"ဟီး....ဟီး....ဟီး"
"သမီးလေး...မီးမီး ဘာဖြစ်လို့လဲ" "သမီး"
"လမ်းမှာ ခွေးတွေသမီးနောက်ကိုလိုက်လို့မေမေ" "ဟီး....ဟီး"
"ဟယ်" "အဲ့ဒါဆို သမီးခွေးကိုက်ခံရသေးလား" "ပြစမ်း သမီး"
"သမီး ခွေးတော့ အကိုက်မခံရဘူးမေမေ" "သမီးနောက်ကိုလိုက်တဲ့ခွေးတွေကို ဘေးကလူတွေ မောင်းထုတ်ပေးလိုက်လို့ကံကောင်းသွားတာ မေမေရ"
"သြော် တော်သေးတာပေါ့ သမီးရယ်" "ဒါနဲ့ သမီးကို ဘာလို့ ခွေးတွေ လိုက်ရတာလဲ" "သမီးခွေးတွေ သွားရန်ပြုလို့ သူတို့ကလိုက်တာလား သမီးရဲ့"
"မဟုတ်ဘူး မေမေ" "လမ်းမှာခွေးတွေဟောင်နေတာတွေ့လို့ ကြောက်ကြောက်နဲ့ထွက်ပြေးရင်း ခွေးတွေလိုက်ခံရတာ မေမေရ"
"သြော် မီးမီးက မီးမီးကိုဟောင်တယ်ထင်ပြီး ပြေးလို့ခွေးလိုက်တာကိုး" "ခွေးတွေက ပြေးရင် ပိုလိုက်တတ်တယ်သမီးရဲ့" "သမီးက ဟန်နဲ့မန်နဲ့ အော်ပြီး ခြိမ်းခြောက် ဒါမှမဟုတ် လက်ထဲပါလာတဲ့ ပစ္စည်းတစ်ခုခုနဲ့ ပစ်ပေါက်မလိုလုပ်ပြီး ပြန်ခြောက်မှ သမီးနောက်ကိုမလိုက်မှာ သမီးရဲ့"
"မသိဘူး မေမေ" "မသိဘူး" "မီးမီးတော့ ကြောက်တာပဲသိတယ်"
"ဟယ်" "ဒီကလေးနဲ့တော့ ဒုက္ခပါပဲ"
နှစ်ရက်ကြာပြီးနောက်
"မီးမီးရေ" "မီးမီး" "ဒီမှာသမီးအတွက် လက်ဆောင်ပါလာတယ်"
"ဘာလေးလဲ မေမေ" "ဒီမှာ ခွေးပေါက်စလေးလေ သမီးရဲ့"
"ဟာ မေမေကလည်း မီးမီး ခွေးကြောက်ပါတယ် ဆိုမှပဲ"
"ဒါက ခွေးပေါက်စလေးပါ သမီးရဲ့" "ကြောက်စရာမကောင်းပါဘူး" "ချစ်စရာလေးပါ"
"ဟာ မေမေကလည်း သမီးမကြိုက်ပါဘူး"
"သမီးမကြိုက်လည်း မွေးရတော့မယ် သမီးရေ" "မေမေတော့ ဝယ်လာပြီးသွားပြီ" "မေမေတော့ ဝယ်လာပြီးသွားပြီ" "မေမေတော့ ချစ်တယ် ဒီခွေးလေးကို"
"အင်း.....အင်း" "မေမေ့ဘာသာမေမေပဲချစ်"
ခွေးလေးဝယ်လာသောနေ့မှ စ၍ မေမေသည် ခွေးလေးအကြောင်းအား နေ့စဉ်မီးမီး ရှေ့မှာပြောတော့သည်။မေမေသည် မီးမီးအား ခွေးလေးထားသော ကားဂိုဒေါင်ထဲသွားကြည့်ဖို့လည်း နေ့စဉ်ပြောသည်။သို့သော်လည်း မီးမီးသွားမကြည့်ခဲ့ပါ။
တစ်နေ့တော့ အိမ်ရှေ့မှာ မေမေနှင့် ဘောလုံးပစ်တန်း ကစားနေစဉ် ဘောလုံးလေးသည် ရုတ်တရက် ခွေးလေးရှိနေသော ကားဂိုဒေါင်ထဲသို့ဝင်သွားလေသည်။မေမေက မေမေဘေးကကြည့်နေပေးမယ်ဖြစ်ကြောင်း,ခွေးလေးလည်း အိပ်နေတာကြောင့် ကိုယ်တိုင်ဘောလုံးသွားကောက်ဖို့ပြောသည်။မေမေ၏တိုက်တွန်းစကားကြောင့် မီးမီးသည် ကားဂိုဒေါင်ထဲသို့ ကြောက်ကြောက်လန့်လန့်နှင့် ဝင်သွားမိလေသည်။ကားဂိုဒေါင်ထဲမှာ ခွေခွေလေးအိပ်နေသော ခွေးအဖြူရောင်ပေါက်စလေးကို မီးမီးရုတ်တရက် မြင်လိုက်ရချိန်တွင် မီးမီးနှုတ်မှ "ချစ်စရာကောင်းလိုက်တာ"ဟူသော စကားလေးလွှတ်ခနဲ ထွက်သွ
ားတော့သည်။မီးမီးနှုတ်မှ ရုတ်တရက်ထွက်သွားသော စကားကို ကြားလိုက်ရသော မေမေသည် "မီးမီး ခွေးလေးနား သွားကြည့်လေ" "အိပ်နေတာပဲ,မီးမီးကို ရန်မမှုပါဘူး" ဟု မီးမီးအားပြောလေသည်။မေမေ၏တိုက်တွန်းမှု့ကြောင့် မီးမီးသည် အိပ်နေသော ခွေးလေးနားသို့ သွားရောက်ကြည့်ရှု့ခဲ့လေသည်။
နောက်နေ့များတွင်တော့ မေမေမတိုက်တွန်းလည်း မီးမီးသည် ကားဂိုဒေါင်လေးရှေ့မှာ ရစ်သီရစ်သီနှင့် ခွေးလေးကို ချောင်းကြည့်နေမိတော့သည်။မီးမီးခွေးလေးကို စိတ်ဝင်စားနေသည်ကို သတိပြုမိနေသော မေမေသည် တစ်နေ့မှာ မီးမီးနှင့်ကစားဖို့ ခွေးလေးအား လည်ပတ်ကြိုးချည်ကာ အပြင်သို့ထုတ်လာခဲ့လေသည်။မေမေသည် ခွေးကို ကြိုးနှင့်ကိုင်ထားရင်း တစ်ဖက်မှာ ရပ်နေသော မီးမီးကို အနားလာခဲ့ဖို့ ခေါ်လေသည်။ပထမတော့ မီးမီးငြင်းဆန်ခဲ့သော်လည်း မေမေ၏အကြိမ်ကြိမ်ခေါ်မှု့ကြောင့် မီးမီးသည် ကြောက်ကြောက်နှင့် ခွေးလေးအနားသို့ချဉ်းကပ်လာခဲ့သည်။မီးမီး စိတ်ထဲမှာတော့ ခွေးလေးသည် မီးမီးကိုဟောင်တော့မှာပဲဟုတွေးတောနေမိသော်လည်း အမှန်တကယ်တော့ ခွေးပေါက်စလေးမှာ မီးမီးကို မဟောင်ဘဲ နောက်သို့ဆုတ်သွားလေတော့သည်။မီးမီး အရှေ့ကိုတိုးလေ,ခွေးလေးနောက်ကို ဆုတိလေဖြစ်နေ၍မေမေ့အား ခွေးလေးဘာဖြစ်နေတာလဲဟု မေးလိုက်သောအခါ "ခွေးလေးကမီးမီးကို စိမ်းနေလို့ကြောက်နေတာ သမီးရဲ့" "မီးမီး ခွေးတွေကိုကြောက်သလို ခွေးတွေကလည်း လူကြောက်တာပဲ သမီးရဲ့" "ဟုတ်လား မေမေ" "မီးမီးမသိဘူး" "ဟုတ်တယ်သမီးရဲ့" " ခွေးဟောင်ရင်လည်း အမြဲတမ်း ထွက်ပြေးစရာမလိုဘူး" "ကိုယ်က ဟန်နဲ့ပန်နဲ့ ပြန်ခြိမ်းခြောက်အော်ဟစ်ရင် သူတို့ကသိပ်မဟောင်ရဲတော့ပါဘူး သမီးရဲ့" "နောက်ပြီး တစ်ခါတစ်လေ ကိုယ့်ကို ခွေးတွေ ဟောင်တယ်ထင်နေတော တကယ်တမ်းတော့ သူတို့ဟောင်နေတာက အခြားကိုယ့်နောက်ဘေးဘီဝဲယာက အခြားလူတိရစ္ဆာန် အရာဝတ္ထုတစ်ခုခုကို ဟောင်နေတာ သမီးရဲ့" "ဒါကြောင့် ဘေးဘီဝဲယာကို သေချာကြည့်ရင် သူတို့ဘာကို ဟောင်နေလဲ သိလိမ့်မယ်" "ဒါကြောင့် ခွေးဟောင်တိုင်း ပြေးစရာမလိုဘူးနော် မီးမီး" ဟု မီးမီးအား ပြောကြလေသည်။
အချိန်တွေကြာလာသည်နှင့် မီးမီးနှင့် ခွေးလေးဖြူလုံးမှာလည်း တစ်တစ်စပိုပြီး ရင်းနှီးကျွမ်းဝင်လာလေသည်။
တစ်နေ့ မီးမီး ကျောင်းမှပြန်လာစဉ် အရက်တစ်ခါအတိုင်း ခွေးများဟောင်နေသည်ကို ကြုံမိလေသည်။ဒီတစ်ခါတော့ မီးမီးသည် ထွက်မပြေးမိဘဲ "ဟိတ်" "သွားစမ်း"ဟုအော်ကာ အိမ်မှာ မီးမီး ခွေးလေးကို နှင်ထုတ်ချင်လျှင်အော်လေ့ရှိသည့်အတိုင်း အော်မိလေသည်။ထိုအခါ ရုတ်တရက် ခွေးများသည် ဟိန်းဟောင်ခြင်းကိုရပ်၍ အခြားဘက်သို့သွားကာ အရူးပုံစံလူတစ်ယောက်ကိုဝိုင်းဝန်းဟောင်နေတော့သည်။ထိုအခါမှ မီးမီးသည် မေမေပြောသည့်အတိုင်း ခွေးများသည် မိမိကိုဟောင်နေခြင်းမဟုတ်ဘဲ မိမိနောက်မှ လမ်းလျှောက်လာသော အရူးကိုဟောင်နေသည်ကို သတိပြုမိလေသည်။တစ်ချိန်တည်းမှာပဲ မီးမီးသည် အရင်တစ်ခါကလို ထွက်မပြေးဘဲ ခွေးများကို ပြန်လည် မောင်းထုတ်နိုင်ခဲ့သည့် အဖြစ်ကို ဝမ်းသာလုံးဆို့ကာ မေမေ့ကိုပြောရန် အိမ်သို့ အမြန်ပြန်ခဲ့လေသည်။
"မေမေ မီးမီး ဒီတစ်ခါ မောင်းထုတ်နိုင်ပြီကွ"
"အလန့်တကြား သမီးရယ်" "ဘာတွေကို မောင်းထုတ်နိုင်ရတာလဲ"
"ခွေးတွေမေမေ" "အရင်တစ်ခါလို သမီးကြောက်ပြီး ထွက်မပြေးတော့ဘူး"
"ဒါမှ မေမေ့သမီးကွ" "မေမေသမီးအတွက် သိပ်ဝမ်းသာတယ်"
"ဝုတ်" "ဝုတ်"
"အမယ် ဖြူလုံး" "နင်ကရော ငါ့အတွက် ဝမ်းသာတယ်ဆိုပြီး ဟောင်ပြနေတာလား"
ထိုစဉ်မှာပင် ရုတ်တရက် မီးမီးသည် မေမေ့ကို လှမ်းဖက်ရင်း "မေမေ့ကို သိပ်ချစ်တယ် မေမေရယ်" "အစကတော့ မေမေဖြူလုံးကို ဝယ်လာတုန်းက ခွေးကြောက်တာကို ဘာလို့ ခွေးဝယ်လာတာလဲ ဆိုပြီး မေမေ့ကို စိတ်ဆိုးနေခဲ့မိတာ" "ခုတော့ မီးမီး ခွေးမကြောက်တတ်အောင် ဝယ်လာခဲ့မှန်း မီးမီး သိပါပြီမေမေရယ်"ဟုပြောရင်း မီးမီးသည် မေမေ့ပါးပေါ် အနမ်းတစ်ချက် ပေးလိုက်လေတော့သည်။
Photo credit-pixnio.com
Author-myothuzar,MSC-033
အားပေးခဲ့ပါတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်မတော့ခွေးကြောက်တယ်ရှင့်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမလည်း ငယ်ငယ်ကတော်တော်ကြောက်တယ်။ခုတော့ သိပ်မကြောက်တော့ဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ခွေး တားတားကြောက်ကြောက်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကြောက်ပါနဲ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
သမီးက စ စ လာ ချင်း ကတည်း က ရယ်နေပီ ဟီး ဟီး ဟီး တဲ့ 
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ငိုတာရေးတာ။ဘယ်လို ရေးရမလဲမသိဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်တော့ တော်ရုံခွေးမကြောက်တတ်ဘူးဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အဲဒါ ကောင်းတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျွန်တော်လဲ ငယ်ငယ်က ခွေးကြောက်တယ်ဗျ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ညီမရောပဲ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျေးစရာရှိကျွေးလိုက်တာပဲ
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ကဲ့။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မကြောက်ပေမယ့် အလစ်ဝင်ဆွဲလို့ ၂ ပိုင်းလောက်ကိုက်ခံထိသေးတယ်
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
အိ..အဲ့ဒီကောင်တွေကတော့ ခွေးရူးခွေးဆိုးတွေထင်တယ်။တော်ရုံတန်ရုံနဲ့တော့ ခွေးတွေကအကြောင်းမရှိဘဲ မကိုက်ပါဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
မေမေက မီးမီးကို သတ္တိရှိအောင်သင်ပေးနိုင်ခဲ့တာပေါ့
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်ပါတယ်။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ကျနော်ငယ်ငယ်ကလိုပဲ၊ခွေးလိုက်ခံရလို့ပြေးတာ ပြေးမလွတ်တာနဲ့ လှည့်ပြီး သွားစမ်းလို့ အသံကုန်အော်လိုက်တာ လိုက်တဲ့ခွေးလည်း လန့်ပြီးပြေးရော ၊အဲ့ထဲက ခွေးမကြောက်တတ်တော့ဘူး၊ခွေးကပြေးရင် လိုက်တယ် မျက်နှာချင်းဆိုင်ပြီး စိုက်ကြည့်ရင် အနားမကပ်ရဲဘူး။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
ဟုတ်တယ်။ပြေးရင်လိုက်တယ်။ကိုယ်က ပြန်ရင်ဆိုင်မှ သူတို့ကရှိန်ပြီး မလိုက်တာ။
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Nice post
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Thank you.
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit
Well done @myothuzar! You successfully guessed the match result.
Group Phase - Costa Rica vs Serbia
Click on the badge to view your Board of Honor.
Do not miss the last post from @steemitboard!
Do you like the SteemitBoard Corld Cup Contest?
Vote for @steemitboard as a witness and get one more award!
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit