Protecting paradise in Myeik
မြိတ်ကျွန်းစုမှ နတ်ဘုံကို ထိန်းသိမ်းကာကွယ်ခြင်း
An eco-lodge established on one of the most remote islands of the Myeik Archipelago aims to show that tourism development can be undertaken sustainably.
မြိတ်ကျွန်းစု၏ အဝေးဆုံး ကျွန်းတစ်ခုတွင် တည်ထောင်ထားသော ဂေဟဧည့်ရိပ်သာသည် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်ဘဲ ခရီးသွားလုပ်ငန်းကို လုပ်ဆောင်နိုင်ကြောင်း သက်သေပြလျှက် ရှိသည်။
Words & Photos VICTORIA MILKO | FRONTIER
ဓါတ်ပုံ၊ စာသား Victoria Milko
NOT LONG after leaving the bustling jetty at Kawthaung, Myanmar’s southernmost city, the traveler will find themselves surrounded by the hundreds of islands that make up the Myeik Archipelago; some are so close you can see in detail the different flora on them, while others are nothing more than blue-green shadows on the horizon.
မြန်မာနိုင်ငံ၏ တောင်ဘက်ဆုံး မြို့ဖြစ်သော ကော့သောင်းမြို့၏ လူစည်ကားသော ဆိပ်ကမ်းမှ ထွက်ခွာသောအခါ မြိတ်ကျွန်းစု၏ ရာပေါင်းများစွာသော ကျွန်းများက ခရီးသွားကို ဝန်းရံနေမည်။ တစ်ချို့သော ကျွန်းများမှာ နီးကပ်လွန်းသဖြင့် ကျွန်းပေါ်မှ ပန်းပင်များကိုပင် သင်တွေ့မြင်နိုင်မည်။ တစ်ချို့ကျွန်းများမှာ မိုးကုတ်စက်ဝိုင်းတွင် အရိပ်တစ်ခု သဏ္ဍာန်သာ မြင်ရမည်။
After five hours of cruising through the archipelago, the boat’s captain smiles and points to an island in the distance.
ကျွန်းများအကြား ၅ နာရီခန့် ခုတ်မောင်းပြီးသောအခါ သင်းဘောယာဥ်မောင်းက ခပ်ဝေးဝေးမှ မြင်ရသော ကျွန်းတစ်ခုကို လက်ညှိုးထိုးပြီး ပြောသည်။
“Ah, here it is,” he says, identifying Boulder Island.(pic)
အဲဒီကျွန်းဘဲဗျဟု Boulder Island ကို လက်ညှိုးထိုးပြသည်။
To the untrained eye, it’s difficult to see how he could differentiate any of these islands, so it’s a fair question to ask how this particular landmass is discernable from the others. The captain’s answer is simple:
အလေ့အကျင့် မရှိသော မျက်လုံးအတွက်မူ ဒီကျွန်းများကို သူမည်သို့ ခွဲခြားသိရှိနိုင်သည်ကို မသိနိုင်ပေ။ ဒါကြောင့် ရေယာဥ်မောင်းကို မေးကြည့်လိုက်သောအခါ သူ၏ အဖြေမှာ ရိုးရှင်းပါသည်။
“I know it’s this one because it’s the very last one before there’s nothing but open sea,” he says.
ဒါက နောက်ဆုံးကျွန်းမို့ပါ။ သူနောက်မှာ ပင်လယ်ပြင်ကျယ်ကြီးဘဲ ရှိတော့ပါတယ်ဟု သူက ဆိုသည်။
Boulder Island Eco Resort is about 80 kilometres (50 miles) from Kawthaung, one of the most westernmost islands of the Myeik Archipelago. The only development on the island, it is run by Mr Bjorn Burchard, a Norwegian businessman who has spent several decades working in Southeast Asia.(pic)
Boulder Island Eco Resort သည် ကော့သောင်းမြို့မှ မိုင် ၅၀ အကွာတွင် တည်ရှိသည်။ မြိတ်ကျွန်းစုတွင် အနောက်ဘက် အကျဆုံး ကျွန်းများတွင် ပါဝင်သည်။ ၄င်းသည် ထိုကျွန်းပေါ်တွင် တစ်ခုတည်းသော ဖွံ့ဖြိုးရေး လုပ်ငန်းဖြစ်ပြီး နော်ဝေနိုင်ငံသား စီးပွားရေး လုပ်ငန်းရှင်ဖြစ်သော Mr Bjorn Burchard က လုပ်ဆောင်နေခြင်း ဖြစ်သည်။ ၄င်းသည် အရှေ့တောင်အာရှတွင် ဆယ်စုနှစ်ကြာ လုပ်ငန်းလုပ်ကိုင်လာသူ ဖြစ်သည်။
Burchard is the manager of United Hotels and Resorts Co Ltd and Moby Dick Tours, the only two businesses that operate on the island. He first discovered it when he was sailing through the islands 15 years ago.
Burchard သည် ထိုကျွန်းပေါ်တွင် စီးပွားရေး လုပ်ကိုင်နေသော ကုမ္ပဏီ နှစ်ခုဖြစ်သည့် United Hotels and Resorts Co Ltd နှင့် Moby Dick Tours တို့၏ မန်နေဂျာ ဖြစ်သည်။ သူသည် လွန်ခဲ့သော ၁၅ နှစ်ခန့်က မြိတ်ကျွန်းစုအတွင်း ရွက်လွှင့်နေစဥ်တွင် ထိုကျွန်းကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
“I’d been sailing through the area for quite some time and saw a lot of … potential in the region,” he told Frontier during a recent visit to the island. “And when we came across Boulder Island I knew it was a place where we could help to make some kind of positive impact.”
ကျွန်တော် ဒီကျွန်းတွေကြားမှာ ရွက်လွှင့်လာခဲ့တာ ကြာပြီ။ ဒီဒေသမှာ အလားအလာကောင်းတွေ ရှိတာကို တွေ့ရှိခဲ့ရတယ်ဟု Frontier ကို ပြောကြားခဲ့သည်။ Boulder Island ကို တွေ့တဲ့အခါမှာတော့ ဒီကျွန်းမှာ ဖွံ့ဖြိုးမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ တွေးမိခဲ့တယ်။
However, Burchard admitted that finding the island and having the vision of operating an eco-resort there was the easy part – the paperwork and government bureaucracy that followed proved to be more tedious and time consuming.(pic)
Burchard က ပြောကြားရာတွင် ထိုကျွန်းကို ရှာဖွေတွေ့ရှိပြီး ဂေဟဧည့်ရိပ်သာ တစ်ခု တည်ဆောက်ဖို့ စိတ်ကူးရသည်မှာ လွယ်ကူကြောင်း သို့သော် စာချုပ်စာတမ်းများနှင့် အစိုးရ၏ လုပ်ငန်းအဆင့်ဆင့်ကို လိုက်လံလုပ်ဆောင်ရသည်မှာ အချိန်ကုန် လူပန်းသည်ဟု ဆိုသည်။
In order to get permission to lease and build on the government-owned land United Hotels and Resorts Co Ltd had to contact various local and government organisations, requiring what Burchard described as “constant back and forth” between different agencies. Although he admitted this was necessary for a region experiencing new tourism development.
အစိုးရက ပိုင်သော ထိုမြေကို ငှားရမ်းပြီး ဧည့်ရိပ်သာ တည်ဆောက်ခွင့် ရရှိရန်အတွက် United Hotels and Resorts Co Ltd သည် အမျိုးမျိုးသော ဒေသခံ အဖွဲ့အစည်းများ အစိုးရ အဖွဲ့အစည်းများနှင့် ဆက်သွယ်ရသည်ဟု ဆိုသည်။ မတူညီသော အေဂျင်စီများထံသို့ ခေါက်တုံ့ခေါက်ပြန် သွားလာရသည်ဟု ဆိုသည်။ ခရီးသွားလုပ်ငန်း တစ်ခါမျှ မရှိသေးသော ဒေသအသစ်တွင် လုပ်ဆောင်မည်ဆိုပါက ထိုသို့ လိုအပ်နိုင်မည်ဟု ဝန်ခံသွားပါသည်။
“The government has to ask itself, ‘Do you open islands in a careful, sustainable way? Or do you just let everyone build resorts?’” he said. “It ends up taking a long time to get everything sorted and approved.”
ဒီလူတွေက ဒီကျွန်းမှာ သဘာဝ ပတ်ဝန်းကျင် မထိခိုက်စေဘဲ လုပ်ငန်း လုပ်မှာလား။ ဒါမှမဟုတ် အပန်းဖြေ ဧည့်ရိပ်သာတွေကို ဆောက်လို့ ရသမျှ ဆောက်မှာလား အစိုးရက ချင့်ချိန်ရတယ်လေ။ နောက်ဆုံးတော့ လိုအပ်တာတွေ အားလုံး ဖြေရှင်းအပြီး သဘောတူညီမှု ရတဲ့အထိ အချိန်အကြာကြီး စောင့်ခဲ့ရတယ်ဟု သူက ဆိုသည်။
The paperwork was eventually signed by all necessary governments and agencies in early 2016, leading Burchard and his team to the next obstacle – obtaining the supplies needed to build a resort, and providing food and shelter for the staff who would construct it.
လိုအပ်သော စာရွက်စာတမ်းများကို အစိုးရ အဖွဲ့အစည်းများနှင့် အေဂျင်စီများက ၂၀၁၆ ခုနှစ် အစောပိုင်းတွင် လက်မှတ်ရေးထိုးခဲ့ကြသည်။ ထိုသို့ဖြင့် Burchard နှင့် သူ၏ အဖွဲ့များသည် နောက်ထပ် အတားအဆီး တစ်ခုကို ကြုံတွေ့ခဲ့ရသည်။ ၄င်းမှာ အပန်းဖြေ ဧည့်ရိပ်သာ တည်ဆောက်ရန် လိုအပ်သော ဆောက်လုပ်ရေး ပစ္စည်းများနှင့် အလုပ်သမား ဝန်ထမ်းများအတွက် အစားအစာနှင့် နေစရာ ဆောက်လုပ်ပေးရန် ဖြစ်သည်။
“We had to bring everything from the mainland that we needed for construction and living … and Kawthaung is limited in what you can find,” he said. “Then we had to send it out to the island where there’s no infrastructure. And then monsoon season arrives, meaning the ability to work becomes limited. Logistically it begins to get very complicated.”(pic)
ကျွန်တော်တို့က ဆောက်လုပ်ရေးအတွက် လိုအပ်တဲ့ ပစ္စည်းတွေနဲ့ စားသောက်ဖွယ်ရာတွေကို ပြည်မကြီးကဘဲ သယ်ယူရတယ်။ ကော့သောင်းမှာက လိုအပ်တဲ့အရာ အကုန် မရရှိနိုင်ဘူး။ လိုအပ်တဲ့ ပစ္စည်းတွေကို ဒီကျွန်းပေါ်ကို ပို့ဆောင်ပေးရတယ်။ ဒီနောက်မှာတော့ မုတ်သုံရာသီ ရောက်ရှိလာတယ်။ ဒီတော့ အလုပ်ကို အချိန်ပြည့် မလုပ်နိုင်တော့ဘူး။ သယ်ယူပို့ဆောင်ရေးကလည်း ပိုမိုခက်ခဲလာတယ်ဟု သူက ဆိုသည်။
Learning lessons from the overdevelopment he had seen in Thailand, Burchard said he wanted to ensure that the island was built as sustainably as possible, cutting down trees only as necessary and often incorporating the chopped wood into the buildings being constructed. The resort has been hosting guests since late 2016.
ထိုင်းနိုင်ငံတွင် ခရီးသွား ဖွံ့ဖြိုးရေး လုပ်ငန်းများကို အလွန်အကျွံ လုပ်ဆောင်မှုကြောင့် ရရှိသော သင်ခန်းစာများကို ရယူပြီး ထိုကျွန်းကို တည်ဆောက်ရာတွင် သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေရန် အကောင်းဆုံး လုပ်ဆောင်လိုသည်ဟု ဆိုသည်။ လိုအပ်သော အခါမှသာ သစ်ပင်များကို ခုတ်လှဲပြီး ရရှိသော သစ်သားများကို ဆောက်လုပ်ရေးတွင် ထည့်သွင်းအသုံးပြုခဲ့သည်ဟု ဆိုသည်။ Boulder Island အပန်းဖြေ ဧည့်ရိပ်သာသည် ၂၀၁၆ ခုနှစ် နှောင်းပိုင်းကတည်းက ဧည့်သည်များကို စတင်လက်ခံခဲ့သည်။
“The idea was also to set a good example, because I really like this area and it should be available for the next Burmese generation. We need to make sure it doesn’t get spoiled,” Burchard said. “You look at Thailand and the islands and they are totally overdone. There’s too much plastic and destruction of the environment. It’s not sustainable for the long term.”
ကျွန်တော်တို့က နမူနာကောင်း တစ်ခုကိုလည်း ပြသချင်တယ်။ ဒီဒေသကို ကျွန်တော် အလွန်သဘောကျတယ်။ နောင်မျိုးဆက်တွေအတွက် မပျက်မဆီး ကျန်ရစ်ခဲ့ဖို့ လိုအပ်တယ်ဟု Burchard က ပြောသည်။ ထိုင်းနိုင်ငံကို ကြည့်ရင် သူတို့ဆီက ကျွန်းတွေက အလွန်အကျွံ ဖွံ့ဖြိုးနေတယ်။ ပလက်စတစ်တွေကို နေရာတိုင်း မြင်တွေ့ရတယ်။ သဘာဝ ပတ်ဝန်းကျင်က ပျက်ဆီးနေပြီ။ ဒါက ရေရှည်အတွက် မကောင်းဘူး။
The thought and care that has gone into preserving the habitat is clear: visitors to Boulder Island are greeted by white sand beaches and thick jungle forest, with cicadas chirping through the trees. The occasional green snake appears at lunch, hanging from the ceiling with a gecko tail peeking from its mouth. During the daytime, colourful birds flit between the trees, dipping so low that their tail feathers almost brush the heads of those walking by.
ထိုကျွန်းကို ထိန်းသိမ်းရန် အတွေးအမြင်မှာ ရှင်းလင်းသည်။ Boulder Island ကို လာရောက်လည်ပတ်သူများသည် အဖြူရောင် သဲသောင်ပြင်များနှင့် ထူထပ်သော သစ်တောများကို တွေ့မြင်ရမည်။ ပုစဥ်းရင်ကွဲများက သစ်ပင်များကြားမှ အော်မည်နေမည်။ နေလည့်စာ စားနေချိန်တွင် မျက်နှာကျက်ပေါ်တွင် မြွေစိမ်းမီးခြောက်က တောက်တဲ့ တစ်ကောင်ကို ဝါးမြိုနေသည်ကို မြင်ရမည်။ နေ့ခင်းဘက်တွင် ငှက်များက သစ်ပင်များကြား ပြေးလွှားပျံသန်းနေမည်။ သူတို့၏ အမြီးများသည် ဖြတ်သွားဖြတ်လာသူများ၏ ဦးခေါင်းကို ပွတ်တိုက်လုနီးနီး ပျံသန်းနေမည်။
Just off the beach and past a thick line of trees sit quaint bungalows, hammocks hanging off their porches. A central meeting place, where meals are served three times a day, is decorated with antique diving helmets and lanterns that sit by handmade canoes and a dolphin skull. On the other side of the beach, hidden from guests’ views, are solar panels that catch enough sunlight to power the entire island.(pic)
ကမ်းခြေဘေးတွင် စီရရီပေါက်နေသော သစ်ပင်များကို ဖြတ်သန်းသောအခါ ရှေးဆန်ဆန် တည်ဆောက်ထားသော ဘန်ဂလိုတဲများကို တွေ့ရမည်။ ၄င်းတို့၏ အရှေ့ စင်ဝင်တွင် ကြိုးပုခက် တစ်ခုကို ချိတ်ဆွဲထားမည်။ အလယ်တွင်ရှိသော လူအများ စုစည်းသည့် နေရာတွင် မနက်စာ၊ နေ့လယ်စာ၊ ညစာ ၃ ကြိမ် တည့်ခင်းကျွေးမွေးပြီး ၄င်းတွင် ရှေးဟောင်း ရေငုပ်ဦးထုပ်များ သစ်ခေါင်းထွင်း လှေများ လင်းပိုင်အရိုးစုများနှင့် မီးအိမ်များဖြင့် အလှဆင်ထားမည်။ ကမ်းခြေ၏ တစ်ဖက်တွင် နေရောင်ခြည်သုံး လျှပ်စစ်ထုတ်လုပ်သည့် ဆိုလာပြားများကို လူအများအမြင်မှ ကွယ်ဝှက်ထားမည်။ ယင်းမှ ရရှိသော လျှပ်စစ်ဓါတ်အားဖြင့် ကျွန်းတစ်ကျွန်းလုံးကို ထောက်ပံ့ပေးမည်။
Snorkeling in one of the island’s numerous bays, you see clams with frilly blue edges, black sea urchins spiking out of the coral crevices, and Crown of Thorns Starfish menacingly stuck to a rock. Blue-green fish dart along the sandy floor, while larger specimens skim the ocean surface.
ကျွန်းတွင်ရှိသော ပင်လယ်အော်များတွင် ရေငုပ်ပါက အပြာရောင် ခုံးကောင်များ အမဲရောင် သံပခြုပ်များ ကြယ်ငါးများကို ကျောက်ဆောင်ကြားများတွင် တွေ့ရမည်။ စိမ်းပြာရောင် ငါးလေးများက ပင်လယ်ရေ မျက်နှာပြင်တွင် ပြေးလွှားနေမည်။
But the scene is occasionally interrupted by plastic bags floating through the water; Thai, Myanmar and English text on their faded metallic packaging. Some of the reefs, which have also “bleached” or died due to rising ocean temperatures, also have discarded fishing nets tangled in their stony remains.
သို့သော် တစ်ခါတစ်ရံတွင် ပလက်စတစ် အိတ်ထုပ်များက ပင်လယ်ထဲမှ မျောလာတတ်သည်။ ၄င်းအိတ်ထုပ်များပေါ်တွင် ထိုင်း၊ မြန်မာနှင့် အင်ဂလိပ်စာများ ရေးထားသည်ကို တွေ့ရသည်။ သန္တာကျောက်တန်းများသည် ပင်လယ်ရေ ပူနွေးလာမှုကြောင့် အရောင်များ ဖျော့တော့နေပြီး တစ်ချို့မှာ သေဆုံးနေကြသည်။ ယင်းကျောက်တန်းများတွင် စွန့်ပစ်ထားသော ငါးဖမ်းပိုက်ကွန်များက ရစ်ပတ်နေသည်။
“We also found that there was still damage to the reefs due to previous dynamite fishing, improper anchoring, and overfishing,” said Ms Nues Figueras, a marine biologist and oceanographer who spent several months living and working on Boulder Island.
ငါးများ အလွန်အကျွံ ဖမ်းဆီးခြင်း၊ ငါးဖမ်းသင်းဘောများ ကျောက်ချခြင်းတို့ကြောင့်လည်း သန္တာကျောက်တန်းများ ပျက်ဆီးလျှက်ရှိသည်ဟု Boulder Island တွင် လအတော်ကြာအောင် လေ့လာမှုများ ပြုလုပ်ခဲ့သော ရေ ဇီဝဗေဒ ပညာရှင်လည်းဖြစ် သမုဒ္ဒရာ လေ့လာရေး ပညာရှင်လည်းဖြစ်သော Ms Nues Figueras က ပြောကြားသည်။
Figueras worked with a handful of other scientists to help restore the island’s underwater ecosystem.(pic)
Figueras သည် တခြားသော သိပ္ပံပညာရှင် အနည်းငယ်နှင့်အတူ ထိုကျွန်း၏ ရေအောက် ဂေဟစနစ်ကို ပြန်လည်ထိန်းသိမ်းရန် ကြိုးစားနေသူ ဖြစ်သည်။
“We started artificial coral reefs by using fishing traps that had washed up on shore,” Figueras said. “We attached loose fragments of [living] coral we gathered to cages in order to start coral reefs again.”
ကျွန်မတို့က ကမ်းပေါ်မျောတင်လာတဲ့ ငါးဖမ်းထောင်ချောက် အဟောင်းတွေကို သုံးပြီး လူဖန်တီးတဲ့ သန္တာကျောက်တန်းတွေ ရရှိအောင် လုပ်ဆောင်ပါတယ်။ ရှင်သန်နေသေးတဲ့ သန္တာကျောက်တန်း အပိုင်းလေးတွေကို စုစည်းပြီး ငါးဖမ်းပိုက်ကွန်တွေနဲ့ ချည်ထားပါတယ်။ သန္တာကျောက်တန်းတွေ မျိုးပွားလာအောင်ပါ
The traps and fishing nets were formed into simple structures that were anchored to the ocean floor. Pieces of living coral that the scientists had gathered were then tied to the structures, as well as long ropes that connected the new “coral nests”.
ငါးဖမ်းထောင်ချောက်တွေနဲ့ ပိုက်ကွန်တွေက ပင်လယ်ကြမ်းပြင်မှာ စိုက်ချည်ထားတယ်။ အဲဒီအထဲကို စုဆောင်းထားတဲ့ သန္တာကျောက်တန်း အရှင်တွေကို ထည့်တယ်။ ပြီးတော့ ကြိုးတွေနဲ့ တန်းထားပါတယ်။
Thinking ahead to the potential impact of global climate change, the group used pieces of live coral that are more likely to thrive in higher temperatures, Figueras said. This had the goal of ensuring new reefs survive potential damage caused by future temperate climbs.(pic)
ကမ္ဘာမြေကြီး ပူနွေးလာမှုကို ကြိုတင်ပြင်ဆင်တဲ့ အနေနဲ့ အပူချိန်ကို ခံနိုင်ရည်ရှိတဲ့ သန္တာကျောက်တန်း အရှင်တွေကို ရွေးချယ်အသုံးပြုပါတယ်။ ဒါမှ အသစ်ရှင်သန်လာတဲ့ သန္တာကျောက်တန်းတွေက အနာဂတ် ကမ္ဘာကြီး ပူနွေးလာမှုကို ခံနိုင်ရည်ရှိမှာပါဟု Figueras က ဆိုသည်။
“The aim isn’t to replant extensive corals. The aim is to propagate more resistant corals. Coral will then spread through reproduction over time,” Figueras said, pointing out that the benefits of the restoration project could already be seen.
ရည်ရွယ်ချက် သန္တာကျောက်တန်း အသစ်တွေ စိုက်ပျိုးဖို့ မဟုတ်ဘူး။ ခံနိုင်ရည်ရှိတဲ့ သန္တာကျောက်တန်းတွေ မျိုးပွားနိုင်အောင် လုပ်ပေးတာပါ။ အချိန်ကြာလာတာနဲ့အမျှ သန္တာကျောက်တန်းတွေက မျိုးပွားပြီး တိုးပွားလာမှာပါဟု ယခုလက်ရှိပင် မြင်တွေ့နေရပြီဖြစ်သော တိုးတက်မှုများကို ပြသရင်း ပြောပြသည်။
“Within a few days of building the structures, fish were abundant around the corals, and within weeks there were invertebrates found around the coral as well,” she said.
ဒီလူလုပ် သန္တာကျောက်တန်းကို စတင်တည်ဆောက်ပြီး ရက်အနည်းငယ် အတွင်းမှာပဲ သန္တာကျောက်တန်း ပတ်ပတ်လည်မှာ ငါးတွေ အများကြီးကို တွေ့လာရတယ်။ သီတင်းပတ် အနည်းငယ်ကြတော့ ကျောရိုးမဲ့ ရေသတ္တဝါတွေကို တွေ့လာရတယ်ဟု ဆိုသည်။
Burchard says he’s happy with the restoration results, but is looking to expand the island’s eco-practices by establishing a research partnership with Myeik University and employing a full time marine biologist to live on the island.
Burchard သည် ထိုသို့ သန္တာကျောက်တန်း ပြန်လည်ထိန်းသိမ်းလြင်း၏ ရလဒ်ကို သဘောကျလျှက် ရှိသည်။ ထို့ပြင် မြိတ်မြို့ တက္ကသိုလ်နှင့် ပူးပေါင်းပြီး သုတေသနများကို ချဲ့ထွင် လုပ်ဆောင်သွားပြီး ကျွန်းပေါ်တွင် ရေ ဇီဝဗေဒ ပညာရှင် တစ်ဦးကို ဂေဟစနစ် ထိန်းသိမ်းရေးအတွက် အချိန့်ပြည့် အလုပ်ခန့်ထားမည်ဟု ဆိုသည်။
“The idea is also to set a good example, and there’s still so much more we can do,” Burchard said. “This area should be preserved in a way that allows the next generation to enjoy it.”
ကျွန်တော်တို့က နမူနာကောင်း တစ်ခုကို ပြသချင်တာပါ။ ကျွန်တော်တို့ ဆက်လက်လုပ်ဆောင်ရမှာတွေ အများကြီး ကျန်ပါသေးတယ်။ ဒီဒေသကို နောင်လာမယ့် မျိုးဆက်တွေ ခံစားစံစားနိုင်ဖို့အတွက် ထိန်းသိမ်းသွားရမှာ ဖြစ်ပါတယ်ဟု Burchard က ဆိုသည်။
Authors get paid when people like you upvote their post.
If you enjoyed what you read here, create your account today and start earning FREE STEEM!
If you enjoyed what you read here, create your account today and start earning FREE STEEM!
Congratulations @phyowinkoko! You have completed some achievement on Steemit and have been rewarded with new badge(s) :
Award for the number of upvotes received
Click on any badge to view your own Board of Honor on SteemitBoard.
For more information about SteemitBoard, click here
If you no longer want to receive notifications, reply to this comment with the word
STOP
Downvoting a post can decrease pending rewards and make it less visible. Common reasons:
Submit