ကျွန်တော်တို့ ရွာ

in myanmar •  7 years ago  (edited)

received_1951452655181713.png

steemit မိသားစုဝင်များ အားလုံးမင်္ဂလာပါခင်ဗျ။
ကျွန်တော်ကတော့MSC-032
@myathuaung ဖြစ်ပါတယ်ခင်ဗျ။
steemit မိသာစုးဝင်များကို တင်ပြချင်တာကတော့ ကျွန်တော်တို့
ရွာဓလေ့ထုံးတန်းစဉ်လာအတိုင်း နှစ်စဉ်နှစ်တိုင်း ကျင်းပပူဇော်မြဲဖြစ်တဲ့
ဗုဒ္ဓပူဇနိယ ပွဲတော်အကြောင်းလေးခင်ဗျ။

စုပေါင်းညီညာ အောင်ကြောင်းဖြာ ဆိုတဲ့စကားပုံအတိုင်း တက်ညီလက်ညီနဲ့ ကျွန်တော်တို့ရွာရဲ့
ဗုဒ္ဓပူဇနိယပွဲတော်မှာ နှစ်စဉ်နှစ်တိုင်း ပွဲတော်တစ်ခု အဖြစ်ပါဝင်တဲ့ ထမနဲထိုးပွဲစတင် ကျင်းပလာတာ ဘုရားပွဲနည်းတူ နှစ်ဆယ့်တစ်ကြိမ်တောင် ရှိလာခဲ့ပြီ။

IMG_20180207_142426.jpg
ကလေးလေးအရွယ် ခက်ငယ်ငယ်တည်းက ရန်ကုန်ရွှေမြို့တော်ကြီးမှာ နေလာခဲ့ပေမဲ့ ဘုရားပွဲတော်ဆို အမြဲပြန်ဖြစ်တယ်။ ရွာပြန်ရောက်တော့လဲ မွေးရပ်မြေဆိုတော့ ဧည့်သည်လိုနေလို့မရ လူငယ်ပီပီ သွက်သွက်လက်လက် ဝေယျာဝစ္စလုပ်စရာရှိတာလုပ် တစ်ဖက်တစ်လမ်းကနေ မိမိတက်နိုင်တဲ့ ကာယအား ဥာဏအားတွေနဲ့ တစ်ရွာလုံးညီညီညာညာ ပေါင်းစုလုပ်ကိုင်
ဆောင်ရွက်နေကြတာ တကယ်ကြည်နူးစရာပါ။

ကျွန်တော်တို့ရွာရဲ့ သက်တော်ရှည်ဆရာဘုရားကြီးရဲ့ ဦးဆောင်ညွှန်ကြား ဆုံးမသြဝါဒရဲ့အောက်မှာ တစ်ရွာလုံး ညီညီညွတ်ညွတ် လိုက်နာဆောင်ရွက်ကြတယ်။ဆရာတော်ကလဲ ရွာသားတွေကို အမြဲချီးမြောက်တဲ့ အနေနဲ့ ထမနဲထိုးပြီး ရွာလုံးကို ဝေခွဲပေးတယ်။ နှစ်စဉ်ဇာတ်ပွဲဆိုင်းပွဲဆိုလဲ ဆရာတော်ပဲ အကုန်ကျခံပြီး တနေ့တာ ရွာသူရွာသားတွေရဲ့ ပင်ပန်းမှုတွေကို
အနုပညာရှင်တွေ ဖျော်ဖြေတင်ဆက်မှုတော်နဲ့ အပန်းဖြေပေးတယ်။
IMG_20180213_072714.jpg

ကျွန်တော်တို့ဆရာတော်ရဲ့မေတ္တာအရိပ်အောက်မှာတစ်ရွာလုံးခိုလှုံရင်း ဘုရားရိပ်တရားသံဃာအရိပ် အောက်မှာ အေးချမ်းသာယာတဲ့ ကျွန်တော်တို့ရွာလေးရဲ့ဗုဒ္ဓပူဇနီပွဲတော်ဟာလည်း တခြားမြို့ရွာတွေနည်းတူ ဆိုင်းပွဲ ဇာတ်ပွဲတွေနဲ့ နှစ်စဉ်နှစ်တိုင်း စီကာဆဲပါ။
ဒီနှစ်လဲ အရင်နှစ်တွေနည်းတူ ရှေ့မှာဈေးဆိုင်ခန်းတွေနဲ့ ပြည့်လို့ကျပ်နေဆဲဗျာ။

ကျွန်တော်တို့ရွာက နည်းနည်းရွာကြီးတော့ ရွာကိုအပိုင်းခြောက်ပိုင်းခွဲပြီး တပိုင်းစီ ဟိုးရှေ့အစဉ်ဆက်တည်းက တာဝန်ယူနေကျ သူ့အပိုင်းတာဝန်နဲ့သူ ညီညီညွတ်ညွတ်လုပ်ကြတယ်။ ထမနဲထိုးတဲ့နေ့ရောက်ရင်တော့ လူငယ်လူလတ်ပိုင်းအရွယ်တွေက ထမနဲထိုး
ကျွန်တော်တို့အရွယ်တွေကတော့ အုန်းသီးတွေဘာတွေ ခွဲပေးပေါ့။ အမျိုးသမီးတွေကလဲ သူ့အလုပ်နဲ့သူ
ထမင်းဟင်းချက်တဲ့အဖွဲ့ကတစ်ဖွဲ့ နောက်အုန်းသီး ခြစ်တာက တစ်ဖွဲ့ သူ့အလုပ်နဲ့သူ မအားကျဘူး။

ရွာဘုရားပွဲဆို ဟိုအဝေးနေရာတွေမှာ ပရိယတ္တိစာပေ လိုက်စားနေတဲ့ ကိုရင်တွေ ဦးဇင်းတွေ အကုန်ပြန်လာကျတယ်။ တချို့ဆရာတော်ရဲ့ တပည့်ဆရာတော်တွေလည်း အမြဲကြွလာကြတယ်။ ကျွန်တော်တို့ ရွာလေးဟာ သာသနာထွန်းကားတဲ့ ရွာလေးတစ်ရွာဆိုလဲ
မမှားပါဘူးဗျ။ နောင်တက်လာမယ့် မျိုးသစ်ဆက်ဆရာတော်တွေကလဲ ရှေ့ကနေဦးဆောင်ပြီး မြတ်ဗုဒ္ဓသာသနာတော်ကြီး ရှေ့ဆက်အဓွန့်တည်တဲ့ ရှည်စေသောဝ်။ဗုဒ္ဓ သာသနံ စီရံ တိဋ္ဌတုပါဘုရား။

FB_IMG_1518486399185.jpg

Happy Birthday General Aung San
ယနေ့ ၁၀၃နှစ်ပြည့်မြောက်သော
အမိ မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ဖခင်ကြီး
ဗိုလ်ချုပ်အောင်ဆန်းကို ရင်မှာ အစဉ်ထာဝရ
လေးစား ဂါရဝပြုလျက်ပါ။

ရေးသားသူ >>> @myathuaung
MSC -032
photo >>> facebook' my photo

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အရေးကောင်းချက် တော်ပ

သည်းခံပေးတဲ့အတွက်ကျေးဇူးပါကိုကြီး
တနေ့ကိုပိုစ့်တခုတင်ဖြစ်အောင် အချိန်တွေခိုးနေတာ
အဆင်မပြေသေးဘူး

လိပ်စာအတိအကျပေးထားနော် အလည်လာမယ်

ရန်ကုန် ပြည်လမ်းမကြီးရဲ့ ဘေး ပေါင်းတည်မြို့အကျော်လေးက မအူပင်ကွေ့ရွာပါ ခင်ဗျ
မစု ဖိတ်ခေါ်ပါတယ်ဗျ

ဘယ်ရွာလဲ လာလည်မလို့ 

ပြည် ဘက်ကရွာဘုရား

နှစ်စဉ် နှစ်တိုင်း အမြဲ ထာဝစဉ် လှူ တန်း နိုင်ပြီး အစဉ်အလာ
ကိုထိန်းသိမ်း နိုင်အောင် ဆက်လက် ကြိုးစားကြရမှာ
အနာဂတ် လူငယ်တွေရဲ့ တာဝန်ပါ

ဟုတ်ကဲ့ ပါ အစ်မ လူငယ်တွေမှာ တာဝန်အပြည့်ရှိပါတယ်

တစ်ခေါက်တစ်ခါအရောက်လာခဲ့ပါအုံးမည်အစ်ကိုရေ။

ဟုတ်ကဲ့ ဖိတ်ခေါ်ပါတယ် ခင်ဗျ

အလည်လာချင်တာ

ဖိတ်ခေါ်ပါတယ် အစ်ကို

လာလည်မှာစိုးလို့ ရွာနာမည်ထည့်မရေးထားဘူးပေါ့... :P

ရန်ကုန် ပြည်လမ်းမကြီးရဲ့ ဘေး ပေါင်းတည်မြို့အကျော်လေးက မအူပင်ကွေ့ရွာပါ ခင်ဗျ

လာခဲ့ချင်​ပါတယ်

ဖိတ်ခေါ် ပါတယ် ဗျ

အားရင်​ လာလည်​မယ်​ဗျို့ လိပ်​စာ​လေး​တော့​ပေးဦး​နော့

ရန်ကုန် ပြည်လမ်းမကြီးရဲ့ ဘေး ပေါင်းတည်မြို့အကျော်လေးက မအူပင်ကွေ့ရွာပါ ခင်ဗျ
လိုက်မယ်ဆို အကုန်ခေါ်မှာ

လာလည်​ချင်​မိတယ်

လာခေါ်မယ်

ကိုယ်တွေလဲအတူတူပဲ ရွာဘုရားပွဲပြန်ဆိုပြန်ရမှ

သင်္ကြန်ရော မပြန်ဘူးလား ကိုကြီး

အလည်လာမည်

အလည်လာခေါ်မည်

အရမ်း အေးချမ်းတဲ့ နေရာလေးပါ
ရန်ကုန် - ပြည် လမ်းမကြီးအတိုင်း လာမယ် ဆိုရင် ပဲခူတိုင်းအတွင်းက ဝက်ပုတ် မြို့နဲ့ ပေါင်းတည် မြို့ကြား က သန္ဓေပင် အောက်မြေစခန်း ပါ
စာရေးသူက ထည့်ရေးမထားတဲ့ အတွက်
ဖြည့်စွက်ပေးရခြင်းပါ ခင်ဗျာ

ရောက်ဖူးတော့ သိနေတာပေါ့
ခေါ်တယ် ဘာလို့မလိုက်တာလဲ
ဟွန်း

ရွာတွေမှာ အဲ့လိုအချိန်အခါမျိုးဆို တော်တော်စည်းကားတယ်လို့ကြားဖူးတယ် တခါလောက်တော့ အလည်သွားကြည့်အုံးမယ်

Thz for sharing

ရွာလေး လာလည်ချင်ပ။