အတိတ်က သင်္ကြန်

in myanmar •  7 years ago  (edited)

image

သင်္ကြန်ရောက်ဖို့နီးကပ်လာတာနဲ့ သင်္ကြန်နဲ့ပက်သက်တာ တစ်ခုခုရေးဖို့စဉ်းစားမိပါတယ်။အတိတ်ကို ပြန်စဉ်းစားကြည့်လိုက်တော့ ငယ်စဉ်က အဖြစ်အပျက်လေးတစ်ခုကို သတိရသွားပါတယ်။

အဖြစ်အပျက်လေးကတော့ ဒီလိုပါ။ကျွန်မ ငယ်စဉ်တုန်းက ရုပ်ချောသည့်အကိုကြီးတစ်ယောက်ကို ကျောင်းမှာ မြင်မြင်ချင်း သဘောကျဖူးပါတယ်။မုန့်ဈေးတန်းမှာ ခဏတာမြင်ပြီး သဘောကျခြင်းသာဖြစ်ပြီး ဒီ့ထက်တော့ မပိုခဲ့ပါ။အဲ့ဒီ့အကိုကြီးအကြောင်း စုံစမ်းခြင်းလည်း ဘာမှမလုပ်။ဒီတိုင်းကျောင်းက တစ်နေရာရာ(ဥပမာ_မုန့်ဈေးတန်း)မှာတွေ့ရင် ရင်ခုန်ပြီးပျော်တာပါပဲ။အဲ့ဒီ့အကိုကြီးကတော့ သူ့ကိုကြိုက်မှန်း သိတဲ့ပုံပင် မပေါ်ပါဘူး။

ဒီလိုနဲ့ သူ့ကိုကျောင်းမှာတွေ့ရင် ရင်ခုန်ပြီးပျော်ခဲ့ပါတယ်။ဒါပေမဲ့ သူကိုတွေ့ခဲ့ရတာလည်း အကြိမ်အနည်းငယ်လောက်ပါပဲ။တစ်နှစ်လုံးမှ နှစ်ခါသုံးခါလောက်ပါ။ဒီလိုနဲ့ ကျောင်းတွေပြီး နွေရာသီကျောင်းပိတ်ရက်ဆီသို့ရောက်ခဲ့ပြီးတော့ သင်္ကြန်ပွဲတော်ရက် အနီးသို့ နီးကပ်လာခဲ့ပါတယ်။

ဒီလိုနဲ့ သင်္ကြန်ရက်တစ်ခုမှာ အသားဖြူပြီး ရုပ်ချောသည့် တရုတ်လူမျိုးသူငယ်ချင်းတစ်ယောက်က ရပ်ကွက်အတွင်း အတူတူ လမ်းလျှောက်ရေပက်ခံထွက်ဖို့ အဖော်စပ်ပါတယ်။ကျွန်မလည်း သဘောတူပြီး သူနဲ့အတူတူ လမ်းလျှောက်ပြီးရေပက်ခံထွက်ခဲ့ပါတယ်။လမ်းမှာတော့ရေပက်သူတွေက အသားဖြူပြီးရုပ်ချောသည့်သူ့ကို အသားညိုညိုကျွန်မထက် ပိုပြီးရေပက်ကြတာပေါ့။သူက ပိုဖြူပိုချောလို့ လူတွေကပိုပြီးပက်တာကိုနားလည်တော့ စိတ်ထဲဘာမှမဖြစ်ပါဘူး။ကြည်ကြည်ဖြူဖြူ ဝမ်းပန်းတသာပါပဲ။

image

ဒီလိုနဲ့ လမ်းထိပ်တစ်ခုရောက်တော့ ကျွန်မသဘောကျတဲ့ အကိုကြီးရေပက်နေတာ တွေ့တော့ ကျွန်မစိတ်ပြောင်းလဲလာခဲ့ပါတယ်။အချို့ရေပက်သူတွေလို ကျွန်မသူငယ်ချင်းတစ်ယောက်ထဲပဲ ကွက်ပက်သွားတာမျိုးမဖြစ်စေချင်ပါဘူး။ဒါကြောင့် အဲ့ဒီ့အကိုကြီးတော့ ဘေးကသူငယ်ချင်းကိုပဲမပက်ပဲ ကျွန်မကိုပါ ပက်ပါစေလို့ သူပက်တဲ့နားမရောက်မှီ ဆုတောင်းခဲ့ပါတယ်။ဒါပေမဲ့ ဆုတောင်း မပြည့်ခဲ့ပါဘူး။အဲ့ဒီ့အကိုကြီးက ကျွန်မသူငယ်ချင်းနဲ့သိကျွမ်းနေတာကြောင့် ကျွန်မသူငယ်ချင်းကိုပဲနောက်ပြောင်,ကျွန်မသူငယ်ချင်းကိုပဲ ရေပက်နေခဲ့ပါတယ်။အဲ့ဒီ့အခါကျမှ သူငယ်ချင်းနဲ့အတူတူ ရေပက်ခံထွက်ချိန်တစ်လျှောက်လုံး စိတ်မပျက် ဝမ်းမနည်းခဲ့တဲ့ကျွန်မဟာ ကျွန်မမျှော်လင့်တဲ့သူက ရေမပက်တဲ့အခါမှာတော့ အကြီးအကျယ်စိတ်ပျက်ဝမ်းနည်းခဲ့ရပါတယ်။ဝမ်းသာဝမ်းနည်းခဲ့တယ်။အဲ့ဒီ့အကိုကြီးခမျာမှာတော့ နည်းနည်းလေးမှမသိ။ကိုယ့်စိတ်ထဲမှာသာ တစ်ဖက်သတ်ကြိတ်ပြီး ကြေကွဲဝမ်းနည်းခဲ့ရတာပါ။အဲ့ဒီ့နှစ်ကတော့ သင်္ကြန်ဟာ ကျွန်မအတွက် ဝမ်းနည်းစရာကောင်းတဲ့ အချိန်ကာလတစ်ခုဖြစ်ခဲ့တာပေါ့။ဒီအဖြစ်အပျက်လေးက ကြာတော့ ကြာခဲ့ပါပြီ။ကျွန်မအလယ်တန်းကျောင်းတက်တုန်းကလောက် ဆိုပါတော့။

ခုချိန်ထိ ဒီအဖြစ်အပျက်လေးကို ဘယ်သူမှမပြောပြပဲ ရင်ထဲသိမ်းဆည်းထားခဲ့တာ ကြာပါပြီ။ဒီအဖြစ်အပျက်လေးဖြစ်ပြီး နောက် ငါးနှစ်,ခြောက်နှစ်လောက် အကြာ ဆရာကန်တော့ပွဲတစ်ခုမှာ အဲ့ဒီ့အကိုကြီးကို ပြန်တွေ့ပါတယ်။အကိုကြီးက ကျောင်းတုန်းကလို အရောင်အဝါတောက်ပပြီး ထင်ထင်ရှားရှား ချောမောမနေတော့ပါဘူး။သူ့ကြည့်ရတာ မိန်မိန်မွှားမွှားနဲ့ ရုပ်ရည်ရော ဝတ်စားဆင်ယင်မှုရော ကျောင်းတုန်းကလို မတောက်ပတော့ပါဘူး။ကျောင်းတုန်းကတော့ ကျောင်းစိမ်း အင်္ကျီဖြူလေးဝတ်ထားတာတောင် လူရော,အဝတ်အစားရောတောက်ပ ဝင်းလက်နေတာပါပဲ။ကျွန်မဒီတစ်ကြိမ် အဲ့ဒီ့အကိုကြီးကိုတွေ့တော့ ငယ်ငယ်တုန်းကလို ရင်မခုန်တော့ပါဘူး။အဲ့ဒီ့အချိန်မှာ ကျွန်မတွေးမိတာက "သြော် ငါဒီအကိုကြီးကို ရုပ်ကြည့်ပြီးကြိုက်ခဲ့တာပဲ" ဆိုတဲ့အတွေးပါပဲ။

ရုပ်ရည်ကိုကြိုက်ပြီး ရင်ခုန်ကြိုက်ခဲ့တဲ့အချစ်ဟာ ကျွန်မဆီမှာ ကြာရှည်မခံပါဘူး။အလွယ်တကူပဲ ပျောက်ပျက်သွားပါတယ်။ခုချိန်မှာတော့ အသက်အရွယ်ကြီးလာတဲ့ ကျွန်မဟာ ငယ်ငယ်တုန်းကလို လူတစ်ယောက်ကို ရုပ်ကြည့်ပြီး အလွယ်တကူမကြိုက်တတ်တော့သလို အေးချမ်းတဲ့ တစ်ကိုယ်တည်း အပျိုကြီးဘဝကိုပဲ သာယာနစ်မြောနေခဲ့မိပါတယ်။

Photo credit-Pixabay.com

Author-myothuzar,MSC-033

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဘဝဇတ်​လမ်း​လေးတစ်​ပုဒ်​​ပေါ့​နော်​...။

ဟုတ်ကဲ့။

အား​ပေးခဲ့ပါတယ်

ကျေးဇူပါ။

ငယ်ရွယ်တဲ့ကျောင်းသူဘ၀မှာ အလှအပတွေမြင်ရင် ရင်ခုန်တတ်တာ သဘာဝပါ
မစဉ်းစားမဆင်ခြင်ပဲ အဲဒီအချိန်မှာ ရင်ခုန်ရာနောက်ကိုလိုက်သွားမိရင် အမှားတွေ့တတ်ပါတယ်
ဘ၀ကြင်ဖေါ်ရွေးတော့မယ်ဆိုရင် ရုပ်လှခြင်းထက် စိတ်ထားလှသူကိုရွေးချယ်သင့်ပါတယ်

ခုချိန်မှာတော့  ရုပ်ရည်ထက်ပိုအရေးကြီးတဲ့အရာတွေကို ပိုတန်ဖိုးထားနားလည်တတ်လာပါပြီ။

အားပေးခဲ့ပါတယ်👍

ကျေးဇူးတင်ပါတယ်။

တော်တေးတာကိုယ်တေရုပ်မချောတာကိစနမစိတောပု

ဟီး

ငယ်ရွယ်စဉ်အခါ ရင်ခုန်မှုတွေပေါ့ဗျာ...

ဟုတ်ပါတယ်။

ဆယ်​​ကျော်​သက်​အရွယ်​ဆိုတာဒီလိုပဲရင်​ခုန်​တတ်​ကြပါတယ်​ရှင်

ဟုတ်တယ်။ငယ်သေးတဲ့အရွယ်ဆိုတော့။

မျှော်လက်ချက်နဲ့လွှဲခဲ့ရတဲ့အဖြစ်ပျက်လေးပေါ့

ဟုတ်။

စာဖတ်​လိုက်​​တော့မှပိုလွမ်းသလိုပဲ

ဟုတ်။

This post has received a 71.43 % upvote from @astrobot thanks to: @myothuzar.

You got a 2.45% upvote from @emperorofnaps courtesy of @myothuzar!

Want to promote your posts too? Send 0.05+ SBD or STEEM to @emperorofnaps to receive a share of a full upvote every 2.4 hours...Then go relax and take a nap!