သူမ

in myanmar •  7 years ago 

အသိဉာဏ်တွေ မရင့်ကျက်သေးခင်
မချစ်နှစ်သက်သူရဲ့ ရင်ခွင်
ချောက်ထဲသို့ ခုန်လို့ဆင်းမိ
သူမရဲ့ အဖြစ်. . .
စိတ်တထွေထွေနဲ့ ပျော်ရွှင်မှုရလဒ်
ပျောက်ဆုံကာ လမ်းပျောက်လို့နေ. .

သားသမီးရဲ့ တာဝန်နဲ့ ဝတ္တရား
မပျက်ကွက်ဘဲ ထမ်းရွက်သော်လည်း
ညှာတာသူ ရှားပါး
ခါးလှလို့ ဗိုက်ပြည့်အောင်
ဆင်းမြန်းလည်း သူမရဲ့ဝတ္တရား
တစ်နေ့တမျိုး မရိုးရလေအောင်
ထမ်းရွက်ရရှာ. . .

ခင်ပွန်းရဲ့ ဝတ္တရား
သူမ မခံစားရရှာ. .
အေးစက်လို့မကြင်နာနိုင်တဲ့
ခင်ပွန်းရဲ့ ယုယမှု
ဘာမှန်းမသိရှာ
ဝမ်းနည်းလို့ကြိတ်ကာ
ငိုကြွေး ကျမျက်ရည်များစွာ. .

သားသမီးရဲ့ ဝမ်းစာ
ရုန်းကန်လို့ ဖွေရှာရတာ
သူမ ခမျာ. .
ကျန်းမာရေးမကောင်တာ
အနားယူချိန် ဘယ်မှာ
မမျှော်လင့်ရဲပါ။ ။

ကမ်းမမြင်တဲ့ လမ်းမှာ
ရွက်လွှင့်နေလာလိုက်တာ
အနှစ်နှစ်ဆယ်မကပါ. .
ပျောက်ဆုံးနေသော
တိမ်တိုက်လည်း
ဖမ်းလို့ မမိနိုင်သေးပါ။ ။

image
Author- pannthiri
myanmar steemit

Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
Sort Order:  

ဖတ်လို့ကောင်းပါတယ်