Developing A Simple Website by yourself

in myanmar •  7 years ago 

Developing A Simple Website by yourself (Lesson 10)


14-00-22-website-importance-for-business.jpg

မင်္ဂလာပါ။အရင်တစ်ပါတ်ကမပြီးသေးတဲ့ cell merge အကြောင်းဆက်ပါမယ်။

Row Merge

Column တွေကိုဘယ်လိုပေါင်းရမယ်ဆိုတာ အရင်အပါတ်ကတင်ခဲ့ပါတယ်။
အခု Row တွေကို merge လုပ်တဲ့နေရာကလဲ Column ကို mrege လုပ်နည်းနဲ့တူတူပါပဲ။
ကျွန်တော်တို့ Column တွေကို Merge လုပ်တဲ့အခါ "colspan" ကိုသုံးခဲ့ပါတယ်။Row တွေကို Merge လုပ်တဲ့အခါ
တော့ "rowspan" ကိုသုံးပါတယ်။
နမူနာ ပြထားတာ ကိုကြည့်ပါမယ်။

1.png

ဒါကရိုးရိုး 2 row 2 column 4 cell table တစ်ခုပါ။
အဲ့ဒီမှာရှိတဲ့ cell 1 နှစ်ခုကို တစ်ခုတည်းဖြစ်ဖို့အတွက် row merge ကိုသုံးရပါမယ်။

2.png

အပေါ်ကနမူနာ code မှာ tr နှစ်ခုရှိပါတယ်။ပထမ tr မှာ td နှစ်ခုရှိပါတယ်။
ပထမ tr ရဲ့ td မှာ rowspan="2" ဆိုပီးရေးထားတာတွေ့ရမှာပါ။အဲ့code ကိုသုံးလိုက်တဲ့အတွက် နောက်ထပ်ရေးမဲ့ tr ရဲ့ ပထမ td အကွက်ကိုပါနေရာယူလိုက်မှာဖြစ်ပါတယ်။ဒုတိယ tr မှာ td တစ်ခုပဲရေးထားတာတွေ့ရမှာပါ။

3.png

ဒါက output ပါ။
Rowspan လုပ်တယ်ဆိုတာ သူ့အောက်တည့်တည့်က row ရဲ့ column ကိုပေါင်းလိုက်တာပါ။အပေါ်ကနမူနာမှာ row နှစ်ခု column နှစ်ခု cell လေးခုရှိတယ် ။rowspan ကိုသုံးပီး row နှစ်ခုရဲ့ ပထမ column ကိုပေါင်းလိုက်တယ်။ အဲ့တော့ ဒုတိယ row မှာ cloumn ကတစ်ခုပဲရှိတော့တယ်။
အဲ့တာကို ကျွန်တော်တို့က ဒုတိယ row မှာ cloumn နှစ်ခုထည့်ပီးစမ်းကြည့်ကြပါမယ်။(ပိုနားလည်အောင်လုပ်တာပိုရှုပ်သွားပီထင်တယ် 😛)

4.png

Rowspan လုပ်မယ်ဆို့ ဒုတိယ tr မှာ td နှစ်ခုပဲရှိရမှာပါ။Output ကိုကြည့်ရအောင်။

5.png

ဒုတိယ row မှာ column နောက်တစ်ခုထပ်ရေးလိုက်တဲ့အတွက် cell ကွက်ကတစ်နေရာစာပိုသွားပါတယ်။ပုံမှန်ဆိုဒီTable မှာက column cell က နှစ်ကွက်ကဲရှိရမှာကို သုံးကွက်ရှိသွားတာပါ။
အဲ့တာကြောင့် ပထမ row မှာ cell တစ်ကွက်လွတ်ကျန်နေတာကိုတွေ့ရမှာပါ။

ဒီနေ့တော့ဒီလောက်ပါပဲ။နောက်တစ်ခါကျရင် rowspan နဲ့ colspan ပေါင်းသုံးပြီးတော့ ရေးပြပါမယ်။ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Written by @minthwayko
MSC - 187

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ညီစာတွေကတော့ ပညာရပါတယ်
တစ်ချိန်လိုအပ်ရင် ညီတို့blogမှာလာရှာရတော့မယ်

ကြိုးစားပာမယ်

ညီလေး ရေးတဲ့ post က ရှင်းတယ် ပညာလိုအပ်သူအတွက် တကယ်အသုံးဝင်ပါတယ်

ကျေးဇူးပါ

Knowledge ​တွေ sharing ပြုလုပ်​​ပေးလို့​ကျေးဇူးပါအစ်​ကို​ရေ​ဗဟုသုတရပါတယ်​​နောက်​အဆက်​​လေးကိုလညခး​မျှော်​​နေပါတယ်​​ဗျ

ကျေးဇူးပါ

အီး computor technology တော့ နားဝေးတယ်ဝေ့
လိုက်စားသူတွေ အတွက်တော့ အကျိုးရှိမှာပါကွာ

😁😁 ဖတ်ပေးတာကိုပဲကျေးဇူးတင်ပါတယ် အစ်ကို

သိခွင့်ရခဲ့တဲ့အတွက်ကျေးဇူးပါနော်

ရပါတယ်ဗျာ

ဟုတ်ကဲ့ပါညီရေ
သိခွင့်ရအောင်မျှဝေရေးသားပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်

ဖတ်ရှုပေးတဲ့အတွက်ကျေးဇူးပါ

နားမလည်တဲ့ဘာသာရပ်မို့ ဘာပြောရမှန်းမသိဘူးဖြစ်နေတယ်။

ဖတ်ပေးတာကိုပဲကျေးဇူးတင်ပါတယ်ဗျာ။ဒီITပိုင်းတွေကဝါသနာမပါရင်လှည့်တောင်ကြည့်ချင်စရာကောင်းတာမှုတ်ပူး။ 😁

စိတ်ဝင်စားဖို့ကောင်းတယ်ဗျ။ ကိုယ့်ခြေကိုယ့်လက်နဲ့ စိတ်ဝင်စားစရာလေးတွေစိတ်တိုင်းကျဖန်တီးလို့ရတယ်

ဟုတ်တယ် 😁

Exel နဲ့ဆင်တူသလား
မသိလို့ပါ

ဆင်ပါတယ်။မတူပါပူး။

ကျေးဇူးပါbro ရေ အခြားလူတွေ အသုံးဝင်တာပေါ့

ဟုတ်ကဲ့ပါ

Rowကိုအရောင်ထည့်ချင်ရောရလားဗျ

ရတယ် အစ်ကို။နောက်သင်ခန်းစာမှာလာမယ်။

ဆရာသင်ပြပေးသလိုရှင်းနေတာပဲ

ဆရာမဟုတ်ရပါ 😁

တစ်​ကယ်​ကို ပညာရတဲ့ post​ကောင်း တစ်​ခုပါ

Thaks ako

စမ်းကြည့်နေပါတယ် မရှင်းရင်လာမေးမယ်နော်

ဟုတ်

2.21% @pushup from @minthwayko

Thanks

နောက်နေမှပဲ သေချာလေ့လာတော့မယ်ဗျာ
ခုက မအားသေးလို

ဟုတ်

ဟီး လုပ်ကြည့်ဦးမယ် အဲ့နေရာတစ်နေတာကြာပေါ့ 😁😁

လုပ်ပါ 😁

နားမလည်ပေမဲ့အားပေးပါတယ်
နောက်အချိန်ပေးပြီး လေ့လာဦးမယ်ဗျာ

ဟုတ်

မျှဝေပေးလို့ ကျေးဇူးပါဗျား

ဖတ်ပေးလို့ကျေးဇူးပါ