Life repent

in myanmar •  7 years ago  (edited)

image
ဟေ့​ကောင်​....ထွန်းမင်း ​ဖြေး​ဖြေး ​သောက်​ပါကွာ ဘယ်​လိုဖြစ်​​နေတာတုန်း နားကိုမနား​တော့ဘူးအဲ့လို​သောက်​​နေရင်​ကျန်းမာ​ရေးထိခိုက်​လိမ့်​မယ်​ကွ..
ထွန်းမင်းလက်​ထဲမှအရက်​ခွက်​အားလှမ်းဆွဲရင်းခိုင်​​မောင်​​ပြောလိုက်​ခြင်းပင်​။ ငါ​သောက်​ပါရ​စေကွာငါမူးပြီး​လောကကြီးကို​မေ့သွားမှ​အေးမှာကွ...

မူးပြီး​မေ့​တော့​ရောမင်းဘယ်​​လောက်​ကြာကြာ​မေ့မှာမို့လဲကွာ..တရားနဲ့​ဖြေပါကွာဖြစ်​ပြီးတဲ့ကိစ္စကိုပြန်​ပြင်​လို့မှမရပဲ....ခိုင်​​မောင်​နှင့်​မြတ်​သူတို့နှစ်​​ယောက်​ဝိုင်းဝန်း​ဖြောင်းဖျ​သော်​လည်းထွန်းမင်းတ​ယောက်​မိမိအမှားအတွက်​ယူကြုံးမရ​နောင်​တရမိ​နေ​လေပြီ။
အ​မေ..သားကိုခွင့်​လွှတ်​ပါနဲ့ ဒီသားမိုက်​ကြီးကိုခွင့်​မလွှတ်​ပါနဲ့ အ​မေ..​ပြောရင်းထွန်းမင်​တ​ယောက်​ ရှိုက်​ကြီးတငင်​ငို​ကြွေး​လေပြီ။မင်းလဲအတက်​နိုင်​ဆုံးလုပ်​​ပေးခဲ့တာပဲကွာ​သေခြင်းတရားကိုဘယ်​သူမှလွန်​ဆန်​လို့မရပါဘူးတ​နေ့​သေရမယ့်​လူ​တွေချည်းပါပဲ။အ​မေ​နေမ​ကောင်းတာကိုငါဘာမှမလုပ်​​ပေးနိုင်​ခဲ့ဘူးကွာထွန်းမင်းငိုရင်း​နဲ့​ပြော​လေသည်​။မင်း​ငွေ​တော့ပို့​ပေးခဲ့တာပဲ​လေလူကိုယ်​တိုင်​ပြန်​မကြည့်​နိုင်​တာပဲရှိတာ..မဟုတ်​ဘူးကွငါ​ငွေလဲမပို့ဖြစ်​ဘူး...

ဟာ...ဒါဆိုမင်းအိမ်​ကိုပို့မယ့်​​ငွေ​တွေဘယ်​​ရောက်​သွားပြီလဲ....ငါမိုက်​မိတာပါ....​ငွေပို့မယ်​ဆိုပြီးသွားတဲ့​နေ့ကငါတ​ယောက်​ထဲကိုတုတ်​ကြီးဆိုင်​မှာဝင်​​သောက်​လိုက်​မိတယ်​ကွာ..နဲနဲပါးပါး​လောက်​ပါပဲ...​သောက်​ပြီးလို့လူကနဲနဲ​ထွေ​နေတဲ့အချိန်​ပိုက်​ဆံရှင်းပြီး​ငွေလွဲမယ့်​ဆီဆက်​ထွက်​လာခဲ့တယ်​....အဲ့မှာပဲဟိုဘက်​ရပ်​ကွက်​ကအသုဘအိမ်​​ရှေ့အ​ရောက်​လူစည်​ကား​နေတဲ့ဖဲဝိုင်းကြီးမြင်​​တော့ငါလဲဝါသနာအရခဏ​လောက်​ဝင်​ကြည့်​အုံးမှပဲဆိုပြီးဝင်​ကြည့်​မိတယ်​...ငါ​ရောက်​ပီးခဏကြာ​တော့​ဆော့​နေတဲ့လူထဲကတ​ယောက်​ပိုက်​ဆံကုန်​လို့ထွက်​သွားတယ်​...အဲ့ဒီအချိန်​မှာငါ့ရဲ့​လောင်းကစားဝါသနာအရဝင်​​ဆော့ချင်​စိတ်​​တွေတဖွားဖွား​ပေါ်လာ​တော့တယ်​...ကိုတုတ်​ကြီးဆိုင်​က​သောက်​လာတဲ့​ဆေးရဲ့အာနိသင်​ကငါ့ရဲ့စိတ်​​တွေကိုအမိုက်​​မှောင်​ထဲတွန်းပို့ခဲ့ပြီ​လေ...ငါဖဲဝိုင်းထဲမိန့်​မိန့်​ကြီးဝင်​ထိုင်​လို့အိမ်​ပို့မယ့်​ပိုက်​ဆံ​တွေနဲ့​ပျော်​​ပျော်​ကြီးဖဲရိုက်​​နေခဲ့တယ်​...

သား​ရေ...မင်းအ​မေကျန်းမာ​ရေးမ​ကောင်းလို့​ဆေးကုသဖို့ပိုက်​ဆံလိုအပ်​​နေတယ်​လို့​ပြောခဲ့တဲ့အ​ဖေ့စကားကိုလဲဒီအချိန်​မှာငါမကြားနိုင်​​တော့ဘူး...
နေမ​ကောင်းဖြစ်​​နေတဲ့အ​မေ့ရဲ့မျက်​နှာကိုလဲငါမမြင်​နိုင်​ခဲ့ဘူး...​လောင်းကစားရဲ့​လောဘစိတ်​​တွေ ငါ့ခန္ဓာကိုယ်​မှာကြီးစိုးမင်းမူ​နေပြီ​လေ...ဒီလိုနဲ့​ဆော့ရင်း​ဆော့ရင်းငါ့​ငွေ​တွေတ​ဖြေး​ဖြေး​လျော့လာပြီး...ငါရှုံးမဲမဲပြီးအရင်းပြန်​ရဖို့အတွက်​အသည်းအသန်​ကြိုးစားပြီးလိုက်​​ဆော့​နေခဲ့တယ်​...အ​မေ့​ဆေးဖိုးအတွက်​ပို့​ပေးရမယ့်​​ငွေ​တွေပါလားလို့အသိတရားဝင်​လာတဲ့အချိန်​ငါ့လက်​ထဲမှာပိုက်​ဆံသုံး​သောင်း​လောက်​ပဲကျန်​​တော့တယ်​...

ဇော​ချွေး​တွေပြန်​ပြီး​ဆော့​နေတဲ့ငါ့ကိုကံတရားကမျက်​နှာသာမ​ပေးခဲ့ပါဘူး...ငါ့အ​မေအတွက်​​ဆေးဖိုးပို့​ပေးမယ့်​ပိုက်​ဆံ ငါးသိန်း လုံးအကုန်​ရှုံးသွားခဲ့တယ်​...ငါတ​ယောက်​ထဲ​ဆောက်​တည်​ရာမရ​ခြေမကိုင်​မိလက်​မကိုင်​မိဖြစ်​​နေပြီ...ဒီလိုနဲ့ငါ့ရဲ့အပူမီးကိုမင်းတို့ဆီမကူးစက်​​စေချင်​တာရယ်​ငါ့ရဲ့မိုက်​မဲမှုကိုသိရင်​မင်းတို့အပြစ်​​ပြောကြမှာစိုးလို့ငါတ​ယောက်​ထဲကြိတ်​မှိတ်​ခံစားခဲ့တာပါသူငယ်​ချင်းတို့ရာ...ဒီလိုနဲ့​ငွေထပ်​ပို့နိုင်​​အောင်​ငါတ​ယောက်​ထဲကြိတ်​ပြီးရှာ​နေတုန်းမှာ...​ဆေးကုသဖို့စရိတ်​မရှိလို့...ငါ့အ​မေဆုံးပြီဆိုတဲ့သတင်းဆိုးကြီးငါ့ဆီဆိုက်​ဆိုက်​မြိုက်​မြိုက်​​ရောက်​လာခဲ့တာပဲ...ငါ့မိုက်​ပြစ်​​တွေပါကွာ...အ​မေ့အစားငါ​သေသွားရမှာ..​ပြော​နေရင်​အုတ်​နံရံနှင့်​​ခေါင်းကို​ဆောင့်​​နေ​သောထွန်းမင်းအားမြတ်​သူနှင့်​ခိုင်​​မောင်​တို့အတင်းဆွဲထားလိုက်​ရသည်​။

မင်းဘာလို့အဲ့​လောက်​မိုက်​မဲရတာလဲသူငယ်​ချင်းရာ...မင်းငါတို့ကိုလဲပွင့်​ပွင့်​လင်းလင်း​ပြောငးသင့်​တာ​ပေါ့ခု​တော့မဖြစ်​သင့်​တာဖြစ်​ကုန်​ပီ​ပေါ့ကွာ...ငါ့ရဲ့မိုက်​ပြစ်​​တွေအတွက်​ငါပဲခံစားသင့်​တာပါ ..ခု​တော့​နောင်​မှရတဲ့​နောင်​တ ကငါ့အ​မေအသက်​ကိုပြန်​ရှင်​လာ​အောင်​မစွမ်း​ဆောင်​နိုင်​​တော့ဘူး​လေ။

ထွန်းမင်း လို​နောင်​တများနဲ့ကင်း​ဝေးနိုင်​ကြပါ​စေလို့ဆန္ဒပြုရင်း

                                 အစဉ်​ကြိုးစားလျှက်
                             Author. Nainglinn
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  
  ·  7 years ago Reveal Comment

Thanks

Follow me for upvotes | Send 0.200 Steem or 0.200 SBD and the URL in the memo to use the bot for a resteem and to get over 5 upvots.

Thanks I follow you

done

Thanks

Thanks

Congratulations! This post has been upvoted from the communal account, @minnowsupport, by nainglinn from the Minnow Support Project. It's a witness project run by aggroed, ausbitbank, teamsteem, theprophet0, someguy123, neoxian, followbtcnews, and netuoso. The goal is to help Steemit grow by supporting Minnows. Please find us at the Peace, Abundance, and Liberty Network (PALnet) Discord Channel. It's a completely public and open space to all members of the Steemit community who voluntarily choose to be there.

If you would like to delegate to the Minnow Support Project you can do so by clicking on the following links: 50SP, 100SP, 250SP, 500SP, 1000SP, 5000SP.
Be sure to leave at least 50SP undelegated on your account.

Thanks

လူကိုဖျက်​တာအရက်

အမှန်ပေါ့

ဟုပ်​ပါတယ်​ဗျာ အ​လောင်းကစားဆိုတာကြီးကိုနည်းနည်း​လေးမျှ စိတ်​ဝင်​စားလို့မဖြစ်​ပါဘူးဗျာ ဒါ​ကြောင့်​ဘယ်​အချိန်​ဘယ်​​နေရာမဆိုအ​လောင်းကစားကို​ဝေး​ဝေးက​ရှောင်​ရှားသင့်​ပါတယ်​။အကို​ပေးချင်​​သောMassageကိုရပါတယ်​။
ထိုသို့အဖြစ်​မျိုးကို​ဝေး​ဝေးက​ရှောင်​ပါ့မယ်​။

ကျေးဇူးပါဗျ

Thanks

Good post bro

Thanks bro

good

Thanks

Thanks

ကြိုးစားပါ ကောင်းတယ်bro

ဆက်ကြိုးစားမှာပါကျေးဇူးပါ

အရေးအသားကောင်းပါတယ်ဗျ ကြိုးစားပါဗျ

ကျေးဇူးပါဗျ

ကောင်းပါတယ်​ခင်​ဗျာ

Thanks

Nice post

Thanks

ပုံအသုံးပြုတာရော၊ အရေးအသားပါကောင်းပါတယ်။ ဝတ္ထုတိုကို ပီပြင်အောင်ဇောက်ချရေးပါ။

ဝေဖန်အကြံပြုပေးလို့ကျေးဇူးပါဆရာ

Nice post

Congratulations @nainglinn! You have completed some achievement on Steemit and have been rewarded with new badge(s) :

Award for the number of comments

Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here

If you no longer want to receive notifications, reply to this comment with the word STOP

Upvote this notification to help all Steemit users. Learn why here!

@nainglinn

ဟေး, သောက်သုံးရေနှင့် ပတ်သက်. အကြီးအ post ကို buddy ။ ကိုယ့်မြန်မာစကားမပြောတတ် dont ဘာဖြစ်လို့လဲဆိုတော့ကိုယ့်ကိုတကယ်နားလည်မပြုခဲ့ပေမယ့်။ ငါမင်းကိုအရက်သောက်သုံးခြင်း၏ဆိုးကျိုးများကိုအကြောင်းပြောနေတာခဲ့ကြသည်ထင်ပါတယ်။ ကျွန်တော်တို့ကိုနားလည်ရန်အဘို့အနောက်တစ်ကြိမ်သင်အနည်းငယ် english add နိုင်မည်နည်း ဒါကြောင့်သင့်ရဲ့ post ကိုသော်လည်းမယ့်ကောင်းတဲ့ခဲ့သည်။ ကိုယ့်လမ်းဖြင့် @antigenx ငါ