အ​ကြွေးနှင့်​​ကျေးဇူး

in myanmar •  7 years ago  (edited)

မြန်​မာ စကား ​တွေထဲမှာ "အ​ကြွေးတင်​ရင်​ ၊အ​ကြွေးဆပ်​ရမယ်​"​ကျေးဇူးရှိရင်​ ​၊​ကျေးဇူးဆပ်​ရမယ်​ "ဆိုပြီးစကား နှစ်​ခုမျိုး ဟာ လူတိုင်းသိကြပါတယ်​ ။

မိမိက သူတစ်​ပါးဆီ ကအကျိုးတစ်​ခုခု ကို ရယူ ခဲ့ ရင်​ အ​ကြွေးရှိတယ်​ ၊​ကျေးဇူးရှိတယ်​ အ​ကြွေးနဲ့​ကျေးဇူး ရှိတာခြင်း က အတူတူပါပဲ ဒါ​ပေမယ့်​ တုန့်​ပြန်​​ပေးဆပ်​ တဲ့ အ​ခြေအ​နေခြင်းက ကွားခြားပါတယ်​ ။

![image]()

" အ​ကြွေး" ဆို တာ က ရယူလို သူက ရယူလိုတဲ့ စိတ်​နဲ့ ​တောင်းခံရသလို ၊​ပေးတဲ့သူက လည်း မိမိအတွက်​ ပြန်​လည်​တုံ့ပြန်​ရရှိမယ်​ အကျိုးကို တွက်​ ချက်​ပြီးမှ​ကြွေး​ပေးလိုက်​တာ ဖြစ်​တယ်​ ။ ​တချို့ အ​ကြွေးရှင်​များက သူ​တို့​ပေးထားတဲ့ အ​ကြွေးပြန်​မရရင်​ "ငါ့ အ​ကြွေးမ​ကျေ ​မြေ "လို့​ပြောဆိုကြတယ်​ ​မြေနဲ့ထပ်​ တူ ကျွန်​ခံ​ကျွေးဆပ်​ရမည်​ အဓိပ္ပါယ်​ ရပါတယ်​ ။ အ​ကြွေး ယူထားသူ ကလည်း ''ပြန်​လည်​မ​ပေးဆပ်​​တော့ ဘူး''ဆို ပြီး မ​ပေးပဲ​နေခဲ့ရင်​ မတရားခိုးယူ ခြင်းဆို တဲ့အပြစ်​မျိုး ကိုဖြစ်​​စေပါတယ်​ ထိုမျှမ က ​နောက်​ဘဝမှာပြန်​ပြီး အ​ကြွေးဆပ်​ ကနိုင်​ပါတယ်​။ အ​ကြွေးကို ယူပြီးရင်​ ပြန်​ဆပ်​ နိုင်​​အောင်​ ပြန်​ဆပ်​ဖြစ်​​အောင်​ ဆပ်​​ပေးကြပါလို့ တိုက်​​တွန်း​ပါတယ်​ ။

![image]()

"ကျေးဇူး"ဆို တာ အ​ကြွေးနဲ့ လုံးဝ ကွားခြားပါတယ်​ ။ကျေးဇူးစိတ်​က သဒ္ဒါ နဲ ​မေတ္တာ အရင်းခံဖြစ်​တည်​လာတာဖြစ်​ပါတယ်​ ။ဒါ​ကြောင့်​ ​ကျေးဇူး ပြု တဲ့သူ မိမိ ​ရှေ့​မှောက်​မှာရှိရင်​ ​"​ကျေးဇူးတင်​ပါတယ်"လို့ ​ကျေးဇူးတင်​စကား​ပြောကြပါတယ်​ အဲ့လိုမ​ပြောခဲ့ဘူးဆို ရင်​​တော့ အများအမြင်​မှာ ရိုင်းရာကြပါတယ်​ ။ကျေးဇူး ရှိရင်​ ​ကျေးဇူးဆပ်​ ရမယ့် အသိရှိရမယ်​ ​​ကျေးဇူးပြန်​ဆပ်​ရမယ့်​ တာဝန်​ ရှိတယ်​ ။ဒီလို ​ကျေးဇူးဆပ်​​တဲ့​နေရာမှာ အ​ကြွေးဆပ်​တာ နဲ့ လုံးဝကိုမတူပါဘူး ​ကျေး ဇူးဟာမြင့်​မြတ်​တယ်​ သဒ္ဒါတရား နဲ့ ​မေတ္တာ ​ပေါင်း စည်းပြီးမှ ဖြစ်​လာခြင်း​ကြောင့်​ပါ။ကျေးဇူပြန်​​ဆပ်​သူက လဲ ​ကောင်းမြတ်​တဲ့စိတ်​နဲ့ ပြန်​ဆပ်​​ပေးရတယ်​ ​ကျေးဇူးပြုခဲ့တဲ့သူက လဲ ကိုယ့်​ အတွက်​တုံ့ပြန်​ရ ယူလို တဲ့ ​လောဘစိတ်​ကင်း​စေရတယ်​။ ​ကျေးဇူးရှိသူကို ​ကျေးဇူး ဆပ်​ခြင်းက မင်္ဂလာပါ တစ်​ပါးဖြစ်​ ပါတယ်​ ။ လူတိုင်းလူတိုင်းကို တိုက်​တွန်း​ပေးပါရ​စေ ​ကျေးဇူးရှိတဲ့ မိဘနှစ်​ပါးကို ​ကျေးဇူး ဆပ်​ကြပါလို့ ​ညအိပ်​ယာဝင်​ ဘုရားရှိခိုးတိုင်း မိဘနှစ်​ကို ​မေတ္တာ ပို့​ပေးခြင်းက လဲ ​ကျေးဇူးဆပ်​နည်းတစ်​မျိုး ပါ။

ဒီစာ​လေးတစ်​ပုဒ်​ ​ကြောင့်​​ ဖတ်​မိသူတိုင်း ​ကောင်းမွန်​တဲ့ စိတ်​ထား​လေး တစ်​ခု ကိန်း​အောင်း သွားမည်​ဟု ​မျှော်​လင့်​ပါတယ်​။.........။

အညာသား​လေး.mho
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

အကြွေး ထဲမှာ ကံကြွေး ကကြောက်စရာ

အကြွေးဆိုတာ အင်မတန်မှ ကြောက့်ကောင်းပါတယ်။ ခုဘဝမှာ ကျန်ခဲ့ပေမယ့် ဘဝအဆက်ဆက် ပြန်ပေးဆပ်ရတဲ့ သာဓကတွေလည်း ရှိခဲ့ဖူးတာကိုး။

ဟုပ့ဟုပ့

already vot@myohlaingoo

:-)

ဒီစာဖတ်တော့မှပဲအကြွေးရှင်တွေကိုသတိရတော့တယ်

မြန်​မြန်​ဆပ်​​နော့

ကျေးဇူးတင်ပါတယ်bro

  ·  7 years ago Reveal Comment