စွဲလမ်းတာ နည်းနည်း ပြန်လျော့ပေးပါအုံး ဆရာရေ ။ ကျွန်တော် လဲ စွဲလမ်းနေလို့ ပြောရတာပါ။

ဒီလိုပဲကြည့်ကျက်လုပ်နေရတာပဲ ရုံးတက်ရင်းအလုပ်မများတဲ့အခါ

Congratulations! This post has been upvoted from the communal account, @minnowsupport, by minsoenaing from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

လက်​ရှိဖြစ်​​နေ​သောပြဿ နာကိုသုံးသပ်​ပြသွားတာ​ကောင်းပါသည်​။

ကျေးဇူးပါ မြင်သမျှကြားသမျှရေးရပြောရတာပါ

ဒီလိုဘဲ့ လုပ်​ရတ​ပြေါ ဗျာ

ဟုတ်တယ်လေ

သုတေသနဖွဲ့ပီး အလုပ်လုပ်ရမလားပဲ မိန်းမတော့ချွဲထားပါဆာမင်းစိုး နို့မို့ငတ်နေအုံးမယ် ဘဝတူတွေမို့ပါ

မတတ်နိုင်ဘူး။မိန်းမက မျက်လုံးကမ်းနေမယ် ၊ဒါပဲကြည့်မနေနဲ့တဲ့ မကြည့်ရင်ဘယ်လိုမမန့်မလဲ ၊auto ရရင်တော့ကောင်းသား

မိန်းမနဲ့ကတော့အတိုက်အခံကိုလုပ်နေရတာပဲကြားထဲကလေးတစ်ဘက်နဲ့ဆိုတော့လွယ်ဘူး😃😄ဈေးကလည်းစွတ်ကျနေတော့ပြောရတာအားမရှိဘူး😊ဘဝတူတွေပါအားမငယ်ပါနဲ့✌

တော်ပါသေးရဲ့ဘဝတူတွေများလို့

😄👍

အား​ပေး​နေပါတယ်​ဆရာ

မိန်းမက ထမင်းမကြွေးဘဲ နေလိမ့်မယ်

ခဏခဏရန်လုပ်နေလို့ဒေါ်လာရမှာပါလို့ပြောထားရတာ ၊အရေးထဲဈေးတွေကစွတ်ကျတော့ကြွားလို့တောင်မကောင်းတော့ဘူး

auto vote ကတော့ရှိတယ်ဆရာ။auot cmt တော့မသိဘူးဆရာ

minnow မှာ vote သွားတောင်းတဲ့အခါ ချက်ချင်းလာမန့်သွားတာတွေကြုံဖူးတော့ auto လုပ်ထားသလားထင်ပါ၊ auto vote ရလဲမဆိုးပါဘူး ၊ ကိုယ့် g2 အဖွဲ့အာ့းတွေအားလုံးသုံးကြရင်မန့်တာလောက်ပဲ အာရုံစိုက်ရမယ်

ဗဟုသုတရပါတယ်

ခက်နေတာက အချင်းချင်း ဘုတ်မန့် မပေးကြတာပေါ့ ကိုကြီးစိုးရေ။ တစ်ယောက်နဲ့တစ်ယောက် steemit ကိုသုံးစွဲပုံခြင်းက မတူကြလေတော့ ဘာအတွက် steemit ကို သုံးနေကြသလဲ မေးစရာတောင်ဖြစ်လာပါပီ။ အများစုက ငွေရဘို့ကိုပဲ ကြည့်နေကြသလား။ ဘုတ်မန့်ပေးခြင်းကို ဘာလို့ မပေးချင်ကြတာလဲ အဖြေရှာသင့်ပီထင်ပါတယ်ဗျ။ မဖြစ်မနေ ဘုတ်ရမယ် မန့်ရမယ် စည်းကမ်းထုတ်တာတောင် မလုပ်ချင်ကြ။ ဘယ်မှာလာပီး တိုးတက်ကြပါတော့မလဲလေ။

မမန့်နိုင်ရင်တောင် vote နိုင်အောင် auto ထားမယ့် group လေးတွေလုပ်စေချင်တာပါ၊ ဒါပေမယ့် ကျွန်တော်တစ်ယောက်စမ်းကြည့်တာ auto မ voteဘူးဖြစ်နေလို့

ဟုတ်ကိုကြီးစိုး အော်တိုဘုတ်က အလုပ်လုပ်ပါတယ်ဗျ ကျနော်လဲ သိပ်နားမည်တော့ နည်းပညာကျွမ်းသူတစ်ယောက်နဲ့ မေးကြည့်ပါဗျ။

ဟုတ်​တယ်​ ဦးစိုးရယ်​ ဘာ​တွေဘယ်​လိုဖြစ်​လို့ ဘာလပြ်​ရမှန်းကို နားမလည်​​တော့ဘူးဗျာ

ကိုယ်တွေကစည်းပွားရေးသဘောမဟုတ်ပဲ အပျော်သဘောဆိုတော့ ဒီလိုပဲပေါ့

proနေ့တောင် vote,comments က မပြည့်မှာ စိုးရိမ်နေရတယ်။

ကျန်တဲ့နေ့တော့ပြောမနေနဲ့တော့ပေါ့ဟုလား

စာသင်​ချိန်​​လေးခိးုသုံးရင်း မန့်​သွားပါသည်​ ခင်​ဗျာ

အများကြီး လုပ်ဆောင် ချင်ပါသေးသဘ် ခင်ဗျာ ။

အများကြီးလုပ်ပါ

ဘာပဲဖြစ်ဖြစ် ချစ်ပြီးသားပါ steemit ကျေးဇူးပါ ဦးစိုး

ရေးထားတာလက်တွေ့ဆိုတော့တကယ်ကောင်းပါတယ်

ဈေးပြန်​တက်​လာရင်​ စိတ်​ပျက်​စရာ စတီးမစ်​ဆိုတာကြီးလည်း​ပျောက်​သွားမှာပါ ဦး​ရေ....။

အင်းဟုတ်တယ်လားမသိပါဘူး၊ ဈေးတက်တက်ကျကျ လုပ်နေရမှာက sp တိုးပွားရေးရည်မှန်းထားသူတွေအတွက်ကမထူးပါဘူး

ကိုယ့်ဆီလာဘုတ်တဲ့သူတွေကိုတောင်ပါဝါက မနိုင်တော့ မလိုက်နိုင်တာရယ်၊ ဒီရက်ပိုင်းpost မဟုတ်ပဲစာတမ်းတွေပြုစုနေရတော့ လိုက်မဖတ်နိုင်ဘူးကိုမင်းရေ။ ခုတော့ RP တက်ဖို့ တစ်ရက်လူ(၂၀)စီမံချက်ဆွဲထားတယ်၊ တစ်ရက် 20 vote 20 comment လုပ်မယ်။