အဆင်မပြေချင်ရင်တော့ ကြံဖန်ပြီးတော့ကို အဆင်မပြေတာပါ။ဒီနေ့တော့ ထူးကဲတဲ့ errorလေးကိုပြောပါရစေ။
ဒီတစ်ခါပဲ ကြုံဖူးသေးပါတယ်။
ဖြစ်ပုံကတော့ မိမိရဲ့ email အကြောင်းပါပဲ။ မိမိ emailသည် ဖုန်းပါ apkတွင် အလုပ် လုံးဝ မလုပ်တော့ချေ။ အဝင်အထွက် လဲ မရတော့ချေ။
Refeshလုပ်သော်လည်းမရ ၊clear dataလုပ်တော့လဲ အဆင်မပြေတော့ချေ။ ယခင်က ဖြစ်ခဲ့ဖူးသည်မှာ phone storage ပြည့်လျှင်သာ email စာ လက်မခံလေ့ရှိတာပါ။ ထိုအခါဝယ် fileတစ်ချို့ ဖျက်ပစ်မှ emailသည်အလုပ်လုပ်ပါသည်။
ဒီထက်ပိုထူးခြားသည်မှာ email တစ်ခုတည်းသာ မဟုတ်တော့ပေ။ အခြားသော email accများဝင်လျှင်လဲ မရချေ။
တဖန် brownser ကနေတစ်ဆင့် emailကို signed လုပ်သော်လည်း
Fileများ မဖတ်ချေ။ Accountတစ်ခုလျှောက်ရာတွင်လဲemailကိုထည့်ရလေ၏။ တစ်ဖန် codeတောင်းလေ၏။
ထိုcodeရရန် emailထဲသို့ဝင်ရာ code မရောက်ချေ။
မည်သို့သော် errorဖြစ်သည်ကို စဉ်းစားလို့မရချေ။ ထိုသို့ကား ထူးခြားသော ကံဆိုးမှု့ဟု မိမိမှာ ထင်ဟပ်ရသည်။
@onlinelover